Part 43
မကောင်းသည့်အချက်မှာ အိမ်ထဲတွင် အခန်းတွေများနေလွန်းခြင်းပင်ဖြစ်သည်။ တအိမ်လုံးလှည့်ပတ်ကြည့်ဖို့ရာအတွက် ချီကျန်းကျန်း သူမ ဖိနပ်ကိုချွတ်ကာ အိမ်စီးဖိနပ်ပြောင်းစီးလိုက်ပြီး အပေါ်ထပ်သို့ ဝမ်းသာအားရတက်သွားတော့သည်။
ယခုဆိုလျင် သူမ အိမ်ပြောင်းပြီးဖြစ်ကာ အိမ်ငှားခလည်းပေးချေပြီးဖြစ်သည်။ ထို့ကြောင့် သဘာဝအားဖြင့် ဒီနေရာမှာနေဖို့ရန်အတွက် သူမ အတော်လေးပျော်ရွှင်နေသည်။
အပေါ်ထပ်သို့တက်သွားသည့် ချီကျန်းကျန်းကို အောက်ထပ်မှ ဝမ်ယွီ မော့ကြည့်နေရင်း နှုတ်ခမ်းထောင့်များမြင့်တက်လာသည်အထိ ပြုံးလိုက်မိသည်။
သူမကိုကြည့်ရတာ အမြဲလိုလိုပျော်နေတော့တာပဲ…
သူမသည် ဒီနေ့ညမှ အိမ်ကထွက်လာသည့်အတွက် သူမ အိတ်ထဲတွင်ဘာမှ မရှိသော်လည်း အရာအားလုံးကိုမေ့သွားကာ ပျော်ရွှင်နေသည်။
ဝမ်ယွီ သူမ နောက်ကျောကိုကြည့်ရင်း ဒီနေရာတွင် ပထမဆုံး သူနေ့ခဲ့ရသည့်အချိန်ကို သတိရသွားသည်။ ထိုအချိန်တုန်းက ယခု သူ ချီမိသားစုကို ကြည့်နေသကဲ့သို့ပင် ဘေးမှသူတို့ကိုကြည့်နေပြီး သူတို့အားလုံး၏အောင်မြင်မှုကိုဂုဏ်ယူလျက် အနာဂါတ်များကောင်းမွန်သွားသည်ကို ကြည့်နေခဲ့သည်။
သူ၏သေဆုံးသွားသည် အမေနာမည်ကို ရှုဝေမှပြောလိုက်ချိန်တွင် အရက်မူးနေသည့် ဝမ်ကျင်စန်းသည် ဒေါသထွက်သွားကာ သူကို အေးစက်စွာဖြင့်စိုက်ကြည့်ပြီး ကျက်သရေမရှိဘူးဟုပြောကာ မောင်းထုတ်ခဲ့သည်။
ဝမ်ယွီသည် ထိုအချိန်တွင် အရုပ်ဆိုးနေသည့် သူ၏မျက်နှာကိုဖယ်ရှားပစ်ချင်သော်လည်း ထိုသို့လုပ်ဖို့ရာအတွက် သူတို့အပေါ် အလွန်ဈေးပေါလွန်းသည်ဟု ခံစားခဲ့မိသည်။
သူ့ဘဝသက်တမ်း နှစ်နှစ်ဆယ်လုံး ဘာအတွက်နေခဲ့ရတာလဲ… သူတို့က သူ့ကိုဘာလို့ ဒီလိုလွယ်လွယ်မောင်းထုတ်ချင်ရတာလဲ….
ဝမ်ကျင်စန်းနှင့်ရှုဝေတို့သည် မည်သည့်အချိန်တွက် ပြုတ်ကျကာ အထိအနာဆုံးဖြစ်မည်ကို သူသိသည်။
ဝမ်ယွီသည် ဒီနေရာကို ထူးမခြားနားစွာဖြင့် ထားခဲံသည်။ ထို့နောက် တအိမ်လုံးကိုပြန်လည်ပြင်ဆင်ပြီးနောက် သူဝင်လာသည့်အခါတွင် မီးဖွင့်သည်။ အထဲဝင်သည်။ ရေမိုးချိုးသည်။ ထို့နောက် အိပ်ယာတွင်အိပ်သည်။ သူ့အတွက် ထိုအရာအားလုံးသည် ပုံမှန်လိုဖြစ်နေခဲ့သည်။
ဒီနေရာသည် ဝမ်မိသားစုဆီမှာ ထွက်ခွာလာပြီးနောက်ပိုင်း သူနေဖို့ရာအတွက်တည်ဆောက်ထားသည့် အိမ်ဆိုသည့်အရာဖြစ်သော်လည်း သူ့အတွက် အထူးအဆန်းမဟုတ်ပေ။
သို့သော်လည်း ဒီအချိန်ခဏလေးအတွင်းမှာ အပေါ်ထပ်သို့ပျော်ရွှင်စွာတက်သွားသည့် ချီကျန်းကျန်းကို ကြည့်ရင်း ဒီအိမ်သည်ပို၍ကြည့်ကောင်းလာသည်ဟု ခံစားလိုက်မိသည်။
ဒီနေရာက သူ၏အိမ်ဖြစ်ပြီး ဝမ်မိသားစုအိမ်နှင့် လုံးဝကွဲပြားသည်။
များပြားလှသောအခန်းများသည် အဓိကအဆောက်အအုံတွင် ရှိနေပြီး ဧည့်သည်များနားနေရန်အတွက် တွဲရက်အခန်းလေးများလည်းရှိသည်။
အပေါ်ထပ်ရှိအခန်းများကိုကြည့်ရင်း သူမမျက်နှာပေါ်တွင် အံ့ဩမှုများဖြစ်ပေါ်လာသည်။ တစ်ခန်းချင်းစီသည် ချီမိသားစုအိမ်မှ အခန်း ထက်ပို၍ကြီးမားပြီး အပြင်အဆင်မှာ သက်တောင့်သက်သာရှိကာ သပ်ရပ်လှပနေသည်။
ပထမထပ်ရှိ အခန်းသည် master bedroom ဖြစ်ပြီး ချီကျန်းကျန်း အခန်းထဲသို့ချောင်းကြည့်လိုက်သည်။ ထိုအခန်းသည် တစ်စုံတစ်ယောက်နေရာဦးထားပုံရသည်ကို သူမ တွေ့လိုက်ရသည်။
ဝမ်ယွီ ထိုအခန်းတွင်နေပုံရသည်ဟု တွေးလိုက်ပြီး သူမ အကြည့်ကို အလျင်မြန်လွှဲလိုက်ကာ နောက်အခန်းသို့ ဆက်ကြည့်လိုက်သည်။
နောက်တစ်ခန်းသည် လုံးဝအသစ်စက်စက်ဖြစ်ပြီး မည်သူမျှနေထိုင်သေးပုံ မရပေ။
ချီကျန်းကျန်း ဒုတိယထပ်၏အစွန်ဆုံးအခန်းကိုရွေးလိုက်သည်။ ထိုအခန်းသည် master bedroom လောက် မကျယ်ဝန်းသော်လည်း ကျယ်ပြန်သည့်ဝရံတာတစ်ခုရှိသည်။ ထိုနေရာ၏လက်ရန်းပေါ်တွင်မှီရင်း အနောက်ဘက်ဥယျာဉ်ကိုကြည့်လို့ရသလို နေဝင်သည်ကိုလဲ ကြည့်နိုင်မည်ဖြစ်ကာ အလွန်လှပနေလိမ်မည်ဟု တွေးလိုက်မိသည်။
သူမနေထိုင်မည်နေရာကို ဆုံးဖြတ်ပြီးသည့်နောက် ချက်ခြင်းပင် အောက်ထပ်သို့ တဒုန်းဒုန်းပြေးဆင်းသည်။ သူမ လမ်းလျောက်တာအလွန်မြန်သည့်အတွက် ခြေသံမှာ လုံးဝကိုရှင်းလင်းစွာကြားနေရသည်။
ဝမ်ယွီ အပေါ်သို့လှမ်းကြည့်လိုက်စဉ် သူမ မျက်နှာကိုမမြင်ရခင်မှာပင် သူမ အသံက အရှေ့မှရောက်လာကာ ‘’ ရှင့်အိမ်က အရမ်းကောင်းတာပဲ… အခန်းတိုင်းကရှယ်ပဲနော်…. ကျွန်မ ပထမထပ်နဲ့အဝေးဆုံးက အခန်းကိုရွေးထားတယ်… အဲ့မှာနေလို့ရတယ်မဟုတ်လား…’’
အခန်းတွင် လက်ရှိနေထိုင်သည့်သူမရှိသေးသော်လည်း ပိုင်ရှင်ဖြစ်သည့် ဝမ်ယွီကိုမေးဖို့ လိုအပ်သေးသည်မဟုတ်ပါလား…
ဟုတ်ပါသည်… သူ့ဘက်မှ ငြင်းဆန်ခြင်းမရှိပဲ ခေါင်းငြိမ်ကာ ‘’ ရတာပေါ့… ‘’ ဟုပြောလိုက်သည်။
‘’ ဒါနဲ့လေ… ဝမ်ယွီ… ကျွန်မ အဝတ်အစားနည်းနည်းလောက် သွားဝယ်ချင်လို့ … ရှင်ဘာစားပြီးပြီလဲ …. ဒီညကော အလုပ်တွေရှိသေးလား…’’ သူမ နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။
ဝမ်ယွီ မျက်ခုံးများဖြေလျော့သွားကာ သူ့မျက်လုံးထဲတွင် အပြုံးရိပ်များယှက်သန်းလာပြီး ‘’ ကိုယ် ညဘက်အလုပ်မလုပ်ပါဘူး… တစ်ယောက်ယောက်က မင်းအဝတ်တွေကို နောက်မှယူလာပေးလိမ့်မယ်… ပြီးတော့ အန်တီဝမ်က ညစာလာချက်ပေးလိမ့်မယ်…’’
‘’ ဟင်…’’ ချီကျန်းကျန်း အေးခဲသွားကာ ‘’ ဒါတွေက ဘယ်လိုဖြစ်…’’
ဟင်းချက်တာမက အဝတ်အစားအတွက်ကိုပါတွေးပေးနေတယ်ဆိုတော့ ဒါက တော်တော်လေးကို ကောင်းနေတာမဟုတ်ဘူးလား…
‘’အထုတ်အပိုးတွေကို မယူနဲ့လို့ပြောလိုက်တာ ကိုယ်ပဲမဟုတ်လား…’’ ဝမ်ယွီ သူမကိုကြည့်ရင်း အနည်းငယ်ပြုံးလိုက်သည်။
ချီကျန်းကျန်း ‘’ …’’
ချီအိမ်မှာ ဝမ်ယွီပြောခဲ့သည့်စကားများကို သူမ လုံးဝမေ့လုနီးပါးဖြစ်နေသည်။
သူမ အလေးအနက်ကြည့်ကာ ‘’ ရပါတယ်… ရှင့်ကို နောက်တစ်ကြိမ်ကျေးဇူးကြွေးတင်သွားပြန်ပြီ… ဒါပေမယ့် နောက်ဆိုရင် ကျွန်မဘာသာဝယ်လိုက်ပါ့မယ်…’’
သူမဘက်မှ အလွန်အလေးအနက်ဖြစ်နေသည်ကိုကြည့်ပြီး ဝမ်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။
ချီကျန်းကျန်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့အပြင့် သူ့ကိုလည်း သူမစိတ်ထဲမှနေ၍ နှစ်နှစ်ကာကာ ကျေးဇူးတင်လိုက်မိသည်။ သူမအိတ်ထဲတွင် ပိုက်ဆံအများကြီးမရှိသည့်အတွက် အတော်လေး အဆင်မပြေဖြစ်နေသည် မဟုတ်ပါလား…
အန်တီဝမ်သည် လူလတ်ပိုင်းအရွယ်ရှိပြီး နူးညံ့သိမ်မွေ့သည့်အမူအယာနှင့် မျက်နှာပေါ်တွင် အပြုံးများအပြည့်ရှိကာ ရောက်လာသည်နှင့် ချီကျန်းကျန်းကို အားပါးတရ ပြုံးပြနေသည်။
သို့သော် အန်တီဝမ်သည် စကားများသောသူတစ်ယောက်မဟုတ်ပေ။ သူမ နှင့် ဝမ်ယွီ စားချင်သည်များကိုမေးကာ မီးဖိုချောင်ထဲတွင်ချက်ပြုတ်နေတော့သည်။ ထိုအချိန်တွင် အဝတ်အစား deliver ပို့သူရောက်လာသည်။
ထိုသူမှာ ဝမ်ယွီ၏ အတွင်းရေးမှုးများထဲမှ တစ်ယောက်ဖြစ်ပြီး အသက်သုံးဆယ်အရွယ်ရှိ အမျိုးသမီးဖြစ်ယောက်ဖြစ်သည်။ သူမသည် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သေသပ်စွာဝတ်ဆင်ထားပြီး ဒေါက်မြင့်ဖိနပ်ကိုစီးကာ လေးနက်စွာဖြင့်လျောက်လာသည်။
သူမက အထုတ်အပိုးများဆွဲလာသည့် shopping mall ဝတ်စုံဝတ်ဆင်ထားသော shopping guide အမျိုးသမီးနှစ်ယောက်ကို ဦးဆောင်လာသည်။
‘’ဘောစ့်… အကုန်လုံးဒီမှာပါ…’’ အတွင်းရေးမှုး၏ အပြုအမူသည် အလွန်လေးစားနေပုံပေါ်သည်။
ဝမ်ယွီ ခေါင်းငြိမ့်ကာ ချီကျန်းကျန်းကို ကြည့်လိုက်ပြီး ‘’ သူမကို ပြလိုက်..’’
‘’ ဟုတ်ကဲ့…’’ အတွင်းရေးမှုးအမျိုးသမီးက ချီကျန်းကျန်းဘက်သို့အကြည့်လှည့်လိုက်သည်။ သူမ၏ လေးစားလေးနက်သည့်အကြည့်သည် ပြောင်းလဲခြင်းမရှိဘဲ ချီကျန်းကျန်းကို အာရုံစူးစိုက်စွာ ကြည့်နေသည်။
သူမ အနောက်ရှိ ဝန်ထမ်းကောင်မလေးနှစ်ယောက်သည် သူမထက်ငယ်ရွယ်ပုံပေါက်ကာ ဝမ်ယွီနှင့် ချီကျန်းကျန်း ကို ‘’ ဟဲလို … မဒမ်… ဒါက ညအိတ်ဝတ်စုံ သုံးစုံပါ… တစ်ခုစီမှာ M ဆိုဒ်နဲ့ S ဆိုဒ်ပါပါတယ် …’’
ညအိတ်ဝတ်စုံသုံးစုံသည် ဒီဇိုင်းသုံးမျိုးရှိပြီး ကျက်သရေရှိကာ ဈေးကြီးပြီး ချစ်စရာပုံလေးများနှင့်ဖြစ်သည်။
‘’ အစ်မ ဘယ်အစုံကိုကြိုက်လဲမသိဘူးရှင့်… တကယ်လို့ ဒီအထဲကဟာတွေမကြိုက်ဘူးဆိုရင် နောက်ထပ်ရှိ…’’ သူမ ပြောရင်းဖြင့် tablet ကိုဆွဲထုတ်လိုက်ကာ ညအိတ်ဝတ်စုံဒီဇိုင်းများကိုပြသရန် ပြင်လိုက်သည်။
‘’ ဒီတစ်စုံ… S ဆိုဒ်ပဲယူမယ်’’ ချီကျန်းကျန်း အလျင်အမြန်ဖြင့် ကြားဖြတ်ပြောကာ တစ်စုံကိုလက်ညှိုးထိုးပြလိုက်သည်။
‘’ဟုတ်ကဲ့…’’ အတွင်းရေးမှုးက လေးနက်စွာဖြင့် ပြန်ဖြေလိုက်ပြီး ‘’ ဒီစတိုင်နဲ့တူတဲ့ တခြားအစုံလေးတွေရှိပါသေးတယ်… ကျွန်မ မနက်ဖြန်ထပ်ပို့လိုက်ပါမယ်…’’
ချီကျန်းကျန်း ‘’ မလို… မလိုတော့ပါဘူး…’’
ဒီလောက်ကြီး မလိုဘူးလေနော်…
သူမတို့ကိုကြည့်နေသည့် ဝမ်ယွီကို လှမ်းကြည့်လိုက်စဉ် ဝမ်ယွီက အေးစက်သည့်လေသံဖြင့် ‘’ ကျန်တဲ့ဟာတွေ ပို့ပေးဖို့မလိုတော့ဘူး’’
‘သူမကြည့်ရတာ ဒီပုံစံကိုကြိုက်တဲ့ပုံပဲ’ ဝမ်ယွီ တွေးလိုက်မိသည်။
‘’ ဟုတ်ကဲ့…’’ အတွင်းရေးမှုး ခေါင်းငြိမ့်ပြလိုက်သည်။
ချီကျန်းကျန်း သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး နောက်ဆုံးမှာတော့ အနည်းငယ် သက်တောင့်သက်သာ ခံစားလိုက်ရသည်။
ထိုအချိန်တွင် အတွင်းရေးမှုးမှ လေးနက်သည့်မျက်နှာထားဖြင့် နောက်ထပ်ပုံးအကြီးတစ်ခုကို ညွှန်ပြရင်း ‘’ ဒါကတော့ အတွင်းခံတွေပါ… ကျွန်မ xx ဆိုဒ်ကနေ xx ဆိုဒ်အထိယူလာပါတယ်… မဒမ် ဘယ်အဆိုဒ်ဝတ်လဲရှင့်…’’
ချီကျန်းကျန်း ‘’ ….. !!!!!’’
သူမ မျက်ဝန်းများ မည်းမှောင်သွားကာ အသက်ရှုရပ်မတတ်ဖြစ်သွားသည်။
သူမ၏ အတွင်းခံဆိုဒ်အကြောင်းကို လူအများကြားထဲတွင် မဆွေးနွေးချင်ပေ။
ဝမ်ယွီ အရှေ့တွင် သူမ မျက်နှာတစ်ခုလုံး နီရဲလာသည်။
သူမ အမှန်တကယ်ရှက်နေသည်ကို ဝမ်ယွီသတိထားလိုက်မိပြီး အေးခဲသွားသည်။
တည်ငြိမ်အေးဆေးသည့် ရေခဲရိုက်မျက်နှာဖြင့် အတွင်းရေးမှုးသည် လေးနက်စွာဖြင့် ‘’ မဒမ်… အဲ့ဒါက လူတိုင်းအတွက်ပုံမှန်ပါပဲ… ရှက်ဖို့မရှိပါဘူး…’’
သူတို့အားလုံး သူမ ရှက်နေသည်ဟု တွေးနေကြသည်။
ချီကျန်းကျန်း ‘’ …… ‘’
ငါ ရှက်နေတာလား… ငါ သောက်ရမ်းရှက်နေမိတာလား…
သူမ မျက်နှာကိုလက်ဖြင့်အုပ်ကာ ရှက်ရွံ့စွာဖြင့် ‘’ ဒါဆို… ဆိုဒ်အသေးရှိလား…’’