Part 53
ထိုညတွင်၀မ်ယွီ၏နှုတ်ခမ်းထောင့်မှာ ပြန်မကျေတာ့ေပ။
သူက အင်မတန်ပြုံးခဲေသာကြောင့် ၏ကွေးတက်နေသော နှုတ်ခမ်းထောင့်မှာလွန်စွာ သိသာလှသည်။ သူကအလွန်စိတ်ကောင်း၀င်နေကြောင့် ကြည့်ရုံနှင့်ပြောနိုင်သည်၊
"မင်း " သူဖြည်းညင်းစွာဆိုလိုက်သည်၊ သူ၏အသံကအနည်းငယ်ရှတတပင်၊ သူလည်ချောင်းက်ုရှင်းလိုက်ပြီး "ပို့လိုက်တဲ့ ၀တ်စုံကိုဘာလို့မ၀တ်ထားတာလဲ"
"ဒီ..ဒီတိုင်း မကောင်းဘူးလို့တွေးမိလို့"
ချံကျန်းကျန်းမှာ သူ့အားမကြည့်ရဲသဖြင့်အကြည့်လွှဲလျက်ပင်။
"ကျွန်မဘာသာ၀ယ်ပါ့မယ်"
သူမ၏နှလုံးသားမှာ ပြင်းစွာခုန်လျက် သူမကိုယ်သူမဘာပြောနေမှန်းတောင် မသိတော့ချေ။
၀မ်ယွီ၏မျက်လုံးများမှာမူ အပြုံးရိပ်တို့နှင့်ပြည့်နှက်လျက် သူ၏မျက်နှာကမူအတည်အတန့်နှင့် နူးညံ့စွာဆိုလိုက်သည်။
"ဒါပေမယ့် ကိုယ်မင်းကိုပေးချင်လ်ု့လေ"
သူမအား အ၀တ်အစားလှလှလေးတွေပေးချင်သည်၊ ဖိနပ်လှလှလေးတွေပေးချင်သည်၊ အရာအားလုံးက်ုပေးချင်သည်။
သူမလိုချင်တာမှန်သမျှ သူပေးမည်။
နားလည်ကြောင်းပြသည့်အနေဖြင့် ချီကျန်ကျန်း၏နားရွက်လေးတွေလှုပ်ခတ်သွားသည်။ သုမ၏မျက်နှာပို၍နီမြန်းလာသည်မှာ လောင်ကျွမ်းနေသည့်အလား။
၀မ်ယွီကဆိုလိုက်သည်။
"မနက်ဖြန်ကျ၀တ်လိုက်နော် ဟုတ်ပြီလား"
"ဟုတ်" ချီကျန်းကျန်း သူ့အားလှည့်ကြည့်လျက် ရယ်ကာပြောလိုက်သည်၊
လွန်ခဲ့သောနာရီအနည်းငယ်တွင် သူမထွက်လာစဥ်ကမူ သူမတို့ကမဆိုင်တော့သဖြင့်သူ့အားလက်ဆောင်ေတွထပ်မပို့တော့ရန် ပြောချင်ခဲ့သည်။
အခုနာရီအနည်းငယ်လည်းကြာပြီးရော သူကပေးချင်သည်ဆိုသည်နှင့် သုမကလည်းလက်ခံပါ့မည်ဟုပင်ဆိုလိုက်သေးသည်။
သူမ ၀မ်ကျန်းအိမ်တော်သို့ပြန်လာသောအခါ အန်တီ၀မ်နှင့် အခြားသူများမှာအိပ်ယာ၀င်ကုန်ကြပြီဖြစ်သည်။ သိူ့နှင့် သူမနှင့်၀မ်ယွီသာလျှင်ကျန်တော့သည်။
နှစ်ယောက်တည်းမို့လားမပြောတတ်။ အိမ်ကြီးမှာ ကြီးမားလွန်းပြီး ဗလာဖြစ်လွန်းနေခဲ့သည်။
သူတို့နှစ်ဦးသားမှာ တစ်နေရာစီ ခွဲလာခဲ့ပြီဖြစ်သည့်တိုင် အတော်ကြာကြာလေးပွေ့ဖက်ခဲ့၍ထင်၏။ ကိုယ်စီ၏ကိုယ်သင်းရနံ့လေးက စွဲထင်ကျန်ရစ်လျက်။
ချီကျန်းကျန်းမှာ ကားထဲ၀င်လာကတည်းက သူ့ကို့တိုက်ရိုက်မကြည့်ရဲတော့ခြင်းဖြစ်သည်။ သူမမှာ သူတိတ်တိတ်လေးမှာခိုးကြည့်ပြီး ၀မ်ယွီကပြန်ကြည့်လာလျှင် အကြည့်လွှဲသွားလိမ့်မည်။
ဧည့်ခန်းထဲတွင်ရပ်နေရင်း သူတို့နှစ်ယောက်မှာ မရွေ့လျားနိုင်။
"မင်းဗိုက်ဆာနေလား" ၀မ်ယွီကမေးလ်ုက်သည်။
ချီကျန်းကျန်းက"ဟင့်အင်း ကျွန်မမဆာဘူး"
"ဒါဆိုရေရောဆာလား" ၀မ်ယွီမေးလိုက်ပြန်သည်။
ချီကျန်းကျန်း"ဟင့်အင်း ရေလည်းမဆာဘူး"
"ဒါဆို.." ၀မ်ယွီမှာနှုတ်ခမ်းကိုဖွင့်လိုက်သော်လည်း ဘာပြောရမှန်းမသိချေ။
ဤသည်မှာအလွန်မှော်ဆန်သော အခိုက်အတန့်ပင်ဖြစ်သည်။ သူ့တွင်ပြောစရာစကားလုံးရှာမတွေ့သော်လည်း တစ်ခုခုပြောချင်နေပြန်သည်၊
နှစ်ဦးသားမှာ စကားလုံးသော်မျှမဆိုဖြစ်သည့်တိုင် နေရာမှမခွာပဲ ထိုအတိုင်းရပ်နေကြဆဲ။
သူမရှိနေသောနေရာ၌ အသက်ရှုထုတ်လိုက်သည်လေကပင် ချိုမြိန်နေသယောင်။
သူ၏ခြေထောက်မှာအမြစ်တွယ်နေသကဲ့သို့
ထွက်မသွားနိုင်ချေ။
ချီကျန်းကျန်းလည်းထိုနည်းတူပင်။
၀မ်ယွီကဘာမှမပြောတော့သည်ကိုတွေ့လျှင် သူမမော့ကြည့်လိုက်သည်။ ထိုစဥ် လောင်ကျွမ်းနေသော မျက်လုံးအစုံနှင့် အကြည့်ချင်းဆုံသွားလေသည်။
သူမနှလုံးခုန်သံတွေက ထိန်းချုပ်မှုလွတ်သွားရပြန်သည်။
ချီကျန်းကျန်းလည်းပါးစပ်ကိုဖွင့်ပြီး ထစ်ငေါ့စွာပြောလိုက်သည်။
"ဒါ..ဒါဆ်ု ရှင်ရောဗိုက်ဆာလား"
"ဟင့်အင်း ကိုယ်မဆာပါဘူး"
"ရေရောဆာလားဟင်"
"ဟင့်အင်း ရေလည်းမဆာဘူး"
ချီကျန်းကျန်း" ဒါ..ဒါဆို အိပ်ကြတော့မလား"
၀မ်ယွီ၏နှုတ်ခမ်းတို့တင်းတင်းစေ့သွားပြီး သူမအားနေရာမှာတင်လောင်ကျွမ်းပစ်တော့မည့်အလား ပူလောင်စွာကြည့်လိုက်မိသည်၊
"မ..မဟုတ်ဘူး" ချီကျန်းကျန်းမှာ ပို၍ပင်ထစ်ငေါ့သွားကာ
"ဒါ..ဒါဆို ကျွန်မ အခန်းကိုပြန်တော့မယ်နော်၊ ကောင်းသောညပါ"
ပြောပြီးနောက် သူမအပေါ်ထပ်သို့ပြေးတက်သွားတော့သည်၊
ဒုတိယထပ်၏အစွန်းကိုရောက်လျှင် သူမရပ်တန့်လိုက်ကာ လှည့်ကြည့်လိုက်ပြီး အသက်ကိုပြင်းပြင်းရှူလျက်
"၀မ်ယွီ၊ ကောင်းသောညနော်၊ နက်ဖြန်တွေ့မယ်"
ပြောပြီးသည်နှင့် သူမအခန်းသို့နောက်သိူ့ လှည့်မကြည့်စတမ်းပြေးတော့သည်၊
၀မ်ယွီလည်းသူမပြေးသွားသည်ကျောပြင်ကိုကြည့်လျက် သူ၏မျက်လုံးများထဲ အပြုံးရိပ်များနှင့်ပြည့်နေခဲ့သည်။
အမှန်တကယ်ဆိုလျှင်
ဗိုက်ဆာနေတယ်ပဲဖြစ်ဖြစ် ရေဆာနေတယ်ပဲဖြစ်ဖြစ်ပြောလိုက်သင့်တာ။
သူထမင်းတစ်ပန်းကန် ရေတစ်ခွက် ပိုသောက်လိုက်ရလည်းကိစ္စမရှိ။
၀မ်ယွီမှာ မိမိ၏တုံးအမှုအတွက်အနည်းငယ်မကျေမနပ်ဖြစ်သွားမိသည်။
ရှင်းရှင်းပြောရလျှင် ချီကျန်းကျန်းသာ အနားတွင်ရှိမည်ဆိုပါက သူတစ်ညလုံးထမင်းတွေထိုင်စား ရေတွေထိုင်သောက်နေရလျှင်တောင်မမှုပါချေ။
.....
လျိုယွီရှန်းမှာ ၀မ်မိသားစု၏အကြီးဆုံးသားဖြစ်သူ၀မ်ယွီကြောင့် လက်ကျိုးပြီးဆေးရုံတက်နေရသည်၊
ယခုမူအဆင်ပြေနေပြီဖြစ်သော်လည်း ထိုသို့ဒဏ်ရာမျိုးအတွက် ဆေးရုံတွင် အချိန်အတော်ကြာ လဲလျောင်းအနားယူပေးရန်လိုအပ်လေသည်။ ထို့ကြောင့်အချိန်အတော်ကြာ သူ၏လက်က်ုသုံးရန်မဖြစ်နိုင်သေးချေ။
လျိုမိသားစုမှလူများမှာ အလန့်တကြားဖြင့် ဆေးရုံသို့ရောက်လာကြကုန်သည်၊
သတင်းကိုကြားသော၀မ်မိသားစုနှင့် ချီမိသားစုမှလူများကလည်း နောက်တစ်နေ့မနက်တွင် ဆေးရုံသို့သွားခဲ့ကြသည်။
သီအိုရီအရ ချီမိသားစုမှာ ဤကိစ္စနှင့် ဘာပါတ်သတ်မှုမျှမရှိချေ။ သို့သော် ၀မ်ယွီက ချီကျန်းကျန်း၏ စေ့စပ်ထားသူဖြစ်သည်မို့ ချီအိမ်တော်၏သားမက်လောင်းဖြစ်သည်မဟုတ်ပါလား။
ထို့အပြင် ၀မ်ယွီတစ်ယောက် လျိုယွီရှန်းကို ရိုက်နှက်ခဲ့သည်မှာလည်း ချီကျန်းကျန်းကြောင့်ပင်ဖြစ်သည်၊
ထို့ကြောင့် လျိုယွီရှန်း၏လူနာခန်းတွင် လျိုမိသားစုမှလူများ၊ ၀မ်မိသားစုမှလူများနှင့် ချီမိသားစုမှလူများဖြင့်ပြည့်နှက်နေလေသည်။
၀မ်ကျင်စန်း၏ မျက်နှာကမူဆိုးရွားလျက် ။
သတင်းကို ကြားကြားချင်းတွင် သူမခံမရပ်နိုင်အောင်ဖြစ်သွားမိသည်။
၀မ်ယွီ ဒီကောင် ဘယ်လိုကြီးပြင်းလာတာလဲ
လူလည်ကောင်မှာ ရန်ဖြစ်ပြီး လက်ကိုတောင်ချိုးလိုက်သေးတယ်။
ဆိုးသွမ်းသောသားသမီးတို့တွင် ဆိုးသွမ်းသော မိဘများရှိကြသည်သာ။ လျိုယွီရှန်း၏မိခင်မှာ သူမ၏သားက်ု လွန်စွာအလိုလိုက်ထားဖြစ်ပြီး အိပ်ယာပေါ်မှလျိုယွီရှန်းကို အလွန်စိတ်ဓါတ်ကြနေဟန်ဖြစ် ကြည့်နေခဲ့သည်။
သူမသည် ၀မ်မိသားစုအားမျက်နှာသာမပေးခဲ့ချေ။
သူမက"ရှင်တို့သား၀မ်ယွီကအံ့မခန်းပဲ ၊ တစ်ခွန်းမှမပြောပဲ ကျွန်မသားကို ဒီလိုဖြစ်အောင် ရိုက်သွားတယ်၊ ၀မ်ယီရန်နဲ့ ၀မ်စီစီကလည်းကြည့်နေပြီး ၀င်မတားကြဘူး"
အိပ်ယာပေါ်မှလျိုယွီရှန်းကဖြူဖတ်ဖြူလျော်နှင့်ဆိုလာသည်။
"မား သားနေလို့မကောင်းဘူး"
"ဘာမှမဖြစ်ဘူး စိတ်ချနော်သားလေ၊ အမေသားအတွက် တရားမျှတအောင်လုပ်ပေးမယ်၊ "
ဖန်ကျန်းမှာအိပ်ယာဘေးကိုအမြန်ပြေးသွားပြီး သူမ၏သားကိုချော့မော့လ်ုက်သည်၊
အဖေလျိုကမူ ဘာမှမဆိုပဲ ဘေးတွင်ထိုင်နေသော်လည်း သူ၏အမူကလည်းကောင်းမနေချေ။
၀မ်ကျန်စန်း ဖြစ်ညစ်ကာပြုံးလိုက်ပြီး
"ယွီရှန်း ဒီတစ်ကြိမ်က ၀မ်ယွီအမှားပါ၊ ငါအဲဒီကောင်လေးကို မင်းဆီလာတောင်းပန်ခိုင်းလိုက်မယ်၊ သူ့ကိုခွင့်လွှတ်ပေးပါဦး"
၀မ်ယွီဟူကြားသည်နှင့် လျိုယွီရှန်းမှာ အနည်းငယ်တုန်ယင်သွားခဲ့သည်။
သူသည် ၀မ်ယွီ၏ကြောက်စဖွယ်အကြည့်ကို ယခုတိုင်မှတ်မိနေဆဲပင်။
"ဟုတ်ပါတယ်၊ ၀မ်ယွီကလေ တကယ်ဆိုးတာ၊ လွန်လွန်းပါတယ်၊ အစ်မဖန်ကျန်း လည်းသိတာပဲ၊ ၀မ်ယွီကကျွန််မတို့စကားဆိုနားမထောင်ဘူးလေ"
ရှုေ၀့မှာရှေ့သိူ့လျှောက်သွားကာ ၀မ်းနည်းသော အမူအယာဖြင့်ဆိုလိုက်သည်။
၀မ်ယီရန်နှုတ်ခမ်းကိုတင်းတင်းစေ့လျက် လျိုယွီရှန်းအား မကျေမချမ်းကြည့်နေမိသည်၊
ဖန်ကျန်းကဘာကိုမှမဆိုပဲ သူမမျက်နှာအမူအယာကမူ ကြည့်ရဆိုးဆဲပင်။
"ကျွန်မကလေးတွေကိုလာခိုင်းလ်ုက်မယ်" ၀မ်ကျင်စန်းကဖုန်းကိုထုတ်ပြီးခေါ်လိုက်သည်။
သို့သော်
မည်သူမျှမကိုင်ချေ။
၀မ်ကျင်စန်း၏မျက်နှာမှာ ရုပ်ဆိုးသွားခဲ့ပြီး အကြိမ်ပေါင်းများစွာထပ်ခေါ်ပါသော်လည်း မည်သူမျှကိုင်မလာ။သူ၏မျက်နှာမှာ တဖြည်းဖြည်းမှောင်မည်းလာခဲ့သည်။
"ဘယ်လိုသားတစ်ကောင်က်ုမွေးထားမိတာလဲ"
၀မ်ကျင်စန်းမှာဖုန်းကိုပစ်ပေါက်လိုက်ပြီး ဒေါသတကြီးဟိန်းဟောက်လိုက်မိသည်။
ရှုေ၀့က သူ၏ကျောပြင်အားပုတ်လိုက်ကာ
"သိပ်ပြီးဒေါသဖြစ်မနေပါနဲ့၊ ဘာပဲဖြစ်ဖြစ် သူပြန်လာရမှာပဲကို"
"ရှာစမ်း၊ တစ်ယောက်ယောက်အဲကောင်ကိုသွားရှာစမ်း" ၀မ်ကျင်စန်း သူ၏လက်ထောက်ကိုအော်လိုက်သည်၊
သူ၏လက်ထောက်မှာ တန့်သွားသော်လည်း ပြန်တော့ဖြေရှာသည်။
"ဟုတ်ကဲ့ ကျွန်တော်တစ်ယောက်ယောက်ကိုလွှတ်လိုက်ပါ့မယ်"
အမှန်တကယ်တော့ ၀မ်ကျင်စန်းသည် ၀မ်ယွီကိုမနှစ်သက်တာကြောင့် ၀မ်မိသားစုထံပြန်မလာချိန်တွင်သူဘယ်မှာနေမှန်းအတိအကျမသိကြချေ။
ဖန်ကျန်း ဟွန့်ခနဲ့ ထေ့ငေါ့လ်ုက်သော်လည်း သူမမျက်နှာကမူအနည်းငယ်ပြေလျော့သွားခဲ့သည်။
ထိုအချိန်တွင် အဖေလျိုကစပြောလာခဲ့သည်။
"ကျင်စန်း၊ မင်းသိပါတယ်၊ ငါလည်းအိုလာပြီ ငါ့မှာဒီသားတစ်ယောက်ပဲရှိတယ်၊ ငါ့သားကိုငါ နည်းနည်းအလိုလိုက်ထားမိတယ်၊ တစ်ခုခုမှားနေတာရှိရင် ဒီတိုင်းပြောလိုက်၊ ဒါပေမယ့် ဒီလိုနည်းနဲ့တော့ဖြေရှင်းလို့မရဘူး။ ဟုတ်တယ်နော်"
ဖန်ကျန်းခေါင်းငြိမ့်လိုက်ကာ
"ဟုတ်တယ်၊ ရှင်ဆရာ၀န်ပြောတာမကြားလိုက်ဘူးလား၊သူ့လက်ကလုံး၀ပျက်စီးသွားနိုင်တယ်တဲ့၊
ရှင်တို့၀မ်ယွီကသိပ်ရက်စက်တာပဲ၊ ဒါကဘာလဲ ဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ လူသတ်ဖို့လား"
"၀မ်ယွီရဲ့အမှားပါ၊ သူ့ကိုသေချာလေးဆုံးမလိုက်ပါ့မယ်"
၀မ်ကျင်စန်းမှာအပြုံးတုကိုဆင်မြန်းလျက်မသာယာသောမျက်နှာထားဖြင့်ဆိုလိုက်သည်၊
သူသည်၀မ်ယွီပြသနာရှာခဲ့သည်ကို စိတ်ဆိုးသည်ထက် သူ့ကိုနားမထောင်ပဲ သူ့ဖုန်းကိုလည်းမဖြေသည့်အတွက် ဒေါသထွက်သည်ကပိုသည်။
၀မ်ယွီအားတွေ့သည်နှင့် ထိုကောင်၏လက်ကိုချိုးကာ ဤနေရာထိဆွဲလာပြီးတောင်းပန်ခိုင်းပစ်မည် ဟုပင်တွေးနေမိသည်။
ထိုအချိန်တွင် အိပ်ယာထဲမှလျိုယွီရှန်းမှာခေါင်းထောင်လာလျက်၊
"မား. သား ချီကျန်းကျန်းက်ုကြိုက်တယ်၊ ချီကျန်းကျန်းကိုသားနဲ့စေ့စပ်ပေး..."
xxxxxx