အပိုင်း၈၀
Viewers 8k

🥰 Chapter 80 ✅


အပေါ်ယံတွင် လူနှစ်ယောက်ပြုလုပ်ရသည့်ယောဂဆိုသော်လည်း တကယ်တမ်း သူမ​၏နဖူးကို ကာထားပေးဖို့ ယောင်ကျိကျိုး၏ လက်မောင်းကိုအသုံးပြုမှန်း မင်လျိုရီသိပြီးသားဖြစ်သည်။ ဤအရာသည် လူနှစ်ယောက်ယောဂပင် ဟုတ်မနေချေ။ သို့သော် ယိုလင်လင်သည် သူမကို မှီမြန်းရန်ပုံအမြောက်အများ ပေးပို့ခဲ့သောကြောင့် ထိုယောဂအား လုပ်ကြည့်ခဲ့ခြင်းပင်ဖြစ်သည်။ 


ထိုကိုယ်နေဟန်ထားသည် သိပ်မခက်သည့်တစ်ခုဖြစ်သောကြောင့် မင်လျိုရီက ပြုံးကာပြောလိုက်သည်။ 


"ကျွန်မ ကူပေးမယ်" 


ထိုသို့ပြောပြီးနောက် မင်လျိုရီက ယောင်ကျိကျိုး၏ ဘောင်းဘီတစ်ဖက်ကို လိပ်တင်ပေးလိုက်ပြီး ယောင်ကျိကျိုးနှင့်မျက်နှာမူထားကာ သူမရဲ့ ဘယ်လက်က ယောင်ကျိကျိုး၏ ညာလက်ကို ဆုပ်ကိုင်ထားပြီး သူမရဲ့ ညာလက်က ယောင်ကျိကျိူ၏ ဘယ်လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် လက်ကိုင်ထားရင်း ထူးထူးဆန်းဆန်းပုံစံဖြင့် လှည့်ချလိုက်သည်။


ယောင်ကျိကျိုးသည် ‌အနေအထားကို အာရုံမထားအားဘဲ မင်လျိုရီ သူ၏လက်အားဆုပ်ကိုင်ထားသည့်အပေါ် အနည်းငယ်စိတ်လှုပ်ရှားနေသည်။ ယောင်ကျိကျိုး မတွေးချင်သော်လည်း သူဆုပ်ကိုင်ထားသည့် မင်လျိုရီ၏လက်သည် ထင်ထားသည့်အတိုင်း သက်တောင့်သက်သာရှိလှသည်။ 


မင်လျိုရီသည် ယောင်ကျိကျိုးက ထိုသို့သော လှုပ်ရှားမှုများကို မလုပ်တတ်ဘူးဟုပဲ ယူဆပြီး သူမကိုယ်တိုင်က အမြတ်ထုတ်ခံနေရသည်ကို သတိမထားမိခဲ့ပေ။ သူမက လက်ကိုဆန့်ထုတ်လိုက်ပြီး သူတို့၏လက်ချောင်းများကိုပါ ယှက်ထားလိုက်ကာ အားပြုရလွယ်အောင်ပြုလုပ်လိုက်သည်။ 


"အခု ဖြည်းဖြည်းချင်း ခါးလှည့်ကြည့်မယ်... အချင်းချင်း ထောက်ပံ့ပေးနေဖို့လိုတယ်နော်" 


မင်လျိုရီ၏ အသံသည် တည်ငြိမ်နေပြီးမသင့်လျော်သည့် ရည်ရွယ်ချက်များကင်းမဲ့နေသော်လည်း ယောင်ကျိကျိုးတစ်ယောက်နှလုံးခုန်မြန်နေခဲ့သည်။ ယခင်ကသူ့ကိုယ်သူ ထိန်းချုပ်မှုအားကောင်း‌သည့် ယောက်ျားတစ်ယောက်ဟု ခံယူထားခဲ့သည်။ အရင်အချိန်များက စီးပွားရေးအတွက် ပြောဆိုဆက်ဆံခဲ့ရသည့်အချိန်တွင် ဘားပေါင်းစုံသို့ သွားခဲ့ရပြီး မည်သည့်အချိန်တွင်မဆို ဆန္ဒကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ 


သို့ရာတွင် ယခု မင်လျိုရီ၏ဆွဲဆောင်မှုသည် သေလောက်အောင်ပြင်းထန်နေပြီး ယောင်ကျိကျိုးသည် သူ့ကိုယ်သူမနည်းထိန်းချုပ်နေရရှာသည်။ သူက နှုတ်ခမ်းကိုကိုက်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ သူ့ခန္ဓာကိုယ်ရှိအပြောင်းအလဲများထံ အာရုံပို့ထားပြီးနောက် ရုတ်တရက်လက်ကိုလွှတ်ချကာ လှဲချလိုက်သည်။


မင်လျိုရီလည်း ရုတ်တရက် ဟန်ချက်ပျက်သွားပြီး အောက်သို့ပြန်ကျသွားတော့သည်။ သူမက ပြန်ထလိုက်ပြီး ဟန်ချက်ပြန်ထိန်းညှိလိုက်သည်။ ထို့နောက် ယောင်ကျိကျိုး၏မျက်နှာအမူအရာကို လှမ်းကြည့်လိုက်သည်။ အခြေအနေဟန်ပုံမရပေ။ ယောင်ကျိကျိုး၏ စိတ်ခံစားချက်များသည် မူလဇာတ်ကြောင်းတွင် ဖော်ပြထားသည့်အတိုင်း မှန်းဆ၍မရပေ။


မင်လျိုရီက ယောင်ကျိကျိုးကို သွားမနှောင့်ယှက်ရဲဘဲ အိပ်ရာဘေးဘက်တွင် တိတ်တိတ်လေးလှဲချလိုက်ပြီး ယောင်ကျိကျိုးနှင့်ဝေး‌နိုင်သမျှဝေးဝေးနေလိုက်သည်။ သူမကမျက်လုံးများ မှိတ်ထားလိုက်ပြီး အိပ်ချင်စပြုလာခဲ့သည်။ သူမ အိပ်ပျော်သွားတော့မည့်အချိန်မှာပင် သူမခန္ဓာကိုယ်က အလို‌အလျောက်ယောင်ကျိကျိုးထံသို့ မှီမိသွားခဲ့သည်။ 


ယောင်ကျိကျိုးသည် ခက်ခက်ခဲခဲနှင့်ဆန္ဒကိုထိန်းချုပ်ရန်ကြိုးစားနေသော်လည်း သူ့လက်မောင်းပေါ်ရှိမင်လျိုရီသည် အန္တရာယ်ကိုသတိထားမိပုံမရဘဲ အိပ်မက်လှလှပင်မက်နေလေပြီ။ ယနေ့ညသည် ယောင်ကျိကျိုးအတွက် ခက်ခဲဖို့ကံပါလာသည်ထင်သည်။


မနက် မင်လျိုရီနိုးလာတော့ သူမကိုယ်သူမ ယောင်ကျိကျိုး၏ ‌လက်မောင်းပေါ်တွင် အိပ်ခဲ့မိမှန်း တွေ့လိုက်ရသည်။ ထိုသို့နိုးနေကျဖြစ်သော်လည်း ယနေ့ကတော့ ကွဲပြားသည်။ 


ယောင်ကျိကျိုးသည် ခံစားချက်မရှိသည့် ခေါင်းအုံးတစ်ခုအလား မင်လျိုရီကို စိတ်တိုင်းကျဖက်ခွင့်ပြုထားလေသည်။ မင်လျိုရီက တစ်ခုခုတော့မှားနေပြီဟု ခံစားမိလိုက်ပြီး ယောင်ကျိကျိုးကို ချောင်းကြည့်လိုက်ကာ သူမအိပ်ရာဘက်ဆီသို့ ပြန်လှိမ့်ရန်ပြင်လိုက်သော်လည်း မင်လျိုရီဘာမှမပြောခင် ယောင်ကျိကျိုး၏ အသံအားကြားလိုက်ရသည်။ 


"နိုးပြီလား" 


မင်လျိုရီက ကသိကအောက်ဖြစ်စွာနှင့် အကြောများဆန့်လိုက်ပြီး သူမ ယခုလေးတင်မှ အိပ်ရာနိုးလာသည့်ပုံစံဖမ်းလိုက်သည်။ ယောင်ကျိကျိုးက မင်လျိုရီရှိရာဘက်သို့ ခေါင်းစောင်းပြီး ပြုံးပြလိုက်သည်။ 


"နိုးနေပြီဆိုလဲ ထတော့လေ...ဒီအကြောင်းပြောပြီးပြီဆိုတော့ တခြားတစ်ခုပြောရအောင်" 


မင်လျိုရီ၏ မျက်နှာက အကူအညီမဲ့သွားတော့သည်။ 


'ဒရာမာထဲကအတိုင်း ဖြစ်လာတော့မှာလား... ယောင်ကျိကျိုး ဘာဆက်လုပ်မှာလဲ သူလုပ်သမျှ တစ်ခုမှကိုခန့်မှန်းလို့မရဘူး' 


မင်လျိုရီ ဘာမှပြန်မပြောလိုက်နိုင်ခင်တွင် ယောင်ကျိကျိုးက ပြောလိုက်သည်။ 


"ဦးလေးကျန်းကို အဲလောက်သဘောကျတာလား"


မင်လျိုရီ မျက်မှောင်ကျုံ့လိုက်သည်။ ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းမေးတာလဲ... ယောင်ကျိကျိုးက ကျန်းချွမ်ကို ဘာလုပ်ချင်နေတာလဲ။ ဒါပေမဲ့ ထိုစားဖိုမှူးက ဘာအမှားမှမပြုမိပါဘူး ယောင်ကျိကျိုးက ဘာလို့မေးတာပါလိမ့်...


မင်လျိုရီက ပျော့ပျောင်းစွာမေးလိုက်သည်။


"ဦးလေးကျန်းက လူကောင်းတစ်ယောက်ပါ ဘာဖြစ်လို့လဲ"


ယောင်ကျိကျိုးသည် မင်လျိုရီထံမှအကြောက်တရားကို ခံစားမိလိုက်ပြီး သူမသူ့ကို အထင်လွဲသွားမှန်း သိလိုက်သည်။ ယောင်ကျိကျိုးသည် ဘယ်တုန်းကမှ သူ့လုပ်ရပ်အား ရှင်းပြရသည်ကိုမကြိုက်ခဲ့သော်လည်း ယခုတွင်တော့ သူမအား ရှင်းပြလိုက်သည်။ 


"မင်းက ငါအပြစ်ပေးမယ်လို့ပဲ ဘာကြောင့်ထင်နေရတာလဲ... ဆုပေးလို့တောင် မရတော့ဘူးလား" 


မင်လျိုရီက ထိုစကားကိုကြားတော့မှ သူမ ယောင်ကျိကျိုးကို အထင်လွဲသွားမှန်း သိလိုက်ရသည်။ ဘော့စ်ကို မနက်စောစောစီးစီး ဒေါသထွက်ခွင့်မပေးသင့်ပေ။ ဒီတစ်ကြိမ်တော့ သူမမှားသွားခဲ့သည်။ 


မင်လျိုရီက ချက်ချင်းပြုံးပြီး လျင်မြန်စွာပြောလိုက်သည်။ 


"မဟုတ်ပါဘူး ကျွန်မညံ့တာပါ...မစ္စတာယောင်က ဆုပေး ဒဏ်ပေးတတ်တဲ့လူဆိုတာ သိပါတယ်" 


ယောင်ကျိကျိုးသည် မင်လျိုရီ၏ လောကွတ်စကားကြောင့် ကျေနပ်သွားသော်လည်း အပြင်တွင်တော့ ‌မဖော်ပြလိုက်ပေ။ သူက တိုးညှင်းသည့် အသံတစ်သံသာ ပြုလိုက်သည်။ 


"အင်း" 


သူတို့နှစ်ဦး အောက်ထပ်သို့‌ဆင်းလိုက်တော့ ရှောင်ဖန်းသည် စားပွဲပေါ်တွင် မနက်စာပင် ပြင်ပေးပြီးပြီဖြစ်သည်။ 


ယောင်ကျိကျိုးက တစ်လုပ်နှစ်လုပ်စားပြီးနောက် ပြောလိုက်သည်။ 


"ဦးလေးကျန်းကို ခေါ်လိုက်"



🥰