Part 55
ဆေးရုံပြင်ပတွင်....
ချီယန်မှာ ချီကျိုးချန်းကိုကြည့်လိုက်ကာ "ကျိုးချန်း၊ မင်းဒါတွေကိုပူစရာမလိုသေးပါဘူး၊ ကျောင်းကိုသာသေချာသွား၊ ပါးဖြေရှင်းလိုက််မယ်"
"ပါးကဘယ်လိုများဖြေရှင်းမှာလဲ၊ အခုလိုမျိုးလား" ကျိုးချန်းကနှုတ်ခမ်းကိုတင်းတင်းစေ့လျက်ဆိုလိုက်သည်။
သူကားရလဒ်ကိုလုံး၀မကျေနပ်ချေ။
ထိုကောင်၏မျက်နှာကိုကြည့်ခြင်းဖြင့် ချီကျန်းကျန်ူကို လက်မလျော့သေးမှန်းအသိသာကြီးပင်။
ထိုလူသာလက်မလျော့သေးလျှင် ဖြေရှင်းပြီးပြီဟု မည်သို့ဆိုနိုင်မည်နည်း။
"မင်းနားမလည်ပါဘူး၊ ၀မ်မိသားစုနဲ့ပူးပေါင်းထားတဲ့ ပရောဂျက်ကလည်း လျိုမိသားစုရဲ့ အကူအညီကိုလိုသေးတယ်၊လျိုမိသားစုအကူအညီနဲ့ဆို ကိစ္စတွေကဘယ်လောက်ချောမွေ့သွားမလဲမင်းမသိဘူး၊ ၀မ်မိသားစုကတောင် ၀မ်စီစီက်ု လျိုမိသားစုထဲထည့်ချင်နေတာ ငါတို့ကနည်းနည်းလေးသည်းခံပေးလိုက်ရုံပဲကွ" ချီယန် သားဖြစ်သူအားပြောလိုက်သည်။
ချီကျိုးချန်း၏အမူအယာကမူရုပ်ဆိုးနေဆဲပင်၊
ချီယန်ဆက်ပြောလိုက်သည်။
"မနေ့ညတုန်းကဆို ၀မ်ရိရန်နဲ့ ကျန်တဲ့သူတွေကလည်း အဲဒီမှာရှိနေကြတာ၊ ကျန်းကျန်းလည်း ဘာမှသိပ်မဖြစ်လောက်ပါဘူး၊ ပြီးတော့ ၀မ်ယွီကလည်းလျိုယွီရှန်းရဲ့လက်ကိုချိုးခဲ့တာပဲလေ၊ ကိစ္စကိုဒီမှာပဲထားလိုက်တာကောင်းပါတယ်၊ ကံကောင်းချင်တော့ လျိုမိသားစုဖက်ကတောင် တို့ကိုအကြွေးတင်သွားသေးတယ်လေကွာ"
စီးပွားရေးကိစ္စတွေထည့်ပြောလာတာကိုမြင်လျှင် ချီကျိုးချန်း ဖြတ်ပြောလိုက်သည်။
"ဟုတ်တယ်ကျွန်တော်တကယ်နားမလည်ဘူး၊
ဒါပေမယ့် ပါး၊ ချီကျန်းကျန်းကအခူပြန်လာချင်စိတ်မရှိေတာ့ဘူး၊သူမအခုပြောင်းလဲသွားပြီဆိုတာ မသိသေးဘူးလား၊ သူအိမ်ပြန်လာဦးမယ်ထင်နေတုန်းလား"
ချီယန်အနည်းငယ်တုန့်ဆိုင်းသွားမိပြီး တင်းယီကျွင်းလည်း အနည်းငယ်စိတ်ပူလာခဲ့သည်။
ချီကျိုးချန်း" အခုလျိုမိသားစုကကျွန်တော်တို့ကို အေကြွးတင်နေပြီ၊ ချီကျန်းကျန်းသာဒါကိုသိရင် သူ့ရဲ့အခုစိတ်အခြေအနေနဲ့ ပါးမှာ သမီးတစ်ယောက်တောင်ဆက်ရှိနေပါဦးမလား"
သူကအသက်ကိုပြင်းပြင်းရှုလိုက်မိသည်။
သူဘယ်အချိန်ကစ သူ့ကိုသူ ဆန်းစစ်မိနေသလဲ မသိချေ။
သူတို့မိသားစုမှာချီကျန်းကျန်းအပေါ်အကြွေးတင်နေသလိုမျိုးအမှန်တကယ်ခံစားရသည်။
"ကျွန်တော် တက္ကစီနဲ့ပဲ ကျောင်းသွားတော့မယ်"
ချီကျိုးချန်းထွက်သွားသည့်တိုင် ချီယန်နှင့် တင်းယီကျွင်းတ်ု့မှာ နေရာတွင်အေးခဲနေဆဲဖြစ်သည်။
၀မ်ကျန်း ဗီလာတွင်
၀မ်ယွိတစ်ယောက် မနက်ခင်းတွင်နိုးထလာသော်လည်း အလုပ်သ်ု့်မသွားခဲ့ချေ။
သူကစားပွဲတွင်ထိုင်လျက် မနက်စာကိုစားနေပါသော်လည်း သူ၏ခေါင်းကမူ ခဏတိုင်းမော့ကြည့်လျက် အပေါ်ထပ်မှဆင်းလာမည့်သူတစ်ဦးကိုမျှော်နေခဲ့သည်။
အန်တီ၀မ်ကသူ၏ ဖြစ်နေပုံကိုတွေ့ပြီးပြုံးလိုက်ကာ
"ကျန်းကျန်းကပုံမှန်ဆို ၉နာရီမှာနိုးနေကျ ၊ မစ်စတာ၀မ်နည်းနည်းတော့စောင့်ရဦးမယ်ထင်တယ်"
"အလျင်မလိုပါဘူး" ၀မ်ယွီကအကြည့်ကိုရုတ်လိုက်ပြီးဆိုလာသည်။ သူ၏တည်တံ့သောမျက်နှာမှာ မည်သူ့ကိုသော်မျှစောင့်မနေသည့်နှယ်၊
အန်တီ၀မ်ကမူ ခိုး၍သာရယ်နေတော့သည်၊
၈:၅၀ခန့်တွင် အန်တီ၀မ်သည်နေ့လည်စာချက်ပြုတ်ရန်အတွက် လိုအပ်သော ပါ၀င်ပစ္စည်းတို့ကို၀ယ်ရန် ထွက်သွားခဲ့သည်။
ဤတွင် မည်သူ့ကိုမျှစောင့်နေဟန်မပေါ်သော မစ်စတာ ၀မ်မှာ ယခုချိန်အထိ မနက်စာစား၍မပြီးသေးချေ။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် အပေါ်ထပ်မှ တံခါးဖွင့်သံအားကြားလိုက်ရတော့သည်။
မကြာခင်၌ ချီကျန်းကျန်း၏အရိပ်လေးက လှေကားထစ်တွင်ပေါ်လာတော့သည်။
သူမမျက်လုံးတို့ကလည်း ၀မ်ယွီကိုလှမ်းမြင်လိုက်စဥ်တွင် ခဏမျှတန့်သွားခဲ့သည်။
သူမနောက်သိူ့အမြန်ပြန်လှည့်လိုက်သည်။
သေစမ်း!
သူမမျက်နှာလည်းမသစ်ရသေး၊ အ၀တ်လဲမလဲရသေးပဲ ညအိပ်၀တ်စုံကို၀တ်ထားဆဲ၊
၀မ်ယွီ" နိုးပြီလား၊ မနက်စာဘာစားချင်လဲ"
ချီကျန်းကျန်း"..."
သူမအနေခက်စွာဖြင့် အောက်ထပ်သို့ဆင်းလာခဲ့ကာ လည်ချောင်းကိုရှင်းလျက် ပျော့ပျောင်းစွာဆိုလိုက်သည်။
"ဆန်ပြုတ်ဆိုရပါပြီ"
"အင်း"၀မ်ယွီကထရပ်လိုက်ပြီး မီးဖိုခန်းထဲသို့၀င်သွားခဲ့သည်။
ချီကျန်းကျန်းလည်းရှက်ရွံ့မှုကြောင့်တွန့်ဆုတ်နေသော်လည်း အတော်လေးကြာပြီးနောက်တွင် သူမ၏တွန့်နေသောအ၀တ်များက်ု လက်ဖြင့်ဆွဲဆန့်လျက် ဆံပင်တို့ကိုလည်းလက်ချောင်းလေးများနှင့် ဖြီးသင်လိုက်ပြီး မီးဖိုခန်းထဲလိုက်၀င်သွားတော့သည်။
သို့သော် ၀မ်ယွီကမူ ဆန်ပြုတ်ပန်းကန်ဖြင့်ထွက်လာနေပြီဖြစ်သည်။
"စားလို့ရပြီ" သူကဆိုလိုက်သည်၊
"ကျေးဇူး" ချီကျန်းကျန်းကအမြန်လက်ဆန့်ကာယူလိုက်ပြီး စားပွဲပေါ်ချလိုက်သည်။
၀မ်ယွီလည်းအတူထိုင်ချလိုက်ပြီး သူ၏တစ်နာရီခန့်မပြီးမစီးနိုင်အောင်စားနေခဲ့သောမနက်စာကိုဆက်စားလိုက်သည်။
ချီကျန်းကျန်းလည်းခေါင်းငုံ့လိုက်ကာ ဆံပြုတ်ကိုသောက်ရင်း မျက်စိထောင့်လေးမှလည်း ၀မ်ယွီ့ကိုခိုးကြည့်လိုက်သေးသည်။
ဘော့စ်ကြီးကတော့ ဒီနေ့လည်းကြည့်ကောင်းနေတုန်းပဲ၊ ဘယ်လောက်တောင်မ်ုက်တဲ့အရှိန်အ၀ါလဲ
ဟင်..
ဘော့စ်ကဒီနေ့ suitမ၀တ်ထားပဲ လေကာအင်္ကျီကို၀တ်ထားပါလား။
အရမ်းကြည့်ကောင်းတာပဲ
ဟင်..
ဘော့စ်ရဲ့ဆံပင်ကလည်း ခါတိုင်းထက်ပိုမိုက်နေတယ်၊ မဟုတ်မှ သူဒီနေ့မှပိုကြည့်ကောင်းနေသလိုပဲ၊
သူ့မအမြင်ကပဲဖြစ်နေတာလား၊ ဘော့စ်ကပဲဒီနေ့နည်းနည်းပိုပြင်ဆင်ထားတာလား၊
"အဟမ်း.. စားလေ ၊ ကြည့်မနေနဲ့တော့" ၀မ်ယွီကပြောလိုက်သည်။
"အိုး.." ချီကျန်ူကျန်းခေါငိးငုံ့လိုက်ပြီး သူမ၏နားရွက်တွေကလည်းတမဟုတ်ချင်းနီရဲလာခဲ့သည်၊
နှလုံးခုန်သံတွေလည်းမြန်လာခဲ့သည်။
ခိုးကြည့်တာမိသွားတဲ့ ခံစားချက်က သိပ်ရှက်ဖို့ကောင်းတာပဲ
သူမကလည်းဘာမှမပြောသလို ၀မ်ယွီကလည်းဘာပြောရမှန်းမသိသည်မို့ စားပွဲတွင် နှစ်ဦးသား စားသောက်နေကြသည့်အသံကိုသာကြားနေရသည်၊
"မင်း.."
"ရှင်.."
နှစ်ယောက်သားမှာ ပြိုင်တူပြောမိကြပြန်သည်၊
"မင်းအရင်ပြောပါ" ၀မ်ယွီ၏နှုတ်ခမ်းထောင့်ကကော့တက်လာပြီးဆိုလိုက်သည်၊
ချီကျန်းကျန်း ခေါင်းငုံ့လိုက်ကာ သူမ၏နားရွက်လေးတွေလှုပ်ခတ်သွားခဲ့သည်။
"ရှင်ဒီနေ့အလုပ်မသွားဘူးလား"
"အင်း၊ သွားတာကတော့သွားရမှာပါ၊ ကိုယ်သွားမှရမယ့်ကိစ္စရှိလို့" ၀မ်ယွီရှင်းပြလိုက်သည်၊ခဏလောက်တန့်သွားပြီးနောက်ဆက်ပြောလာခဲ့သည်။
"ကိုယ် ညနေမှပြန်လာမယ်၊ နေ့လည်တော့ပြန်မရောက်လောက်ဘူး"
"အိုး.."ချီကျန်းကျန်းမျက်တောင်ခတ်ရင်းသူမ၏လက်ထဲမှတူကိုကိုက်လိုက်သည်။
ထို့နောက်လေထုမှတဖန်တိတ်ဆိတ်သွားပြန်သည်။
"မနေ့ညကကောင်းကောင်းအိပ်ပျော်ရဲ့လား" ၀မ်ယွီကမေးလိုက်သည်၊
ချီကျန်းကျန်း အလျင်စလိုဖြေလာသည်။
"ပျော်ပါတယ်၊ အရမ်းပျော်တယ်"
အမှန်တော့သူမ ကောင်းကောင်းအိပ်မပျော်ခဲ့ပဲ တစ်ညလုံးဟိုလှည့်ဒီလှည့်လှည့်နေခဲ့တာဖြစ်သည်။
သုမ၏နားရွက်တို့လှုပ်ခတ်သွားပြီး နီရဲလာပြန်သည်၊
ချီကျန်းကျန်းသည်တူကိုကိုက်ရင်း စကားလမ်းကြောင်းပြောင်းရန်ကြိုးစားလိုက်သည်။
"မနေ့ညက ရှင်လျိုယွီရှန်းကိုရိုက်လိုက်တော့၊ ရှင့်ကိုပြသနာတက်စေမှာလားဟင်"
xxxxxx