အပိုင်း၈၃
Viewers 8k

🥰 Chapter 83 ✅


ယောင်ကျိကျိုးသည် မင်လျိုရီက ထိုကဲ့သို့ အဓိပ္ပာယ်ရှိပြီး ကောင်းမွန်သည့်အရာကို ပြုလုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ နှစ်စဉ်နှစ်တိုင်း ကိုမာ၀င်လူနာရှိသည့် မိသားစုများသည် ဆင်းရဲသောကြောင့် ထောက်ပံ့ကြေးငွေများရရှိသည်။ ထို့အပြင် ယောင်အဖွဲ့အစည်းမှလဲ နှစ်စဉ်ပရဟိတအဖြစ် ငွေကြေးအမြောက်အများကို ထုတ်‌ပေးလျက်ရှိသောကြောင့် ပြဿနာ‌မရှိပေ။ 


"ယောင်အဖွဲ့အစည်းကနေလဲ နှစ်တိုင်းရန်ပုံငွေအမြောက်အများလှူနေကြမလို့ ဒီပိုက်ဆံလောက်က ပြဿနာမရှိဘူး" 


ထိုသို့ပြောပြီးနောက် ယောင်ကျိကျိုးက ဟဲရှန့်ကိုဖုန်းခေါ်လိုက်သည်။ ကုမ္ပဏီမှနှစ်စဉ်ရန်ပုံငွေထည့်သည်ဆိုသော်လည်း ကျန်ရှိနေသည့်လက်ကျန်များကိုတော့ စစ်ကြည့်ရန်လိုသေးသည်။ အကယ်၍ များများစားစားမကျန်တော့ဘူးဆိုလျင် သူ၏ကိုယ်ပိုင် ပိုက်ဆံထဲမှထုတ်ပေးပြီး မင်လျိုရီ၏ဆန္ဒကိုဖြည့်ဆည်းပေးမည်ဖြစ်သည်။ ထို့အပြင် ယခုလိုလှူလိုက်သည်က ကုမ္ပဏီကိုကြေညာသလိုဖြစ်

သောကြောင့် အကျိုးအမြတ်က သေချာပေါက်အနိုင်ပင်ဖြစ်သည်။ ဖုန်း၀င်သွားသည်နှင့် ဟဲရှန့်၏ အသံအားကြားလိုက်ရသည်။ 


"ဥက္ကဌယောင် အမိန့်ရှိပါ"


ယောင်ကျိကျိုးက အချိန်မဖြုန်းဘဲ ကုမ္ပဏီ၏ ပရဟိတရန်ပုံငွေမည်မျှကျန်သေးလဲဟု တိုက်ရိုက်မေးလိုက်သည်။ ငွေလုံလောက်သည်ဆိုပါက ပရဟိတဆက်လုပ်နိုင်ရန် ဟဲရှန့်အား မင်လျိုရီဆီသို့အကုန်လွှဲခိုင်းလိုက်မည်ဖြစ်သည်။ 


ဟဲရှန့်က ယောင်ကျိကျိုး၏စကားကိုနားထောင်ပြီးနောက် ခဏငြိမ်သက်သွားခဲ့သည်။ ထို့နောက် ယနေ့မနက်တင် ယောင်ကျိကျိုးအား ပေးပို့ခဲ့သော အစီရင်ခံစာအား ကောက်ကိုင်လိုက်ကာ မျက်မှောင်ကျုံ့လျက် အမြန်ပြောလိုက်သည်။


"မနေ့ကတင် အကြံပေးဥက္ကဌယောင်ကျိရန်က ကျန်ရှိနေတဲ့ဘတ်ဂျက်ကို တင်ပြလာပါတယ်...ရံပုံငွေမကျန်တော့ပါဘူး"


ယောင်ကျိကျိုးက ရုတ်ချည်းမျက်မှောင်ကျုံ့သွားသည်။ ယောင်ကျိရန်က ဒီလောက်များတဲ့ ငွေပမာဏကို ဘာလုပ်ဖို့စဉ်းစားထားတာလဲ။ ဘယ်လို ပရဟိတမျိုးက ဒီလောက်ရံပုံငွေအများကြီးကို လိုနေတာပါလိမ့်။ သို့သော်လည်း ထိုအရာက အရေးကြီးသည်တော့မဟုတ်ပေ။ အရေးကြီးတာက မင်လျိုရီလိုအပ်သည့် ငွေပမာဏပေးရန်ဖြစ်သည်။ 


ယောင်ကျိကျိုး၏ မျက်နှာကအေးစက်လျက် ရေခဲတမျှအသံဖြင့်ပြောလိုက်သည်။


"ယောင်ကျိရန်က ဘယ်လိုပရဟိတမျိုးကို လုပ်နေတာလဲ... ၃ မီလီယမ်ကို ဖယ်ထားဖို့ပြောလိုက်" 


ယောင်ကျိကျိုး၏အမိန့်ကိုကြားပြီး ဟဲရှန့်ကငြိမ်ကျသွားတော့သည်။ အကြံပေးဥက္ကဌသည် ကုမ္ပဏီဘက်ကနေ ရန်ပုံငွေများလွှဲပေးတော့မည်ဖြစ်ကြောင်း ကြေငြာပြီးပြီဖြစ်သည်။ အကယ်၍ ယောင်ကျိကျိုးသာ ရုတ်တရက်ကြီး ရန်ပုံငွေတွေဖြတ်ချလိုက်မည်ဆိုလျှင် အလွန်အမင်းမပျော်ရွှင်ဖြစ်သွားလောက်သည်။ သို့သော်လည်း ဘာလုပ်နိုင်မှာလဲ...ယောင်ကျိကျိုးက ယောင်အဖွဲ့အစည်း​၏ ခေါင်းဆောင်တစ်ယောက်ပဲလေ။ 


အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် ယောင်ကျိကျိုးက စိတ်မရှည်စွာမေးလိုက်သည်။ 


"ပြဿနာရှိလို့လား" 


ယောင်ကျိကျိုး မကျေမနပ်ဖြစ်သွားသည်ကိုသိတော့ ဟဲရှန့်က အသိစိတ်ပြန်၀င်လာသည်။ ယောင်ကျိရန်က အကြံပေးဥက္ကဌပဲလေ... ပြဿနာတစ်ခုခုရှိရင် ဥက္ကဌဆီတိုက်ရိုက်သွားပြောမှာပဲ...  ဥက္ကဌကလဲ သူ့အကြောင်းပြချက်ကိုပြောပြမှာပဲ... ဟဲရှန့်က ဒီအတိုင်းအတွင်းရေးမှူးတစ်ယောက်သာဖြစ်သည်။ 


ဟဲရှန့်က ဖုန်းနားကပ်ကာ တရိုတသေပြောလိုက်သည်။ 


"မဟုတ်ပါဘူး ဆရာ အမိန့်ကိုအခုချက်ချင်းလုပ်ဆောင်လိုက်ပါ့မယ်" 


မင်လျိုရီသည် ယောင်ကျိကျိုး လုပ်ဆောင်နေသည်ကိုနားထောင်ပြီး သူမအတွက် ၃ မီလီယံထည့်ပေးမည်ဖြစ်ကြောင်းကို သိလိုက်ရသည်။ သူမက ချက်ချင်းပင် ယောင်ကျိကျိုးအတွက် လက်မထောင်ပေးလိုက်တော့သည်။ ဒီလောက်ရက်ရောတဲ့လူက တကယ်ကို ဥက္ကဌဖြစ်သင့်တယ်။ ဒီရန်ပုံငွေများနှင့် ကိုမာ၀င်မိသားစုများကို ပိုမိုကူညီနိုင်ပြီး လူ‌တွေကိုလဲမျှော်လင့်ချက်များ ပေးစွမ်းနိုင်သည်။ ယောင်ကျိကျိုး ဖုန်းချပြီးနောက် မင်လျိုရီက ချက်ချင်းပဲ လေးစားအားကျသည့်လေသံဖြင်ါ ပြောလိုက်သည်။ 


"ဥက္ကဌယောင်က အရမ်းမိုက်တာပဲ" 


ယောင်ကျိကျိုးက ခေါင်းငြိမ့်ပြသော်လည်း ပျော်ရွှင်သွားသည့် အရိပ်အယောင်မပြပေ။ ဗီလာတစ်ခုလုံးတွင်ရယ်သံများ ချီးမွမ်းသံများဖြင့် ပြည့်နှက်နေသည်။ တစ်ဖက်တွင်တော့ ယောင်ကျိရန်သည် လက်သီးကို တင်းတင်းဆုပ်နေခဲ့သည်။ ယောင်ကျိကျိုးက ဘယ်သောအခါမှ ရန်ပုံငွေအကြောင်း မမေးခဲ့ဖူးပေ။ ထိုရန်ပုံငွေကိစ္စကို ယောင်ကျိရန်သာ တာ၀န်ယူလုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ယောင်ကျိရန်၏နာမည်ဖြင့် ဖောင်ဒေးရှင်းတစ်ခုသို့ ယွမ် ၁၀ သန်းလှူရန်ခွင့်ပြုချက်ရပြီးဖြစ်သည်။ 


ယောင်ကျိရန်သည် ထိုပိုက်ဆံများမှ အကျိုးအမြတ်များရရှိလေသည်။ သူက ယခုနှစ်တွင် ရာထူးတိုးမည်ဟုထင်ခဲ့သောကြောင့် ပရဟိတရန်ပုံငွေနှင့်ပတ်သက်ပြီး အစီစဉ်မချထားခဲ့ပေ။ အတိတ်တွင်ဆိုရင်တော့ ယွမ် ၁၀ သန်းတန်သည့် ပစ္စည်းများ၀ယ်ရန်ဟုဆိုကာ ဈေးကိုအနည်းငယ်ကစားထားသောကြောင့် တကယ့်တန်ဖိုးမှာ ၃ သန်းသာ ကုန်ကျမည်ဖြစ်သည်။ 


ကျန်သည့်ပိုက်ဆံများကတော့ ယောင်ကျိရန်၏ ကိုယ်‌ပိုင်အကောင့်ထဲသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ယောင်ကျိရန်က ထိုပိုက်ဆံများကို ကိုယ်ရေးကိုယ်တာနှင့် တခြားအတွက် သုံးမည်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ယောင်ကျိရန်က ပိုက်ဆံများကို ချိုက်ရီရှီးအတွက် အပျော်စီးလှေတစ်စီး၀ယ်ပေးရန် ကြံစည်ထားသည်။ လှေသည် ယွမ် ၇ သန်းလောက် ကုန်ကျမည်ဖြစ်ပြီး ကျန်ရှိနေသည့်ငွေများသည် ယောင်အဖွဲ့အစည်း၏ပရဟိတလုပ်ငန်းများကို ပေးရန်လုံလောက်လေသည်။ 


ထိုပိုက်ဆံသည် နှစ်ဖက်လုံးကိုဖုံးကွယ်ထားရန်လိုအပ်သည့်ပမာဏဖြစ်သော်လည်း ယောင်ကျိကျိုးက ရုတ်တရက်ကြီး ၃ သန်းကိုပြန်တောင်းလာသောကြောင့် ယောင်ကျိရန်တွင်ရွေးချယ်စရာမရှိတော့ဘဲ သူ၏ကိုယ်ပိုင်ငွေမှ ၃ သန်းကို ဖယ်ပေးလိုက်ရသည်။ အတိတ်တွင် ၃ သန်းသည် ဘာမှမဟုတ်သော်လည်း အခုတွင်ကာမတူတော့ပေ။ ယောင်ကျိရန်သည် ယောင်ကျိကျိုးအား တရားဝင်ဆန့်ကျင်မိခဲ့သောကြောင့် သူတို့နှစ်ဦးသည် ထိပ်တိုက်ရင်ဆိုင်ကြရတော့မည်ဖြစ်သည်။ ထိုသို့သောတိုက်ပွဲတွင် အခြေအနေတစ်ခုချင်းဆီ၌ အကြွေစေ့တစ်ပြားကပင် တန်ဖိုးရှိလေသည်။


ယခုတော့ယောင်ကျိကျိုး၏ စကားအနည်းငယ်ဖြင့် ယောင်ကျိရန်သည် ပိုက်ဆံအများအပြားဆုံးရှုံးလိုက်ရသည်။  သူသည် ထိုကဲ့သို့သောဘ၀ကို စိတ်ကုန်နေပြီဖြစ်သည်။ ယခုအချိန်တွင် အရေးအကြီးဆုံးက ချိုက်မိသားစု၏ အထောက်အပံ့ကိုရရှိဖို့ပင်ဖြစ်သည်။ တခြားကိစ္စများကတော့ ဆိုင်းငံ့ထား၍ရသည်။ ယောင်ကျိရန်သည် အချိန်အား စိတ်မရှည်စွာကြည့်လိုက်ပြီးနောက် ရွေးချယ်စရာမရှိဘဲ ချိုက်ရီရှီးအား ဒီညသူနှင့်အတူအချိန်တွေကုန်ဆုံးမလားဟုမေးရန် ဖုန်းခေါ်လိုက်တော့သည်။



🥰