Part 54
လျိုယွီရှန်းမှာခေါင်းမာသည်ဟုဆိုနိုင်သည်။ ဤကဲ့သို့အရိုက်ခံရပြီးတာတောင်မှ ချီကျန်းကျန်းကို စဥ်းစားရဲသေးသည်။ သူက သူမကို သူ့၏သတို့သမီးလောင်းအဖြစ်လ်ုချင်နေဆဲပင်၊
သို့သော်ထ်ုစကားကိုပြောနေစဥ်မှာပင် သူ၏ခေါင်းထဲ၌ ၀မ်ယွီ၏ရေခဲတမျှအေးစက်သော အမူအယာနှင့် သြရှသောအသံဖြင့်မေးခဲ့သည်ကိုကြားယောင်လာမိသည်။
မင်းချီကျန်းကျန်းကိုလက်ထပ်ချင်သေးလား။
လျိုယွီရှန်းမှာ ကြက်သီးများထလာပြီး ဇက်ကိုပုလိုက်မိသည်။
သူ၏ကျိုးထားသောလက်မောင်းပင် ပို၍ကိုက်ခဲလာသယောင်။ နာကျင်လွန်း၍ ရင်ထဲမှာငိုနေရသလိုမျိုး။
သို့နှင့်ဆေးရုံကဆင်းသည်နှင် လျိုယွီရှန်းမှာ သက်တော်စောင့်အသစ်များရှာချင်ခဲ့သည်။ ၀မ်မိသားစုမှာ ၀မ်ယွီအားပစ်ပယ်ထားသည်မို့ သူ့ကိုနောက်ထပ်ဘာမှလုပ်နိုင်လိမ့်မည်မဟုတ်ချေ။
သူချီကျန်းကျန်းကို သဘောကျသွားတာကြောင့် ဘာမှမလုပ်နိုင်ခင်မှာပင် အကန်ခံလိုက်ရပြီး လက်ကလည်းအချိုးခံလိုက်ရသည်။ ထိုသည်ကပင် သူသည်ချီကျန်းကျန်းကိုပို၍လိုချင်စိတ်ဖြစ်လာအောင် လုပ်နေခဲ့သည်။
သူမကိုမည်သို့ရအောင်လုပ်ရမည်နည်း။
သူခံလိုက်ရတာကို အလကားတော့အဖြစ်မခံနိုင်ချေ။
လျိုယွီရှန်း၏စကားကိုကြားလျှင် ဆေးရုံခန်းထဲမှလုများအားလုံး အေးခဲသွားတော့သည်။
အထူးသဖြင့် ချီယန်နှင့် တင်းယီကျွင်းပင်။ သူတို့မှာအခင်ဖြစ်ပွားစဥ်က ချီကျန်းကျန်းလည်းရှိနေခဲ့တာကြောင့် လူမှူရေးအရတစ်ခေါက်လောက်လာ လာကြည့်ပေးခဲ့တာဖြစ်သည်၊ သို့သော် လျိုယွီရှန်းမှ ချီကျန်းကျန်းကို လက်ထပ်ချင်သည်ဟု ကြားလိုက်ရမည်ဟုမထင်ထားခဲ့ချေ။
ချီယန်မျက်မှောင်ကျုံ့လိုက်မိသည်။
တင်းယီကျွင်း၏မျက်နှာကလည်းမသာယာစွာ မဲမှောင်သွားခဲ့သည်၊
၀မ်ယွီကအသုံးမကျသလို ဘာနောက်ခံမျှလည်းမရှိချေ။ လျိုယွီရှန်းမှာလည်း ပွေရှုပ်ပြီး တက်လမ်းမရှိ
မိခင်တစ်ယောက်အနေဖြင့် သူမကတော့သူမ၏သမီးဖြစ်သူမှာ တစ်ယောက်နှင့်မှမတန်ဟုထင်သည်။
လျိုယွီရှန်း ၀မ်းခေါင်းသံကြီးနှင့်ဆိုလာပြန်သည်။
"၀မ်ယွီကျွန်တော့်ကိုရိုက်သွားတယ်၊ ဒါ့ကြောင့် သူ့မိန်းကလေးက်ု ကျွန်တော့်က်ုပေးရမယ်၊ ကျွန်တော်ချီကျန်းကျန်းကိုလိုချင်တယ်၊ ၀မ်စီစီကိုမလိုချင်ဘူး"
၀မ်ကျင်စန်း၏မျက်နှာမှာမူ လွန်စွာ ရုပ်ဆိုးလာခဲ့တော့သည်။
၀မ်ယွီနှင့် ချီကျန်းကျန်းကို လက်ထပ်ပေးခြင်းဖြင့် သူတို့မှာ အရင်းအနှီးစိုက်စရာမလိုပဲ ရေရှည်အကျိုးအမြတ်ကိုရစေလိမ့်မည်။ သူမည်သို့သဘောတူနိုင်မည်နည်း။
ထို့အပြင် ထိုစကားကို ၀မ်မိသားစုရှေ့တွင် ပေါ်တင်ပြောခဲ့သည်။ ၀မ်စီစီအစား ချီကျန်းကျန်းကို လိုချင်သည်ဆိုသည်မှာ ၀မ်မိသားစုအား လုံး၀မျက်နှာဖျက်နေခြင်းမဟုတ်ပါလော။
ဘာကိုအလျော်အစားလဲ၊
ဤသည်မှာ ၀မ်မိသားစုနှင့် ချီမိသားစု၏မျက်နှာက်ု တ်ုက်ရိုက်နင်းချေနေခြင်းပင်။
"တော်လောက်ပြီ" ၀မ်ရိရန်မှာသည်းမခံနိုင်တော့ပဲ အော်လိုက်တော့သည်။
အခန်းထဲရှိလူများအားလုံးသူ့အား ကြည့်လိုက်မိကြသည်။
ရှုေ၀့သူမနှုတ်ခမ်းကိုလှုပ်လိုက်သော်လည်း ၀မ်ကျင်စန်းကို ကြည့်လိုက်ရာ ရပ်တန့်မည့်ပုံမတွေ့လျှင်
သူမလည်းပါးစပ်ပိတ်လ်ုက်ရတော့သည်၊
၀မ်ရိရန်၏မျက်နှာမှာ ရုပ်ဆိုးစွာ
"ဦးလေးလျို ၊ အန်တီလျို၊ ဟုတ်တယ်၊ လျိုယွီရှန်းကိုရိုက်လိုက်တာ ၀မ်ယွီရဲ့အမှားပဲ၊ သူ လျိုမိသားစုကိုပြန်တောင်းပန်သင့်တယ်၊ ဒါပေမယ့် သူလျိုယွီရှန်းကို ရိုက်ခဲ့တာကလည်း လျိုယွီရှန်းက ချီကျန်းကျန်းကို အရင်ကိုယ်ထိလက်ရောက်နှောင့်ယှက်လ်ု့ပဲ၊
၀မ်ယွီက လျိုယွီရှန်းကို မရိုက်ခဲ့ဘူးဆ်ုရင် ကျွန်တော်ကလည်း လျိုယွီရှန်းကို ရိုက်ပစ်မှာ"
သူကအသက်ကိုပြင်းပြင်းရှူလျက် ဆက်ပြောလ်ုက်သည်။
"လျိုယွီရှန်းက အရင်ကကျွန်တော့်ညီမကိုလက်ထပ်ဖ်ု့ဆန္ဒရှိခဲ့တယ်ဆိုရင် ချီကျန်းကျန်းနဲ့သွားမရှုပ်သင့်ဘူး။ အခုကျ ချီကျန်းကျန်းကိုလက်ထပ်ချင်တယ်တဲ့လား။ တောင်းပန်ပါရဲ့၊ ၀မ်မိသားစုကတော့လက်မခံနိုင်ဘူး။ ခင်ဗျားတို့က ၀မ်မိသားစုကို လုံး၀မျက်နှာသာမပေးချင်တာပဲ"
"ပြီးတော့ ချီမိသားစု" တံခါး၀မှ ချီကျိုးချန်း၏အသံကဟိန်းထွက်လာခဲ့သည်။
"ကျိုးချန်း မင်းကျောင်းမသွားဘူးလား" တင်းယီကျွင်း မျက်မှောင်ကျုံ့လိုက်သည်။
ချီကျိုးချန်းမှာ သူ၏ကျောင်း၀တ်စုံကို၀တ်ဆင်ထားဆဲပင်။ သူကကုတင်ပေါ်မှ လျိုယွီရှန်းက်ုကြည့်လျက် အေးစက်စွာပြောလိုက်သည်၊
"ပြီးမှသွားမယ်၊ အခုတော့ ဘယ်လိုကောင်မျိုးက မနေ့ညကကျွန်တော့်အစ်မကို အနိုင်ကျင့်ရဲသလဲကြည့်ဦးမယ်"
တင်းယီကျွင်း ဘာမှမပြောတော့ပဲ ချီယန်နှင့် မျက်နှာမကောင်းသော သူမသားဘေးတွင်သာရပ်နေလိုက်သည်၊
ချီယန်ဖြည်းညင်းစွာ စပြောလာခဲ့သည်။
"မနေ့ညကပြောခဲ့တဲ့စကားတွေက မူးနေလို့ဆ်ုပြီး နားလည်ပေးလို့ရသေးတယ်၊ ဒါကိုအခုထိ ဆက်ပြောနေသေးတယ်ဆိုတော့ နည်းနည်းမလွန်လွန်းဘူးလား"
ချီမိသားစုမှသူမ၏သမီးဖြစ်သူကို အဘယ်ကြောင့်အမျိုးသားနှစ်ဦးကြားက အလျော်အစားအဖြစ် သဘောထားရဲရသနည်း။
သူမကအရာ၀တ်ထုမဟုတျပေ။
"အကို ၊ စိတ်လျှော့ပါ" အဖေလျိုက ပြုံးလျက် အခြေအနေကိုဖြန်ဖြေရန်ကြိုးစားလိုက်သည်၊
"ကျွန်တော့်ရဲ့ မလိမ်မိုးမလိမ္မာသားက ပြသနာပဲရှာတတ်တယ်၊ သူလျှောက်ပြောနေတာတွေ စိတ်ထဲမထားပါနဲ့"
"အဖေကျွန်တော်လျှောက်ပြောနေတာမဟုတ်ဘူး၊ ကျွန်တော်ချီကျန်းကျန်းကိုပဲလိုချင်တာ" လျိုယွီရှန်းမှာ ပြသနာရှာဆဲ.
အဖေလျိုမှာထရပ်လိုက်ပြီး သူ့အားသေစေလောက်သော အကြည့်ကြီးဖြင့် တစ်ချက်ကြည့်လိုက်ပြီး
"ကျွန်တော် သားကို အလိုလိုက်ထားတာများသွားတယ်၊ အကိုကျင်စန်းနဲ့ အစ်ကိုချီ၊ ပြီးတော့ ရိရန်နဲ့ ကျိုးချန်း၊ ဒီကောင့်ကို သေချာဆုံးမလိုက်ပါ့မယ်၊ သူ့ကိုဂရုစိုက်မနေပါနဲ့"
၀မ်ရိရန်နှင့် ချီကျိုးချန်းတို့မှာ ဘာမှမပြောသော်လည်းမျက်နှာအမူအယာကတော့ မကောင်းလှချေ။
၀မ်ကျင်စန်းနှင့်ချီယန်ကမူ အနည်းငယ်ပြေလျော့သွားသော်လည်း သူတို့လည်းဘာကိုမျှမဆိုချေ။
အဖေလျိုကတန့်သွားပြီး ဆက်ပြောလာသည်၊
"၀မ်ယွီကလည်း ဘာမှတောင်းပန်နေဖို့မလိုပါဘူး၊ ကျွန်တော်သားကပြသနာကိုစခဲ့တာပဲ။ ဒါပေမယ့် သူကိုယ်တိုင်လည်းအခု အိပ်ယာပေါ်လှဲနေရတာပဲလေ၊ သူ့ကိုခွင့်လွှတ်ပေးလိုက်ပါ။ သူကခုထိငယ်ပြီးမရင့်ကျက်နိုင်သေးလို့။"
အခြေအနေကသူတို့ဘက်တွင်သာနေခဲ့သော်လည်း လျိုယွီရှန်းက ချီကျန်းကျန်းကိုလိုချင်ပါသည်ဟုထအော်လျက် အကုန်ဖျက်ဆီးလိုက်သည်။ ၀မ်ရိရန်က ပေါက်ကွဲလာပြီး လျိုယွီရှန်းမှချီကျန်းကျန်းကိုနှောင့်ယှက်ခဲ့သည်ကိုထုတ်ပြောလာပြီး ချီကျိုးချန်းကပါရောက်လာကာ ချီမိသားစုဘက်မှ မျက်နှာပျက်ရမှုကိုထုတ်ပြောလာပြန်ရာ အခြေအနေမှာ သူတ်ု့ဘက်မှမဟုတ်ချေ။
တောင်းပန်ခြင်းက အသုံးမ၀င်သော်လည်း အနည်းငယ်ကျေနပ်အောင်တော့လုပ်ပေးနိုင်သည်။
၀မ်ကျင်စန်းနှင့် ချီယန်၏အမူအယာမှာအနည်းငယ်ပိုကောင်းသွားခဲ့သည်။
" သူကကျွန်တော့်အစ်မကို အနိုင်ကျင့်ပြီးတော့ ဒီတိုင်းလွှတ်ပေးရမယ်ပေါ့၊ သူ့က်ုရိုက်တာ ၀မ်ယွီ၊ ချီကျန်းကျန်းမဟုတ်ဘူး"
ချီကျိုးချန်းကမူ အခုထိမကျေနပ်သေးချေ။ သူ့သည် ငယ်ရွယ်သည်မို့ အကျိုးအမြတ်တွေဘာတွေကိုလည်း စိတ်မ၀င်စားချေ။
သူ့အမြင်တွင် လျိုယွီရှန်းမှာ ချီကျန်းကျန်းက်ုထိရဲမှတော့ လက်ကျိုးခံရဖို့ထိုက်တန်သည်။
အဖေလျို၏မျက်နှာကတောင့်သွားပြီး ဖြစ်ညစ်ကာပြုံးလိုက်ရသည်။
"အစ်ကိုချီ ၊ အစ်ကို့မိသားစုရဲ့ ကျိုးရှန်းကအတော်လေးကြီးလာပြီပဲ။ နောက်ဆုံးတစ်ခေါက်တွေ့တုန်းကတောင် သူဒီလောက်ထိမရှည်သေးဘူးနော်"
သူကသက်ပြင်းချလျက်ဆိုလိုက်သည်
"အာ..ဒီတစ်ကြိမ်တော့ ယွီရှန်းက ကျန်းကျန်းအပေါ်လွန်ခဲ့မိတာပါ၊ မနေ့ညကသူမူးပြီး လျှောက်ပြောရုံပါ။ ရိရန်နဲ့ တခြားသူတွေလည်းရှိနေခဲ့တာပဲ သူဘာမှမလုပ်ရဲပါဘူး။လူငယ်တွေကလှတာလေးမြင်ရင်သဘောကျကြတာပဲလေ။ သူချီကျန်းကျန်းကိုသဘောကျမိသွားပြီး သူ့ပါးစပ်ကိုမထိန်းနိုင်ခဲ့လို့နေမှာပါ။ သူ့ကိုချီကျန်းကျန်းကိုတောင်းပန်ခိုင်းလိုက်ပါ့မယ်၊ပြီးတော့ နောက်တစ်ခါဒီလိုမဖြစ်စေရပါဘူး ကတိပေးပါတယ်"
ချီကျိုးရှန်းတစ်ခုခုဆက်ပြောချင်သေးသော်လည်း
ချီယန်ကသူ့အားတားလိုက်သည်။ ထိုအစားသူကပြောလိုက်သည်" ကျွန်တော့်မှာ သမီးဆိုလို့ ကျန်းကျန်းတစ်ယောက်ပဲရှိတာ၊ ယွီရှန်းဒီတစ်ခါတော့တော်တော်လွန်တယ်၊ နောက်တစ်ခါဒီလိုမဖြစ်ပါစေနဲ့"
"စိတ်ချပါ"
၀မ်ကျင်စန်း၏မျက်နှာလည်းပြေလျော့သွားပြီးပြုံးလိုက်တာ "၀မ်ယွီကလည်း သူ့က်ုရိုက်နှက်တဲ့အထိမလုပ်ခဲ့သင့်ပါဘူး၊ အချိန်ကျရင် သူ့ကိုခေါ်လာပြီးတောင်းပန်ခိုင်းလ်ုက်ပါ့မယ်၊လူငယ်တွေရန်ဖြစ်ကြတာပုံမှန်ပါပဲ၊ ကျွန်တော်တို့မိသားစုသုံးခုက ရင်းနှ်းတဲ့ မိတ်ဆွေတွေပဲဗျာ၊ ဒါတွေပြောမနေပါနဲ့တော့"
ကိစ္စကသည်လိုနှင့်ပြေငြိမ်းသွားတော့သည်။
၀မ်ယွီကတစ်စုံတစ်ဦးကိုရိုက်ခဲ့သည်ဆိုသော်လည်း
လျိုယွီရှန်းအမှားလည်းပါသည်ပင်။ အားလုံး၏ရှေ့တွင်ချီကျန်းကျန်းကိုလိုချင်ပါသည်ဟုပြောလိုက်ကတည်းက ချီမိသားစုနှင့် ၀မ်မိသားစုကို ရန်စမိကာ ချက်ချင်း လျိုမိသားစု၏အမှားအဖြစ်ပြောင်းသွားရသည်။
သို့သော် လျိုယွီရှန်း မှာအိပ်ယာထဲတွင် လှဲလျောင်းနေရဆဲဖြစ်ကာ လာမည့်ပရောဂျက်တစ်ခုအတွက် လျိုမိသားစု၏အကူအညီကိုလည်းလိုသေးသည်မို့ သည်အတ်ုင်းကျေအေးပေးလိုက်ရုံသာတတ်နိုင်သည်၊
မိသားစုတစ်စုထွက်သွားလျှင် ဆေးရုံခန်းထဲ၌ လျိုမိသားစုသာကျန်ရစ်လေသည်။
"မင်းဘယ်လ်ုတွေပြောလိုက်ရတာလဲ" ဖန်ကျန်းမှာ သားဖြစ်သူမျက်နှာအားဆွဲဆိတ်လိုက်ချင်သော်လည်း လျိုယွီရှန်း၏ဖြူဖျော့သောမျက်နှာလေးကိူမြင်လျှင် ဘာမျှမလုပ်ရက်တော့ပြန်။
လျိုယွီရှန်းမှာ သူ့အမေအား သနညးစဖွယ်ကြည့်လျက် တောင်းပန်လာသည်။
"မား ကျွန်တော်ချီကျန်းကျန်းကိုတကယ်ပဲကြိုက်တာ၊ အရင်က၀မ်စီစီကကောင်းတယ်လို့ အမေပြောခဲ့တုန်းကသားလည်း သူ့ကိုတစ်ခေါက်လောက်ကြည့်ပြီး သဘောတူခဲ့တာပေါ့၊ ဒါပေမယ့် အဲဒီတုန်းကချီကျန်းကျန်းကိုမတွေ့သေးဘူးလေ၊ သူ့က်ုမနေ့ညကတွေ့လိုက်တုန်းက သားတကယ်ကြိုက်သွားတာ၊ အရမ်း အရမ်း အရမ်းကြိုက်တာ"
"အခုထိပါးစပ်မပိတ်သေးဘူးလား" အဖေလျိုကငေါက်လ်ုက်သည်။
"နောက်ကို ဒီစကားထပ်မကြားရစေနဲ့၊ ချီကျန်းကျန်းကစေ့စပ်ပြီးသားကွ"
"ကျွန်တော်လျှောက်ပြောနေတာမဟုတ်ဘူးလို့ ကျွန်တော့်ကြောင့် ပါးမျက်နှာပျက်ရတာကို သိပါတယ်၊ အဲဒါကြောင့်ဘာမှဆက်မပြောလိုက်တာ၊ ချီကျန်းကျန်းကိုမှမရရင်မယူဘူးဗျာ၊ သေတဲ့ထိ ဘယ်သူ့မှမယူဘူး" လျိုယွီရှန်းအခိုင်အမာဆိုလိုက်သည်၊
အဖေလျို၏နှလုံးသားကအနည်းငယ်ပျော့ပျောင်းသွားသည်။
သူ့သားကမလိမ်မာလှသေည်လည်း ပါးစပ်ပိတ်ထားရန်သာပြောသော်လည်း သူ့စိတ်ထဲကတော့မပါလှချေ။
ကိစ္စကရှုပ်ထွေးသော်လည်း သဘောကျသွားမှတော့ဘာတတ်နိုင်မည်နည်း။
သူ့အဖေ၏အမူအယာအနည်းငယ်ပျော့ပျောင်းသွားသည်က်ုမြင်လျှင် လျိုယွီရှန်းက
"ပါး နဲ့မား.. ကျွန်တော့်လက်တောင်အချိုးခံလိုက်ရတာလေ၊ ၀မ်ယွီကကျွန်တော်ကိုသေအောင်သတ်တော့မလို့ပဲ၊ ကျွန်တော်ချီကျန်းကျန်းကို ကြိုက်ရုံလေးပါ"
ဖန်ကျန်း၏နှလုံးသားမှာလည်းပျော့ပျောင်းသွားရကာ လျိုယွီရှန်းနှင့် အဖေလျိုအားကြည့်လိုက်သည်။
သူမချီကျန်းကျန်းကိုသိသည်။ ထိုမိန်းကလေး၏သတင်းမှာမကောင်းလှ ထို့ကြောင့် အမေလျိုကသိပ်သဘောမကျချေ။ သို့သော်သူမ၏သားလေးကမူ ထိုမိန်းကလေးကိုအမှန်တကယ်သဘောကျပုံပေါ်သည်။
"ဒါဆို မင်းကချီကျန်းကျန်းနဲ့စေ့စပ်ရရင်လည်း အခုအပြင်ထွက်ပြီး ပြသနာရှာနေဦးမှာလား" ဖန်ကျန်းကမေးလိုက်သည်။
လျိုယွီရှန်းကပြုံးလိုက်ကာ " ဟင့်အင်း သားထပ်ပြီးအရှုပ်တွေမလုပ်တော့ဘူးနော်၊ ၀မ်ယွီကကျွန်တော့်လက်ကိုချိုးပြီးတောင်ခြိမ်းခြောက်ခဲ့ပေမယ့် ကျွန်တော် သူ့ကိုလိုချင်နေတုန်းပဲ"
ပြောရင်းဖြင့်သူ၏ကျိုးနေသောလက်ကိုပင် လှုပ်ပြလိုက်သေးသည်။
ဖန်ကျန်းမှာလုံး၀တိတ်သွားရတော့သည်။
သူမကအဖေလျိုအားကြည့်လ်ုက်ပြီး
"အဖေကြီး ရှင့်သားက တကယ်ကြီးတစ်ယောက်ယောက်ကိုသဘောကျသွားတာလေ၊ ချီကျန်းကျန်းကလည်းချီမိသားစုကသမီးလေးပဲ၊ ၀မ်မိစားစုနဲ့ ၀မ်စီစီဆိုတာလည်း ဒီလိုပဲဖြေရှင်းလို့ရပါတယ်၊ ရှင့်ရဲ့သားကိုခံစားရအောင်မလုပ်ပါနဲ့လား၊ ချီမိသားစုနဲ့ စေ့စပ်လိုက်တာလည်းအဆင်ပြေမှာပါ..."
အဖေလျိုကဘာကိုမျှမဆိုပဲ မျက်မှောင်ကြုတ် လျက်တွေးတောနေခဲ့သည်။
အတော်ကြာပြီးတော့မှ သူကပြောလာခဲ့သည်။
"မင်းကတစ်ခုခုကိုလိုချင်တယ်ဆိုတိုင်း အော်ဟစ်ပြီးတောင်းလ်ု့မရဘူးကွ၊ မိသားစုနှစ်ခုကိုမျက်နှာပျက်စေရာမကျဘူးလား"
"ချီကျန်းကျန်းရဲ့ သတို့သားလောင်းက ၀မ်ယွီဖြစ်နေလို့ပေါ့၊ ငါကြည့်လုပ်လိုက်မယ်၊ ချီမိသားစုကမင်းကိုကျော်ပြီး ၀မ်ယွီကိုရွေးစရာအကြောင်းကိုမရှိတာ..."
"ကျေးဇူးပါပါး ကျွန်တော်ပါးစကားကိုနားထောင်ပါ့မယ်..."
xxxxxxxx