Part 44
ရေခဲရိုက်မျက်နှာနှင့် အတွင်းရေးမှူးသည် ချီကျန်းကျန်း၏ မမြင်ရသည့် ရင်ဘတ်ကိုကြည့်လိုက်သည်။ ထိုအကြည့်မှာ အပေါ်ယံဖြစ်သော်လည်း ‘ အိုး တောင်းပန်ပါတယ်… ကျွန်မ ရှင့်ကို မတန်တဆ ခန့်မှန်းလိုက်မိတယ်’ ဆိုသည့်အဓိပ္ပာယ်ဖြစ်သည်။
သူမကဲ့သို့အတွင်းရေးမှုးသည် ချီကျန်းကျန်းကို တချက်ကြည့်ရုံဖြင့် မျက်နှာပေါ်ရှိ အမူအယာမှာ မပြောင်းလဲသွားသော်လည်း ချီကျန်းကျန်းမှ သူမကိုစိုက်ကြည့်နေသည့်အတွက် ခေါင်းထဲရှိဉီးနှောက်က ချက်ချင်းအလုပ်တန်းလုပ်သွားသည်။
ထို့ကြောင့် သူမ အနည်းငယ်မျက်နှာပူသွားပြီး ‘’ ဟုတ်ကဲ့.. မဒမ်… ကျွန်မ အခု အော်ဒါမှာလိုက်ပါ့မယ်… အနီးဆုံးစတိုးဆိုင်က နာရီဝက်အတွင်းပို့ပေးပါလိမ့်မယ်… ခဏစောင့်ပေးပါနော်…’’
‘အင်း… ရပါတယ်..’’ ချီကျန်းကျန်း အားလျော့စွာဖြင့် ပြန်ဖြေလိုက်သည်။
အတွင်းရေးမှုးသည် ဖုန်းခေါ်ရင်းထွက်ခွာသွားသည်။ သူမ အနောက်မှ ကောင်မလေးနှစ်ယောက်သည်လည်း လိုက်ပါသွားကြသည်။
ဝမ်ယွီက ချီကျန်းကျန်းကို စိုက်ကြည့်နေတုန်းဖြစ်သည်။
သူမမျက်နှာသည် နီမြန်းနေပြီး ခေါင်းကိုငုံ့ကာ တဖက်သို့လှည့်လျောက်သွားရင်း လေသံသေးသေးလေးဖြင့်ပြောလိုက်သည်။ ‘’ ကျွန်မ အရင်သွားပြီး အဝတ်လဲလိုက်ဦးမယ်…’’
ပြောပြီးနောက် သူမသည် ညအိတ်ဝတ်စုံကိုယူကာ လေပြင်းတိုက်ခတ်သကဲ့သို့ အရှိန်အဟုန်ဖြင့် အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။
တခါးပိတ်ပြီးသည်နှင့် သူမ ညအိတ်ဝတ်စုံကို ဖက်လိုက်ကာ အိပ်ယာနှင့်ခေါင်းကိုဆောင့်လိုက်မိသည်။
အား…..
အရှမ်းရှက်ဖို့ကောင်းတာပဲ…..
‘အဓိကအချက်က မူလကိုယ်က အရမ်းပိန်နေလို့ပဲ… ‘ ကားအက်စီးဒင့်ကြောင့် ရက်ပေါင်းများစွာ အိပ်ယာပေါ်တွင် လှဲလျောင်းနေရပြီးနောက် သူမ ပို၍ပိန်လာခဲ့သည်။
သူမ ကိုယ်အလေးချိန် ပြန်တက်ချင်မိသည်။’ ပိုကြီးထွားဖို့အတွက်… အတွင်းခံဆိုဒ်တွေ အတွက်ပေါ့ ‘
အန်တီဝမ်သည် လျင်မြန်စွာချက်ပြုတ်ပြီးသွားသလို အဝတ်အစားများမှာလဲ နာရီဝက်မပြည့်ခင်မှာပင် ရောက်လာသည်။
ဖုန်းခေါ်ပြီးနောက် သူမ အောက်ထပ်သို့ဆင်းကာ ဗူးကိုယူလိုက်သည်။ သူမ တိတ်ဆိတ်စွာဖြင့် မျက်ဝန်းထောင့်မှ ဝမ်ယွီကို ခိုးကြည့်လိုက်သည်။ ဝမ်ယွီသည် ဆိုဖာပေါ်တွင်ထိုင်နေရင်း သူ့အရှေ့အတွင် ကွန်ပျူတာတစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။
သူမ မျက်နှာရှိ နီရဲနေမှုများသည် လျော့ကျသွားပြီဖြစ်ပြီး အနည်းငယ်တော့ မျက်နှာပူနေသေးသည်။
သူမ လှေကားပေါ်သို့တက်ရန် ပြင်လိုက်စဉ်တွင် ဝမ်ယွီ အသံရုတ်တရက် ထွက်ပေါ်လာသည်။ ‘’ အဲ့ပစ္စည်းတွေကို ချထားပြီး ဆင်းလာခဲ့လေ… ထမင်းစားဖို့ အချိန်ရောက်နေပြီ’’
ချီကျန်းကျန်း ‘’ အိုး…’’
သူမ အဝတ်အစားများကိုချလိုက်ပြီး အောက်ထပ်သို့ဆင်းလာသည်။ စားပွဲပေါ်တွင် ဟင်းပွဲ ၃ ပွဲနှင့် စွပ်ပြုတ်တစ်ပန်းကန်ရှိနေပြီး ဝမ်ယွီက ထိုင်ခုံတွင်ထိုင်လိုက်သည်။
ချီကျန်းကျန်း အနည်းငယ် အံ့အားသင့်သွားပြီး ‘’ အာ… အန်တီဝမ်ကော..’’
‘’ အန်တီဝမ်ပြန်သွားပြီလေ… သူမက ဒီမှာမနေဘူး…’’ ဝမ်ယွီ အေးစက်သည့်မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
အိမ်တွင် တခြားသူများနေသည်ကို သူ သဘောမကျပေ။ ထို့ကြောင့် အိမ်ကိုစီမံခန့်ခွဲရသည့် အန်တီဝမ်သည် ချက်ပြုတ် သန့်ရှင်းရေးလုပ်ပြီးသည်နှင့် ပြန်သွားကာ ညအိပ်မနေပေ။
ချီကျန်းကျန်းမှာတော့ သူ၏ ခြွင်းချက်ဖြစ်သည်။
‘’ အိုး…’’ ချီကျန်းကျန်း တုန့်ပြန်လိုက်သည်။
‘’ စားရအောင်’’
‘’ အိုး.. ‘’ သူမ ထိုင်လိုက်ပြီး တူကိုကိုင်ကာ စတင်စားတော့သည်။
သူမ အနည်းငယ်ရှက်ရွံ့နေသေးသည့်အတွက် ခေါင်းငုံ့ထားပြီး မော့မကြည့်ရဲသေးပေ။
ဝမ်ယွီ သူမကို သတိထားကြည့်ပြီး မျက်မှောင်အသာကြုတ်လိုက်မိသည်။ သူမ က အရင်လို သူနဲ့အတူတူ အေးအေးဆေးဆေး မစားတော့ဘဲ တိတ်ဆိတ်နေကာ ခေါင်းငုံ့နေသည့်အတွက် ‘’ ကိုယ် ဒီည ဒီမှာနေမယ်’’
တကယ်တော့ သူ သူမတစ်ယောက်တည်း အထီးကျန်နေမှာကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ချီကျန်းကျန်း ‘’ အိုး…’’
‘ဒါကရှင့်အိမ်ပဲဟာကို… ရှင်ကြိုက်ရင် နေလို့ရတာပဲ’ သူမ စိတ်ထဲမှ တွေးလိုက်မိသည်။
သူမ သူ့ကိုပြန်မကြည့်သည့်အတွက် ဝမ်ယွီ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။
နှစ်ယောက်လုံး၏ ညစာသည် တိတ်ဆိတ်စွာဖြင့်ရှိနေပြီး အခန်းတစ်ခုလုံး အလွန်ငြိမ်သက်နေသည်။
မကြာခင်မှာပင် ချီကျန်းကျန်း ဗိုက်ပြည့်သွားသည့်အတွက် နောက်ဆုံးအလုပ်ကိုစားလိုက်ပြီး ပန်းကန်လုံးနှင့်တူကို စားပွဲပေါ်ချလိုက်သည်။
‘’ အတွင်းခံ ကိစ္စကြောင့် မင်းမပျော်မရွှင်ဖြစ်နေတာလား’’ ဝမ်ယွီ ရုတ်တရက်မေးလိုက်သည်။
‘သူ့အရှေ့မှာ အတွင်းခံရွေးလိုက်ရတဲ့အတွက် သူမ အရှက်ရနေတာလား… ဒါမှမဟုတ်ရင် သူမက ဘာကိုရှက်နေတာလဲ…’
သူမ တချိန်လုံးခေါင်းငုံ့ကာ ယခုအချိန်အထိမော့မလာသေးပေ။
သူ ထိုစကားပြောလိုက်ချိန်တွင် လေးနက်စွာဖြင့်ပြောလိုက်ခြင်းဖြစ်ပြီး ကြားရသူအဖို့ လှောင်ပြောနေသည်ဟု မခံစားရဘဲ သူ၏ စိုးရိမ်မှုကို နားလည်နိုင်သည်။
ချီကျန်းကျန်း ‘’ …. ‘’
သူမ နားရွက်များနီရဲသွားပြီး မသိစိတ်က ရင်ဘတ်ကိုငုံ့ကြည့်လိုက်မိကာ ‘’ ကျွန်မက အရမ်းပိန်နေတာ.. ထပ်ပြီးကြီးထွားနိုင်…’’
‘ဟမ်’
ဝမ်ယွီ အံ့ဩသွားသည်။
ချီကျန်းကျန်း မတ်တပ်ရပ်ကာ မီးဖိုချောင်ထဲသို့ တန်းဝင်သွားသည်။
ဝမ်ယွီက ‘’ မင်း ဘာလုပ်မလို့လဲ..’’
ချီကျန်းကျန်း အံကြိတ်လိုက်ရင်း ‘’ ကျွန်မ နောက်တစ်ပန်းကန် ထပ်စားမလို့’’
ဝမျယွီ ‘’…..’’
သူမ ဘာကြောင့် အရှက်ရ.သွားမှန်း သူ ရုတ်တရက်နားလည်သွားသည်။
ဒီ…
သူ ခေါင်းငုံ့ကာ ပြုံးလိုက်မိတော့သည်။
………..
ချီကျိုးချန် အိမ်သို့ နောက်ကျမှ ပြန်ရောက်လာသော်လည်း ချီယန်နှင့် တင်းရိကျွင်းတို့နှစ်ယောက်လုံးက. ညစာမစားသေးဘဲ ဆိုဖာပေါ်တွင် သူ့ကိုစောင့်နေကြသည်။
ချီကျိုးချန် အခန်းထဲကိုဝေ့ကြည့်လိုက်စဉ် အန်းချင်ယုကို မတွေ့ရတော့ပေ။
သူပြန်လာသည်ကို တွေ့လိုက်သည်နှင့် တင်းရိကျွင်းက အလျင်အမြန် မတ်တပ်ရပ်ကာ သူ့အနောက်သို့ကျော်ကြည့်လိုက်သည်။ တခြားမည်သူ့ကိုမျှ မတွေ့သည့်အတွက် သူမ အမူအယာ အနည်းငယ်ပျက်ယွင်းသွားကာ ‘’ ကျိုးချန်… ကျန်းကျန်းက အိမ်ပြန်မလာချင်ဘူးတဲ့လား…’’
ချီယန် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ဆောင့်ချလိုက်ရင်း ‘’ သူမ ပြန်မလာဘူးဆိုရင်လဲ ထားလိုက်တော့… အသက်လဲငယ်တော့တာမဟုတ်ဘူး… သူမကို သွားမနှောက်ယှက်နဲ့တော့…’’
ပြောရင်းဖြင့် တင်းရိကျွင်းကဲ့သို့ပင် ချီကျိုးချန်အနောက်သို့ ကျော်ကြည့်လိုက်သည်။
ချီကျိုးချန် ခေါင်းကိုယမ်းကာ ‘’ သား သူမနဲ့စကားမပြောလိုက်ရဘူး.. ဒါပေမယ့် သူမ ဘယ်မှာနေလဲဆိုတာတော့သိတယ်’’
‘’ကောင်းတယ်..’’ တင်းရိကျွင်း စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။
‘’ ညစာ… သူမကိုစောင့်မနေနဲ့တော့…’’ ချီယန် ဒေါသတကြီးဖြင့် မတ်တပ်ရပ်ကာ စားပွဲဆီသို့ လျောက်သွားသည်။
ချီကျိုးချန်နှင့် တင်းရိကျွင်း တို့လည်း အနောက်မှ လိုက်သွားသည်။ ချီယန်တစ်ယောက် လုံးဝကို စိတ်အခြေအနေ ကောင်းမွန်မနေပေ။ စားနေရင်းဖြင့် တင်းရိကျွင်းကိုပြောလိုက်သည်။
‘’ ဒီနေ့ည ငါတို့ ချင်ယုနဲ့စားပြောပြီးပြီ… အခုကစပြီး သူမ အိမ်ကို ခဏခဏလာတော့မှာ မဟုတ်ဘူး… တင်းအိမ်မှာ နေဖို့အတွက် သူမ ပြန်သွားလိမ့်မယ်… တကယ်လို့ တင်းမိသားစုနဲ့ အဆင်မပြေရင် အန်းမိသားစုရှိသေးတယ်… နောက်တခေါက်ကျရင် ဒီကိစ္စကို ချီကျန်းကျန်းကိုပြောပြလိုက်… သူမ သိသွားမယ်ဆိုရင် တခေါက်လောက်တော့ ပြန်လာသင့်တယ်…’’
ချီကျိုးချန် အတွေးများဖြင့် စားနေမိသည်။
ခဏကြာပြီးနောက် ရုတ်တရက် ခေါင်းမော့ကာ ချီယန်ကိုကြည့်လိုက်ပြီး ‘’ အဖေ… သားတို့မှားနေတယ်လို့ထင်လား… ဝမ်ယွီက မြင်ရသလောက် မရိုးရှင်းဘူးထင်တယ်…’’
ထိုစကားကြားလိုက်ရချိန်တွင် ချီယန် မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
တင်းရိကျွင်းလည်း ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကာ ဝမ်ယွီအကြောင်း စဉ်းစားမိပြီး သဘောမကျစွာဖြင့် ‘’ သူက ဘယ်လို မရိုးရှင်းတာလဲ… ဝမ်မိသားစုက သူ့ကို ကုမ္ပဏီထဲအဝင်မခံဘူး ပြီးတော့ သူ့အသက်လဲ မငယ်တော့ဘူး… ဒါပေမယ့် သူက ဘာမှမလုပ်သလို ဘာကိုမှလဲ မသင်ယူဘူးလေ… ဒီလိုအကျင့်စရိုက်မျိုးနဲ့ ဘယ်လိုလုပ်ပြီး မရိုးရှင်းရမှာလဲ…’’
သူမက ဝမ်ယွီအကြောင်း လူတိုင်းသိထားသလို ပြောလိုက်ခြင်းဖြစ်သည်။
ဝမ်ယွီတွင် ဘာမှသိပ်မရှိပေ။ ဝမ်သုံယွီ သူသည်လည်း ဝမ်မိသားစုဆီမှ ဘာမှမရပေ။ ထို့အပြင့် သူသည်မည်သည့်အောင်မြင်မှုမှမရရှိခဲ့ပေ။ ထိုအရာသည် လွန်ခဲ့သည့်နှစ်များမှ ယနေ့အချိန်အထိ သူအပေါ်တွင်စွဲထင်နေခဲ့သော အထင်အမြင်များသာဖြစ်သည်။
သို့သော်လည်း ချီယန်မှ ဝမ်ယွီ၏ နက်မှောင်သည့်အကြည့်များ အံ့ဩဖွယ်ရာရောင်ဝါများကို ရုတ်တရက်တွေးလိုက်မိသောကြောင့် ...သူ ချီကျိုးချန်ကိုကြည့်ကာ မေးလိုက်သည်
‘’ ဘာလို့ အဲ့လိုထင်တာလဲ…’’
ချီကျိုးချန် ပန်းကန်ကိုစားပွဲပေါ်သို့ချလိုက်ကာ လေးနက်မှုအပြည့်ဖြင့် ‘’ သူက ချီကျန်းကျန်းကို ဝမ်ကျင်းအိမ်ယာထဲ ဒီနေ့ခေါ်သွားတယ်’’
ဝမ်ကျင်းအိမ်ယာဆိုသည့် စကားကြောင့် ချီယန် မျက်မှောင်ပိုကြုတ်လိုက်မိသည်။