အပိုင်း ၄၅
Viewers 26k

Part 45


ညစာစားပြီးနောက် ချီကျန်းကျန်း သူမ အခန်းထဲသို့ဝင်သွားသလို ဝမ်ယွီလည်း သူ့အခန်းထဲသို့ပြန်သွားသည်။ ဒီနေ့တွင် များပြားလှသည့်အဖြစ်အပျက်များ ဖြစ်သွားပြီးနောက် ချီကျန်းကျန်း ရေကောင်းကောင်းချိုးကာ အနားယူလိုက်သည်။


သူမ နာရီကိုအလန်းမပေးခဲ့သည့်အတွက် နောက်တစ်ရက်နိုးသည့်အချိန်သည် မနက် ဆယ်နာရီထိုးနေပြီဖြစ်ကာ ကောင်းကင်မှာ တောက်ပနေပေပြီ။


လိုက်ကာကိုဆွဲလိုက်သည့်အခါ တောက်ပနေသည့်နေရောင်သည် အပြင်မှဝင်ရောက်လာသည့်အတွက် သူမပြုံးကာ အကြောဆန့်လိုက်သည်။


အောက်ထပ်ရှိ စားပွဲပေါ်တွင် မနက်စာအဆင်သင့်ရှိနေသည်။ 


သို့သော်လည်း တအိမ်လုံးမှာ တိတ်ဆိတ်နေသည့်အတွက် ဝမ်ယွီ အပြင်သွားသည်ဟု သူမ တွေးလိုက်မိသည်။


သူမ မီးဖိုချောင်ထဲသို့ ပေါ့ပါးသည့်ခြေလှမ်းများဖြင့် ဝင်လိုက်ရင်း မနက်စာကို အပူပေးလိုက်သည်။ ထို့နောက် ဖြေးငြင်းစွာ စနစ်တကျစားလိုက်ရင်း ‘’ သက်တောင့်သက်သာရှိလိုက်တာနော်..’’


ဒါကမှ ဘဝပဲ…


သူမ အရင်ဘဝတွင် မနက်စောစောထကာ အလုပ်သို့အစောကြီးသွားရပြီး ပိတ်ရက်များတွင်သာ အေးအေးဆေးဆေးအိပ်ခဲ့ရသည်။ သူမ အနေဖြင့် မနက်စာကို ထိုနေ့ရက်များမှသာ အေးအေးဆေးဆေးစားပြီးနောက် ဖုန်းဖြင့်ဒရာများကြည့်နိုင်သည်။ 

ယခုအကြိမ်သည် သူမ ကူးပြောင်းလာပြီးနောက်ပိုင်း ပထမဆုံး ဇိမ်ရှိရှိဖြင့် သက်သောင့်သက်သာ နေရသောအကြိမ်ဖြစ်သည်။ သူမ စားပြီးနောက် အငြိမ်မနေသေးပေ။


ဒီနေ့က သူမနေထိုင်သည့်နေရာနှင့် ရင်းနှီးအောင်လုပ်ရမည်ဖြစ်သည်။ ထို့နောက် သူမ အိတ်ထဲတွင်ငွေမရှိသည့်အတွက် ငွေရှာနည်းကို စဉ်းစားရမည်ဖြစ်သည်။


သူမ အပြင်ထွက်ပြီး တစ်နာရီမပြည့်ခင်မှာပင် ဖြူဖျော့သောမျက်နှာထားဖြင့် ပြန်ဝင်လာသည်။


တံခါးပိတ်လိုက်ပြီးနောက် ဆိုဖာပေါ်တွင်ထိုင်ကာ ခေါင်းအုံးကိုဖက်လိုက်ပြီး အနည်းငယ်တုန်ယင်နေမိသည်။ 


သူမလက်များက စာရိုက်ဖို့ရန် အတော်လေးတုန်ယင်နေသည့်အတွက် အသံဖိုင်သာပို့လိုက်ရသည်။ ‘’ ဝမ်…ဝမ်ယွီ… ဒီနေ့ နေ့လည်ဘက် ရှင်ပြန်လာမှာလား..’’


တဖက်တွင် ဝမ်ယွီတစ်ယောက် အစည်းအဝေးပြီးသွားသည်။


အတွင်းရေးမှုးနင်နှင့် မနေ့က အဝတ်အစားပို့ပေးသော အမျိုးသမီးအတွင်းရေးမှုးသည် သူ၏အနောက်တွင်ရှိနေပြီး အတွင်းရေးမှုးနင်က ‘’ ဒီ စာချုပ်လေးခုက ဘောစ့်လက်မှတ်လိုပါတယ်… ပြီးတော့ မန်နေဂျာချန်ရဲ့အစီရင်ခံစာကို လုပ်ပြီးပြီမို့ ဖတ်ကြည့်ရုံပါပဲ…’’


ဝမ်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။


အတွင်းရေးမှုးနင်ပြောပြီးနောက် အသံဖိုင်ကိုနားထောင်ရန်နှိပ်လိုက်သည်။


အနောက်မှလိုက်ပါလာသော အတွင်းရေးမှုးနင်နှင့် အထူးလက်ထောက်ကောင်းသည် ခဏရပ်တန့်သွားပြီး ချက်ချင်းပင် သူတို့၏ တည်ငြိမ်သည့်အခြေအနေကို ပြန်ရောက်သွားကာ ဝမ်ယွီကို အနောက်မှကြည့်နေကြသည်။


အသံဖိုင်ကိုနားထောင်ပြီးနောက် ဝမ်ယွီ အသာမျက်မှောင်ကြုတ်လိုက်မိသည်။ ‘ ဘာတွေဖြစ်သွားတာလဲ…’


ချီကျန်းကျန်း၏ အဆင်မပြေသည့်အသံကို သူကြားလိုက်ရပြီးနောက် ပြန်ဖြေလိုက်သည် ‘’ ဘာဖြစ်လို့လဲ…’’


တဖက်မှ အဖြေကိုပြန်မရသည့်အတွက် အတွင်းရေးမှုးနင်ကိုကြည့်ကာ ‘’ လက်မှတ်ထိုးရမယ့်ဖိုင်တွေအကုန် ငါ့ကိုပေး… ပြီးတော့ ကျန်တဲ့ဟာတွေအကုန် ရုံးခန်းထဲမှာထားလိုက်တော့..’’


‘’ ဟုတ်ကဲ့…’’ အတွင်းရေးမှုးနင် ဖိုင်များပေးလိုက်သည်။


ဝမ်ယွီ ရုံးခန်းထဲရောက်သည်အထိ လမ်းလျောက်ရင်းဖြင့် ဖိုင်ကိုတစ်ရွက်ချင်းစီလှန်ကာဖတ်လိုက်သည်။ ထို့နောက် အခန်းထဲရောက်သည်နှင့် သုံးဖိုင်ကို လက်မှတ်ထိုးလိုက်ပြီး တစ်ဖိုင်ကို အတွင်းရေးမှုးဆီသို့ပေးလိုက်ကာ ‘’ စာမျက်နှာ နှစ်… စာကြောင်း ၁၆ ကြောင်းမြှောက်မှာ ပြင်စရာရှိတယ်’’


 ပြောပြီးနောက် ဖုန်းကိုနောက်တစ်ကြိမ်ထုတ်ယူကာ တဖက်မှပို့ထားသောစာကို ဖတ်လိုက်သည်။


ဘာမှမဖြစ်ပါဘူး…


ဒီအတိုင်းမေးရုံပါ…


ဝမ်ယွီ စာပြန်မဖြေပဲ ဖုန်းကိုချလိုက်ရင်း အပြင်သို့လျောက်ကာ ပြောလိုက်သည်။ ‘’ ဒရိုင်ဘာကို အောက်မှာစောင့်ဖို့ပြောလိုက်’’


‘’ ဟုတ်ကဲ့..’’


ဝမ်ယွီ ပျောက်ကွယ်သွားသည်။ အတွင်းရေးမှုးနင် အလျင်အမြန်ဖုန်းခေါ်နေစဉ် ကျန်သည့်သူများမှာ တစ်ယောက်မျက်နှာတစ်ယောက် အံ့ဩစွာဖြင့်ကြည့်နေကြသည်။


မနေ့ညက အဝတ်အစားပို့ပေးသည့် အတွင်းရေးမှုး ရှု တစ်ယောက်တည်းသာလျင် မျက်နှာမပြောင်းခြင်းဖြစ်သည်။


‘ကျွတ်..ကျွတ်… နင်တို့တွေအားလုံး ဘော့စ်ရဲ့ အချစ်ရေးကို မသိကြဘူးကိုး…’


……


ချီကျန်းကျန်း သူမ အခန်းထဲတွင်ရှိနေသော်လည်း စိတ်မတည်ငြိမ်နိုင်သေးပေ။ သူမ အပြင်သို့ထွက်ချင်သော်လည်း အိမ်တံခါးဝကိုကျော်လွန်၍ မထွက်ရဲပေ။


သူမ သတ္တိမရှိပေ။ ယခု သူမ အတော်လေးကြောက်လန့်နေသည်။


သူမ မနေ့ညကနေခဲ့သည့်အိမ်ဖြစ်သော်လည်း ကြည့်နေရင်းနှင့်ပင် ပို၍ကြီးမားကာ ကြောက်ဖို့ကောင်းလာသည်ဟု ခံစားမိသည်။


ဒီလိုကြီးမားသည့်အိမ်ထဲတွင် ဘာမှမရှိဘဲ သူမတစ်ယောက်တည်းဖြစ်နေသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က တံခါးဖွင့်လိုက်သည်။


‘’အား…’’


ချီကျန်းကျန်း မသိစိတ်ကြောင့် လန့်အော်ကာ ခေါင်းအုံးကိုတံခါးဝသို့ပစ်ပေါက်လိုက်သည်။


အိမ်သို့အမြန်ပြန်လာသည့် ဝမ်ယွီ သည့် သူ့ဆီသို့ပစ်ဝင်လာသော ခေါင်းအုံးကိုဖမ်းကာ သူမ၏ထိတ်လန့်နေသောမျက်နှာကိုမြင်လိုက်ရသည့်အတွက် မျက်မှောင်ကြုတ်ကာ စိုးရိမ်စိတ်ဖြင့် ‘’ ချီကျန်းကျန်း… ဘာဖြစ်လို့လဲ… မကြောက်နဲ့တော့…’’


သူ ချီကျန်းကျန်းဆီသို့ လျောက်သွားကာ သူ၏နွေးထွေးသောလက်ဖြင့် ကြောက်ရွံ့တုန်လှုပ်နေသော သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏လက်များမှာ ကြောက်ရွံ့မှုကြောင့်အေးစက်နေသည့်အတွက် သူ ပို၍ပင် မျက်မှောင်ကြုတ်လိုက်မိသည်။


ချီကျန်းကျန်း သူ့ကိုမြင်လိုက်သည့်အတွက် သက်ပြင်းရှည်ကြီးချလိုက်ကာ ဖြူဖျော့နေသောမျက်နှာဖြင့် အသက်ရှုသွင်းလိုက်သည်။ သူမ အလွန်ထိတ်လန့်နေသောကြောင့် နဖူးမှချွေးများပြန်နေပြီး အကြည့်များမှာလည်းတုန်လှုပ်နေသည့်အတွက် လူတိုင်း၏နှလုံးသားကို ကိုင်လှုပ်သွားသည်။


ဝမ်ယွီ၏ နောက်လက်တစ်ဖက်က သူမကျောကိုအသာပုတ်ပေးလိုက်ရင်း ခေါင်းကိုငုံ့ကာ နူးညံ့သည့်အသံဖြင့် ‘’  အားလုံးအဆင်ပြေသွားပြီနော်… ချီကျန်းကျန်း က အဆင်ပြေသွားပြီ… ကိုယ့်ကိုပြော.. ဘာဖြစ်လို့လဲ…’’


ချီကျန်းကျန်း လက်များဆန့်တန်းကာ ဝမ်ယွီအကျီကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ကြောက်စိတ်မပြယ်သေးသည့်မျက်နှာဖြင့် ‘’ ကျွန်မအပြင်ထွက်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့  ဘယ်သူမှမရှိဘူး…. တစ်ယောက်တလေတောင်မရှိဘူးသိလား…’’


အစက သူမအိမ်ပတ်ဝန်းကျင်တွင် မည်သို့သောအိမ်နီးချင်းများနေသည်ကို သိလိုသော်လည်း နေရာတိုင်းကအလွတ်ဖြစ်နေကာ တစ်ယောက်တစ်လေတောင်မတွေ့ရသည့်အတွက် အတော်လေးအံ့ဩမိခဲ့သည်။


အိမ်တိုင်းတွင် လူနေသည့်အရိပ်အယောင်လုံးဝ မတွေ့သလို တံခါးများအားလုံးမှာ ပွင့်လျက်ရှိနေပြီး မည်သည့်ကားတစ်စီးမျှမရှိပေ။


သူမ ထိတ်လန့်စွာဖြင့် တစ်စုံတစ်ယောက်ကို တွေ့လိုတွေ့ငြား အတော်ဝေးဝေးအထိ လျောက်သွားသော်လည်း တစ်ဦးမှမရှိပေ။


သူမ အနီးအနားတွင် သူမတစ်ယောက်တည်းသာရှိနေပြီး ကိုယ့်ခြေသံကိုသာပြန်ကြားနေရသည့်အတွက် ချီကျန်းကျန်း အေးခဲသွားသည်။


ဘေးပတ်ဝန်းကျင်ကို ဆက်လျောက်သွားသော်လည်း အလွန်ကျယ်ဝန်းသည့်အတွက် မနေ့ညက သူမ ဝင်လာခဲ့သည့် ဂိတ်ပေါက်ဝကို ရှာမတွေ့ခဲ့ပေ။


ဒီနေရာသည် ဗီလာတစ်ခုဖြစ်သော်လည်း နေ့အချိန်တွင် မည်သူတစ်ဦးတစ်ယောက်မျှရှိမနေပေ။ သူမ ဆက်မကြည့်ရဲတော့သဖြင့် အိမ်သို့အမြန်ပြန်လာလိုက်ရသည်။


‘’အဲ့ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ… လူတစ်ယောက်တောင် မရှိဘူး’’ ချီကျန်းကျန်း အသက်ပြင်းပြင်းရှုလိုက်ရင်း သူမ နှလုံးခုန်သံကိုကြားနေရသည်။


သူမ အရင်ဘဝတုန်းက အိမ်ငှားနေခဲ့သည့်နေရာသည် အလွန်နေချင်စဖွယ်ကောင်းပြီး သူမ အပြင်ထွက်လိုက်သည်နှင့် ပြေးလွှားဆော့ကစားနေသည့် ကလေးများ၏အသံကိုကြားရသည်။


အတော်လေးတိတ်ဆိတ်နေတတ်သော ဗီလာတွင်တောင်မှ ယခုလိုမျိုးမဟုတ်ပေ။


သူမ အိမ်သို့ပြန်ပြေးလာကာ တံခါးကိုပိတ်လိုက်ပြီး သူမ ငြိမ်ငြိမ်လေးနေနေသည့်အတွက် တအိမ်လုံးတွင် မည်သည့်အသံမျှမကြားရတော့ပေ။


ချီကျန်းကျန်းသည် ဒီကမ္ဘာပေါ်ကမူလကိုယ်မဟုတ်သည့်အတွက် သူမသည် မည်ကဲ့သို့တည်ရှိနေသည်ကို မသိပေ။ ထို့ကြောင့် သူမ အလွန်ကြောက်လန့်ခဲ့သည်။


ဝမ်ယွီ နားလည်သွားသည်။ သူ အတော်လေးအေးခဲသွားပြီးနောက် ရယ်လိုက်ကာ နူးညံ့စွာဖြင့် ‘’ မကြောက်နဲ့တော့နော်… ဒီမှာဘယ်သူမှ မရှိဘူးဆိုတာ ပုံမှန်ပဲလေ… ဒီနားကအိမ်တွေကို မရောင်းရသေးဘူး… အဲ့ဒါကြောင့် ဘယ်သူမှလာမနေသေးတာပေါ့…’’


သူက တိတ်တိတ်ဆိတ်ဆိတ်နေရသည်ကို ကြိုက်သည့်အတွက် ဒီအိမ်ယာထဲမှာ တစ်ယောက်တည်းနေရသည်ကို ဘယ်တုန်းကမှ မကြောက်ခဲ့ပေ။ ထိုအခြေအနေက သူမကို ဒီလိုမျိုးကြောက်လန့်သွားစေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ရုံသာ…


သူ့နှလုံးသား အနည်းငယ်တုန်လှုပ်သွားသော်လည်း ပျော်ရွှင်သွားမိသည်။


ချီကျန်းကျန်းက ပြုံးမိသွားကာ မျက်တောင်ခတ်လိုက်ရင်း ‘’ ဟင်…’’


ဒါဆို ဒီအိမ်ယာတစ်ခုလုံးက မရောင်းရသေးဘူးပေါ့…


ဝမ်ယွီ သူမနောက်ကျောကိုပုတ်လိုက်ရင်း ‘’ စိတ်မပူပါနဲ့… နောက်ကျရင် အန်တီဝမ်နဲ့ တခြားသူတွေကို ဒီကိုလာခိုင်းလိုက်မယ်’’


ကြောက်ရွံ့ထိတ်လန့်မှုတွေကြောင့် သူမ ခဏလောက်အေးခဲသွားပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခုကိုချလိုက်ကာ အန်တီဝမ်လာနေမည့်အကြောင်းကို မငြင်းဆန်တော့ပေ။


သူမက သတ္တိရှိတဲ့သူတစ်ယောက်မဟုတ်ပေ။


ဒီလိုနေရာမျိုးမှာ တစ်ယောက်တည်းမနေရဲပေ။


အရမ်းကြောက်လန့်သွားပြီးနောက် ဝမ်ယွီ၏ အကျီလက်ကို သူမ ဆုပ်ကိုင်ထားဆဲဖြစ်နေမှန်း သတိထားမိသွားသည့်အတွက် အမြန်လက်လွှတ်လိုက်သည်။


သူမ အပြုံးတွင် ရှက်ရွံ့မှုအနည်းငယ်စွက်နေပြီး ခေါင်းကိုကုတ်လိုက်ကာ ‘’ အာ… ကျွန်မတောင်းပန်ပါတယ်.. ရှင့်ကိုအနှောက်အယှက်ပေးလိုက်မိပြီ…’’


ဝမ်ယွီ လက်ကိုလွှတ်ပေးလိုက်ရင်း  သူမအတွက် ရေတစ်ခွက်လောင်းထည့်ကာ လှမ်းပေးလိုက်သည်။


 ‘’ ရပါတယ်… အဲ့လိုက အန်တီဝမ်အတွက်လဲ ပိုအဆင်ပြေသွားတာပေါ့ ပြီးတော့ တခြားသူတွေလဲ လာနေမှာပါ’’

သူကိုယ်တိုင်က တခြားသူတွေ ဒီနေရာမှာနေတာကို သဘောမကျသော်လည်း ချီကျန်းကျန်းက လုံးဝအဆင်မပြေသည့်အတွက် အန်တီဝမ်နှင့် တခြားသူများကို လာနေရန်ပြောမှဖြစ်မည်ဟု တွေးလိုက်မိသည်။


ချီကျန်းကျန်း ဝမ်ယွီကိုကျေးဇူးတင်စိတ်အပြည့်ဖြင့် ရေခွက်ကိုယူကာ မော့သောက်လိုက်သည်။


တစ်ငုံခန့်သောက်ပြီးနောက် သူမ နဖူးပေါ်မှချွေးများကို သုတ်လိုက်ရင်း ‘’ ဝမ်ယွီ… ရှင်က အရမ်းသတ္တိရှိတာပဲ…’’


ဒီလိုနေရာများမှာ သူတစ်ယောက်တည်းနေရဲသည့် သတ္တိကို သူမ သဘောကျမိသည်။


ဘေးနားအိမ်များက မရောင်းရသေးသည့်အတွက် လူမရှိမှန်း သူမ သိသော်လည်း ကြောက်လန့်နေတုန်းပင်။


‘’ကိုယ်ဒီမှာနေတာ အကျင့်ဖြစ်နေပါပြီ… ဘာမှ ကြောက်စရာမရှိပါဘူး…’’ ဝမ်ယွီ နူးညံ့စွာပြောလိုက်သည်။


ဟုတ်ပါသည်… သူ မကြောက်ပေ။  ဒီကမ္ဘာပေါ်တွင် သရဲရှိမရှိ သူမသိသော်လည်း တစ်ခါမှ မကြုံဖူးပေ။ သူ့ကိုထိခိုက်စေလိုသည့်လူများက ထိုစိတ်ကူးယဉ်သရဲတစ္စေများထက်ပင် ပို၍ကြောက်စရာကောင်းပေသည်။


သူ့ဘေးနားတွင် ကြောက်လန့်နေသည့် ချီကျန်းကျန်းကို ကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်အထိ အနည်းငယ်ရယ်လိုက်မိသည်။