🥰 Chapter 77 ✅
ဟဲရှန့်သည် ချက်ချင်းထရပ်ကာ စွပ်ပြုတ်တစ်ပန်းကန်ထည့်ပြီး မင်လျိုရီ၏ရှေ့တွင် တရိုတသေနှင့် ချပေးလိုက်သည်။
ယောင်ကျိကျိုးသည် စားပွဲပေါ်တွင်ရှိနေကတည်းက စွပ်ပြုတ်အနံ့အား ရပြီးသားဖြစ်ပြီး ထိုစွပ်ပြုတ်သည် ပူပြီးချဉ်လောက်မည်။ အရင်တုန်းကမင်လျိုရီသည် ချဉ်သည့်အစားအသောက်များကို မကြိုက်ကြောင်းကို သူမှတ်မိသည်။ ထိုကြောင့် စားပွဲပေါ်တွင် ထိုစွပ်ပြုတ်ရှိနေခြင်းက အရမ်းထူးဆန်းနေသည်။ သူက တူကိုချလိုက်ပြီး မင်လျိုရီ၏တုန့်ပြန်မှုကို စောင့်နေလိုက်သည်။ သို့သော် မင်လျိုရီက ဘာမှမတုန့်ပြန်ဘဲ ဟဲရှန့်အား ကျေးဇူးတင်ကာ ပန်းကန်ကိုယူပြီး နှစ်လုတ်မျှ သောက်လိုက်သည်။
မင်လျိုရီက ချီးမွှမ်းလိုက်သေးသည်။
"ဦးလေးကျန်းက တကယ် တော်တာပဲ...စွပ်ပြုတ်ကောင်းကောင်းလေးလုပ်တတ်တယ် အားလုံးပဲစားကြလေ အားမနာနဲ့"
ယောင်ကျိကျိုးက ရုတ်ချည်းမျက်မှောင်ကျုံ့သွားသည်။ တစ်ချိန်လုံး မင်လျိုရီပြောင်းလဲသွားပြီဟု ခံစားနေခဲ့ရသော်လည်း ယခုအပြောင်းအလဲကတော့ အတော်လေးကြီးမားသည်။ သူမရဲ့အကြိုက်များပါ ပြောင်းလဲသွားခဲ့သည်။ အတိတ်မှာဆို စွပ်ပြုတ်အား အရသာခံဖို့ပင်မပြောနှင့် ထိုစွပ်ပြုတ်စားပွဲပေါ်တွင် ရှိနေခြင်းက မင်လျိုရီအား ဒေါသတကြီးနှင့် စားပွဲခုံမှောက်ပစ်လိုက်ရန်လုံလောက်နေပြီဖြစ်သည်။
ယောင်ကျိကျိုးက ဟဲရှန့်အား ထပ်မံပြောလိုက်သည်။
"မစ္စတာဟဲ စားပွဲပေါ်မှာ ဘာအသီးတွေရှိလဲ"
ဟဲရှန့်သည် အလွန်အမင်းရှုပ်ထွေးနေသည်။ ဥက္ကဌက ရုတ်တရက်ကြီးဘာလို့ဒီလိုတွေမေးနေတာလဲ... သူ သံသယ၀င်လျှင်တောင် ဥက္ကဌကို မေးခွန်းမထုတ်ရဲပေ။ အတွင်းရေးမှူးတစ်ယောက် သိထားရမည့်ပထမအချက်မှာ ဥက္ကဌပေးသည့် အမိန့်များကို နာခံရန်ပင်ဖြစ်သည်။ ဥက္ကဌက တာ၀န်ပေးသ၍ လုပ်ကိုလုပ်ပေးရမည်ဖြစ်ပြီး ပြန်မေးခွင့်မရှိပေ။
ဟဲရှန့်သည် စားပွဲပေါ်မှ သစ်သီးများကိုလှမ်းကြည့်ပြီး ဖြေလိုက်သည်။
"ဖရဲသီး၊ ဆီးသီး၊ မက်မွန်သီး...."
ဟဲရှန့်စကားမဆုံးခင် ယောင်ကျိကျိုးက ဖြတ်ပြောလိုက်သည်။ စားပွဲပေါ်တွင် သစ်သီးအများကြီးရှိလောက်ပေမဲ့ ဆီးသီးလောက် ချဉ်သည့်သစ်သီးမရှိပေ။ အတိတ်တွင် မင်လျိုရီသည် အစားအစာနှင့်ပတ်သက်လျှင် အလွန်ဂျေးများခဲ့ပြီး ဖရဲသီးမချိုလျှင်တောင် ၀ယ်ခဲ့သည့် အိမ်အကူကို ဆူငေါက်ခဲ့သည်။
ယောင်ကျိကျိုးသည် သူမအား ထပ်စမ်းသပ်
န်ဆုံးဖြတ်ပြီး ပုံမှန်ပဲပြောလိုက်သည်။
"ကျွန်တော့်ဇနီးက အချဉ်စားရတာကြိုက်တယ်လေ...မစ္စတာဟဲ သူ့ကို ဆီးသီးလေးကမ်းပေးနိုင်မလား"
ထိုအခါမင်လျိုရီကိုယ်တိုင် သံသယ၀င်လာသော်လည်း ဘာမှမပြောလိုက်ပေ။ သူမက မစ္စတာဟဲဆီမှ ဆီးသီးကိုလှမ်းယူလိုက်ပြီး ဘေးတွင်ချထားလိုက်သည်။ သစ်သီးဆိုတာ ထမင်းစားပြီးမှစားရသည့်အရာဖြစ်ပြီး အခုသူမ ထမင်းစားလို့မပြီးသေးပေ။ ဦးလေးကျန်း၏ လက်ရာများသည် အလွန်ကိုကောင်းမွန်ပြီး ဟင်းခွက်တိုင်းက အရသာရှိနေတော့သည်။
ယောင်ကျိကျိုးက မင်လျိုရီစားနေသည့်အသံကိုမကြားရသောကြောင့် မေးလိုက်သည်။
"ဘာလို့ ဆီးသီးမစားတာလဲ"
မင်လျိုရီသည် ဒေါသထွက်သွားပြီး ဆီးသီးတစ်ကိုက်သာစားလိုက်သည်။ ယောင်ကျိကျိုးက ထိန်းချုပ်တတ်သည့်လူမှန်း သူမသိသော်လည်း ယခုလောက်ထိလုပ်လိမ့်မည်ဟု သူမမထင်ထားခဲ့ချေ။ သူက သူမစားမည့်အရာများကိုပါ ထိန်းချုပ်နေလေသည်။
'လက်အောက်ငယ်သားကို ထိန်းချုပ်ချင်နေတာလား...အခုကစပြီး ငါလုပ်သမျှအရာတိုင်းက ထိန်းချုပ်ခံနေရတော့မှာ မဟုတ်ဘူးလား..."
ဆီးသီးကို မြိုချပြီးနောက် ယောင်ကျိကျိုးအားကြည့်ကာ မင်လျိုရီက စိတ်မ၀င်စားသည့် လေသံဖြင့်ပြောလိုက်သည်။
"မဆိုးပါဘူး နည်းနည်းပဲချဉ်တာပါ...ရှင်ရောစားမလား"
ယောင်ကျိကျိုး တိတ်ဆိတ်သွားသည်။ မင်လျိုရီ၏ စိတ်နေစိတ်ထားသာမက အကြိုက်များပါ ပြောင်းလဲသွားခဲ့ပြီ။ အရမ်းထူးဆန်းလွန်းသည်။
ယောင်ကျိကျိုးက မင်လျိုရီအား စမ်းသပ်ရန်ကြိုးစားသည်ကို ဘေးတွင်ရှိနေသည့်လူများက ကြည့်ပြီး သံသယများပွားလာတော့သည်။
'ဥက္ကဌက ဘာပြောချင်နေတာလဲ...မဒမ်က အချဉ်တွေစားရတာကြိုက်တယ်ဆိုတော့ ကိုယ်၀န်ရှိနေတာများလား'
လူတစ်ချို့သည် ထိတ်လန့်သွားကြသည်။ ဥက္ကဌသည် ပုံမှန်အားဖြင့်အေးစက်ပြီး သီးသန့်ဆန်သောကြောင့် ဥက္ကဌကို အဖေဖြစ်လာမည့်ပုံစံနှင့် တွဲမြင်ကြည့်လို့မရပေ။
လက်ထောက်များသည် ယောင်ကျိကျိုးအား နောက်တစ်ခေါက်ထပ်ကြည့်လိုက်သည်။ ယောင်ကျိကျိုး၏ လက်ရှိခန္ဓာကိုယ်ကိုကြည့်လိုက်ပြီး သူတို့၏နှလုံးသားထဲမှ လက်မထောင်ပြလိုက်ကြသည်။ ဒီလိုအခြေအနေရောက်တာတောင်မှ အရမ်းသန်မာတာပဲ... ဥက္ကဌဖြစ်နေတာ မထူးဆန်းတော့ပါဘူး... သူက အခုမျိုးဆက်ရဲ့အတုယူစရာကောင်းတဲ့ ပုဂ္ဂိုလ်ပဲ...
ညစာစားပြီးနောက် အတွင်းရေးမှူးနှင့် တခြားသူများ ပြန်သွားကြချိန်တွင် မင်လျိုရီလည်းပင်ပန်းသွားတော့သည်။
သူမက ယောင်ကျိကျိုးကို အိပ်ခန်းဆီပြန်ခေါ်သွားပြီး ကျောက်ချမ်းအားရေချိုးခိုင်းလိုက်သည်။ မင်လျိုရီသည်လဲ သူမအခန်းသို့ပြန်ပြီးရေချိုးလိုက်သည်။ တစ်နေကုန်နေပြီးနောက် သူမကိုယ်တွင်ချွေးများရွှဲနေလေသည်။ သူမလှည့်မထွက်ခင် တစ်ခုခုအား တွေးမိသည့်ပုံဖြင့် ယောင်ကျိကျိုးအနားသို့ ပြန်လျှောက်သွားလိုက်သည်။
သူမက သူ့အားကြည့်လိုက်ပြီး ကျောက်ချမ်းကိုပြောလိုက်သည်။
"ရေချိုးပေးတာပဲ တာ၀န်ယူပေးရင်ရပြီ skin care တာကိုတော့ ငါပဲလုပ်ပေးလိုက်မယ်"
ယောင်ကျိကျိုးသည် မင်လျိုရီစကားသံကိုကြားပြီးနောက် သူမအခန်းပြန်တော့မည်မှန်း သိလိုက်သည်။ သူ၏စိတ်ခံစားချက်သည် ရုတ်ချည်းမှောင်မိုက်သွားသော်လည်း နောက်ဆက်ပြောလိုက်သည် စကားများကြောင့် ပြန်တောက်ပလာခဲ့သည်။ ကျောက်ချမ်းလဲ သက်ပြင်းချလိုက်တော့သည်။ သခင့်နားမှ လေထုက ချက်ချင်းအေးစက်သွားသော်လည်း ချက်ချင်းပြန်လည်ပျောက်ကွယ်သွားသည်။
မင်လျိုရီက ရေချိုးပြီးနောက်ဆံပင်ကိုလေမှုတ်
ပြီး သူမပစ္စည်းများကိုထုတ်ပိုးကာ ယောင်ကျိကျိုးအခန်းသို့ ရွှေ့လိုက်သည်။ ယောင်ကျိကျိုးသည် ရေချိုးပြီးနေပြီဖြစ်ကာ ကုတင်ပေါ်တွင်လှဲနေလေသည်။ မင်လျိုရီ၏ ဟိုဟိုဒီဒီလျှောက်ရွှေ့နေသည့်အသံများကိုကြားသောကြောင့် သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားတော့သည်။
ယောင်ကျိကျိုးသည် ပျော်ရွှင်မှုကိုဖုံးကွယ်ထားလိုက်ပြီး မင်လျိုရီအားအထူးတလည် အေးစက်သည့်လေသံဖြင့်ပြောလိုက်သည်။
"ပြဿနာမတတ်ချင်လို့ ပစ္စည်းတွေပြန်ရွှေ့နေလဲ အစကတည်းက မပြောင်းသင့်တာကို မသိဘူးလား အခုမှတော့ အသုံးမ၀င်တော့ဘူး"
🥰