အပိုင်း၈၉
Viewers 8k

🥰 Chapter 89 ✅


ယောင်ကျိကျိုး၏ စကားများကိုနားထောင်ပြီးနောက် မင်လျိုရီ သူမခေါင်းကိုမော့ကာ သူ့ကိုလေးနက်စွာကြည့်လိုက်သည်။ အိပ်မက်တစ်ခုနှင့်တူသော်လည်း စစ်မှန်လွန်းနေသည်။ သူမကို နတ်ဘုရားမဟု သတ်မှတ်လိုက်မှတော့ လွယ်ကူသည့်ပုံမပြသင့်ပေ။ 


မင်လျိုရီ၏မျက်နှာသည် အနည်းငယ်နီနေပြီး သူမက ယောင်ကျိကျိုးကိုအပြုံးလေးနှင့် အနားကပ်ကာပြောလိုက်သည်။ 


"မစ္စတာယောင် ရှင်ကျွန်မကို သေချာလေးဖမ်းထားမှရမယ်နော် နတ်ဘုရားမကို နိုင်ဖို့ကမလွယ်လောက်ဘူး" 


ယောင်ကျိကျိုးသည် မင်လျိုရီ၏ချစ်စဖွယ်ပုံစံကြောင့် နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။ မင်လျိုရီက အတော်လေး ပြောင်းလဲသွားသည်။ သို့သော် ဒါကအရေးကြီးလို့လား... အရေးကြီးတာက သူတို့နှစ်ဦး အတူတူရင်ဆိုင်ဖို့သာဖြစ်သည်။ မင်လျိုရီ သူ့ဘေးမှာရှိနေသမျှ ယောင်ကျိကျိုးအတွက် ပိုမိုကောင်းမွန်သည့်အရာများသာ ဖြစ်လာမှာ အမှန်ပင်။ 


သူက မင်လျိုရီအား ဖွဖွနမ်းကာပြောလိုက်သည်။ 


"ဒါပေါ့ တခြားသူတွေရဲ့မိန်းမတွေမှာရှိတဲ့အရာအားလုံး မင်းမှာလဲရှိသင့်တယ် တခြားသူတွေမှာ မရှိတဲ့အရာတွေလဲ မင်းမှာရှိစေရမယ်"


ယောင်ကျိကျိုးစကားဆုံးသည်နှင့် ‌မင်လျိုရီ၏ဖုန်းက မက်ဆေ့၀င်သံထွက်လာခံ့သည်။ သူမက ဖုန်းကို အိပ်ရာပေါ်မှယူလိုက်သည်။ စာပို့သည့်သူကိုသူမ မသိသော်လည်း ထိုသူသည် စာကို "အချိန်ကောင်း" မှ ကွက်တိပို့လာခဲ့သည်။ 


မင်လျိုရီက မက်ဆေ့ကိုမြင်တော့ ချဉ်စူးသွားခဲ့သည်။ ယုဟန်ပင်။ 


[ လျိုရီ မင်းလုပ်ရမဲ့ဟာတစ်ခုရှိတယ် အမြန်ပြန်လာပါ ] 


ယောင်ကျိကျိုးသည် မင်လျိုရီ အလိုမကျသည့် တစ်ခုခုဖြစ်သွားမှန်း ခံစားမိလိုက်သည်။ 


'ဘယ်လိုမက်ဆေ့မလို့ သူမက ဒီလိုဖြစ်သွားရတာပါလိမ့်' 


မင်လျိုရီက သူ၏ဇနီးမလို့ ထိုသို့သောစကားမျိုးပြောခြင်းက လက်ခံပေးလို့ရသည်။ သူမကို မည်သူမှမထိရဲပေ...ထိရဲခဲ့လျှင်လည်း သူသတိရှိမနေသည့်အချိန်မှသာ ဖြစ်နိုင်လိမ့်မည်။


ယောင်ကျိကျိုးက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ 


"ဘယ်သူပို့တာလဲ"


မင်လျိုရီက ဖုန်းမျက်နှာစာပေါ်မှ နာမည်ကိုကြည့်ရင်း ဘာပြောရမှန်းမသိပေ။ သို့သော် ထိုလူသည် သူမနှင့် အဆက်အသွယ်လုံး၀မရှိခဲ့ဘဲ မူလမင်လျိုရီနှင့်သာ ဆက်ဆံရေးတစ်ခုရှိခဲ့သူဖြစ်သည်။ သူမ ဒီနေ့ဒီအချိန်ထိ ထိုလူနှင့် အဆက်အသွယ်မလုပ်ခဲ့သည်မှာ လူကိုယ်တိုင်နှင့်မဆို ဖုန်းနှင့်ပင် အဆက်သွယ်မရှိပေ။


မင်လျိုရီလဲ မျက်မှောင်ကျုံ့ကာ ယောင်ကျိကျိုးအား အခက်တွေ့ဟန်ဖြင့် ပြောလိုက်သည်။ 


"ရည်းစားဟောင်းပေါ့" 


မင်လျိုရီသည် ဂရုတစိုက်နှင့် မူလဇာတ်ကြောင်းကို ပြန်စဉ်းစားကြည့်လိုက်သည်။ မူလမင်လျိုရီနှင့် ယုဟန်သည် ချစ်သူများဖြစ်ကြပြီး လူချင်းခွဲခံလိုက်ရသည်။ သို့သော် သူတို့အား ချစ်သူဟု သုံးနှုန်းသည်က သိပ်မမှန်ပေ။ သူတို့နှစ်ဦးသည် ရက်အနည်းငယ်သာတွဲခဲ့ပြီး မည်သည့်ကိစ္စမှ မပြုလုပ်ခဲ့ရပေ။ မူလမင်လျိုရီအပေါ်ထားရှိသည့် ယုဟန်၏ခံစားချက်များသည် မနက်ရှိုင်းပေ။ ယုဟန်သည်နာမည်ကြီးကာ ပိုက်ဆံမရှာနိုင်သည့် ဂန်းစတားတစ်ယောက်သာဖြစ်သည်။ 


သို့သော် အသုံးအဖြုန်းကြီးသူတစ်ယောက်ဖြစ်သည်။ အမြဲလိုလို လူကြီးလူကောင်းပုံစံဖမ်းနေသော်လည်း ဘယ်သူမှမရိပ်မိအောင် ခိုးတတ်သည့်လူဖြစ်သည်။ အတိတ်နေ့များတွင် ပုန်ကန်တတ်သည့် ဆယ်ကျော်သက်အရွယ် မူလမင်လျိုရီသည် ယုဟန်ကဲ့သို့ လူဆိုးတစ်ယောက်၏ ဆွဲဆောင်မှုအောက် တွင် ကျရှုံးခဲ့သည်။ တခြားသူတွေ၏အမြင်တွင် အားနည်းချက်ဖြစ်သည့် ရန်ဖြစ်တတ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ပန့်ကေညှပ်ခြင်း စသည့် စရိုက်လက္ခဏာများသည် မူလမင်လျိုရီ၏ မျက်လုံးထဲတွင်တော့ ဆွဲဆောင်မှုရှိပြီး သူရဲကောင်းဆန်နေခဲ့သည်။ 


ပြီးတော့ စပြီးလိုက်ခဲ့တဲ့သူက မူလမင်လျိုရီဖြစ်သည်။ အစတွင်တော့ယုဟန်က သတိမထားမိခဲ့သော်လည်း မူလမင်လျိုရီ၏ရက်ရောမှု‌များကို မလွန်ဆန်နိုင်ခဲ့ပေ။ သူမက သိုသိုသိပ်သိပ်နေတတ်သော်လည်း ပိုက်ဆံအားလုံးကိုတော့ ယုဟန်အားပေးခဲ့သည်။ ယုဟန်သည် သုံးစရာငွေအဆင်သင့်ရနေသောကြောင့် အရင်လိုခိုးဝှက်နေဖို့ မလိုတော့ပေ။ ထိုအချိန်တွင် ယုဟန်အား စာရိတ္တကောင်းမွန်သည့်လူတစ်ယောက်ဖြစ်လာပြီဟု အထင်မှားခဲ့သည်။


မူလမင်လျိုရီကတော့ သူမကယုဟန်ကို ကယ်ပေးခဲ့သည့်လူဟုထင်ခဲ့ပြီး သူမကြောင့် ဘ၀သစ်စခဲ့သည်ဟု ထင်ထားခဲ့သည်။ ထိုအရာများကပဲ သူမ၏ ခံစားချက်များကို မွှေနှောက်သွားအောင် ပြုလုပ်ခဲ့ပြီး အချစ်စစ် ဟုအထင်မှားစေခဲ့သည်။ သူမမထင်ထားသည်က အဆုံးတွင် သူမကချမ်းသာသည့်မိသားစုနှင့် လက်ထပ်လိုက်ရပြီး သူမ၏ဖုန်းကလဲ ထိန်းသိမ်းခံခဲ့ရသည်။ တဖြည်းဖြည်းနှင့် မူလမင်လျိုရီသည် ယုဟန်ကိုပြန်ဆက်သွယ်ရန် ရှက်ရွံလာပြီး ဒေါသအားလုံးကို ယောင်ကျိကျိုးထံပုံချတော့သည်။


မူလမင်လျိုရီမသိခဲ့တာက ယောင်ကျိကျိုး၏ဇနီးအဖြစ် လက်ထပ်ခဲ့ပြီးကတည်းက ယုဟန်သည် သူမအကြောင်းကို စိတ်မ၀င်စားခဲ့သလို သူမဘယ်လိုပျောက်သွားခဲ့လဲကိုပင် မမေးခဲ့ပေ။ ယခုတွင်လည်း သူ့တွင်သုံးစရာပိုက်ဆံမရှိတော့၍အရင်လိုဘ၀မျိုး ပြန်ရောက်သွားခဲ့သည့်အတွက် မင်လျိုရီအား ပြန်ဆက်သွယ်လာခြင်းဖြစ်သည်။ 


ထိုအရာက ကောင်းမွန်သည့်အရာတော့ မဖြစ်နိုင်ပေ။ သူ့တွင် သုံးစရာမရှိတော့၍ မင်လျိုရီကို ပြန်လာဆက်သွယ်တာပဲဖြစ်ရမယ်...


မင်လျိုရီက စဉ်းစားလိုက်သည်။ မူလမင်လျိုရီသည် ယုဟန်အပေါ်သစ္စာရှိပြီး ယုဟန်တစ်ခုခုဖြစ်လာသည်ဆိုပါက သူမကလျစ်လျူရှုထားမည်မဟုတ်ပေ။ သို့သော် အခုတွင် သူမက ယောင်ကျိကျိုးနှင့် ပြန်လည်သင့်မြတ်သွားပြီဖြစ်ပြီး သူမခံစားချက်များကို ဖော်ပြပြီးပြီဖြစ်သည်။ ထို့ကြောင့် ယောင်ကျိကျိုးကို သစ္စာဖောက်မည်မဟုတ်ပေ။ 


မင်လျိုရီက ပွင့်လင်းစွာပြောလိုက်သည်။ 


"ကျွန်မနဲ့ယုဟန်ကြားမှာ ဘာခံစားချက်မှမရှိတော့ဘူး ရှင်သိချင်ရင် ကျွန်မမက်ဆေ့တွေအကုန် ဖတ်ပြလို့ရတယ်... ကျွန်မကိုမယုံရင်လဲ တခြားတစ်ယောက်ကို ဖတ်ပြခိုင်းလို့ရတယ်...ဒီတော့ သူ့ကိုကျွန်မစာပြန်လို့ရမလား"


ယောင်ကျိကျိုးလဲ မျက်မှောင်ကျုံ့လိုက်သည်။ မင်လျိုရီကချမ်းသာသည့်မိသားစုကို သူမဆန္ဒနှင့် လက်ထပ်ခဲ့ခြင်းမဟုတ်ဘဲ သူမတွင်ကောင်လေးရှိခဲ့သည်ကို ယောင်ကျိကျိုးသိပြီးဖြစ်သည်။ထို့ကြောင့်လဲ မိသားစု၀င်ဖြစ်ဖြစ်ချင်း သူမ​၏ဖုန်းကို အချိန်အတန်ကြာထိန်းသိမ်းထားခံခဲ့ရသည်။ ယခုတွင် သူတို့နှစ်ဦးသည် ပွင့်လင်းသည့်ဆက်ဆံရေးဖြစ်သောကြောင့် ငြင်းစရာအကြောင်းမရှိပေ။ 


"ဒါဆိုလဲ ဖတ်ပြလေ"


🥰