🥰 Chapter 84 ✅
မင်လျိုရီက ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။ ပရဟိတလုပ်ငန်းသည် ရေရှည်စိတ်နှစ်ပြီးလုပ်ရသည့်
အလုပ်ဖြစ်သည်။ သူမကိုယ်တိုင်၀င်ငွေရှာနိုင်ပါက မူလမင်လျိုရီချန်ခဲ့သည့် ပိုက်ဆံများကိုအားကိုးစရာမလိုပေ။ သူမဒီလိုသာ အလုပ်မလုပ်ဘဲ အပျင်းထူနေပါက အချိန်တစ်ခုအကြာတွင် သူမပိုက်ဆံပြတ်သွားတော့မည်ဟု မင်လျိုရီသိနေသည်။ သူမ ပိုက်ဆံရှာချင်တယ်ဆို ထိုပရောဂျက်တစ်ခုတည်းကို အားကိုးနေ၍မရပေ။ သူမ တခြားပိုက်ဆံရှာနိုင်မည့် ပရောဂျက်များလဲ ပြုလုပ်ရမည်ဖြစ်သည်။
ယခုရက်များတွင် ယောင်ကျိကျိုးသည် ထမင်းစားမြန်လာကြောင်း မင်လျိုရီ သတိထားမိလေသည်။ ထိုသို့ဆိုလျှင်တောင် ယောင်ကျိကျိုး၏အပြုအမူများသည် အထက်တန်းကျသည်။ သွားများက သန့်ရှင်းကာဖြူဖွေးနေပြီး သူ၏မေးစေ့က သေသပ်လှပနေသည်။ ထိုသို့သော အင်္ဂါရပ်များနှင့်လူက အစားအသောက်စားပြသည့်ချန်နယ်တစ်ခုထောင်သင့်သည်။ မင်လျိုရီက ဒီရက်အတွင်းတွင် ယောင်ကျိကျိုးသတိမထားမိခင် သူအစားစားနေသည့်ဗီဒီယိုများကို တိတ်တိတ်လေး ရိုက်ထားခဲ့သည်။
အရင်ကဆို မင်လျိုရီသည် ယောင်ကျိကျိုးနှင့် ထမင်းစားတိုင်း ဘယ်ဟာကမကောင်းဘူး ဘယ်ဟာကကောင်းတယ်နှင့် စကားပြောပေးလေ့ရှိသည်။ ယောင်ကျိကျိုးသည် မင်လျိုရီစကားများလွန်းသည့်အတွက်နားငြီးသည်ဟု ထင်မိသည့်အထိပင်။ သို့သော် ဗီဒီယိုကောင်းတစ်ပုဒ်ဖြစ်ရန် ဝါးနေသည့်အသံများကြားရဖို့ မင်လျိုရီသည် တိတ်တိတ်ဆိတ်ဆိတ်သာ စားတော့သည်။ သူမက ဗီဒီယိုတွင် အမှားပါမည်စိုး၍ အိမ်အကူများကိုပင် အနားသို့မလာခိုင်းပေ။
ယောင်ကျိကျိုးသည် မင်လျိုရီ တိတ်ဆိတ်သွားသည်ကို သတိထားမိပြီး အေးအေးချမ်းချမ်း အစားစားရပြီဟု တွေးမိသည်။ သို့သော်လည်း တစ်ကြိမ်စားပြီးနောက် ယောင်ကျိကျိုးသည် အနည်းငယ် မနေတတ်ဖြစ်လာသည်။ သူ့ဘေးတွင် အမြဲတမ်းစကားပြောပေးနေသည့် မင်လျိုရီကို လွမ်းလာပြီး သူမကသူ့အား အသက်ရှင်ချင်လာအောင် ပြုလုပ်ပေးသူလဲဖြစ်သည်။ ယောင်ကျိကျိုးသည် အကြိမ်ရေအနည်းငယ်မျှ မင်လျိုရီအား ဘာကြောင့်အသံတိတ်သွားရလဲဟုမေးခဲ့သော်လည်း သူမက ရယ်သွေးကြွယ်စွာပြန်ဖြေပေလိမ့်မည်။
"လူတစ်ယောက်က အစားစားနေစဉ်နဲ့ အိပ်နေစဉ်မှာ စကားမပြောရဘူးတဲ့"
ယောင်ကျိကျိုးသည် သူ၏ပတ်၀န်းကျင်ကို မမြင်ရသောကြောင့် အကြားအာရုံက ပိုမိုအားကောင်းလာခဲ့သည်။ သူသည် မင်လျိုရီ၏တတွတ်တွတ်ပြောမှုကြောင့်စိတ်ရှုပ်ခဲ့ရပြီး ယခုလိုသူမအသံတစိုးတစိမျှ မကြားရတော့သည့်အခါတွင် စိတ်လှုပ်ရှားလာသောကြောင့် ထမင်းကိုခပ်မြန်မြန်စားပြီး အရင်ကလို အစားပင်မရွေးတော့ချေ။ သူက ထမင်းစားခြင်းကို ခပ်မြန်မြန်ပဲ အဆုံးသတ်ချင်ပြီး ထိုမှသာ မင်လျိုရီ၏ စကားပြောသံကို ပြန်လည်ကြားရမည်ဖြစ်သည်။
မင်လျိုရီသည် username ကို "သေသပ်စွာစားသောက်ခြင်း" ဟုပေးထားပြီး အကောင့်ဖွင့်လိုက်သည်။ ပထမဆုံး ဗီဒီယိုအားတင်လိုက်ချိန်တွင်ပင် ထိုဗီဒီယိုက ချက်ချင်းကိုပေါက်သွားပြီး mukband တွင် ထိပ်ဆုံးနေရာယူထားခဲ့သည်။
ဗီဒီယိုထဲမှလူ၏မေးစေ့သည် ပြီးပြည့်စုံနေပြီး ထိုလူ၏အရှေ့ကပန်းကန်ပြားထဲတွင် အရသာရှိသည့် အစားအသောက်များဖြင့် ပြည့်နေကာစားချင်စဖွယ်ဖြစ်နေသည်။
ထိုလူ၏ ခရင်းနှင့်ဓားကိုင်သည့် အရည်အချင်းသည်လည်း ပြည့်စုံလှသည်။ အမူအရာများသည် အလွန်ကိုသာမန်ဆန်ပြီး အစားအသောက်များသည် တစ်ခါတစ်ရံ ဈေးကြီးပုံပေါ်သည့်ဇွန်းမှ ပြုတ်ကျသွားခဲ့လျှင်တောင် ထိုလူက တည်ငြိမ်လျက်ပင်ရှိသည်။ သူသည် မြန်မြန်ဆန်ဆန် မြိုချလိုက်ပြီး အလုတ်ကြီးကြီးစားလိုက်သော်လည်း သန့်စင်ပြီး အပြစ်ကင်းစင်သည့် အရှိန်အဝါမျိုးထုတ်လွှတ်နေသလို အထက်တန်းကျသည့်ပုံရိပ်ကိုလဲ ပေးဆဲပင်။ မှတ်ချက်များသည် ဗီဒီယိုကိုပင် မမြင်ရတော့လောက်အောင် ဆက်တိုက်တက်လာခဲ့သည်။
[ဒီနတ်ဘုရားလို စထွင်မာက ဘာလား တစ်ချိန်တည်းမှာပဲ ဘယ်လိုတောင် ချစ်ဖို့ကောင်းပြီး အရိုင်းဆန်နေရတာလဲ]
[ဇွန်းပေါ်က ဟင်းဖက်ပြုတ်ကျသွားတော့ ငါကောက်ပေးချင်မိသွားတယ် ဗီဒီယိုထဲကလူ ဘယ်မှာနေတာလဲ အခုလာပြီးခွံ့ကျွေးပါရစေ]
[ဘာစကားမှမပြောဘဲနဲ့တောင် စားချင်စိတ်ရှိလာအောင် ဆွဲဆောင်နိုင်တယ်နော်]
[သူက ခွေးအကြီးကြီးတစ်ကောင်လိုပဲနော် အစားစားနေချိန်မှာ သပ်ရပ်ပြီး ရုပ်လဲချောသေးတယ်]
မင်လျိုရီသည် ဖုန်းမျက်နှာပြင်ပေါ်မှမှတ်ချက်များကိုကြည့်ပြီး အော်ရယ်မိသွားသည်။ ခွေးတဲ့လား ယောင်ကျိကျိုးသာ တစ်စုံတစ်ယောက်က သူ့ကိုဒီလိုဖော်ပြနေတာကိုသိရင် အဲ့လူကိုသတ်ပစ်လောက်တယ်။ မင်လျိုရီသည် ရဲတင်းလာပြီး တစ်ခါတစ်ရံတွင် ခွေးများကိုပွတ်သပ်ပေးသကဲ့သို့ ယောင်ကျိကျိုး၏ ဆံပင်များကို ပွတ်နေလိမ့်မည်။ ယောင်ကျိကျိုးကလဲ အကြိမ်တိုင်းတွင် အလိုမကျစွာနှင့် သူမလက်ကိုတွန်းဖယ်ခဲ့သည်။
"မင်းရဲ့လက်ကို မလိုချင်တော့ဘူးလား"
ဤတစ်ကြိမ်တွင်လည်း ထိုတူညီသည့်စကားကိုသာ ပြောခဲ့သည်။ မင်လျိုရီမကြောက်မိတော့ပေ။ ယောင်ကျိကျိုးနှင့်အချိန်အကြာကြအတူတူနေပြီးနောက် သူမကိုယောင်ကျိကျိုးက ထိခိုက်အောင်လုပ်မည်မဟုတ်ဟုပင် ထင်လာမိသည်။ ထို့အပြင် ယောင်ကျိကျိုး၏ ဆံပင်များသည် အလွန်ကိုင်လို့ကောင်းလေသည်။
မင်လျိုရီက ယောင်ကျိကျိုးအား ပြုံးလျက်ကြည့်ပြီး ပျော်ရွှင်စွာပြောလိုက်သည်။
"တောင်းပန်ပါတယ် ရှင့်ဆံပင်ကပွနေလို့သပ်ပေးလိုက်တာပါ"
မင်လျိုရီက ထိုသို့ပြောပြီး သူမဖုန်းကိုဆက်ကြည့်နေလိုက်သည်။ မှတ်ချက်များသည် မျက်နှာပြင်ပေါ်တွင် ပြွတ်သိပ်စွာတက်နေသည်။ ထိုကဲ့သို့သော အစားအသောက်ရှိုးသည် ရှားပါးသည်။ ရိုက်ပြသည့်လူကလဲ ချောတာကိုး... မင်လျိုရီသည် တိုးလာသည့် ကြည့်ရှုနှုန်းကိုကြည့်ပြီး သူမနှလုံးသားထဲတွင် ပန်းများပွင့်နေတော့သည်။ ဒီလိုသာ ပိုက်ဆံများများရမယ်ဆို သူမအစကတည်းက ဗီဒီယိုရိုက်ပြီးတင်လိုက်ပါတယ်။ ထိုအချိန်တွင် အများနှင့်မတူသည့် မှတ်ချက်တစ်ခုအားတွေ့လိုက်ရသည်။
[ဒီလူရဲ့ လက်ကမိုက်လိုက်တာနော် မှောင်ချင်စရာကြီး]
မင်လျိုရီက အနည်းငယ် ရှုပ်ထွေးသွားတော့သည်။ ဘာလို့ မှောင်ချင်သွားရတာလဲ... လက်တစ်ဖက်က ဘယ်လောက်များ ဆွဲဆောင်မှုရှိနိုင်လို့လဲ... သို့ပေသိ ယောင်ကျိကျိုး၏လက်များသည် အမှန်ကိုလှပသည်။ မင်လျိုရီက ယောင်ကျိကျိုး၏လက်များကိုကြည့်လိုက်သည်။ သူမရဲခေါင်းထဲတွင် ရုတ်တရက် သူမဆရာပြောခဲ့ဖူးသည့် စကားများအပြည့်ဖြစ်သွားတော့သည်။
သင်ယူမှုဆိုတာ အဆုံးမရှိဘူး။ အကယ်၍ နားမလည်တာရှိရင် တစ်ခါတည်းမေးလိုက်။
မင်လျိုရီက ယောင်ကျိကျိုးကို ပုတ်လိုက်ပြီး နားမလည်ဟန်နှင့်မေးလိုက်သည်။
"ယောင်ကျိကျိုး သူတို့ပြောတာ ရှင့်ရဲ့လက်က မှောင်ချင်စရာတဲ့ အဲတာဘာပြောတာလဲ"
🥰