🥰 Chapter 87 ✅
မင်လျိုရီက ယောင်ကျိကျိုး သူမကိုစိတ်တိုပြီး အခန်းပြင်သို့ကန်ထုတ်လိုက်မည်ကို ကြောက်ရွံနေသော်လည်း ယောင်ကျိကျိုးသည် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။ မင်လျိုရီအတွက်တော့ ယခုအခြေအနေသည် မုန်တိုင်းမလာမီငြိမ်သက်နေခြင်းပင်။ ယောင်ကျိကျိုးက လက်ဆန့်ထုတ်လိုက်ပြီး မင်လျိုရီ၏မေးစေ့ကိုပင့်လိုက်ကာ ခေါင်းမော့စေသည်။ မင်လျိုရီက ရှိသမျှအားနှင့် ရုန်းကန်လိုက်သည်။
ယောင်ကျိကျိုးသည် မလှုပ်ရှားနိုင်၊ မမြင်နိုင်သော်လည်း ယောက်ျားတစ်ယောက်၏အားကို သူမ မယှဉ်နိုင်ပေ။ မင်လျိုရီမည်မျှရုန်းရုန်း ယောင်ကျိကျိုး၏အထိန်းအချုပ်အောက်မှ မလွတ်နိုင်ဖြစ်နေသည်။ တဖြည်းဖြည်းနီးကပ်လာသော ယောင်ကျိကျိုးအားကြည့်ကာ မင်လျိုရီသည် အလွန်အမင်း စိတ်လှုပ်ရှားလာပြီး သူမမျက်လုံးကိုမှိတ်လိုက်မိတော့သည်။ ယောင်ကျိကျိုးက မင်လျိုရီကြောက်နေတာကိုခံစားမိပြီး ပြုံးလိုက်သည်။
"ဒါလေးပဲလား"
ထိုစကားကိုကြားတော့ မင်လျိုရီက မျက်လုံးဖွင့်ကာ ယောင်ကျိကျိုးကို ကြည့်လိုက်သည်။ သို့သော် သူမမြင်လိုက်ရတာက နီးကပ်လာသော နှုတ်ခမ်းတစ်စုံဖြစ်သည်။ ယောင်ကျိကျိုး၏ လှုပ်ရှားမှုများသည် နေရာလွဲသွားများကိုကြောက်ရွံသည့်အလား နှေးကွေးနေခဲ့သည်။ သူသည် မမြင်ရသော်လည် သူ၏လှုပ်ရှားမှုများသည် ကိုးရို့ကားရားဖြစ်မနေပေ။ ထို့အစား သူ၏သားကောင်ကို ဖြည်းညှင်းစွာဆော့ကစားနေသော သားရဲနှင့်ပင်ပိုတူနေလေသည်။ မင်လျိုရီသည် အကြောက်လွန်ပြီး အသက်ရှူရန်ပင်မေ့နေသည်။
အဆုံးတွင်တော့ မင်လျိုရီသည် ရုန်းကန်လိုက်ရသော်လည်း စစ်မှန်သည့်အနိုင်ကျင့်ခြင်းခံလိုက်ရတော့သည်။ ယောင်ကျိကျိုးသည် မင်လျိုရီကိုအထိန်းအချုပ်မဲ့စွာ နမ်းလိုက်သည်။ သူမ၏နှုတ်ခမ်းများသည် နူးညံ့နေပြီး အပြုသဘောနှင့်ရပ်တန့်လိုက်ရန်မဖြစ်နိုင်ပေ။ သူကသူမကိုဆက်တိုက်နမ်းချင်နေပြီး မင်လျိုရီမှာ ကြီးမားသည့်သက်ရောက်မှုကြောင့် ရင်ခုန်နေခဲ့သည်။
သူမရုတ်တရက်ကြီး အသိစိတ်ပျောက်သွားကာ အသက်ရှူလို့မရတော့ပေ။ မင်လျိုရီသည် အောက်စီဂျင်ပြတ်လတ်မှုဖြစ်ရန် လက်မတင်လေးသာလိုတော့သည်။
ထိုအခိုက်အတန့်တွင် ယောင်ကျိကျိုးသည် မင်လျိုရီအသက်ရှူမနေမှန်းသတိထားမိသွားပြီး ရယ်ချင်မိသွားသည်။
'ဒီကောင်မလေးက ဘယ်လိုနမ်းရမလဲမသိဘူးလား'
ယောင်ကျိကျိုးက မင်လျိုရီ၏မျက်နှာနှင့်အနည်းငယ်ခွာကာ နူးညံ့စွာ ပြောလိုက်သည်။
"အသက်ရှူဦး"
ထိုအခါမှ မင်လျိုရီသည်တုံ့ပြန်နိုင်ရန်ကြိုးစားလိုက်သည်။ သူမက အသက်အလုအယက်ရှူလိုက်သောကြောင့် ရင်ဘတ်မှာနှိမ့်ချည်မြင့်ချည်ဖြစ်နေတော့သည်။ ယောင်ကျိကျိုးက သူ၏နှာဖျားနှင့် မင်လျိုရီ၏နှာဖျားကိုပွတ်သပ်လိုက်ပြီး မင်လျိုရီကို ထပ်မံစိတ်မတည်ငြိမ်အောင်လုပ်လိုက်သည်။ သူမ၏မျက်တောင်များကတုန်ယီနေသောကြောင့် ယောင်ကျိကျိုးသည် အနည်းငယ်ယားလာတော့သည်။
သူက မင်လျိုရီအား ပွေ့ဖက်ပြီးတည်ငြိမ်စွာပြောလိုက်သည်။
"ဒီတစ်ခါ အဆင်သင့်ဖြစ်ပြီလား..မလှုပ်နဲ့တော့ မျက်လုံးတွေမှိတ်ထားလိုက်"
မင်လျိုရီ၏လက်များသည် သူ့အလိုလို ယောင်ကျိကျိုး၏လည်ပင်းကိုရစ်ပတ်လိုက်သည်။ ယောင်ကျိကျိုးက အချိန်ဆွဲမနေတော့ဘဲ သူမ၏နှုတ်ခမ်းကိုနမ်းလိုက်သည်။ ဒီတစ်ကြိမ်တွင် အရင်တစ်ခေါက်ထပ် ပိုမိုပြင်းထန်ပြီး ယောင်ကျိကျိုး၏ လျှာဖျားသည် မင်လျိုရီ၏ခံတွင်းအတွင်းသို့အတင်းအကြပ်၀င်ရောက်သွားသည်။ သူသည် မင်လျိုရီ၏ခံတွင်းအား မြို့လေးတစ်မြို့ကို ၀င်စီးပြီးသိမ်းပိုက်သွားသည့်ဗိုလ်ချုပ်တစ်ယောက်နှင့်တူလေသည်။
မဖော်ပြနိုင်သည့်အင်အားတစ်ခုသည် မင်လျိုရီ၏ ခန္ဓာကိုယ်တစ်လျှောက် မရပ်မနားစီးဆင်းလာသည်။ ဝိညာဉ်စမ်းချောင်းသည် ဘဝအသစ်တစ်ခုရသွားပုံရပြီး အဆက်မပြတ်စီးဆင်းနေတော့သည်။ မင်လျိုရီသည် တဖြည်းဖြည်းနှင့်အနမ်းတစ်ပွင့်၏ အလှအပကိုခံစားမိလာသည်။ သူမမျက်နှာကနီလာပြီး အသံတိုးတိုးလေးတစ်ခုထွက်ပေါ်လာသည်။ ထိုနူးညံ့ပြီးချိုသာသည့်အသံလေးကြောင့် ယောင်ကျိကျိုးသည် ခေတ္တခဏရပ်တန့်သွားပြီးနောက် မင်လျိုရီ၏ခါးပေါ်မှ သူ၏လက်များသည် ပိုမိုတင်းကြပ်လာတော့သည်။
မင်လျိုရီ၏ခြေထောက်များသည် အနမ်းကြောင့် ပျော့ခွေကုန်ပြီး Dopamine များကြောင့် ပြောမပြတတ်လောက်အောင် သက်တောင့်သက်သာရှိသွားတော့သည်။ အချိန်များစွာကြာပြီးနောက် ယောင်ကျိကျိုးသည်ရပ်လိုက်ပြီး သူ၏လက်ကိုလွှတ်လိုက်ကာ မင်လျိုရီ၏ကျောကို ကလေးချော့သလို ညင်ညင်သာသာလေး ပုတ်ပေးလိုက်သည်။ ထို့နောက် ကြာရှည်လှသည့်ငြိမ်သက်မှုအပြီးတွင်တော့ယောင်ကျိကျိုး၏ အသံနိမ့်သည် နူးညံ့စွာထွက်ပေါ်လာသည်။
"ကိုယ်တောင်းပန်ပါတယ်"
မင်လျိုရီသည် ထိုစကားများကိုကြားလိုက်ပြီး ချက်ချင်းကို တောင့်ခဲသွားတော့သည်။ သူမက ယောင်ကျိကျိုးကို စိုက်ကြည့်လိုက်သည်။ ဘာအတွက်တောင်းပန်တာလဲ... သူမကိုမနမ်းချင်ခဲ့ဘူးဆိုတဲ့သဘောလား... သူမ အနိုင်ကျင့်ခံရလို့လား ဒါမှမဟုတ် အခုလေးတင်နမ်းခဲ့သည့် ပြင်းထန်သည့်အနမ်းကြောင့်လား... မင်လျိုရီ၏ မျက်၀န်းတွင် မျက်ရည်များလျှံတက်လာပြီး အတားအဆီးမဲ့စွာ ပြိုကျကုန်တော့သည်။
မျက်ရည်များသည် ယောင်ကျိကျိုးပေါ်သို့ ကျဆင်းသွားသောကြောင့် သူ့ရင်ထဲတွင် ဆီအပူလာစင်သလိုခံစားလိုက်ရသည်။ ယောင်ကျိကျိုးသည် စိတ်မကောင်းဖြစ်သွားသည်။ ဒီတစ်ကြိမ်နှင့်ဆို သူနိုးလာပြီးနောက် သူမကိုငိုအောင်လုပ်တာ ဒုတိယအကြိမ်ဖြစ်သည်။ သူ့တွင်ရှင်းပြစရာများရှိသော်လည်း ယောင်ကျိကျိုးလို ဆုံးဖြတ်ချက်ခိုင်မာသည့်လူသည် ယခုတွင်တော့ ဘယ်ကနေစရမည်လဲမသိဖြစ်နေခဲ့သည်။
သူက မင်လျိုရီ၏မျက်နှာလေးကို လှမ်းထိလိုက်ပြီး သူမမျက်လုံးများကို ညင်သာစွာနမ်းလိုက်ကာ
"မငိုနဲ့တော့ ဟုတ်ပြီလား"
ယောင်ကျိကျိုး၏အသံသည် တဖြည်းဖြည်းနှင့် ကလေးချော့မြူသလိုဖြစ်လာပြီး အကြောက်တရားအနည်းငယ်ပါ၀င်နေသည်ကို သူကိုယ်တိုင်ပင်သတိမမူမိပေ။ အနာဂတ်တွင် ဒီထပ်ပိုပြီး အထင်လွဲမှုများမရှိအောင် သူဒီပြဿနာကို သေချာစွာရှင်းပြမှရတော့မည်။ မဟုတ်လျှင် သူ၏ဇနီးလေးသည် အခန်းအပြင်သို့ရောက်သည်နှင့် ထွက်ပြေးသွားတော့မည်ဖြစ်သည်။
ယောင်ကျိကျိုးက အနည်းငယ်တွေးတောပြီးနောက် မင်လျိုရီကို နူးညံ့စွာပြောလိုက်သည်။
"ကိုယ် မင်းကိုသံသယ၀င်တာမဟုတ်ရပါဘူး ထူးဆန်းနေတာမလို့ ဆရာ၀န်နဲ့အတည်ပြုချင်ရုံပါ... ကိုယ်စိတ်ထင်နေတာလဲ ဖြစ်မှာစိုးလို့လေ နောက်ဆုံးတော့လဲ ဘာမှမဟုတ်တာကို ပျော်နေမိတာပဲ..."
🥰