အပိုင်း၈၅
Viewers 8k

🥰 Chapter 85 ✅


ယောင်ကျိကျိုးသည် မင်လျိုရီ၏အမေးကိုကြားပြီး အနည်းငယ်ရှုပ်ထွေးသွားရသည်။ 


'ဒီမှာငါနဲ့မင်လျိုရီပဲရှိတာမဟုတ်ဘူးလား...တစ်ယောက်ယောက်များ၀င်လာလို့လား...၀င်လာတယ်ဆို ဘာလို့ဘာအသံမှမကြားရတာလဲ....' 


ယောင်ကျိကျိုးသည် သူ၏အကြားအာရုံနှင့်ပတ်သက်ပြီး အလွန်ကိုယုံကြည်မှုရှိသည်။ အပြင်ကတစ်ယောက်ယောက် ၀င်လာသည်နှင့် သူသေချာပေါက်ကို အသံကြားမည်ဖြစ်သည်။ ယောင်ကျိကျိုးက မင်လျိုရီအား စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့်မေးလိုက်သည်။ 


"သူတို့...'သူတို့' ဆိုတာ ဘယ်သူတွေလဲ ဘယ်သူ၀င်လာလို့လဲ" 


မင်လျိုရီသည် ချက်ချင်းပင် သူမလုပ်မိသည့်အမှားကို သဘောပေါက်သွားသည်။ လျှို့ဝှက်ချက်က ပေါ်သွားသော်လည်း သူမယောင်ကျိကျိုးကို ထိုအကြောင်းအရာအား ပြောပြ၍မရပေ။ သူမသည် ထိုဗီဒီယိုများကို ခိုးရိုက်ထားခဲ့ပြီး ယောင်ကျိကျိုးဆီမှ ခွင့်ပြုချက်လဲမတောင်းရသေးပေ။ ယောင်ကျိကျိုးသာသိလျှင် ဒေါသအရမ်းထွက်ပြီး သူမ ဒုက္ခလှလှတွေ့မှာဖြစ်သည်။ မင်လျိုရီက ခဏလောက်စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။ 


"မဟုတ်တာ ဘယ်သူမှမဝင်လာပါဘူး...ကျွန်မ လက်ချောင်းလေးတွေလှတဲ့ blogger တစ်ယောက်ကိုတွေ့တာ အဲ့တာနဲ့လူတွေက လက်ချောင်းတွေက လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိတယ်ဆိုလို့..."


ယောင်ကျိကျိုးက ထိုစကားကိုကြားတော့ တံတွေးမြိုချမိသွားသည်။ ထိုသို့သောကိစ္စများကို ရှောင်ကြဉ်ထားသော်လည်း သူသည်လူသားတစ်ယောက်ပင်ဖြစ်သည်။ ငယ်ငယ်တုန်းက ၁၈+ ကားတွေမကြည့်ဖူးတဲ့လူ ဘယ်မှာရှိလို့လဲ... ဒါပေါ့ အဲ့လူတွေ ဘာအကြောင်းပြောချင်နေလဲဆိုတာ သူသိသည်။ 


သူက ခက်ခက်ခဲခဲ စကားထုတ်ပြောလိုက်သည်။ 


"နောက်ကျ မင်းသိလာပါလိမ့်မယ်" 


ရက်အနည်းငယ်အကြာတွင် မြောင်လွေ့မင်သည် ထပ်မံရောက်ရှိလာခဲ့သည်။ ယောင်ကျိကျိုး၏ ပြန်လည်နိုးထလာမှုကြောင့် ယောင်ကွေသည် မြောင်လွေ့မင်က ယောင်ကျိကျိုး၏ မျက်လုံးနှင့် ခြေထောက်များကိုလဲ ကုသပေးနိုင်မည်ဟု ယုံကြည်နေပြီး အကြိမ်ကြိမ်လူလွှတ်ပြီး တောင်းဆိုနေတော့သည်။ မြောင်လွေ့မင်ကတော့ မသေချာမရေရာဖြစ်နေခဲ့သည်။ ယောင်ကျိကျိုး နိုးထလာခြင်းသည် မိမိကြောင့်မဟုတ်ဟု ထင်မိသော်လည်း ယောင်ကွေ၏အဆုံးမသတ်နိုင်သော ခေါ်ဆိုမှုများကို မလွန်ဆန်နိုင်တော့ပေ။


ထို့အပြင် ကိစ္စသေးသေးလေးနှင့် ယောင်အဖွဲ့အစည်းအား မဆန့်ကျင်ချင်သောကြောင့် သူ၏အချိန်ဇယားများကိုပြောင်းလိုက်ပြီး တစ်ပတ်လျှင်တစ်ကြိမ်လာ‌ရောက်ကာ ယောင်ကျိကျိုးအား အပ်စိုက်ကုထုံး ပြုလုပ်ပေးလေသည်။ ပုံမှန်အားဖြင့် မင်လျိုရီသည် မြောင်လွေ့မင်အား နှောင့်ယှက်မိမည်စိုးသောကြောင့် အပြင်တွင်သာ စောင့်ဆိုင်းလေ့ရှိသည်။ 


အခန်းထဲတွင် မည်သူမှမရှိတော့သည်ကိုကြားတော့ ယောင်ကျိကျိုးက မေးလိုက်သည်။ 


"ဒေါက်တာမြောင် အပ်စိုက်ကုထုံးလုပ်နေစဉ် ဘာမှသိပ်ပြီးမခံစားရပေမဲ့ မင်..ကျွန်တော့်ဇနီး နှိပ်ပေးနေတဲ့အချိန်ကျရင်တော့ အေးမြတဲ့ခံစားချက်ရတယ် ဘာလို့လဲ ဒေါက်တာမြောင်သိလား" 


မြောင်လွေ့မင်က ယောင်ကျိကျိုး၏ စကားများကို နားထောင်ပြီးနောက် စိတ်ထင်တာဖြစ်မည်ဟု တွေးခဲ့သည်။ လင်နှင့်မယားကြားမှာ ရှင်းပြလို့မရသည့် ခံစားချက်များရှိတာက ပုံမှန်ပင်ဖြစ်သည်။ ဘယ်လိုကုကု ကိုမာ၀င်ရာမှ ပြန်မနိုးထလာတော့သောလူတွေရှိသလို သူတို့ချစ်သူ၏ ခေါ်သံနှင့်ပင် ပြန်နိုးထလာသည့်သူများရှိသည်မဟုတ်ပါလား...


မြောင်လွေ့မင်က ရှင်းပြရန်စိတ်ရှည်စွာဖြင့် ယောင်ကျိကျိုးအား မေးခွန်းတစ်ခုမေးကာ စတင်လိုက်သည်။ 


"မဒမ်က တခြားတစ်ခုခုကို အသုံးပြုခဲ့သေးလား" 


ယောင်ကျိကျိုးက သေသေချာချာပြန်စဉ်းစားလိုက်သည်။ သူပြန်နိုးထလာပြီးနောက် မင်လျိုရီသည် နှိပ်နယ်စဉ်တွင် တခြားဘာတစ်ခုမှအသုံးမပြုခဲ့ဘဲ ပုံမှန်ပင်ဖြစ်သည်။ သူမသာ တစ်ခုခုအသုံးပြုခဲ့မည်ဆိုလျှင် ယောင်ကျိကျိုးက ထိုအနံ့အားသတိထားမိမည်ဖြစ်သည်။ ဒါပေမဲ့ ဘာလို့ သူမအထိအတွေ့ကိုကျ ခံစားလို့ရနေတာလဲ...


ယောင်ကျိကျိုးက စဉ်းစားပြီးနောက် ခေါင်းခါကာ ခပ်ဖွဖွပြောသည်။ 


"အနံ့နည်းနည်းလေးတောင်မရဘူး ဒီတိုင်းစိုစွတ်နေတဲ့ခံစားချက်ပဲရတာ" 


"ခဏ...ဒေါက်တာမြောင် သူမ ဘာကိုအသုံးပြုနေလဲဆိုတာ ကူကြည့်ပေးနိုင်မလား" 


မြောင်လွေ့မင်၏ကုထုံးပြီးဆုံးသွားတော့ မင်လျိုရီက သစ်သီးများ၊ မုန့်များနှင့်အတူ ပြန်၀င်လာသည်။ ထိုအရာသည် ယောင်ကျိကျိုး ကိုမာ၀င်နေစဉ်ကတည်းက လုပ်ပေးနေကျဖြစ်သည်။ မြောင်လွေ့မင်သည် မင်လျိုရီ ပုံမှန်သစ်သီးများသယ်လာသည်ကိုမြင်‌လိုက်ပြီး မျက်၀န်းထဲ၌ စိတ်ပျက်ခြင်းများ ဖြတ်ပြေးသွားတော့သည်။ 


'သစ်သီးအနှစ်လဲမပါလာဘူး....'


မြောင်လွေ့မင်က နှမျောတသနှင့် ပြောလိုက်သည်။ 


"မဒမ့်မှာ တကယ်ပဲ သစ်သီးအနှစ်လုပ်တဲ့ လျှို့ဝှက်နည်းတွေမရှိဘူးပေါ့..." 


မင်လျိုရီက ပြုံးလိုက်သည်။ ဒေါက်တာမြောင်က အကောင်းကြိုက်တာပဲ။ သစ်သီးအနှစ်တွေက ကောင်းမှန်းသိရှာတယ်။ အရင်က ယောင်ကျိကျိုးသည် အစားမစားနိုင်သောကြောင့် သူမက သစ်သီးအနှစ်ထဲတွင် ဝိညာဉ်စမ်းရေများထည့်ပေးခဲ့သည်။ ယခု ယောင်ကျိကျိုးနိုးလာပြီးနောက် မင်လျိုရီသည် ထိုသို့ပြုလုပ်ရန် မလိုတော့ပေ။


မင်လျိုရီက မြောင်လွေ့မင်အားကြည့်ကာ


"ကျိကျိုးနိုးလာပြီဆိုတော့ သစ်သီးအနှစ်လိုမျိုး အစာပျော့တွေ စားစရာမလိုတော့ဘူးလေ အဲ့ဒါကြောင့် မလုပ်တော့တာပါ..."


ထိုသစ်သီးအနှစ်တွေက မြောင်လွေ့မင်အတွက် သူ့ဇနီးလုပ်ပေးခဲ့မှန်းသိပြီးယောင်ကျိကျိုးက ချက်ချင်းကိုမပျော်ရွှင်တော့ပေ။ သူမက သူ့အတွက်လုပ်ပေးထားသည့် အထူးအစားအစာမှန်းသိတာတောင် ဒီမြောင်လွေ့မင်က ထပ်စားချင်နေတုန်းလား...။ သူ့ခေါင်းထဲဘာတွေတွေးနေတာပါလိမ့်။ ယောင်ကျိကျိုးက မကျေမနပ်ဖြင့် နှာမှုတ်လိုက်သည်။ 


မြောင်လွေ့မင်က ချက်ချင်းပင် အသိ၀င်သွားပြီး အရှက်ပြေချောင်းဆိုးလိုက်တော့သည်။ သူက ယောင်ကျိကျိုး၏ စကားများကိုသတိရသွားပြီး လျှင်မြန်စွာမေးလိုက်သည်။ 


"မဒမ် အခုလေးတင် မစ္စတာယောင်ကပြောနေတာ... ခင်ဗျားနှိပ်ပေးတဲ့အခါတိုင်း စိုထိုင်းမှုအနည်းငယ်ကို ခံစားရတယ်တဲ့ ဘယ်အရာကိုများ အသုံးပြုထားတာလဲဗျ... သိတဲ့အတိုင်း မစ္စတာယောင်က အခုမှ သတိပြန်ရလာတာဆိုတော့လေ" 


ဒေါက်တာက ဆက်ပြောလိုက်သည်။ 


"လက်လွတ်စပယ်နဲ့ တခြားထုတ်ကုန်တွေ အသုံးပြုလို့မရလို့ပါ...တခြားသော လက္ခဏာတွေ ပြနိုင်တာမလို့လေ"



🥰