🌌Chapter 67
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များက အရာအားလုံးကို ဇာတ်ရည်လည်အောင် စိုးရိမ်တကြီးဖြင့် ကြည့်ရှု့ခဲ့ကြသည်။
စစ်သင်္ဘောတစ်စီးက ကျိုးပဲ့နေသည့် ပြတင်းပေါက်နားသို့ သတိထားတကြီးဖြင့် ချဥ်းကပ်လာပြီး သင်္ဘောတံခါးပေါက်ကို ဖွင့်လိုက်သည်။ စစ်ယူနီဖောင်းဝတ်ထားသည့် အမျိုးသမီးဇာ့ဂ်က အော်လန်တစ်ခုကို ကိုင်ပြီး ညင်သာသည့်လေသံလေးနှင့် ပြောလိုက်သည်။
"စိတ်မလှုပ်ရှားနဲ့ ...စိတ်လိုက်မာန်ပါ မလုပ်လိုက်နဲ့နော်...အမျိုးသားဇာ့ဂ်ကို လွှတ်ပေးလိုက်သရွေ့ မင်းမှာရှိတဲ့ အခြေအနေတိုင်းကို ငါတို့ ဖြည့်ဆည်းပေးနိုင်ပါတယ်..."
မီးခိုးရောင်ဆံပင်နှင့် အမျိုးသမီးဇာ့ဂ်(အိချီ)က အမျိုးသမီးစစ်သည်ကို အေးစက်စွာကြည့်ပြီး အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
"ငါ့ကို စစ်သင်္ဘောတစ်စီးနဲ့ နံပါတ်တစ်ဆက်တည်းမဟုတ်တဲ့ ဒင်္ဂါးပြားဟောင်းတွေနဲ့ ငွေသားဆယ်သန်းပေး..."
"ဒါက..."
အမျိုးသမီးစစ်သည်၏ မျက်နှာက ဒုက္ခရောက်သွားသည့် အမူအရာကို ပြသလိုက်သည်။
" ငါတို့ကို ပြင်ဆင်ဖို့ အချိန်နည်းနည်းပေးပါ... အမျိုးသားဇာ့ဂ်ကို ကျေးဇူးပြုပြီး အရင်လွှတ်လိုက်ပါ..."
အိချီ အေးစက်စွာ လှောင်ရယ်လိုက်သည်။
လှည့်စားခံရသူများသာ ထောင်ချောက်ထဲသို့ လိုလိုလားလား လျှောက်သွားလိမ့်မည် ဖြစ်သည်။ သူ လော့စစ်အတွက် ငွေတစ်သန်းရှာပေးနိုင်သည်နှင့် သူ၏ကျွန်ပြုခံရမှုမှ သူ့ညီလေးအား လွှတ်ပေးနိုင်မည်ဟု တစ်ကြိမ်တစ်ခါက နုံနုံအအနှင့် စိတ်ကူးယဥ်ခဲ့ဖူးသလိုပင် ဖြစ်သည်။
သို့သော် ယခုမူ အရာရာတိုင်းအား အစီစဥ်ဆွဲပြီးပြီ ဖြစ်သည်။ စစ်သင်္ဘောရော ပိုက်ဆံပါ သူ မလိုအပ်ပေ။ လော့စစ်ကိုသာ သူနှင့်အတူ ငရဲသို့ ဆွဲချသွားချင်ပေသည်။
"အဆင်ပြေတယ်..."
အိချိီ အမျိုးသမီးစစ်သည်အား ပြောလိုက်သည်။
"ငါအခုပဲ 'လုမော့' ကို လက်လွှဲပေးမယ်..."
လူတိုင်း၏အကြည့်အောက်တွင် အိချိီက အမျိုးသားဇာ့ဂ်ကို ကိုင်ထားရင်း သူ့ခန္ဓာကိုယ်အား တဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။ ချွေးများရွှဲနစ်နေသည့် အမျိုးသမီးစစ်သည်က စစ်သင်္ဘောကို ပြတင်းပေါက်နား တိုးကပ်ရန် အမိန့်ပေးလိုက်ပြီး အမျိုးသားဇာ့ဂ်ကို လက်လွှဲယူရန် ကြိုးစားကြံစည်လိုက်သည်။
အမျိုးသားဇာ့ဂ်ကို ဓါးစာခံအနေနှင့် ဖမ်းထားရဲသည့် အမျိုးသမီးဇာ့ဂ်အား မကြုံဖူး မမြင်ဖူးကြပေ။ ထို့ကြောင့် မည်သူကမှ အိချိီ နောက်ထပ် ဘာလုပ်လိမ့်မည်ကို ကြိုတင် မခန့်မှန်းနိုင်ကြချေ။
မလွှဲပြောင်းမီ တခဏချင်းတွင်းပင် အမျိုးသမီးစစ်သည်က အိချိီ၏နှုတ်ခမ်းပေါ် လျှပ်တပြတ် ဖြတ်ပြေးသွားသည့် အပြုံးတစ်ခုအား ရိပ်ခနဲ ဖမ်းမိလိုက်ပေသည်။
"သူက မင်းကို လှည့်စားနေတာ..သူက ငါ့ကို သူနဲ့အတူ ဆွဲချသွားချင်တာ…"
ရုတ်တရုက် တစ်လျှောက်လုံး ငြိမ်သက်နေခဲ့သည့် လော့စစ်က ထပေါက်ကွဲလေသည်။ ကြည့်ရသည်မှာ သေခြင်းနှင့်ရှင်ခြင်း အခိုက်အတန့်ကြားတွင် သူ့စွမ်းအား အားလုံးပွင့်ထွက်လာဟန်ပင်။ သူ့လည်ပင်းအား ဖမ်းဆုပ်ထားသည့် အိချိီ၏လက်မှ လွတ်မြောက်သွားပြီး အော်ဟစ်လိုက်သည်။
"ကယ်ကြပါ..."
သို့သော်ငြား အလွန်နောက်ကျသွားလေပြီဖြစ်သည်။ အိချိီက လော့စစ်နှင့်အတူ အစွန်းမှ ခုန်ချသွားသည်ကို အမျိုးသမီးစစ်သည်က ကြောက်ရွံ့တုန်လှုပ်မှုများဖြင့်ကြည့်လိုက်သည်။
သူတို့က အတောင်ကျိုးနေသည့် ငှက်များသဖွယ် အောက်တည့်တည့်သို့ ထိုးစိုက်ကျသွားကြသည်။
အမျိုးသမီးစစ်သည်က မျှော်လင့်ချက်ပျက်သုဥ်းမှုများဖြင့် သူတို့အား စိုက်ကြည့်လိုက်သည်။
များစွာသော အမျိုးသမီးစစ်သည်များက သင်္ဘောအခန်းငယ်များထဲမှ ခုန်ပျံကျော်လွှားထွက်လာကြပြီး သူတိုအား ဖမ်းရန် ကြိုးစားလိုက်ကြသည်။ သို့သော်ငြား ရုတ်တရက်ဖြစ်လာသည့် အလှည့်အပြောင်းက သူသူတို့အား သတိလက်လွတ် ဖြစ်သွားစေခဲ့သည်။ တဟုန်ထိုးထွက်လာကြသည့် အမျိုးသမီးဇာ့ဂ်အများစုက A အဆင့် ဝန်းကျင် ဖြစ်ကြပြီး သူတို့၏ အရှိန်နှင့် စွမ်းရည်များက အမျိုးသားဇာ့ဂ်ကို ကယ်ဆယ်ရန် မလုံလောက်ကြပေ။
ထိုအချိန်မှာပင် သူတို့ အော်သံနက်နက်ကြီးတစ်ခုကိုကြားလိုက်ရသည်။
"လင်း…"
စောင့်ကြည့်နေကြသော လာအုပ်ကြီး၏ အကြည့်များအောက်တွင် အဖြူရောင်ပုံရိပ်တစ်ခုက အမျိုးသမီးစစ်သည်များကို လျင်မြန်စွာ တဟုန်ထိုး ဖြတ်ကျော်သွားပြီး အမျိုးသားဇာ့ဂ်က သူ၏သေခြင်းတရားနှင့် နီးကပ်နေသည့်အခိုက်တွင်ပင် သူတို့အား ကွက်တိ ဖမ်းဆုပ်နိုင်သွားပေသည်။
ငွေရောင်ဆံပင်နှင့် အမျိုးသမီးဇာ့ဂ်က နူးညံ့ညင်သာစွာ သူ့အတောင်ပံများကို ခတ်လိုက်ပြီး သူတို့အား လေထဲသို့ ပြန်သယ်သွားလိုက်သည်။
"စတုတ္ထစစ်တပ်က စစ်သည်တစ်ယောက်လား..."
အနက်ရောင်နေကာမျက်မှန်အား ဖယ်လိုက်ရာ ကြက်သွေးရောင် မျက်ဝန်းတစ်စုံက ထွက်ပေါ်လာပြီး အမျိုးသမီးစစ်သည်၏ပခုံးမှ ရာထူးတံဆိပ်အပေါ်သို့ အကြည့်က ဆင်းသက်သွားလေသည်။
အမျိုးသမီးစစ်သည်၏ပါးစပ်က ပွင့်ဟသွားပြီး လျင်မြန်စွာပင် တည်တည်တံ့တံ့ မတ်တတ်ရပ်၍ အလေးပြုလိုက်သည်။
"ဟုတ်ပါတယ်...ဗိုလ်မှူး..."
"မင်း အလုပ်ကြိုးစားခဲ့တယ်..."
စကားလုံးများက ကြင်နာသည့် အသံအနေအထားဖြစ်နေစဥ်တွင် အမျိုးသမီးစစ်သည်က ထိုမျက်ဝန်းများအတွင်းမှ ရယ်သွမ်းနေမှုနင့် ကံဆိုးမှုအရိပ်အယောင်များကို ရှင်းရှင်းလင်းလင်းပင် မြင်လိုက်ရပြီး စိတ်တွင်း၌ ကြေကွဲဝမ်းနည်းသွားလေသည်။
ဘာလို့ နေရာတိုင်းမှာ တတိယစစ်တပ်ရဲ့ ဗိုလ်မှူးက ရှိနေရတာလဲလို့...
အိုး မဟုတ်သေးဘူး...ဒီဗိုလ်မှူးရဲ့စိတ်ဆတ်တတ်ပုံနဲ့ ငါတို့ခေါင်းဆောင်ဆီကို သေချာပေါက်ပြေးသွားပြီး ဒီနေ့ ငါတို့လုပ်ထားတာတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ကြွားလုံးထုတ်ပြောလိုက်ရင် ရလဒ်အနေနဲ့ ငါတို့ကတော့ ဒေါသထွက်နေတဲ့ စတုတ္ထဗိုလ်မှူးက ရက်ရက်စက်စက် အပြစ်ပေးဆုံးမတာကို ခံရတော့မှာပဲ ..
အိုး သေစမ်း...ဒါက ဆိုးဝါးလိုက်တာ...
လင်းက လေထဲတွင် ပတ်ချာလည် လှည့်လိုက်ပြီး သူ့လက်ထဲတွင် ဖမ်းဆုပ်ထားသည့် ဇာ့ဂ်နှစ်ယောက်ကို လှုပ်ခါကာ လုမော့ကိုပြောလိုက်သည်။
"ရပါပြီ..."
အိချိီက တစ်ဖက်သူကို ဖြူဖျော့နေသည့် မျက်နှာနှင့်ကြည့်လိုက်ပြီး မလွယ်ကူမှုကို ခံစားလိုက်ရသည်။
ငါတို့ကို ဘာလို့ကယ်လိုက်တာလဲ...သူတို့ စိတ်ပြောင်းသွားကြတာလား...
သို့သော် သူ မသေခဲ့ဘဲ ဖြစ်စဥ်တစ်လျှောက်ကို သေသေချာချာ စုံစမ်းဖော်ထုတ်လိုက်ပါက သူ့ညီ၏ အထောက်အထားသရုပ်မန်ကို သူ ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်တော့ပေ။
အဲ့ဒီနောက် ဘာတွေဖြစ်သွားမလဲ...
ပြတင်းပေါက်နားရပ်နေသည့် ဆံပင်အနက်ရောင်နှင့် အမျိုးသားဇာ့ဂ်က လင်းအား တည်တည်ကြည်ကြည်နှင့် ခေါင်းညိတ်ပြလိုက်သည်။
"ချီးကျူးထိုက်တဲ့ လုပ်ဆောင်မှုတစ်ခုပါပဲ..."
လင်း ရယ်ချင်စိတ်ကို မနည်းဖုံးဖိလိုက်သည်။
"ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်..."
ထိုအခိုက်တွင် ငွေရောင်ဆံပင် မျက်ဝန်းအနီရှိသော အမျိုးသမီးဇာ့ဂ်နှင့် ဆံပင်အနက်ရောင်ရှိသော အမျိုးသားဇာ့ဂ်များ၏ အထောက်အထား သရုပ်မှန်များက ထွက်ပေါ်လာလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုခန်း၏ စခရင်တွင် ကွန်းမန့်များနှင့် ပြည့်နှက်သွားသည်။
"အိုး...အိုး...အိုး...မယုံနိုင်စရာပဲဟေ့..."
"အိုးမိုင်ဂေါ့...သူက သောက်ရမ်းချောတယ်ဆိုတာကို ငါ ရုတ်တရက်ကြီး ရှာတွေ့လိုက်ရတယ်...သူက ရုပ်ဆိုးတယ်လို့ ငါ အမြဲတမ်းထင်နေလို့ တောင်းပန်ပါတယ်နော်..."
"လုမော့...လုမော့..."
အနက်ရောင်ဆံပင်နှင့် အမျိုးသားဇာ့ဂ်က လက်ဆန့်ကာ နေကာမျက်မှန်ကို ဖြည်းညင်းစွာ ချွတ်လိုက်ပြီး အေးစက်နေသည့် စိမ်းမြမြမျက်ဝန်းများကို ထုတ်ဖော်ပြလိုက်လေသည်။
မနက်ခင်း နေရောင်ကို မျက်နှာမူလျက် လေက သူ့ဆံပင်များကို ဖရိုဖရဲဖြစ်သွားအောင် တိုက်ခတ်လိုက်ရာ သူ၏ ချောမွတ်နေသော နဖူးပြင်က ပေါ်လွင်သွားပေသည်။
အိချိီနှင့် လော့စစ် နှစ်ယောက်လုံး၏ မျက်လုံးများပြူးကျယ်သွားပြီး အထူးသဖြင့် လော့စစ်၏ မျက်နှာက သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ပြူးကျယ်နေပေသည်။
"မင်း မင်း...မင်းက..."
သို့သော် လုမော့က သူ့ကို လျစ်လျူရှုလိုက်ပြီး အိချိီအား ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။
"မင်းက ငါ့ကို မင်းညီကို ကာကွယ်ပေးစေချင်တာလား..."
အိချီ ဖြေးညင်းစွာစွာ ခေါင်းညိတ်လိုက်သည်။
လုမော့ သူ့အား ငြင်းပယ်လိုက်သည်။
"တောင်းပန်ပါတယ်...ငါက စိတ်အားထက်သန်ကြတဲ့ တချို့အမျိုးသားဇာ့ဂ်တွေလို ပရဟိတသမား မဟုတ်ဘူးလေ...ငါ ဘာကိုမှ တစ်ခါမှ မကာကွယ်ဖူးဘူး...တခြားနေရာတွေမှာပဲ ထူးချွန်တာ..."
သူ အိချိီထံ လက်ဆန့်ပေးလိုက်သည်။
"မင်းငါ့ကို တစ်ခုခုကို ဖျက်စီးစေချင်တယ်ဆိုရင်တော့ ငါ အဲဒီအလဲအလှယ်ကိုပဲ လုပ်ပေးဖို့ ပိုလိုလားတယ်..."
လုမော့ ဘာပြောနေကြောင်း နားမလည်သည့်အလား အိချိီက ဗလာသက်သက်ဖြင့် လုမော့အား စိုက်ကြည့်နေခဲ့သည်။
"မင်း နားမလည်ဘူးဆိုရင် ငါ မင်းကို ရှင်းပြပေးနိုင်ပါတယ်..."
ရွှင်လန်းတက်ကြွနေသည့် အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။ အိချီ ခေါင်းလှည့်ကြည့်လိုက်ရာ လင်းက သူ့အား ဘယ်ဘက်မျက်လုံး မှိတ်ပြလိုက်ကို တွေ့လိုက်ရသည်။
"ဥပမာအနေနဲ့ မင်းကို စိတ်အနှောင့်အယှက်ပေးတဲ့အရာတွေကို ရှင်းပစ်တာမျိုးပေါ့..."
အိချီ : "..."
သူ့သူငယ်အိမ်များ ကျုံ့သွားပြီး လုမော့ဘက် လျင်မြန်စွာစွာ လှည့်လိုက်သည်။
"ကျွန်တော် သဘောတူညီချက်ထဲက အကြောင်းအရာတွေကို ပြောင်းလိုက်ပြီ..."
လုမော့ ခေါင်းစောင်းလိုက်သည်။
"ကျေးဇူးပြုပြီး ဆက်ပြောပါ..."
အိချိီ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အကြည့်များက လေးနက်သွားသည်။
" ကျွန်တော်တို့ကို ခြိမ်းခြောက်နေတဲ့ အရာအားလုံးကို မင်း ဖယ်ထုတ်ပေးနေသရွေ့ မင်းကို အားလုံးပေးဖို့ ဆန္ဒရှိတယ်...မဟုတ်ဘူး ပိုက်ဆံတွေတင် မကဘူး...ကျွန်တော့်ဘဝ၊ ဝိညာဥ်၊ စိတ်ဆန္ဒ..အဲ့ဒါတွေ အားလုံးကို မင်းဆီ ပေးအပ်မြှုပ်နှံမယ်..."
"သဘောတူတယ်..."
လုမော့ ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းချကာ အိချိီကို ဦးညွှတ်လိုက်သည်။ ထို့နောက် သူ့လက်ကောက်ဝတ်ကို ဆတ်ခနဲ လှုပ်လိုက်ရာ လေထဲမှ ဘောက်ချာတစ်စောင်ထွက်ပေါ်လာပြီး သူ့လက်ထဲ ရောက်လာခဲ့သည်။
သူက ဘောက်ချာကို အမျိုးသမီးစစ်သည်ထံ ပစ်ပေးလိုက်ရာ သူက လျင်မြန်စွာ ဖမ်းလိုက်ပြီး လုမော့အား စိတ်ရှုပ်ထွေးမှုဖြင့် ကြည့်လိုက်သည်။
"ဒါက ဘာလဲ..."
"ငါ ဒီအမျိုးသားဇာ့ဂ်ကို တိုင်ကြားချင်တယ်..."
လုမော့ က လော့စစ်အား လက်ညှိုးထိုးပြလိုက်သည်။
"ပထမတစ်ချက် သူက ငါ့နာမည်ကို အတုခိုးသုံးပြီး တခြားသူတွေကို လိမ်လည်လှည့်စားပြီး ငါ့ဂုဏ်သတင်းကို ထိခိုက်သွားစေတယ်..."
"ဒုတိယတစ်ချက်ကတော့ သူက တရားမဝင် လောင်းကစားဝိုင်းဖွင့်တစ်ခု တည်ထောင်ထားတယ်လေ...အဲဒါက ငါလောင်းထားတဲ့ ဘောက်ချာပဲ..."
အမျိုးသမီးစစ်သည်က ချွေးစေးများ ထွက်လာခဲ့သည်။ အင်ပါယာမြို့တော်တွင် ဤကဲ့သို့ ကြီးမားလှသည့် အဖြစ်အပျက်ကြီးကို မည်သူမျှ သတိမထားမိခဲ့ပေ။ အကယ်၍ အဓိကနစ်နာသူ ဖြစ်သည့် လုမော့ကသာ ဤကိစ္စကို ဆက်လက်လုပ်ဆောင် လေ့လာခဲ့မည်ဆိုပါက အမှန်တကယ်ပင် ဆိုးရွာသွားပေလိမ့်မည်။
သူ လုမော့အား စစ်မှန်သည့် စိတ်ရင်းဖြင့် ကြည့်လိုက်သည်။
"ဒါက ကျွန်တော်တို့ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာပါ...လူကြီးမင်းရဲ့ ဆုံးရှုံးမှုအားလုံးအတွက် ကျွန်တော်တို့ လျော်ကြေးပေးပါ့မယ်..."
၎င်းက လုမော့ ကြားချင်သည့်အရာပင် ဖြစ်လေသည်။
"ကောင်းတယ်..."
လုမော့ ပြုံးပြလိုက်သည်။
"ဒါဆို ဒီကိစ္စမှာ အမျိုးသားဇာ့ဂ်ရဲ့ နာမည်အောက်က ပိုင်ဆိုင်မှုအားလုံးကို ငါ့အတွက် လျော်ကြေးလို့ သတ်မှတ်လို့ရတာပေါ့ ...ဟုတ်တယ်မလား..."
လော့စစ် အော်ငိုလိုက်ကာ နောက်ဆုံး၌ မေ့မျောသွားလေသည်။
အမျိုးသမီးစစ်သား : "ဟမ်,"
ဒါက တကယ်တမ်း အဲ့လောက်တောင် ရိုးရှင်းတာလား...
လုမော့ : "..."
လုမော့ သူ့နောက်ကျောကို ခိုင်ခိုင်မာမာ ဖြောင့်တန်းထားလိုက်ပြီး သူ့အပြစ်ရှိစိတ်များကို လျှံထွက်လာခွင့် မပေးပေ။
မှန်တယ်...ငါက ဒီလိုအထက်စီးဆန်တယ်...ဒီလိုပဲ အကြောင်းအကျိုးလည်း မညီဘူး...
မြန်မြန်လေး အမှိုက်ဆန်မှုပွိုင့် 10 ပွိုင့် ငါ့လက်ထဲ ရောက်လာလိုက်စမ်း...
"ကျေးဇူးတင်ပါတယ်..."
အမျိုးသမီးဇာ့ဂ်က လေးလေးနက်နက် လှုပ်ရှားလိုက်ပြီး သူ့ခေါင်းက ဒူးနှင့်ထိလုနီးပါး အရိုအသေပေးလိုက်သည်။
"အရှင့်လိုမျိုး စေတနာနဲ့ ကြင်နာမှုရှိတဲ့သူမျိုးက တကယ်ကို မမြင်ဖူး မကြားဖူးပါဘူး...အရှင်နဲ့ ဗိုလ်မှူးတို့ ကျန်းမာတဲ့အမျိုးသား အကောင်ပေါက်လေး တစ်ယောက်ကို စောစောမွေးပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်..."
လုမော့ : "..."
သူ့ခေါင်းအား ထုံထိုင်းစွာ လှည့်လိုက်ပြီး သူ့အသံက အားအင် ကုန်ခမ်းသွားလေသည်။
"သွားစို့ ငါ့ရဲ့ ချစ်လှစွာသော အိမ်သူဘုရင်မလေး...ဒီနေ့က တကယ်ကို အကျိုးရှိလိုက်တဲ့ နေ့တစ်နေ့ပဲ..."
တအီအီ ငိုညည်းသံ...
တအီအီ ငိုညည်းသံ...တအီအီ ငိုညည်းသံ...
ဆန်ကုန်မြေလေး အမှိုက်ကောင်လေးက ငိုကြွေးသွားခဲ့သည်။
🌌🌌🌌
သနားပါတယ်ဟယ် သူက အမှိုက်ဆန်ချင်နေတာကို ဘာလုပ်လုပ် ကျေးဇူးပဲအတင်ခံနေရတာ😆