Part 52
၀မ်ယွီက သူ၏မထုံတက်တေးမျက်နှာကိုထိန်းထားဆဲပင် ။ သူ၏နှလုံးသားထဲမှ ထိတ်လန့်မှုတစ်စုံတစ်ရာကိုသော်မျှ မဖော်ပြထားချေ။
သို့သော် ချီကျန်းကျန်း၏ တုန့်ပြန်မှုကမူ လူတိုင်းတွေးထားသည်ထက် ပိုလွန်းနေခဲ့သည်။ သူမသည် ၀မ်ယွီအား အပြစ်တင်ရန်သို့တည်းမဟုတ် စွပ်စွဲရန်လည်းမလုပ်ခဲ့သလို ပျော်ရွှင်နေပုံလည်းမပေါက်ခဲ့ချေ။ သူမက၀မ်ယွီထံသာတရှိန်ထိုးပြေးထွက်သွားခဲ့သည်။
ထို့နောက် သူ၏လက်ကိုဆွဲလျက် အပြင်သို့ပြေးထွက်သွားတော့သည်။
၀မ်ယွီမှာ ကြောင်အလျက် သတ်လက်လွတ်နှင့် သူမဆွဲခေါ်ရာလိုက်သွားမိလေသည်။ သို့နှင့်နှစ်ဦးသားမှာ မြင်ကွင်းမှတဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။
နောက်တွင်မူ အန်ချင်းယုနှင့် တခြားသူများမှာ ကြမ်းပြင်ပေါ်ငြီးတွားလျက် လဲကျနေသော လျိုယွီရှန်းအား ကြည့်ကာ ကြောင်အလျက်ကျန်နေခဲ့တော့သည်။
မန်နေဂျာနှင့် အစောင့်များမှာလည်း ခတ္တမျှကြောင်နေခဲ့ပြီးမှ ချီကျန်းကျန်း ထွက်ပြေးသွားသည်က်ုမြင်မှအသိပြန်၀င်လာကြကာ မန်နေဂျာမှာ လျိုယွီရှန်းကို ဆေးရုံသို့ပို့ရန် ပြင်လိုက်ရသည်၊
"သူ့လက်ကိုမထိနဲ့ သတိထား၊ အမြန်လုပ်" မန်နေဂျာမှဆော်သြလိုက်သည်။
သူ့တွင်အတွေ့အကြုံရှိသည်ပင်။
လောလောဆည်တွင် လူအများအား ဆေးရုံခေါ်မနေတော့ပဲ ဆေးရုံကိုသာတိုက်ရိုက်အမြန်ပို့လိုက်သည်။
သူ့တွင် ကားနှင့် စိတ်ချရသော လက်ထောက်များရှိသည်မို့ ဆေးရုံကိုအမြန်ဆုံးပို့နိုင်လိုက်သည်၊
အဆုံးမှာတော့ သူ့မှာ အတွေ့အကြုံတွေအများကြီးရှိခဲ့ဖူးသည်မဟုတ်ပါလော္
အားလုံးကိုဖြေရှင်းပြီးသည့်နောက်တွင် မန်နေဂျာမှာကြောက်လန့်စွာ ထောင့်တစ်နေရာတွင် ကုပ်နေမိသည်။
လျိုမိသားစုမှာ၀မ်ယွီကိုသေချာပေါက်သွားရှာလိမ့်မည်ဖြစ်ကာ သူဌေးကမူ သူ့အား ပယ်ပယ်နယ်နယ်ဆူလိမ့်မည်။
'အား'
"ဒီ၀မ်ယွီ.. သူဘယ်လိုလုပ်ရဲတာလဲ" အန်ချင်းယု အသိပြန်၀င်လာလျှင် ရေရွတ်လိုက်မိသည်။
၀မ်ရိရန်၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း အမူအယာကမူလွန်စွာကြည့်ရဆိုးနေခဲ့သည်၊
သူ့ဘေးမှ ၀မ်စီစီက စိတ်ပူနေသလို ကြိတ်၍လည်းပျော်နေခဲ့သည်။ အန်ချင်းယု၏စကားက်ုကြားလျှင် သူမကပြောလ်ုက်သည်။
"၀မ်ယွီက ချီကျန်းကျန်းကို ကာကွယ်တာ ဘာများမှားနေလို့လဲ၊ နင် ကျန်းကျန်းနဲ့ရင်းနှီးတယ်မဟုတ်ဘူးလား၊ ကျန်းကျန်းအနိုင်ကျင့်ခံနေရတာကို ဘာလို့ဒီတိုင်းကြည့်နေနိုင်တာလဲ၊ ချီမိသားစုသာ ဒီအကြောင်းကိုကြားရင် ဘယ်လိုတုန့်ပြန်မှာလဲ စောင့်ကြည့်နေလိုက်.."
သူမ အန်ချင်းယုကို ယခင်ကသိပ်မမုန်းခဲ့။ ထို့အပြင်သူမတို့နှစ်ဦးမှာ ရင်းနှီးသည်ဟုတောင်ဆိုနိုင်သည်၊
သို့သော် ကျန်းကျန်း ကားမတော်တဆမှုဖြစ်ပြီးနောက် သူမမှာ အန်ချင်ယု အားမြင်လေ အမြင်ကပ်လေဖြစ်လာခဲ့သည်၊
အန်ချင်းယု ၏အမူအယာကပြောင်းလဲသွားပြီး နီရဲေသာ မျက်လုံးများနှင့် " ငါမလုပ်ခဲ့..."
၀မ်စီစီက သူမကိုဂရုပင်စိုက်မနေတော့ပဲ ထွက်သွားတော့သည်။
"အကို ရိရန်" အန်ချင်းယု သည် ၀မ်ရိရန်အားကြည့်လိုက်သည်။
သို့သော် ၀မ်ရိရန်မှာမူ ချီကျန်းကျန်းနှင့် ၀မ်ယွီ ထွက်ခွာသွားရာဘက်သို့ငေးလျက် အတွေးများထဲတွင်ပျောက်ဆုံးနေကာ သူမစကားလုံးများကိုပင် မကြားတော့ချေ။
အန်ချင်းယု ၏မျက်လုံးများကအမုန်းတရားတ်ု့ဖြင့်မဲမှောင်လာခဲ့သည်။
၀မ်ရိရန်က ချီကျန်းကျန်းကို အကြိမ်ပေါင်းများစွာ ကူညီရန်ကြိုးစားခဲ့သည်မှာ မျက်မြင်ကိုယ်တွေ့ပင် မဟုတ်ပါလား။
သို့သော် ၀မ်ယွီက လျိုယွီရှန်း၏လက်ကိုချိုးလိုက်ခြင်းအား သတိရမိလျှင် အန်ချင်းယု ၏နှုတ်ခမ်းက မကောင်းဆိုးရွားဆန်စွာကော့တက်သွားခဲ့လေသည်။
လျိုမိသားစုမှာ ဤကိစ္စအားလုံး၀အလွတ်ပေးလိမ့်မည်မဟုတ်ချေ။ လျိုယွီရှန်းမှာ လျိုမိသားစု၏သခင်ငယ်လေးပင်ဖြစ်သည်။ သူအမှားလုပ်ခဲ့သည်ဆိုလျှင်တောင် လက်ကလေးကျိုးရုံမျှဖြင့် မိမ်တို့ သားဖြစ်သူအတွက် လက်စားချေကြလိမ့်မည်။
ဤအကြိမ်တွင် ၀မ်ယွီသော်လည်းကောင်း ချီကျန်းကျန်းသော်လည်းကောင်း ဘာလုပ်နိုင်ဦးမည်နည်း။
၀မ်ယွီသည် ချီကျန်းကျန်းဆွဲထားသောမိမိလက်ကို ကြည့်နေမိရင်း ဗလာဖြစ်စွာလိုက်ပါလာခဲ့သည်၊
အတော်ေ၀းေ၀းပြေးပြီးနောက်၊ နောက်မှ မည်သူမျှလိုက်ပါမလာကြောင်းသေချာတော့မှ ချီကျန်းကျန်းလည်းပြေးနေခြင်းကိုရပ်လိုက်ပြီး ခါးကိုင်းကာ ဒူးပေါ်လက်ထောက်ပြီး အမောဆို့နေရတော့သည်။
ဟူး ဟူး..
"လွတ်လာလို့တော်သေးတာပေါ့" နဖူးပေါ်မှချွေးများက်ု ပွတ်သုတ်လျက် ချီကျန်းကျန်းကဆိုသည်။
၀မ်ယွီ ဘာကိုမျှမဆိုနိုင်ပဲ သူမကိုသာ ကြည့်နေမိသည်။
သူမ၏နှင်းကဲ့သို့ ဖြုဆွတ်သောပါးပြင်မှာ ပြေးလွှားထားမှုကြောင့် နှင်းဆီသဖွယ်နီရဲလျက်၊ သူမဆံပင်များကလည်းရှုပ်ပွလျက်၊ မျက်လုံးများကလည်း စိုစွတ်ကာ မီးရောင်အောက်တွင် မိုးကောင်းကင်မှကြယ်များထက်ပင် တဖျက်ဖျက်တောက်ပနေခဲ့သည်၊
အသက်ကို၀၀လင်လင်ရှူပြီးသည်နောက် ချီကျန်းကျန်းလည်း ခါးကိုပြန်မတ်လိုက်ကာ ၀မ်ယွီအားကြည့်လိုက်သည်။ ထို့နောက် ဆူပူသံဖြင့်ခေါ်လိုက်တော့သည်။
"၀မျယှီ..."
၀မ်ယွီကား နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်မိသည်။
"အဲဒီကောင်က အရိုက်ခံရသင့်တာမှန်ပေမယ့် အဲဒီမှာလူတွေအများကြီးရှိနေတယ်လေ၊ ပြီးတော့အကုန်လုံးက လျိုယွီရှန်းဘက်က ၊ ကျွန်မဘာလုပ်လ်ု့ရမှာလဲ ၊ သူတို့ရှင့်ကိုတစ်ခုခုလုပ်ရင်ဘယ်လိုလုပ်မလဲဟမ်"
ချီကျန်းကျန်း ၀မ်ယွီအားတည့်တည့်ပင်ကြည့်လျက် ဆူပူလိုက်သည်။
၀မ်ယွီတစ်ယောက်တည်း လူအများကြီးကိုမည်သို့တိုက်ခိုက်နိုင်မည်နည်း။
ထို့အပြင် နိုက်ကလပ်၏မန်နေဂျာနှင့် အစောင့်များကလည်းရှိသေးသည်။ ၀မ်ယွီ၊ ၀မ်ရိရန်နှင့် လျိုယွီရှန်းကြားတွင် သူတို့တွေးနေစရာတောင်မလို၊ ၀မ်ယွီဘက်တွင် မည်သူမျှရပ်တည်ပေးလိမ့်မည်မဟုတ်။
၀မ်းယွီ အနည်းငယ်တုန့်ဆိုင်းသွားမိသည်။ အနည်းငယ်ကြာပြီးမှ သူကနူးညံ့စွာဆိုလာသည်။
"မင်းစိတ်မဆိုးဘူးလားဟင်"
"ကျွန်မကဘာကိုစိတ်ဆိုးရမှာလဲ" ချီကျန်းကျန်းက ကြောင်တောင်တောင် အမူအယာဖြင့်မေးလ်ုက်သည်။
"ရှင်ကကျွန်မကိုကူညီတာလေ၊ ကျွန်မကရှင့်ကိုကျေးဇူးတောင်တင်ရဦးမှာ၊ ဘာလို့အပြစ်တင်ရမှာလဲ၊ ဒီတိုင်းရှင်တစ်ယောက်တည်း သတ္တိတွေကောင်းနေတာကို စိတ်ပူတာလောက်ပဲ၊ တကယ် တိုက်မယ်ခိုက်မယ်ဆို ရှင်ပဲအထိနာမှာ"
သူမ၏အသံမှာသွက်လက်လျက် ဆက်တိုက်ပြောဆိုနေခဲ့သည်။
၀မ်ယွီ၏နှုတ်ခမ်းထောင့်မှာလည်း ဖြည်းညင်းသွာကော့တက်လာခဲ့တော့သည်။
"မင်းမကြောက်လို့တော်သေးတာပေါ့" ၀မ်ယွီနှုတ်ခမ်းမှအပြုံးမှာထင်ရှားနေခဲ့သည်။
တော်ရုံပြုံးခဲသည့်သူများက ပြုံးလိုက်လျှင် အလွန်ကြည့်ကောင်းလှသည်။ ၀မ်ယွီ၏မူရင်း ကြည့်ကောင်းသည်ထက်ပိုသော မျက်နှာကိုထည့်မပြောလျှင်တောင် ယခုနှုတ်ခမ်းလေးကိုကော့တက်ပြီးပြုံးနေပုံက နွေဦးတွင် ပန်းလေးများဖူးပွင့်လာပြီး ရေခဲေတာင်ကြီးအရည်ပျော်သွားသလိုပင်။
ချီကျန်းကျန်း၏ အသံကတန့်သွားပြီး ထိုအခိုက်အတန့်တွင် သူမပါတ်၀န်းကျင်ရှိအစာအားလုံးက တိတ်ဆိတ်သွားသလ်ုပင်။ လောကကြီးတွင် သူမရှေ့မှ ရေခဲပန်းပုကဲ့သို့ လက်ရာမြောက်လှသော အမျိုးသားတစ်ဦးနှင့် သူ၏အပြုံးသာလျှင်တည်ရှိသကဲ့သို့။
အရင်ဆုံးလုပ်ဖို့လိုအပ်သည်မှာ အကြံအစည်အရင်ချခြင်းပင်။
ဒုန်း...ဒုန်း...ဒုန်း...
ရင်ထဲမှကျယ်လောင်သောခုန်သံများနှင့် တစ်စုံတစ်ခုက တိုးထွက်လာတော့မလ်ုပင်။
သူမသည် သူ၏အပြုံးက်ု အသိစိတ်လွတ်နေသူလိုငေးကြည့်နေပြီးမှ လက်က်ုမြောက်လျက် သူမ၏အခုန်မြန်နေသော ရင်ဘတ်က်ုကာလ်ုက်ရသည်။
"မကြောက်ပါဘူး" သူမရေရွတ်လိုက်သည်။ သူ့မျက်နှာကိုကြည့်နေမိရင်း သူမအလွန်ရိုးသားစွာပင်ဆိုလိုက်သည်။ "ရှင်းရှင်းပြောရရင် ကျွန်မစိတ်တောင်အေးသွားပြီ"
သူမ၀မ်ယွီကိုမြင်သောအခါ လျိုယွီရှန်းကို ဆုံးမနေသည်ကိုတွေ့ေသာအခါသူမနည်းနည်းမှကိုမကြောက်တော့။ အခိုက်အတန့်တွင် သူမနှလုံးသားထဲမှ အေးချမ်းခြင်းကိုပင်ခံစားလိုက်ရသည်။
သူရောက်လာသည်နှင့် ဤလောကကြီးတွင် သူမကြောက်ရွံ့စရာ ဘာတစ်ခုမျှမရှိတော့သလိုမျိုး။
သူမအား ထွက်မပြေးနိုင်အောင် တားလာမည့်လူအုပ်ကိုလည်းမကြောက်တော့၊ လျိုယွီရှန်း၏လက်ကိုလည်းမကြောက်တော့၊ လျိုမိသားစု၏တုန့်ပြန်မှုကိုလည်းမကြောက်တော့၊ ချီမိသားစုမှ သူမအားလျိုယွီရှန်းနှင့် အတင်းအကြပ်စီစဥ်ပေးမည်ကိုလည်းမကြောက်တော့၊
သူမစိတ်တွေတည်ငြိမ်နေခဲ့သည်၊
သူမ၏နူးညံ့သောလေးသံလေးဖြင့်ပြောလာသောစကားလုံးတို့က ၀မ်ယွီ၏နှလုံးသားထဲတိုက်ရိုက် စီး၀င်သွားခဲ့သည်။ ထိုခံစားချက်မှာ ချိုမြိန်သလိုလို
ချဥ်သလိူလို၊ အလွန်ပြည့်နှက်လွန်းနေပြီးလျှံကျတော့မည်လိုမျိုး။
၀မ်ယွီ သူ၏အတွေးများကိုမထိန်းချုပ်နိုင်တော့ပဲ
ရှေ့သို့တိုးလျက်သူမကိုဆွဲယူပွေ့ဖက်လိုက်တော့သည်၊
သူမ၏မျက်နှာမှာ သူ၏ရင်အုပ်ကျယ်တွင် ကပ်လျက်၊
သူ၏လက်မောင်းများကြားမှ မိန်းကလေးနှင့် သူမ၏သူ၏ရင်ခွင်အားတရှုံ့ရှုံ့အနံ့ခံနေသော အထိအတွေ့တို့နှင့် သူ၏အလည်လွန်နေသောနှလုံးသားမှာ အိမ်ပြန်ရောက်လာသကဲ့သို့။
၀မ်ယွီကဆိုလိုက်သည်။
"အနာဂါတ်မှာလည်း မင်းစိတ်ချထားလို့ရတယ်၊ မင်းကိုဘယ်သူမှထိခိုက်အောင်မလုပ်နိုင်ဘူး"
သူကခေါင်းကိုငုံ့လိုက်လျှင် သူ၏နွေးထွေးသောထွက်သက်လေးက သူမ၏နဖူးပေါ်တိုက်ခတ်သွားပြီး သူမကိုပွေ့ဖက်ထားသော လက်မောင်းတစ်စူံကလည်း ပို၍တင်းကြပ်လာတော့သည်၊
သူမ၏နှာခေါင်းထဲတွင် သူ၏ကိုယ်ငွေ့တို့ဖြင့် ပြည့်လျက် လုံခြုံနွေးထွေးမှုကို ခံစားနေရသည်။
တစ်စုံတစ်ယောက်ကိုချစ်မိသွားဖို့ အကြည့်တစ်ချက်သာလိုတာဖြစ်နိုင်သည်။
၀မ်ယွီကိုချစ်မိသွားခြင်းမှာ ထိုအမျိုးသားမှ လျိုယွီရှန်းကို လက်ကိုချိုးပစ်လိုက်သည့်အချိန်၌လည်းဖြစ်နိုင်ကာ ၊ လမ်းသွယ်၏မှိန်ဖျော့သော အလင်းရောင်အောက်တွင် ကြင်နာစွာပြုံးပြလာသော အခိုက်အတန့်၌လည်းဖြစ်နိုင်ပါသည်။
သို့တည်းမဟုတ် သူမရုတ်ချည်းပွေ့ဖက်ခံလိုက်ရပြီး နွေးထွေးမှုကိုခံစားလိုက်ရချိန်လည်းဖြစ်နိုင်သည်။
ဘယ်အချိန်ကတည်းကလဲ ချီကျန်းကျန်းမသိတော့။
သို့သော်သူမနှလုံးသားမှအရိုင်းဆန်သောရင်ခုန်သံ၊ သူမ၏နီရဲသောနားရွက်ဖျားများနှင့် ဗလာဖြစ်သော ဦးနှောက်ကသူမကိုပြောနေခဲ့သည်။
သူမကျရှုံးသွားခဲ့ပြီ။
ချီကျန်းကျန်းသည် ခုံအားမှီလျက် ကားအပြင်ဘက်ကိုငေးလျက် လိုက်ပါလာခဲ့သည်၊
ထို ၀ိုင်းစက်သောမျက်လုံးအစုံကလှည့်လျက် ပြတင်းပေါက်ကိုကြည့်နေရာကနေ လှည့်လှည့်ပြီး ၀မ်ယွီကိုလည်းခ်ုးကြည့်လိုက်သေးသည်။
လမ်းတလျှောက် ပိတ်ဆို့နေသောကားများကလည်း သူမအာရုံထဲတွင်မရှိချေ။
သူမနှလုံးသားက အရမ်းမြန်မြန်ခုန်နေပြီး၊ သူမကိုယ်သူမကားမှန်မှတဆင့်ရှုပ်ပွနေသောဆံပင်များကို သတိထားမိလိုက်သည်။ သူမလည်း လက်ဆန့်လျက် အမြန်သပ်ချလိုက်ပြီး သူမ၏ပူလောင်နေသောနားရွက်ဖျားများကိုလည်း ဆံပင်ဖြင့်ကာလိုက်သည်၊
ဒုန်း...ဒုန်း...ဒုန်း...
ကားတွင်းလေထုမှာအလွန်တိတ်ဆိတ်နေပြီး သူမသည် အခုန်မြန်နေသောရင်ဘတ်ကိုထိန်းချုပ်ရန်လက်သီးကိုတင်းနေအောင်ဆုပ်ထားမိသည်။
xxxxx