part 51
အခုတော့ သူအမူးပြေသွားလေပြီ ။ သို့သော် ချီကျန်းကျန်းကို သူကြည့်လိုက်တိုင်း သူမကအရမ်းကြည့်ကောင်းတယ်လို့ သူခံစားမိနေတုန်းဖြစ်ပေသည်။
သူခံစားလိုက်ရတဲ့ နာကျင်မှုကြောင့်သာမဟုတ်ရင် သူက သူမနဲ့ထပ်ပြီး ထိတွေ့ဆက်ဆံရန် လိုလားနေအုံးမှာဖြစ်သည်။
သူ့အမြင်အရဆိုရင် ချီမိသားစုရဲ့သမီးအကြီးဆုံးက
ဒေါင်းပန်းပွင့်လိုပင်ဖြစ်ပေသည်၊ သူမက ပြောင်ပြောင်လက်လက်ဝတ်ဆင်တတ်ကာ စိတ်ကြီးဝင်သောအမူအရာရှိလေသည် ပြီးတော့သူမက ဝမ်ရိရန်နောက်ကို တချိန်လုံးလိုက်နေတတ်ကာ အဆုံးမရှိသလိုနှောင့်ယှက်တတ်လေသည်
အဲ့လိုလူက သူရှေ့ကနတ်သမီးလေးဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ
ဝမ်ရိရန်ကဘာမှမပြောလာခဲ့ပေ ၊အမှန်တကယ်တော့သူလည်းအဲ့လိုခံစားနေရတာဖြစ်သည်၊ ကားမတော်တဆဖြစ်ပြီးကတည်းက ချီကျန်းကျန်း ပိုပိုပြီးကြည့်ကောင်းလာခဲ့လေသည်。。。သူမကအရင်လို စိတ်ရှုပ်စရာ မကောင်းတော့ပေ။
‘‘လျိုယွီရှန်း ငါနင့်ကိုပြောလိုက်မယ်၊ ဒီနေ့ညမှာ နင်လုပ်တဲ့အရာတွေကို ငါ့ဦးလေးနဲ့ နင့်အဖိုးကိုပြန်ပြောလိုက်မှာ ၊ ငါသေချာပေါက် နင့်ကိုလက်ထပ်မှာမဟုတ်ဘူး... ’’
ဝမ်စီစီက အံ့ကြိတ်လိုက်လေသည်။
လျိုယွီရှန်းက လူတွေရှေ့မှာ ချီကျန်းကျန်းကို ပြုမူခဲ့တာတွေက သူမအတွက် လက်ထပ်ဖို့ကိုဆန့်ကျင်ဖို့ အကြောင်းရင်းကောင်းတခုဖြစ်သွားပေမယ့်လည်း သူမဒေါသထွက်နေဆဲဖြစ်ကာ လျိုယွီရှန်းခေါင်းအား ရိုက်ခွဲချင်နေပေသည်။
လျိုယွီရှန်းက သူ့မိသားစု၏အလိုလိုက်တာကို ခံရရင်းကြီးပြင်းလာခဲ့တာဖြစ်ပေသည်။ လူတိုင်းကသူ့ကို
အပြစ်တင်လာတာကို တွေ့လိုက်ရတဲ့အခါမှာတော့ သူကအဝေးမှာရပ်နေတဲ့ ချီကျန်းကျန်းကို မြင်လိုက်လေသည်၊ သူမက သိမ်မွေ့သောပုံစံဖြင့် မတ်တပ်ရပ်နေကာ သူမမျက်နှာ မီးရောင်အောက်တွင် တလက်လက်တောက်ပေနေလေသည်。。。。
သူက စိတ်မရှည်စွာပြောလိုက်တော့သည်။
‘‘ဝမ်စီစီ ငါကလည်းနင်နဲ့လက်မထပ်ချင်ပါဘူးနော် ငါချီကျန်းကျန်းကိုဘဲ ကြိုက်တာ... ’’
သူက ခုနကလောက်မနာကျင်တော့တာကြောင့် ချီကျန်းကျန်းဘေးသို့ လျှောက်သွားရန်လုပ်လာတော့သည်၊ ဒါပေမယ့်အဆုံးမှာတော့ သူခံစားလိုက်ရတဲ့ နာကျင်မှုကြောင့် သူမနှင့်အရမ်းနီးနီးကပ်ကပ်ဆီသို့ မသွားရဲတော့ပေ၊ သူက ချီကျန်းကျန်းနဲ့ နှစ်လှမ်းလောက်အကွာမှာရပ်လိုက်ကာ သူမအား ယစ်မူးစွာ စိုက်ကြည့်လိုက်လေသည်
‘‘ချီကျန်းကျန်း ငါ့ရဲ့မိသားစုကို မင်းမိသားစုနဲ့ လက်ထပ်ဖို့အတွက်ဆွေးနွေးဖို့ ငါလွှတ်လိုက်မယ်’’
လျိုယွီရှန်းက ရယ်မောလိုက်လေသည်။
ဝမ်ရိရန်က လက်သီးဆုပ်သွားကာ တခုခုပြောရန်လုပ်လိုက်လေသည်၊ အန်းချင်ယုက သူ့လက်ကိုဆွဲလိုက်ကာ သူ မပြောခင်အရင် သူမကနူးညံ့စွာ ပြောလိုက်လေသည်။
‘‘သခင်လေးလျို ရှင်စိတ်ပျက်သွားရမှာတော့ စိုးရိမ်မိပါတယ် အမကျန်းကျန်းမှာက သတို့သားလောင်းရှိနေပြီးသားပါ 。。。ဝမ်ယွီလေ ၊ သူတို့မှာ တကယ်ကောင်းတဲ့ဆက်ဆံရေးရှိတယ် အမကျန်းကျန်းအိမ်ကထွက်သွားပြီးကတည်းက သူမကဝမ်ယွီနဲ့ အတူနေနေတာလေ... ’’
‘‘ဝမ်ယွီလား ’’ လျိုယွီရှန်းက ဒီလူအားအလေးအနက်မတွေးလိုက်ဘဲ သူကဂုဏ်ယူစွာပြောလိုက်လေသည် ‘‘ချီကျန်းကျန်း ငါသေချာပေါက်နင့်ကို လက်ထပ်မှာ ’’
ခုနတုန်းက သူအရက်မူးကာ ယစ်မူးနေခဲ့ပေမယ့် ချီကျန်းကျန်း သူ့ကိုလူကြားထဲမှာ ကန်လိုက်ပြီးတဲ့နောက်မှာတော့ သူမရဲ့ ကလန်ကဆန်လုပ်လာမှုကြောင့် သူဒီမိန်းကလေးကို သူ့လက်အောက်ကိုရောက်လာစေချင်သည်။
ဝမျယှီလား
အိုးအဲ့ဒါက ဒီအတိုင်းဝမ်မိသားစုရဲ့ပိုနေတဲ့ အမှိုက်တခုလေးပါဘဲ
ချီကျန်းကျန်းခြေထောက်တွေက အနည်းငယ်ထပ်လှုပ်ရှားလာကာ ထပ်ကန်ဖို့လုပ်လာခဲ့လေသည်။
လက်ထပ်ရတာဖြစ်ဖြစ် ဘာဖြစ်ဖြစ် သူမဂရုမစိုက်ပေ၊သူမသာ မလုပ်ချင်ဘူးဆို ချီမိသားစုက သူမကိုဖိအားပေးနိုင်မှာတဲ့လားး
မိဘစကားကိုဘဲ နားထောင်ပြီး အောင်သွယ်လာတဲ့စကားတွေကိုဘဲနားထောင်ရတဲ့ နေ့ရက်တွေက ကုန်သွားတာကြာခဲ့ပြီ。。。
အခုခေတ်မှာတော့ မိသားစုကြီးတွေထဲက အများစုက
သူတို့မိသားစုရဲ့ လက်ထပ်ပေးတာကို လက်ခံနေရတုန်းဖြစ်ပေသည် ၊တစုံတခုကိုချစ်ခင်မှုလာတာ၊ တခုခုကိုစိတ်ဝင်စားလာခဲ့ရင်တော့ သူတို့လက်ဦးမှုယူလိုက်တာကြောင့် လက်ထပ်မှုနှင့်ချည်နှောင်ရန် မဖြစ်နိုင်တော့ပေ
သူမအနေဖြင့် ချီမိသားစုနဲ့ဆက်ဆံရေးကို တန်ဖိုးထားလိုစိတ်မရှိပေ ပြီးတော့ ချီမိသားစု၏ ပိုင်ဆိုင်မှုတွေကိုလည်း စိတ်မဝင်စားပေ၊ ဘယ်သူကများ သူမကိုဖိအားပေးနိုင်မှာလဲ
သူမနှုတ်ခမ်းတွေကို စေ့လိုက်ကာ မျက်လုံးများက အေးစက်လာခဲ့လေသည်
သူမခြေထောက်နဲ့ ထပ်ကန်ပြီးတာနဲ့ ရဲကိုခေါ်ဖို့ဆုံးဖြတ်လိုက်လေသည်၊ အဲ့ဒီလူတွေက သူမကိုတကယ်တားနိုင်မယ်လို့ မယုံပေ။
သို့သော်လည်း သူမ မကန်ရသေးခင်မှာဘဲ နောက်ထပ်လက်တစုံက လျိုယွီရှန်းလက်ကို ဆွဲလာလေသည် ။
အဲ့ဒီလက်က အချိုးကျတဲ့ အဆစ်တွေရှိကာ အရမ်းကြည့်ကောင်းပြီး အားအင်ကြီးပုံပေါ်လေသည်။
လျိုယွီရှန်းလက်ကို အားနဲ့ဖိကိုင်လိုက်တဲ့အတွက် အဲ့လက်ဆစ်တွေက အနည်းငယ်ဖြူဖျော့သွားတော့သည်။
‘‘အားးးးအရမ်းနာတယ် လွှတ်လိုက်စမ်း’’
လျိုယွီရှန်းက သနားစရာကောင်းစွာအော်ဟစ်လိုက်လေသည်။
‘‘ဆန့်မထုတ်နိုင်တဲ့ လက်သည်းတွေက အဖြတ်ခံရဖို့ကို အသင့်ပြင်ထားသင့်တယ် ’’
ထိုအသံက အရမ်းကိုအေးစက်နေကာ အန္တရာယ်ရှိနေသည့်ပုံပေါက်နေပေသည်။
-အဲ့ဒီလူက ဝမ်ယွီဖြစ်လေ၏။
ချီကျန်းကျန်း သူမကိုယ်ကိုသတိမထားမိပါဘဲ ဝမ်ယွီကိုမြင်လိုက်ရတဲ့အချိန် သူမမျက်လုံးများက အနည်းငယ်တောက်ပသွားတော့သည်။
‘‘ချီကျန်းကျန်းက ငါ့ရဲ့သတို့သမီးလောင်း ’’
ဝမ်ယွီ၏ အသံက ပိုလို့တောင်အေးစက်လာခဲ့ပေသည်။
သူ့လက်ကအားကိုပိုစိုက်လိုက်ကာ တဖက်လူလက်အားနောက်ဘက်သို့လိမ်လိုက်ကာ ဆွဲချလိုက်လေသည်။ဝမ်ယွီသူ့ကို ကြမ်းပြင်ပေါ်သို့ပစ်ချတာနဲ့အညီ လျိုယွီရှန်းရဲ့သနားစရာအသံက အော်ဟစ်သွားတော့သည်။
‘ခရက်’
‘‘အားးးးး’’ လျိုယွီရှန်းရဲ့ အော်သံက ပြောင်းလဲသွားလေသည်။
ချီကျန်းကျန်းရဲ့ ကန်ချက်က သူမူးမေ့သွားလောက်အောင်နာကျင်စေတာဆိုရင် ဝမ်ယွီရဲ့သူ့လက်ကိုတိုက်ရိုက်လိမ်ချိုးလိုက်တာကတော့ သူ့အား မအော်ဟစ်ဘဲမနေနိုင်အောင် လုပ်နိုင်လိုက်လေသည်။
သူကကြမ်းပြင်ပေါ်လဲကျသွားကာ သူ့လက်အား အုပ်ထားလိုက်ကာ တိတ်တဆိတ်ငြီးတွားနေကာ မလူးလိမ့်ဘဲ မနေနိုင်တော့ပေ။ ချွေးစေးတွေကသူ့နဖူးပေါ်မှ စီးကျနေကာ နှာရည်နှင့်မျက်ရည်များလည်း သူ့မျက်နှာပေါ်တွင် စီးကျလာတော့သည်။
ဒါပေမယ့်လည်း ဝမ်ယွီက သူ့ကိုလွှတ်မပေးလိုက်ဘဲ သူ့ခြေထောက်အားမြှောက်လာပေသည်။
သူက ဝတ်စုံပြည့်နှင့် သားရေဖိနပ်ကိုဝတ်ဆင်ထားဆဲဖြစ်ကာ မာကြောနေသော သားရေဖိနပ်တို့ကို လျိုယွီရှန်း၏ ကျိုးသွားသောလက်ပေါ်သို့ ညင်သာစွာတင်လိုက်လေသည်။
‘‘ဝမ်ယွီ မင်းဘာလုပ်မလို့လဲ ’’
ဝမ်ရိရန်ရဲ့ မျက်နှာက အနည်းငယ်ပျက်ယွင်းသွားတော့သည် ။
သူ လျိုယွီရှန်းရဲ့ အပြုအမူတွေကို မကြိုက်တာမှန်ပေမယ့်လည်း ဒီလိုပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်လိုက်ရင် လျိုမိသားစုက ဒီကိစ္စကို ဒီအတိုင်းလွှတ်ပေးလာမှာ မဟုတ်တော့ဘူး。。。
ဝမ်ယွီက သူ့ကြောင့်အနှောင့်အယှက်မဖြစ်သွားပေ၊ သူက လှည့်တောင်ကြည့်မလာခဲ့ချေ။
သူက လျိုယွီရှန်းအား သေစေနိုင်သောမျက်လုံးတို့ဖြင့် စိုက်ကြည့်လိုက်ကာ သူ့ခြေထောက်ကို အားအနည်းထည့်လိုက်လေသည်။
‘‘အားးးအားးး’’ လျိုယွီရှန်းထပ်မံ၍ နာကျင်စွာအော်ဟစ်လာတော့သည် ။
‘‘ချီကျန်းကျန်းနဲ့ လက်ထပ်ချင်နေတုန်းဘဲလား... ’’
ဝမ်ယွီကမေးလာခဲ့လေသည်၊ သူ့ရဲ့အေးစက်နေတဲ့ အသံက အနည်းငယ်အက်ရှနေကာ အဲ့ဒါကတည်ငြိမ်နေပေမယ့် လူတွေကို သူတို့နောက်ကျောများအား အေးစိမ့်လာစေခဲ့ပေသည် ။
ဒီလိုကြည့်ကောင်းတဲ့ မျက်နှာနဲ့ဆိုပေမယ့်လည်း အခုချိန်မှာတော့ အဲ့ဒါကအေးစက်ကာ မှောင်မှိုင်းနေပြီး ငရဲဘုရင်ကဲ့သို့ပင် ထင်ရလေသည်။
လျိုယွီရှန်းက အရမ်းနာလွန်းလို့ စကားမပြောနိုင်တော့ပေ။
ဝမ်ယွီက အမူအရာမဲ့စွာ ထပ်နင်းချလိုက်ပြန်သည်။
‘‘အားးး’’ လျိုယွီရှန်းက ခေါင်းကိုအကြောက်အလန့်ပင် ရမ်းခါလိုက်ကာ ငိုယိုရင်းနှင့် စကားတခွန်းကို ထုတ်ပြောရန်ရုန်းကန်လိုက်ရတော့သည်
‘‘မဟုတ်ဘူး၊ ငါမလုပ်ရဲတော့ပါဘူး。。。’’
အဲ့ဒီအခါမှသာ ဝမ်ယွီ၏ ခြေထောက်က အားလျော့သွားတော့သည်။
သူက အခုချိန်တွင် အခြားလူလိုပင် မျက်လုံးပြူးကာ သူ့အားကြည့်နေသော ချီကျန်းကျန်းအား ပြန်ကြည့်လိုက်လေသည်။
ဝမ်ယွီအခုလုပ်သွားတာက အရမ်းကိုကြောက်ဖို့ကောင်းလွန်းလို့ ဘယ်သူကမှ သူ့ကိုမတားရဲကြပေ။
ချီကျန်းကျန်းကလည်း သူ့ကိုတားခဲ့ခြင်းမရှိချေ။
ဝမ်ယွီက သူမ၏အနည်းငယ်မှိုင်းသွားသော မျက်လုံးများကိုကြည့်လိုက်ကာ သူ့ရင်ထဲ ဖော်ပြမရနိုင်သော ထိတ်လန့်မှုတခုဖြစ်သွားတော့သည်။
လျိုယွီရှန်းက သူမကိုလက်ထပ်ချင်တယ်လို့ သူကြားလိုက်ရပြီး ပိတ်ဆို့ခံထားရတဲ့ ချီကျန်းကျန်းဆီ သူ့လက်ဆန့်ထုတ်လိုက်တာကို မြင်လိုက်ရတဲ့အချိန်မှာ ဝမ်ယွီက ရန်လိုစိတ်တွေနှင့် ပြည့်နှက်သွားတော့လေသည်။
သူသတိပြန်ဝင်လာမှသာ ထပ်ပြီး အနည်းငယ်ထိတ်လန့်သွားတော့သည်
ချီကျန်းကျန်း。。。သူအခုလုပ်လိုက်တဲ့အရာကြောင့် သူ့ကိုကြောက်သွားမလား သူ့ကိုကြောက်သွားတော့မှာလား ၊သူကအရမ်းရက်စက်တယ်လို့များ သူမထင်နေပြီလား。。。
နောက်ဆုံးမှာတော့ သူမကကြောက်လန့်တတ်တဲ့ နှလုံးသား ရှိတဲ့လူလေ。。。。
xxxxx