Part 50
မှန်ပေသည်။ ဝမ်ယွီက ဝမ်သုံယွီဘဲဖြစ်နေမှာပင်။
အသိသာပင်သူက လျိုယွီရှန်းထက် မကောင်းနိုင်ပေ။
လျိုယွီရှန်းမှာ ကောင်းကောင်းလုပ်နိုင်တာမျိုးမရှိပေမယ့်လည်း လျိုမိသားစုက သူ့ကိုမျက်နှာသာပေးကာ အနာဂတ်မှာ လျိုမိသားစုက သူ့အပိုင်ဖြစ်လာမှာဖြစ်ပေသည်။
ဒီလောက်များတဲ့ မိသားစုပိုင်ဆိုင်မှုတွေနဲ့ဆို မိသားစုထဲလက်ထပ်ဝင်လာတဲ့ဘယ်သူမဆို တသက်တာချမ်းသာကြွယ်ဝခြင်းတံခါးကို ဝင်လိုက်ရသလိုပင်ဖြစ်နေပေမည်။
ပြီးတော့ ဝမ်ယွီမှာက ဘာပိုင်ဆိုင်မှုမှမရှိပေ။
ဒီလိုနှိုင်းယှဉ်လိုက်တာနဲ့တင် ကွာခြားချက်ကအရမ်းကြီးလွန်းနေပြီ
ဝမ်ရိရန်ရဲ့ မျက်ခုံးတွေက တင်းကြပ်စွာကြုတ်လာပြီးသူ့နှုတ်ခမ်းတွေကလည်း ဖိစေ့သွားလေသည်။
လျိုယွီရှန်းက သူကဘယ်မိသားစုကလဲဆိုပြီးပြောလာတာကို ချီကျန်းကျန်းကြားလိုက်ပြီးတဲ့နောက် သူမ ငြင်းဆန်တာလဲ ထပ်မလုပ်တော့သလို ပြန်ပြီးရန်ဖြစ်တာလဲ မရှိတော့ပေ။
သူမက တကယ်ဘဲ လျိုယွီရှန်းနဲ့ ချိတ်ဆက်ဖို့ကြိုးစားနေတာလား ၊တဖက်လူက သူမကိုနှောင့်ယှက်လာတာ ဆိုရင်တောင်မှလေ。。。
အိုး သေချာပေါက်ပင် ချီကျန်းကျန်းက အရင်လိုချီကျန်းကျန်းဘဲဖြစ်နေတုန်းပါပင်။
ဝမ်ရိရန်ရဲ့ မျက်လုံးတွေက မထီမဲ့မြင်ပြုမှုတို့နှင့် ပြည့်နှက်လာကာ သူကနောက်သို့တလှမ်းဆုတ်လိုက်ပြီး အေးစက်စွာ ကြည့်လာခဲ့လေသည်
‘‘လျိုယွီရှန်း ချီကျန်းကျန်းကိုလွှတ်လိုက်စမ်း နင်ကဘာကိုဆိုလိုချင်နေတာလဲ နင်သူ့ကိုမထိဘဲနေဖို့ ငါပြောနေတယ်နော် ’’
ဝမ်စီစီက ဒေါသတကြီးရှေ့သို့ထွက်လာ လျိုယွီရှန်းအား ဆွဲယူရန်လုပ်လာခဲ့လေသည်။
ဒါပေမယ့် သူမလိုမိန်းကလေးတယောက်က ဘယ်လိုလုပ်ပြီး လျိုယွီရှန်းလို လူကောင်ကြီးတဲ့ယောက်ျားကို ဆွဲနိုင်ပါ့မလဲ ။ဒါကြောင့် သူမက သူ့လက်တဝှေ့နဲ့တင်
တွန်းထုတ်ခံလိုက်ရလေသည်။
ဝမ်စီစီက အရမ်းကိုဒေါသထွက်လာခဲ့တော့သည်
သူမဘာကြောင့် ချီကျန်းကျန်းဘက်ကနေ ရပ်တည်ပေးချင်နေမှန်း မသိတော့ပေမယ့် သူမရှေ့တွင် ချီကျန်းကျန်းအား အနိုင်ကျင့်လာတာကို ဒီအတိုင်းကြည့်မနေနိုင်ပေ။သူမမုန်းနေတဲ့ လျိုယွီရှန်းဆိုရင်တော့ ပြောစရာတောင်လိုမနေတော့ပေ
‘‘နင်သူ့ကိုလွှတ်လိုက်စမ်း ’’ ဝမ်စီစီက ထပ်မံပြေးဝင်လာပြန်သည်။
ချီကျန်းကျန်းက သူမကိုကြည့်လိုက်ကာ သူမအသံက တည်ငြိမ်နေခဲ့လေသည်။
‘‘ဝမ်စီစီ နင်ဘေးဖယ်နေပါ ’’
ဒီစကားလုံးတွေကို ကြားလိုက်ရပြီးနောက် ဝမ်စီစီက ထိတ်လန့်သွားတော့သည်။
သူမဘေးမှာတော့ ဝမ်ရိရန်မျက်လုံးထဲက လှောင်
ပြောင်မှုတွေက မျက်နှာတခုလုံးကိုတောင်ပျံ့နှံ့လာခဲ့သည်မှာ ဖုံးကွယ်မထားနိုင်တော့ပေ။
ချီကျန်းကျန်းက ဝမ်စီစီအား အခိုင်အမာပင်ကြည့်လာလေသည်။
သူမမျက်လုံးတွေကို ကြည့်လိုက်ပြီးနောက် ဝမ်စီစီက သတိမမူမိစွာနားထောင်လိုက်ပြီး နောက်သို့တလှမ်းဆုတ်သွားလေသည်။
လျိုယွီရှန်းပျော်သွားပြီး သူ့ကိုယ်ကဖိကပ်လာကာ သူ့မျက်နှာက ချီကျန်းကျန်းနှင့်ထိတော့မတတ်ပင်ဖြစ်လာပြီး သူ့အသံကယစ်မူးနေကာ ပရောပရည်လုပ်မှုများ ပါဝင်နေခဲ့လေသည်။
‘‘ဒါဆို မင်းကကျန်းကျန်းလို့ခေါ်တာပေါ့ ဘယ်လိုတောင်ကောင်းတဲ့နာမည်လေးလဲ ၊ကိုယ်မင်းကိုတကယ်ကြိုက်တယ် မင်းကိုတွေ့လိုက်ကတည်းက ကိုယ့်နှလုံးသားက အထိန်းအကွပ်မဲ့သွားသလိုခံစားလိုက်ရတယ် ကျေးဇူးပြုပြီး ကိုယ့်ချစ်သူဖြစ်လာပေးပါ ’’
‘‘တကယ်လား ’’ ချီကျန်းကျန်းက သူ့အား အပြုံးတခုနှင့် ဖြတ်ပြောလိုက်လေသည်
သူမပြုံးလိုက်တာနဲ့ လျိုယွီရှန်းက မိန်းမောသွားကာ သူမအားကြောင်အစွာကြည့်လာခဲ့လေသည် သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် အရူးအမူးဖြစ်သွားမှုများနှင့် ပြည့်လျှံနေလေသည် ။
ဒီလောက် ကြည့်ကောင်းတဲ့လူတယောက်က ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ၊。。
‘‘ဒါပေါ့တကယ်ပြောတာပါ ကိုယ်မင်းကိုအရမ်းကြိုက်တယ် ’’ သူကလက်မြှောက်လိုက်ကာ သူမမျက်နှာအားထိရန်လုပ်လာခဲ့လေသည် ။
ချီကျန်းကျန်းရဲ့ အပြုံးကရပ်တန့်သွားပြီး သူမမျက်နှာကအေးစက်လာလေသည်၊ သူမကခြေထောက်ကိုမြှောက်ကာ သူမအခုလေးတင်ကြည့်လိုက်တဲ့ သူရဲ့အဖိုးတန်နေရာအား ကန်ပစ်လိုက်တော့သည်။
‘ဘန်း’
‘‘အားးးးး’’
အသံနှစ်ခုလုံးက တပြိုင်နက်တည်းထွက်ပေါ်လာခဲ့လေသည် ။
လျိုယွီရှန်းက သူ့ပေါင်ကြားကိုအုပ်ကိုင်လိုက်ပြီး သူ့မျက်နှာက ကြောက်ခမန်းလိလိနာကျင်မှုတွေနှင့်ပြည့်နှက်လာကာ အော်ဟစ်လိုက်လေသည်။
‘‘အားး အရမ်းနာတယ် ...’’
အခြားသူများအားလုံး လုံးဝကိုကြောင်အသွားကြသည်။
ဝမ်စီစီလည်းဘဲ ကြောင်သွားလေသည်။
ဝမ်ရိရန်က ပိုပြီးတောင်ကြောင်အသွားကာ ချီကျန်းကျန်းကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်က လှောင်ပြောင်မှုတွေက ပျောက်ကွယ်သွားတော့သည်။
ချီကျန်းကျန်းက သူ့ရှေ့က ပေါင်ကြားကိုဖုံးကိုင်ထားတဲ့ လူကိုကြည့်လိုက်ကာ သူ့အသံကမကွဲပြားစွာ မူးညံ့နေလေသည်
‘‘လျိုယွီရှန်း နင်သေချာပေါက် မနက်ဖြန်တက်လာမယ့် သတင်းတွေကို ကြည့်ချင်မှာမဟုတ်လောက်ဘူး
-လျိုမိသားစုရဲ့ သခင်ငယ်လေးက နိုက်ကလပ်မှာ မိန်းကလေးတယောက်ကို ပရောပရည်လုပ်လိုက်ပြီး မိန်းကလေးရဲ့ တုန့်ပြန်မှု ကြောင့် သူ့ရဲ့ ရတနာလေး ပျက်စီးသွားပြီ ဆိုတဲ့သတင်းလေ- ဟုတ်တယ်မလား... ’’
သူမက ဖြေးဖြေးလေးရိုက်လိုက်တာမဟုတ်ပေ။
လျိုယွီရှန်းမျက်နှာက ရှက်စရာကောင်းစွာ အချိန်အကြာကြီး ရှုံ့တွလာပြီးနောက် သူက မတောင့်ခံနိုင်တော့ဘဲ သူ့ဘေးက စားပွဲပေါ်သို့ လဲကျသွားလေသည်။
‘‘ခွမ်းး’’ဝိုင်ပုလင်းများနှင့် ခွက်များက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ချီကျန်းကျန်း သူမအိတ်ကပ်ထဲက ဖုန်းကိုစမ်းကြည့်လိုက်သည်။
တော်သေးတယ် ကံကောင်းလို့ဖုန်းဘာမှမဖြစ်သွားဘူး မဟုတ်ရင် သူမမှာ ဖုန်းတလုံးထပ်ဝယ်ဖို့ ပိုက်ဆံမရှိတော့ဘူး
‘‘တားလိုက်စမ်း သူမကို ထွက်မသွားစေနဲ့... ’’
လျိုယွီရှန်းက သူ့ပေါင်ကြားကို အုပ်ကိုင်လိုက်ပြီး နာကျင်မှုနဲ့အော်ဟစ်လိုက်လေသည်။
ဝမ်ရိရန်နဲ့ပါလာတဲ့ လူတချို့နဲ့အခြားလူတွေက ရှေ့သို့တိုးလာပြီး ချီကျန်းကျန်းကို ဆွဲကိုင်လိုက်ကာ ပြောလာလေသည်။
‘‘ချီကျန်းကျန်း နင်ဘာလို့အဲ့လိုလုပ်လိုက်ရတာလဲ ’’
‘‘သခင်ငယ်လေးလျိုသာ တခုခုဖြစ်သွားရင် နင်တော့သေပြီဘဲ ’’
‘‘နင်ထွက်သွားလို့မရဘူး အရာအားလုံးကို ဖြေရှင်းလို့ပြီးသွားမှ နင်ထွက်သွားလို့ရမယ် ’’
‘‘ဟုတ်တယ် ယွီရှန်းကနင့်ကိုကြည့်ခိုင်းထားတယ် အရမ်းအရှက်မဲ့မနေနဲ့တော့ ’’
ဒီလူတွေထဲမှာ အန်းချင်ယုလည်း ပါနေလေသည် ၊သူမကချီကျန်းကျန်းနဲ့ ဆက်ဆံရေးမကောင်းကာ လျိုယွီရှန်းနှင့်တော့ သူမက ဆက်ဆံရေးကောင်းလေသည်။
ဒီလိုကြီးမားတဲ့ လှုပ်ရှားမှုတွေက လူတွေက စတင်ပြီးကကြည့်လာကြလေသည်
ဒီအရှုပ်အထွေးက ကြီးမားလာကာ လူတွေက ကြည့်ဖို့ စုဝေးလာကြလေသည်။
မန်နေဂျာက ချက်ချင်းပင် လူစုခွဲဖို့တောင်းဆိုလိုက်လေသည် ၊ ဒါကသူမက သခင်မလေးဖြစ်လို့လည်းမဟုတ်သလို့ သူကလည်းမိသားစုကြီး၏သခင်လေးဖြစ်နေလို့လည်းမဟုတ်ပါ၊ သူတို့က ဒီလိုအရှုပ်အထွေးတွေကို ဓာတ်ပုံရိုက်ခံရမှာကြောက်လို့ဖြစ်ပေသည်။
လုံခြုံရေးတွေနှင့် ဝန်ထမ်းတွေက အတူတကွလုပ်ဆောင်လိုက်ကြကာ မကြာခင်မှာဘဲ လူတွေရှင်းလင်းသွားတော့သည်။
ဒါကြောင့်နိုက်ကလပ်တခုလုံးတွင် ထောင့်မှာရှိနေခဲ့တဲ့ အဖွဲ့ကသာ ကျန်နေခဲ့လေသည်၊ မန်နေဂျာနဲ့ လုံခြုံရေးဝန်ထမ်းတွေက သူတို့ရန်ဖြစ်လာမှာကြောက်သောကြောင့် သိပ်မဝေးတဲ့နေရာကနေစောင့် ကြည့်နေလိုက်ကြလေသည် သူတို့အာရုံမစိုက်မိလိုက်လို့ သူတို့ဘဝတွေပါ ပျက်စီးသွားမှာကြောက်လေသည်။
ရန်ဖြစ်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ် သူတို့ကဝင်မပါရဲပေ။
လျိုယွီရှန်းကလည်း အနည်းငယ်ပြန်တည်ငြိမ်လာခဲ့ပေသည်၊ သူက သူ့ခါးကိုဖြောင့်ဖြောင့်မရပ်နိုင်သေးပေမယ့်လည်း နာကျင်မှုက အနည်းငယ်သက်သာသွားပေသည်၊ သူကအရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရပြီး ဒေါသတကြီးနဲ့ အော်ဟစ်လာလေတော့သည်။
‘‘မင်းကများ ဘယ်လိုဖြစ်ပြီးငါ့ကိုရိုက်ရဲရတာလဲ ၊ငါနင့်ကိုဒီတိုင်းမထားဘူး... ’’
ချီကျန်းကျန်းအရှေ့က လမ်းကို လူတချို့ကပိတ်ဆို့ထားလိုက်လေသည်။သူမက လျိုယွီရှန်းကို ပြန်လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်ပေသည်။
‘‘နင်ဆေးရုံမှာ သွားစစ်ကြည့်ဖို့မလုပ်ဘူးလား အဲ့ဒ့က အသုံးမဝင်ဖြစ်သွားအုံးမယ်နော် ဒီမှာလာပြီးဘာလို့အော်ဟစ်နေသေးတာလဲ... ’’
-ချီကျန်းကျန်းက သူ့ကိုဖြေးဖြေးလေးရိုက်လိုက်တာမဟုတ်သလို့ ပျက်စီးသွားအောင်လည်း သူမမရိုက်လိုက်ပေ။
ချီကျန်းကျန်းကို သူမကိုယ်သူမသိပေသည်၊ တကယ်လို့သူမသာ သုံးစားမရတဲ့အထိရိုက်လိုက်လို့ကတော့ လျိုမိသားစုက သူမကိုသေတဲ့အထိရိုက် သတ်လာမှာဖြစ်ပေသည် ။
ချီမိသားစုက သူမကိုကယ်မှာတဲ့လား အဲ့ဒါကပြောဖို့ခက်ပေမည်။
ဒီကိစ္စကဖြေရှင်းဖို့ မလွယ်ကူပေမယ့် ကြီးမားတဲ့ပြသနာအထိ ဖြစ်လာမှာလည်းမဟုတ်ပေ။
ဒါပေမယ့် သူမဒါကိုနောင်တမရပေ။ အဲ့ဒီလူသာ သူမအနားထပ်ကပ်လာပြီး သူ့ခြေလက်တွေက်ုလှုပ်ရှားလာခဲ့ရင် သေချာပေါက်ကို ဒီထက်ပြင်းပြင်းကန်လိုက်မှာဖြစ်သည်။
လျိုယွီရှန်းမျက်နှာက ကြည့်ရဆိုးလာပြီး သူကစားပွဲကိုကိုင်ထား ဖြောင့်ဖြောင့်ရပ်ရန်လုပ်လိုက်လေသည်။
ဝမ်ရိရန်က အေးစက်စက်မျက်နှာနှင့် ရှေ့သို့တိုးလာလေသည်။
‘‘လျိုသခင်လေး ဒီနေ့ခင်ဗျားလုပ်တာနည်းနည်းလွန်သွားပြီလို့မထင်ဘူးလား ခင်ဗျားရဲ့ လျိုမိသားစုက ကျွန်တော့်ညီမနဲ့လက်ထပ်ဖို့ ကမ်းလှမ်းလာခဲ့တာလေ၊အခုတော့ သူမရှေ့မှာ သူမသူငယ်ချင်းကို ပရောပရည်လုပ်နေတယ်တဲ့လား ချီကျန်းကျန်းကချီမိသားစုရဲ့ အကြီးဆုံးသခင်မလေးနော် သခင်ငယ်လေးလျို ဒါကသိပ်တော့မကောင်းဘူးနော် ဟုတ်တယ်မလား ’’
သူ့ပုံစံက ပြင်းပြင်းထန်ထန်ပြောလာတာမဟုတ်ပေမယ့်လည်း သူ့အသံထဲ၌ ခြိမ်းခြောက်မှုများပါဝင်နေလေသည် အသက်တရှိုက်လေးနဲ့တင် ချီမိသားစုနဲ့ ဝမ်မိသားစုကို စော်ကားဖို့ဆိုတာ လျိုမိသားစုအနေဖြင့် လုပ်ဖို့မတတ်နိုင်ပေ။
ဝမ်ရိရန်တစ်ယောက် သူ ဘာလို့သူမအတွက်ရပ်တည်ပေးလိုက်မှန်းမသိတော့ပေ၊ဒီအတိုင်း。အဲ့ဒါက သူကအရမ်းကိုမပျော်မရွှင်ခံစားလိုက်ရလို့ပင်
ပေါင်ကြားကို အုပ်ကိုင်ထားတဲ့ လျိုယွီရှန်းက ထိတ်လန့်သွားပြီး သူအရက်မူးနေတာကလဲ ဒီအရာကြောင့်ပျောက်ကွယ်သွားတော့သည် ၊အရက်မူးနေတဲ့ သူ့ခေါင်းက စတင်အလုပ်လုပ်လာကာ သူကစိတ်ရှုပ်ထွေးသွားတော့သည်။
‘‘သူမက ချီမိသားစုရဲ့သခင်မလေးတဲ့လား မဖြစ်နိုင်ဘူး ချီကျန်းကျန်းက ဒီလောက်ကြည့်မကောင်းနိုင်ဘူး...’’
xxxxxxx