🥰 Chapter 78 ✅
မင်လျိုရီကစိတ်မဆိုးဘဲ ယောင်ကျိကျိုး၏ တိတ်ဆိတ်နေမှုသည် သူမကိုအိပ်ရာတစ်၀က်ပေးဖို့ သဘောတူသည်ဟု သတ်မှတ်လိုက်လေသည်။ယောင်ကျိကျိုး သတိပြန်ရလာပြီးနောက်ပိုင်းတွင် သူမတစ်ယောက်တည်း အိပ်တာကပိုအဆင်ပြေမည်ဟုထင်ခဲ့သော်လည်း ထိုလူ၏ဘေးနားတွင် အိပ်ရတာလောက် သက်တောင့်သက်သာမရှိခဲ့ပေ။ ဤတစ်ကြိမ်တွင်တော့ သူမပစ္စည်းများကို ပြန်လည်ရွှေ့ပြီး မထွက်သွားချင်တော့ပေ။
မင်လျိုရီက ယောင်ကျိကျိုးအားကြည့်ကာ ပြုံးပြီးနူးညံ့စွာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ယောင်ကျိကျိုးက ဘာမှပြန်မပြောပေ။ သူက ငြိမ်သက်စွာလဲလျောင်းနေပြီး မင်လျိုရီသူ့အား skincare လုပ်ပေးမည်ကို စောင့်နေသည်။ သူ ကိုမာ၀င်နေစဉ်စကားပင်မပြောနိုင်ခဲ့သည့်အချိန်တွင် အိပ်ရာမ၀င်ခင် နွေးထွေးသည့်အခိုက်အတန့်လေးကို နှစ်ခြိုက်ခဲ့သည်။
ဒါပေါ့ သူ သတိပြန်ရလာချိန်မှာလဲ ထိုကဲ့သို့သော နွေးထွေးမှုကို ခံစားရသင့်တာပေါ့...
ထိုအကြောင်းအားတွေးမိပြီး ယောင်ကျိကျိုးက မတတ်နိုင်စွာ ပြုံးမိသွားပြီး မျက်လုံးများက နူးညံ့လာတော့သည်။
မင်လျိုရီသည် သူမ၏နောက်ဆုံးသော ပစ္စည်းကိုရွှေ့ပြီးနောက် အခန်းထဲပြန်၀င်လာချိန်တွင် ယောင်ကျိကျိုး၏ဘေးရှိ နွေးထွေးစွာတောက်ပနေသော မီးအိမ်လေးအား တွေ့လိုက်ရသည်။ သူက ထိုနေရာတွင် မျက်လုံးများ မှိတ်လျက် ငြိမ်သက်စွာ လဲလျောင်းနေသည်။ မင်လျိုရီသည် ထိုပုံရိပ်အားကြည့်ရင်း အကြည့်များက နူးညံ့လာခဲ့သည်။ သူမ၏ နှလုံးသားသည် ပျော့ပျောင်းသွားပြီး ခြေလှမ်းများက မြန်ဆန်လာခဲ့သည်။ ယောင်ကျိကျိုးသည် မင်လျိုရီ သူ၏နဘေးတွင် မှီထိုင်လိုက်သည်ကို ခံစားလိုက်ရသည်။
သူက ခေါင်းမော့လိုက်သော်လဲ မင်လျိုရီ၏ စကားသံအား ကြားလိုက်ရသည်။
"ရှင့်ရဲ့လက်ပေး"
မင်လျိုရီက ယောင်ကျိကျိုး သတိရလာပြီဖြစ်၍ ကိုယ်တိုင် skincare လုပ်ခွင့်ပေးတာကောင်းလိမ့်မည်ဟုတွေးမိသည်။ သူမလုပ်ပေးတာက ဘယ်နည်းနှင့်မှ မကောင်းလောက်ပေ။ lotion လိမ်းပြီးနောက် မျက်နှာအားပုတ်ပေးရမည်ဖြစ်ပြီး သူ့အတွက် ပျင်းစရာကောင်းလွန်းသည်။ ယောင်ကျိကျိုးကား တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ အချိန်အကြာကြီးစောင့်ခဲ့ရတဲ့ ရလဒ်က ဒါလား...
ထို့နောက် သူ၏လက်ကိုဆန့်ထုတ်ပေးလိုက်သည်။ မင်လျိုရီက ချက်ချင်းပဲ toner ကိုလက်ပေါ်သို့ လောင်းပေးလိုက်သည်။ ယောင်ကျိကျိုးက သူ၏လက်နှစ်ဖက်ကိုအားပြင်းပြင်းနှင့် ရိုက်ချလိုက်သောကြောင့် toner တစ်၀က်လောက်က ဘေးသို့စင်ထွက်သွားသည်။ ထို့နောက် သူ၏လက်နှစ်ဖက်အား ပွတ်လိုက်ချိန်တွင်တော့ ကျန်ရှိနေသည့် toner များက ပေါင်ပေါ်သို့ ဖိတ်ကျသွားတော့သည်။ မျက်နှာပေါ်သို့လိမ်းရန်လက်ထဲ၌ toner မကျန်တော့သလောက်ပင်။ မင်လျိုရီသည် ယောင်ကျိကျိုး၏လုပ်ဆောင်ချက်များအား ကြည့်ကာဆွံ့အသွားတော့သည်။
'ဒါ သူလုပ်နေကျပုံစံလား...ဒီလို ကြမ်းတမ်းပုံမျိုးနဲ့ ဘယ်လိုတောင် အသားအရည်ကိုထိန်းသိမ်းခဲ့တာပါလိမ့်'
မင်လျိုရီက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်စွာပဲ သူမလက်ပေါ်သို့ toner လောင်းထည့်လိုက်သည်။ သူမက လက်နှစ်ဖက်ကို အကြိမ်အနည်းငယ်မျှ ပွတ်တိုက်လိုက်ပြီးနောက် ယောင်ကျိကျိုး၏ မျက်နှာအားညင်သာစွာ ပုတ်ပေးလိုက်သည်။ ယောင်ကျိကျိုးက အလွန်ကိုကျေနပ်သွားကာ အခွင့်အရေးကို အသုံးချပြီးပြောလိုက်သည်။
"ကျေးဇူးပဲ skincare ဘယ်လိုသုံးရလဲ ငါမသိလို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်..."
မင်လျိုရီက ထိုစကားကိုကြားသောအခါ သံသယမ၀င်သည့်အပြင် ရင်ထဲ၌သနားကြင်နာစိတ်များ ယိုဖိတ်လာတော့သည်။
'အင်အားကြီးမားတဲ့ ဥက္ကဌက လအနည်းငယ်လောက် ကိုမာ၀င်သွားရတဲ့အပြင် အခုဆို toner တောင် ကိုယ်တိုင်မလိမ်းနိုင်တော့ဘူး... သတိရလာတာနဲ့ ကုမ္ပဏီကိုပြန်ထိန်းချုပ်နိုင်ဖို့ အစီစဉ်ချနေရပြန်တယ် အရမ်းခက်ခဲပြီး သနားဖို့ကောင်းလိုက်တာ... အလုပ်တွေမလုပ်သေးဘဲ ပြန်ကောင်းလာဖို့ သေချာအနားယူလို့မရဘူးလား'
ယောင်ကျိကျိုးသည် သူ့ကိုယ်သူသနားစရာကောင်လေးဖြစ်သွားသည်ကို မသိခဲ့ပေ။ မင်လျိုရီကနူးညံ့ညင်သာစွာဖြင့် သူ့မျက်နှာအား ပုတ်ပေးနေသည်ကို ခံစားမိလိုက်ပြီး skincare အနံ့များနှင့်အတူ လတ်ဆက်သည့် စမ်းရေအနံ့ကိုပါ ရလိုက်သည်။ သူက အလွန်တရာ ကျေနပ်သွားသည်။ မင်လျိုရီ၏လက်များ ကိုယ်ပေါ်တွင်မရှိတော့မှ toner ဖိတ်ကျသွားသည့်နေရာမှအ၀တ်များက သက်တောင့်သက်သာမရှိမှန်း ယောင်ကျိကျိုး သတိထားမိသွားသည်။
ယောင်ကျိကျိုးက မျက်မှောင်ကျုံ့ကာ လက်ကိုဆန့်ထုတ်ပြီး ညအိပ်၀တ်စုံ၏ကြယ်သီးများကို ဖြုတ်လိုက်သည်။ မင်လျိုရီသည် ယောင်ကျိကျိုး၏ ပွင့်ဟလာသောရင်ဘတ်ကိုတွေ့သောအခါ သူမ မျက်နှာကချက်ချင်းရဲတက်လာတော့သည်။
'အင်္ကျီချွတ်ပြီး ဘာလုပ်မလို့လဲ...တစ်ခုခုလုပ်မလို့လား'
မင်လျိုရီကချက်ချင်းပင် ယောင်ကျိကျိုး၏လက်ကိုဖိတားပြီး ကြောက်လန့်စွာပြောလိုက်သည်။
"ရှင် ရှင်ဘာလုပ်မလို့လဲ"
ယောင်ကျိကျိုးက နားမလည်ပေ။ ဒါပေါ့ အ၀တ်လဲမလို့လေ... အ၀တ်စိုကြီးနဲ့ သူဘယ်လိုအိပ်ရမလဲ သက်တောင့်သက်သာလဲမရှိဘူးလေ... မင်လျိုရီက သူ့ကို အ၀တ်မလဲစေချင်တာလား... သူမက ဘာလို့ ကြောက်လန့်နေတာလဲ... ယောင်ကျိကျိုးသည် မင်လျိုရီ၏အတွေးများကို မသိပေ။ သူ တစ်ခုခုလုပ်တော့မယ်လို့ ထင်သွားတာများလား..
ယောင်ကျိကျိုးက ပြောလိုက်သည်။
"အ၀တ်လဲမလို့ပေါ့ ငါ့အ၀တ်တွေ စိုနေတာမတွေ့ဘူးလား"
ထိုစကားကိုကြားမှ မင်လျိုရီက အ၀တ်လဲပေးရန်သတိရသွားတော့သည်။ သူ၏လက်ရှိအခြေအနေနှင့်ဆို ဘာတစ်ခုမှလုပ်ဖို့ မသင့်တော်ပေ။ ယောင်ကျိကျိုးသည် သတိရလာတာ မကြာသေးသောကြောင့် သူ၏ခန္ဓာကိုယ်သည် တောင့်တင်းကာ သက်တောင့်သက်သာရှိမည်မဟုတ်ပေ။ မင်လျိုရီက သက်ပြင်းချလိုက်သော်လည်း ယောင်ကျိကျိုးအား အ၀တ်မချွတ်စေချင်တုန်းပင်။
သူမက ယောင်ကျိကျိုးအား ကြည့်လိုက်ပြီး တိုးညှင်းစွာပြောလိုက်သည်။
"အခုမချွတ်နဲ့ ကျွန်မအခန်းအပြင်ထွက်တာ စောင့်ဦး"
ယောင်ကျိကျိုးကဆက်လက်ပြီး ကြယ်သီးဖြုတ်လိုက်သည်။ ဘာလို့ အ၀တ်မချွတ်ရမှာလဲ... သူမ သူ့ကိုသန့်ရှင်းရေးလုပ်ပေးသည့်အချိန်တိုင်း ခေါင်းအစ ခြေအဆုံးမြင်ဖူးပြီးသားကို ဘာလို့ရှက်နေရတာလဲ... သူက အ၀တ်လေးလဲရုံသာဖြစ်ပြီး တခြားတစ်ခုလုပ်နေတာလဲမဟုတ်ပေ။ ကြောက်စရာ ရှက်စရာ ဘာလိုလို့လဲ...
ယောင်ကျိကျိုးက အေးစက်စွာပြောလိုက်သည်။
"ဘာတွေကြောက်နေတာလဲ ငါ့ရဲ့အ၀တ်မရှိတဲ့ ခန္ဓာကိုယ်ကို ပထမဆုံးမြင်ဖူးတာလဲ မဟုတ်ဘဲနဲ့"
🥰