အပိုင်း ၃၉
Viewers 26k

Part 39


သူမ အိမ်တွင်ကောင်းကောင်းမွန်မွန်နေရသည်ဟု သူ အစကတွေးထားသောကြောင့် စနောက်ခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်တွင်တော့ မဟုတ်တော့ပေ။


သူမ အိမ်တွင် မပျော်ရွှင်ရသည်ကို သူရှာတွေ့ခဲ့ပြီဖြစ်သည်။


မနေ့က အိမ်မှထွက်ပြေးလာသည့်သူမကို ချီအိမ်တွင် ပြန်ပို့ပေးခဲ့ပြီးနောက် ဒီနေ့နေ့လည်တွင် သူမ ဆက်မနေနိုင်ဘဲ အိမ်မှနောက်တစ်ကြိမ်ထပ်ထွက်လာပြန်သည်။ ယခုဆိုလျင် အိမ်မှထွက်မည့်အကြိမ်အရေအတွက်မှာ တတိယ အကြိမ်ပင်ဖြစ်သွားနိုင်သည်။


အချိန်တိုင်း ချီကျန်းကျန်းဘက်မှ မှားယွင်းခဲ့ခြင်းမဟုတ်ပေ။ သူမ အနေဖြင့် ချီအိမ်နှင့် အံဝင်ဂွင်ကျ ဖြစ်မနေခြင်းပင်။


ချီကျန်းကျန်း သူ့ ကို စိုက်ကြည့်နေပြီး ထိုခဏတွင် သူမစိတ်ထဲမှ အခံမရပ်နိုင်သည့်ချဉ်တူးမှုများ ထွက်ပေါ်လာကာ သူမ မျက်ဝန်းထဲတွင် မျက်ရည်များဝိုင်းဖွဲ့လာသည်။


ဒီမရင်းနှီးသေးသော ကမ္ဘာပေါ်တွင် သူမ မငိုကြွေးခဲ့ပေ။


သူမ၏ အမည်ခံစေ့စပ်ထားသူ နှင့် ညီမတစ်ဝမ်းကွဲဖြစ်သူမှ သူမ အပေါ်ဖောက်ပြန်ခဲ့ခြင်းအတွက် သူမ မငိုကြွေးခဲ့ပေ။ ချီမိသားစုမှ သူမ အပေါ်နားလည်မှု လွဲခဲ့သည့်အချိန်တွင်လည်း သူမ မငိုကြွေးခဲ့ပေ။


ဒါက သူမ၏အကျင့်စရိုက်အမှန်ပင်ဖြစ်ပြီး သူမ မပျော်ရွှင်ရလေလေ ပိုသန်မာလာလေလေ ဖြစ်သည်။ လူတွေသူမ အပေါ်ဂရုမစိုက်လေလေ သူမဘက်က ပို၍ မငိုကြွေးသင့်လေလေ ဟူ၍ပင်။ ဘယ်သူမှ သူမကို ဂရုစိုက်ကြမည်မဟုတ်။ 


ဝမ်ယွီ၏ ကြီးမားကျယ်ပြန်သော လက်ဖဝါးများဖြင့် သူမကို ကမ်းလှမ်းလာချိန်မှာတော့ ချီကျန်းကျန်းမျက်ဝန်းများတွင် သိသိသာသာ မျက်ရည်များစိုစွတ်လာသည်။ 


သူမ မျက်ရည်များလှိမ့်မကျလာစေရန် မျက်တောင်ခတ်လိုက်သည်။


တင်းရိကျွင်း ငေးငိုင်နေပြီးမှ သူမပါးစပ်ကို ဖွင့်လိုက်ရင်း ‘’ မင်း ဘာကိုဆိုလိုတာလဲ…’’


ချီကျန်းကျန်း ဘေးတွင်ရပ်နေသည့် ဝမ်ယွီသည် သူမ လက်ကိုဆုပ်ကိုင်လိုက်ပြီး ‘’ သူမက ကျွန်တော့်ရဲ့ စေ့စပ်ထားတဲ့သူပဲ… ဒါကြောင့် ကျွန်တော်သူမကို ဘာလို့ ခေါ်မသွားရမှာလဲ…’’


ဝမ်ယွီအသံသည် တည်ငြိမ်ဖြောင့်မတ်နေသည်။


ချီယန်သည် ဒေါသအလွန်ထွက်လာကာ ရေနွေးခွက်ကို ကောက်ကိုင်ပြီး ဝမ်ယွီဆီသို့ ပစ်ပေါက်လိုက်သည်။


ဝမ်ယွီ ချီကျန်းကျန်းကို သူ့အနောက်ဘက်သို့ ဆွဲယူကာ ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးလိုက်သည့်အတွက် ရေနွေးခွက်မှာ သူ့ကိုပေါ်သို့ တိုက်ရိုက်ထိမှန်သွားတော့သည်။


‘’ခွမ်း…’’ ခွက်သည် ကြမ်းပြင်ပေါ်သို့ပြုတ်ကျပြီး နေရာအနှံ့ပြန့်ကျဲကုန်သည်။


ထိုခွက်သည် ဒီညအတွက် ဒုတိယမြောက် ဓါးစားခံခွက်ဖြစ်သည်။


‘’အရှက်မရှိလိုက်တာ…’’ ချီယန် ဒေါသတကြီးပြောလိုက်သည်။ ‘’ ဝမ်ယွီ… ဒါက ချီမိသားစုကွ… မင်းရိုင်းချင်တိုင်းရိုင်းလို့ရတဲ့ နေရာမဟုတ်ဘူး…’’


ဝမ်ယွီ ဘာမှမပြောဘဲ ချီယန်ကို သူ၏နက်မှောင်သည့်အကြည့်များဖြင့် တည့်တည့်ကြည့်လိုက်သည်။ 


အကယ်၍ သူ၏ကုမ္ပဏီမှ အတွင်းရေးမှုနှင့် လက်ထောက်သာ ထိုအကြည့်ကို မြင်သွားမည်ဆိုလျင် သေမတတ်‌ ကြောက်ရွံ့နေကြမည်ဖြစ်သည်။ သူ၏ ထိုအမူအယာသည် အလွန်အမင်း ဒေါသထွက်နေကြောင်း သိသာစွာ ဖော်ပြနေလေသည်။


ထိုအခြင်းအရာကို နားမလည်သော ချီယန်သည် ဝမ်ယွီ ဒေါသ၏ နောက်ဆုံးသောလိုင်းကို ဖြတ်ကျော်လိုက်မိတော့သည်။


ဝမ်ယွီ၏ မျက်လုံးများကိုကြည့်ရင်း ချီယန်နှလုံးသားထဲတွင် ဖော်မပြောနိုင်သော အေးစက်မှုကို ခံစားလိုက်ရသည်။ သူ၏ ဒေါသများသည်လည်း အတော်လေး တည်ငြိမ်သွားသည်။


ဝမ်ယွီလက်ထဲမှ သေးသွယ်သည့်လက်ကလေး၏ လှုပ်ရှားမှုကို ခံစားမိလိုက်သည့်အတွက် သူမျက်ဝန်းကို နေရာရွေ့ပြီး ချီကျန်းကျန်းကို ကြည့်လိုက်ကာ ‘’ ကိုယ်တို့ အခုပဲသွားကြရအောင်… မင်းရဲ့ အိုင်ဒီကတ်ကိုပါယူလာဦး… ကိုယ်တော့ ဘာအထုပ်အပိုးမှ ယူစရာမလိုတော့ဘူး… အသစ်ပဲဝယ်ကြတာပေါ့… အိုကေလား…’’


ဘာပဲဖြစ်ဖြစ် သူတို့သည် ချီကျန်းကျန်း၏ မိဘများဖြစ်သည့်အတွက် သူ့စိတ်ထဲမှ ဒေါသများကို ဝမ်ယွီချိုးနှိမ်လိုက်သည်။


ခဏလောက် ချီကျန်းကျန်း တုံ့ဆိုင်းသွားပြီးနောက် ခေါင်းငြိမ့်ကာ ‘’ အိုကေ…’’


သူမ ချီအိမ်မှာ ထပ်မနေနိုင်တော့ပေ။ ဝမ်ယွီမှ သူမ ကိုယခုအချိန်တွင် ကမ်းလှမ်းနေသည့်အတွက် ပထမဆုံး ချီအိမ်မှ ထွက်သွားရန်ဆုံးဖြတ်လိုက်သည်။ 


‘’ ကျန်းကျန်း သမီး ဘယ်သွားမလို့လဲ…. ဒါက သမီးအိမ်နော်…’’ ချီကျန်းကျန်း၏ တင်းမာပြတ်သားသည့် သဘောထားကို တင်းရိကျွင်း မြင်တွေ့လိုက်ရသည့်အတွက် အလျင်အမြန်တားစီးလိုက်သည်။ ထို့နောက် သူမဆီသို့ အမြန်လျောက်သွားရင်း ‘’ 


သမီးအဖေရဲ့ ဒေါသကို သမီးလဲသိနေတာပဲ…. သူက သမီးကိုတကယ်ချစ်ပါတယ်… စိတ်အရင်လျော့လိုက်နော်… စကားအေးအေးဆေးဆေး ပြောကြတာပေါ့…’’


သူမ အသံတွင် စိတ်ပူပန်မှုများပါဝင်နေပြီး အမူအရာမှာလည်း တုန်လှုပ်နေသည်။


တင်းရိကျွင်းသည် ခံစားချက်မြင့်မားတတ်သူမဟုတ်သလို ဒီလိုအခြေအနေမျိုးကို ကောင်းကောင်းကိုင်တွယ်နိုင်သူ မဟုတ်သည့်အတွက် ဒီအချိန်တွင် သူမစိတ်ထဲတွင် စိုးရိမ်မှုများသာ ပြည့်နှက်နေတော့သည်။


သူမ စိတ်ထဲခံစားလိုက်မိသည်က ဒီတစ်ကြိမ်တွင် ကျန်းကျန်းသည် ခါတိုင်းနှင့်မတူညီစွာ သူတို့ဆီမှ လုံးဝပျောက်ကွယ်သွားမည်ကိုဖြစ်သည်။


‘’အဖေ… အမေ…’’


ချီကျန်းကျန်း သူတို့နှစ်ဦးကို မိဘများအဖြစ် သတ်မှတ်ထားတုန်းပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် မူလကိုယ်ကို မွေးဖွားပေးခဲ့ပြီး အရွယ်ရောက်သည်အထိ ပြုစုစောင့်ရှောက် ပျိုးထောင်ပေးခဲ့သောကြောင့် ဖြစ်သည်။


သို့သော်လည်း အဆုံးသတ်က အတူတူတော့မဟုတ်ပေ။ သူတို့သည် မိသားစုဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ခြင်းမရှိပေ။


မူလကိုယ်သည်သာ သူတို့၏စောင့်ရှောင့်မှုကြောင့် နှစ်ပေါင်း ၂၀ အထိ ကြီးပြင်းလာခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင် သူမနှလုံးသားထဲရှိ ထိုမိသားစုသည် သူမနှင့် မသက်ဆိုင်ပေ။


ချီကျန်းကျန်း သူတို့ကို မမုန်းသလို စိတ်ဆိုးခြင်းလဲမရှိပေ။ သူမ သူတို့နှင့် အတူတူ နေချင်စိတ်မရှိယုံသာဖြစ်သည်။ သူမ အနေဖြင့် ချီမိသားစုတွင် နေထိုင်ရန် ခက်ခဲ့သည့်အတွက် သူမ နေလိုစိတ်လဲ မရှိပေ။


ချီကျန်းကျန်း သူတို့အားလုံးကို တည်ငြိမ်စွာဖြင့်ကြည့်လိုက်ပြီး ‘’ သမီး အားလုံးကို သေသေချာချာပြောပြချင်ပေမယ့် သမီးကို ပြောခွင့်မပေးကြဘူး… ဘာမှ သေသေချာချာ မစုံစမ်းဘဲနဲ့ ဘာကိုမှ မယုံကြည်ပေးခဲ့ဘူး… အမေတို့က အန်းချင်ယု ပြောသမျှကိုအမှန်လို့ယုံကြည်ပြီး သမီးက ဝမ်စီစီကို ဆေးရုံရောက်တဲ့အထိ ပြဿနာရှာခဲ့တယ်လို့ ထင်နေကြတယ်… တကယ်လို့ အမေတို့သာ ကိုယ်တိုင်သွားစစ်ဆေးမယ်ဆိုရင် ဝမ်စီစီက အဖျားကြောင့် ဆေးရုံတက်ရတယ်ဆိုတာကို သိသွားမှာပါ’’


ထိုစကားလုံးများသည် ဒေါသထွက်နေသည့် ချီယန်အတွက် မီးကိုရေနဲ့ငြိမ်းလိုက်သလိုပင် ဖြစ်သွားစေသည်။ သူ၏ ဒေါသများ ချက်ချင်းပင် ပျောက်ကွယ်သွားကာ နှလုံးသားထဲတွင် တခြားခံစားချက်တစ်ခုက ချင်းနင်းဝင်ရောက်လာပြီး ‘’ ဘာ… သမီး… နင်ဘာပြောလိုက်တာလဲ…’’