Part 47
ချီကျိုးချန် နှစ်ရက်ခန့်ကြာပြီးနောက် ကျောင်းပြန်တက်ဖို့ရှိသည့်အတွက် ချီကျန်းကျန်းကို ဆက်မရှာနိုင်တော့ပေ။ ချီယန်ဆီမှ သတင်းရရန်အတွက် နောက်တစ်ပါတ်အထိစောင့်ရတော့မည်ဖြစ်သည်။ သူ စိုးရိမ်နေသည်မှ သိသာလှသည့်အတွက် ချီယန် ခေါင်းကိုယမ်းရင်း မျက်မှောင်ကြုတ်ကာ ‘’ ငါ ဘာမှ ရှာမတွေ့သေးဘူး...ဒါပေမယ့် ဝမ်ကျင်းအိမ်ယာက ရောင်းဖိုပြင်နေပြီ... ကြည့်ရတာ အဲ့မှာနေတဲ့ တစ်ယောက်ယောက်နဲ့သိလို့ ခဏလောက်သွားနေပုံပဲ...’’
ဝမ်ကျင်းအိမ်ယာသည် ပြန်လည်ပြုပြင်နေခဲ့ပြီး အိမ်ဝယ်ပြီးသည်နှင့်တပြိုင်နက် အချိန်မရွေးပြောင်းရွေ့နေနိုင်ပြီဖြစ်သည်။
‘’ သူဝယ်ထားတာကော မဖြစ်နိုင်ဘူးလား... ဒါမှမဟုတ် ဝမ်ယွီက အဲ့ဒီအိမ်ခြံမြေကုမ္ပဏီနဲ့ အဆက်အသွယ်ရှိနေတာများလား... ဒါမှမဟုတ် သူက ယွီတင်းနဲ့ပတ်သတ်နေတာလား...’’ ဝမ်ယွီတစ်ယောက် ထင်သလောက်မရိုးရှင်းမှန်း ချီကျိုးချန် ခံစားမိသည်။
အတိတ်တုန်းကဆိုလျင် သူက ဝမ်ယွီကို အမြဲတမ်းလစ်လျူရှုခဲ့သည်။ သို့သော် ယခုအချိန်တွင်တော့ ချီကျန်းကျန်းနှင့်ပတ်သတ်ပြီး သူ့အကြည့်များသည်လည်း ဝမ်ယွီနောက်သို့လိုက်ပါလာခဲ့သော်လည်း ဝမ်ယွီ၏အရှိအဝါကိုသာ သိရသေးသည်။
ထိုမျက်ဝန်းများက သူ့ကိုစိုက်ကြည့်လိုက်ချိန်တွင် သူ့စိတ်ထဲ အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ ထို့ကြောင့် သူစတင်အံ့ဩလာကာ ဝမ်ယွီက တကယ်ပဲ ရိုးရှင်းသည့်သူတစ်ယောက် ဟုတ်မဟုတ် စိတ်ဝင်စားလာသည်။
ဝမ်ယွီ... နှင့် ယွီတင်း သည် နာမည်တူနေသည်မဟုတ်ပါလား....
ချီယန် ခေါင်းယမ်းကာ ‘’ ငါအဲ့ကြောင်းကိုစဉ်းစားပြီးပြီ... ယွီတင်းရဲ့ သူေးက အရမ်းလျှိုဝှက်ဆန်းကြယ်ပြီး နိုင်ငံခြားကနေပြန်လာတာ... ဝမ်ယွီက နိုင်ငံခြားတစ်ခါမှ မရောက်ဖူးဘူး... တည်ထောင်သူနာမည်ထဲမှာလဲ ဝမ်ယွီနာမည်မပါဘူး... ပြီးတော့ ကုန်သည်ကြီးများအသင်း အစည်းအဝေးပွဲကိုတက်တုန်းကလဲ ယွီတင်းရဲ့ တာဝန်ရှိသူက အသက်လေးဆယ်လောက်ရှိတဲ့ လူတစ်ယောက်ပဲ...’’
အဲ့အချိန်တုန်းက ထိုလူသည် အလွန်အားကျဖွယ်ရာကောင်းသည့် အရှိန်အဝါရှိပြီး တရုတ်နှင့်နိုင်ငံခြားသွေးစပ်ပုံရသည်။ သူသည် လျင်မြန်သည့်အရှိန်ဖြင့် သွားလာနေပြီး ယွီတင်း၏ဘောစ့်တစ်ယောက် အရှိန်အဝါရှိသည်။
ချီကျိုးချန် ခဏလောက်တွေးပြီးနောက် မေးလိုက်သည်။ ‘’’ ယွီတင်းကို ဘယ်တုန်းကတည်ထောင်လိုက်တာလဲ..’’
‘’လွန်ခဲ့တဲ့ သုံး လေး နှစ်လောက်ကပေါ့... အဲ့အချိန်တုန်းကဆို ဝမ်ယွီက ဘွဲ့တောင်မရသေးဘူး... ဒါမှမဟုတ်ရင် ဘွဲရခါစလောက်ပဲရှိဦးမယ်... အဲ့လိုအခြေအနေနဲ့ ဒီလိုမျိုးလုပ်နိုင်မှာ မဟုတ်ဘူး’’ ချီယန် လက်ထဲမှဘောပင်ကို စားပွဲပေါ်သို့ပစ်ချလိုက်ရင်း ပြောလိုက်သည်။
‘’သူက ယွီတင်းရဲ့ စီနီယာအဖွဲဝင်ကော ဖြစ်နိုင်လား...’’ ချီကျိုးချန် စိတ်ထဲထင်တာကိုပြောလိုက်ပြန်သည်။
သူသာ သာမန်ဝန်ထမ်းတစ်ယောက်ဆိုလျင် ဝမ်ကျင်းအိမ်ယာတွင် နေထိုင်ဖို့ရန် မဖြစ်နိုင်ပေ။ သာမန်ဝန်ထမ်းများသည် နေ့တိုင်းအလုပ်သွားဖို့လိုအပ်သော်လည်း ဝမ်ယွီက ဘာမှမလုပ်ပေ။
ချီယန် ခေါင်းကိုထပ်ယမ်းလိုက်ကာ ‘’ အဲ့ဒါလဲ မဖြစ်နိုင်ဘူး... တကယ်လို့ ဝမ်ယွီသာ တကယ်အင်အားကြီးတယ်ဆိုရင် ဝမ်မိသားစုရဲ့ ကဲ့ရဲ့မှုတွေအောက်မှာနေမှာမဟုတ်ဘူး... သူ စေ့စပ်ပွဲကိုလက်ခံလိုက်တုန်းကလဲ မင်းအစ်မက ဟင်းသီးဟင်းရွက်လိုကိုမာဖြစ်နေတုန်းပဲ...’’
ချီကျိုးချန် ဖြေးငြင်းစွာထိုင်လိုက်ရင်း သူ၏သံသယများ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
‘ဟုတ်တယ်... ဝမ်ယွီသာ တတ်နိုင်တယ်ဆိုရင် သူက ဘာလို့ဖုံးကွယ်ထားပြီး နေရမှာလဲ... ဝမ်အိမ်မှာ ဘာလို့ အနှိမ်ခံတစ်ယောက်လို နေနေရမှာလဲ... ပြီးတော့ ကိုမာဖြစ်နေတဲ့ လူတစ်ယောက်နဲ့ စေ့စပ်ရမှာလဲ...’
‘ပြီးတော့ ယွီတင်း တည်ထောင်ချိန်မှာ ဝမ်ယွီက လုံလောက်တဲ့အသက်မပြည့်သေးဘူးလေ... အခုအသက်အရွယ်မှာ ဆိုရင်တောင်မှ သူ့ပုံစံက ယွီတင်းရဲ့ စီနီယာတစ်ယောက်နဲ့တောင် တူမနေဘူး... ကြည့်ရတာ သူ အတွေးလွန်သွားပုံပဲ’
ချီကျိုးချန် သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်ရင်း ထိုခဏတွင် သူ့ကိုယ်သူ စိတ်ပျက်သွားတာလား စိတ်သက်သာရာရသွားတာလား ဆိုတာ မခွဲခြားနိုင်တော့ပေ။
‘’ ဝမ်ကျင်းအိမ်ယာမှာနေရုံနဲ့ ဘာမှဖြစ်မှာ မဟုတ်လောက်ပါဘူး..’ ချီယန် စားပွဲကိုခေါက်ရင်းပြောလိုက်သည်။
ချီကျိုးချန် ဂရုစိုက်ရမည့်အရာမဟုတ်တော့သည့်အတွက် ခေါင်းငြိမ့်ကာ ဘာမှမပြောတော့ပေ။
‘’ ယွီတင်းကို ဒီနှစ်တွေမှာ တည်ထောင်ခဲ့တယ်...’’
ထိုအချက်ကို ချီယန်က အပြုသဘောဆောင်သည့် ဉပမာတစ်ခုဖြစ်လာစေပြီး ချီကျိုးချန်ကို အမျှော်အမြင်ရှိအောင် သုံးသပ်ပြလိုက်သည်။
ချီကျိုးချန်က အားကျစိတ်အပြည့်ဖြင့် သေချာနားထောင်နေသည်။
ယွီတင်း၏ သူဌေး သည် သက်လတ်ပိုင်းလူတစ်ဖြစ်မည်ဟု အများက ခန့်မှန်းထားကြပြီး နက်နဲသည့်နောက်ခံရှိသည်ဟု ထင်မှတ်ထားကြသည်။
မည်သူကမျှ ဝမ်ယွီဖြစ်မည်ဟု ထင်မှတ်မထားကြပေ။
အကယ်၍ ချီကျန်းကျန်းသာ ဒီနေရာမှာရှိမည်ဆိုလျင်’’ ဒါက စိုးမိုးခြယ်လှယ်မယ့် တွဲဖက်မပါတဲ့အဓိကအမျိုးသားဇာတ်လိုက် ဝတ္တုလေ’’ ဟုသေချာပေါက်ပြောမည်ဖြစ်သည်။ သူကမ္ဘာကြီးကိုအုပ်စိုးဖို့အတွက် ခြေလှမ်းစတင်လိုက်ချိန်က သူ့အသက် 17 နှစ်ပဲရှိသေးသည့်အချိန်ဖြစ်သည်။
.....
ဒီနှစ်ရက်အတွင်း ဝမ်ယွီ အတော်လေး အလုပ်များနေသည်။
သူမကိုယ်သူမ အိမ်ငှားအဖြစ်သတ်မှတ်ထားသည့် ချီကျန်းကျန်းက ဝမ်ယွီပြန်လာသည်ကို စောင့်ရန်မလိုဟု တွေးလိုက်ပြီး ခါတိုင်းလို စားသောက်ပြီးသည်နှင့် အန်တီဝမ်ကို လက်ယမ်းပြကာ ‘’ အန်တီဝမ်.... ကျွန်မ အပြင်သွားလိုက်ဦးမယ်... သူငယ်ချင်းအပြင်မှာစောင့်နေလို့... ဝမ်ယွီ ပြန်လာရင် နိုက်ကလပ်သွားမှာမို့လို့ နောက်ကျမယ်လို့ ပြောလိုက်နော်...’’
ပြောပြီးနောက် ဝမ်ယွီအတွင်းရေးမှုး ပို့ပေးထားသည့် အကျီကိုဝတ်ကာ ထွက်သွားတော့သည်။
ထိုအချိန်တွင် ချီကျန်းကျန်း စိတ်ရှုပ်သွားသည်မှာ အတွင်းရေးမှုးက ထိုအကျီကို ဝမ်ယွီမှ သူမအတွက်အထူးပြင်ဆင်ပေးထားသည် ဟူ၍ပင်...
ဘရန်းကိုကြည့်လိုက်သည်နှင့် ထိုညက သူမအတွက်ဝယ်ပေးထားသော တံဆိပ်ဖြစ်ပြီး အားလုံးကို သေချာထုတ်ပိုးကာ ပို့ဆောင်ထားခြင်းဖြစ်သည်။
အကျီဒီဇိုင်းသည် ချီကျန်းကျန်းကို ရိုးရှင်းသောပုံစံထွက်ပေါ်လာစေပြီး ကျက်သရေရှိစေသည်။ သူမ ဘက်မှငြင်းဆန်သော်လည်း အတွင်းရေးမှုးရှုက လက်မခံပေ။ ထို့ကြောင့် ထိုအကျီများကို အန်တီလီက ဗီဒိုထဲတွင် ချိတ်ဆွဲထားလိုက်တော့သည်။
ဝမ်ယွီမှ သူမကို သူ၏စေ့စပ်ထားသူတစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်ဟု စိတ်ထင်မိသည်။ ထို့ကြောင့် သူမ ဝမ်ယွီနှင့် သေသေချာချာ စကားပြောရန်အချိန်တစ်ခုရှာရမည်ဖြစ်သည်။
သူမ အတွေးများဖြင့် လမ်းလျောက်နေစဉ်
‘’ ချီကျန်းကျန်း နင်ဘာတွေ လေးဖင့်နေတာလဲ...’’ ဝမ်စီစီ အသံထွက်ပေါ်လာသည်။
ချီကျန်းကျန်း သူမ အတွေးများကို အမြန်ဖြတ်ကာ ကြည့်လိုက်သည်။ ဝမ်စီစီသည် အလွန်တောက်ပြောင်နေသော Maserati ပေါ်မှ ခေါင်းထွက်၍ ဟွန်းတီးကာ သူမကိုစိတ်မရှည်စွာ လှမ်းခေါ်နေသည်။
‘’ နင်.. ဘယ်လိုတောင် ဆင်းရဲမွဲတေနေတာလဲ .... ချီမိသားစုက နင့်ကိုပစ်ထားလိုက်ပြီလား... တက်စီငှားဖို့တောင် ပိုက်ဆံမရှိလို့ ငါ့ကို လာခေါ်ခိုင်းတာလား...’’ ဝမ်စီစီ စကားများကြောင့် သူမ ပြုံးလိုက်မိသည်။
ဝမ်စီစီက သူမ အဝတ်အစားများကိုကြည့်ကာ ရွံရှာသွားဟန်ဖြင့် ‘’ ဒီလိုအစုတ်တွေ ဘာလိုဆက်ဝတ်နေသေးတာလဲ...’’
သူမ အပြောတွေကို နေသားကျနေသော ချီကျန်းကျန်းက ခါးပတ်ကိုပတ်လိုက်ရင်း ‘’ နင့်ကိုလာခေါ်ခိုင်းလို့ရနေတာပဲကို ဘာလို့တက်စီငှားရမှာလဲ...’’
ဝမ်စီစီ ‘’ ..... ‘’
ချီကျန်းကျန်းက ဘာလို့သူမကို ဒရိုင်ဘာနဲ့ ခိုင်းနှိုင်းလဲဆိုသည်ကို သူမ မသိတော့ပေ။
သူမ အသက်ပြင်းပြင်းရှုကာ ချီကျန်းကျန်းနှင့် စကားဆက်မများရန် ဆုံးဖြတ်လိုက်သည်။
‘ဒီမိန်းမက လူကို သေမတတ်ဒေါသထွက်အောင် လုပ်နိုင်တယ်....’
သူမ ချီကျန်းကျန်းကို တစ်ချက်လှန်းကြည့်လိုက်ပြီးနောက် ဝမ်ကျင်းအိမ်ယာကို ကြည့်လိုက်ပြီး စပ်စုသည့်မျက်နှာဖြင့် ‘’ နင် ဒီမှာနေတာလား... အိမ်ကနေထွက်ပြေးပြီး ဝမ်ယွီနောက်ကို လိုက်သွားတာမဟုတ်ဘူးလား.... ဘယ်လိုလုပ်ပြီး ဒီမှာနေနိုင်သွားတာလဲ...’’
‘’ ဘာလို့ အဲ့လောက်တာ ဂရုစိုက်နေတာလဲ...’’ ချီကျန်းကျန်း ခေါင်းကိုအနောက်သို့မီရင်း ပြောလိုက်သည်။
ဟုတ်ပါသည်... ဒီနေရာက ဝမ်ယွီပိုင်တာလို့ ဝမ်စီစီကို သူမပြောလို့မဖြစ်ပေ။
ထို့ကြောင့် သဘာဝကျကျပင် သူမ စကားကိုပိတ်လိုက်သည်။ သူမ ခေါင်းကိုရွေ့ကာ သက်တောင့်သက်သာဖြစ်မည့် အနေအထားသို့ပြောင်းလိုက်သည်။ ဘာကြောင့်မှန်းမသိ ဝမ်စီစီ၏ပြိုင်ကားလေးသည် ဝမ်ယွီကားလောက် စီးလို့မကောင်းဘူးဟု ခံစားလိုက်မိသည်။
ဝမ်စီစီ အသက်ပြင်းပြင်းရှုကာ သူမကိုယ်သူမပြောလိုက်သည် ‘ စိတ်လျော့... စိတ်ကိုလျော့.. ဒေါသမထွက်နဲ့...’
အဆုံးတွင် သူမ မနေနိုင်တာ့ဘဲ လှောင်ပြောင်သံဖြင့် ‘’ အကိုရိရန်က ဒီမှာအိမ်ဝယ်မှာမို့လို့ နင်လာနေတာတော့ မဟုတ်ပါဘူးနော်... ‘’
ပြီးတော့ ဝမ်ရိရန်ကိုယ်တိုင်ကလည်း ဒီနေရာက အိမ်များကအတော်လေးကောင်းမွန်ပြီး အိမ်ခြံမြေေဈးကွက်အတွက် တန်ဖိုးရှိသည်ဟု တွေးမိသည်။
မနေ့က သူမနှင့် ဝမ်ရိရန်စကားများထားသည့်အတွက် ထိုအကြောင်းကို ဝမ်စီစီ သိနေခြင်းဖြစ်သည်။
ထိုစကားကို ချီကျန်းကျန်း ကြားလိုက်သည်နှင့် သူမကို လှမ်းကြည့်ကာ တည်ငြိမ်စွာဖြင့် ‘’ နင်ဘာတွေတွေးနေတာလဲ...ဝမ်ရိရန် ဒီကအိမ်တွေကို မဝယ်နိုင်ဘူး...’’
‘’ဘာလို့လဲ’’ ဝမ်စီစီ အေးခဲသွားသည်။
ချီကျန်းကျန်း သူမ မျက်ခုံးကိုပင့်ကာ အပြုံးလေးဖြင့် ‘’ ငါသိနေလို့လေ...’’
xxxxxx