Part 56
၎င်းကချီကျန်းကျန်းစိတ်ပူနေသော တစ်ခုတည်းသောအရာဖြစ်လေသည်။
၀မ်ယွီမှာမူလ၀တ္ထု၏ဇာတ်လိုက်ဖြစ်ကာ သာမာန်အရံဇာတ်ကောင်လေးများကို မရှုံးနိုင်ပါသော်လည်း
လောလောဆယ်တွင် စီးပွားရေလောကကြီး၏ ဘုရင်တစ်ပါးဖြစ်ဖို့လမ်းကို စတင်ဆဲဖြစ်ရာ မိမိထက် ကိုခွန်အားကြီးသောတချို့ဇာတ်ကောင်များကို သတိထားရမည်သာ။
ချီကျန်းကျန်း သည်၀မ်ယွီ ၀မ်မိသားစုကိုရှင်းပစ်နိုင်ကြောင်းသိထားသော်လည်း လျိုမိသားစုသို့မဟုတ် လုတင်းကအနည်းငယ် ပ်ု၍အင်အားတောင့်သည်မဟုတ်ပါလား။
မူလကိုယ်ပိုင်ရှင်၏မှတ်ဥာဏ်ထဲတွင်တော့ ထိုအကြောင်းအရာနှင့်ပါတ်ဥာဏ်များမရှိသလို ချီကျန်းကျန်းကိုယ်တိုင်လည်း စီပွားရေးအကြောင်းကို တစ်လုံးတစ်ကန်းသော်မျှနားမလည်ပါချေ။
သို့သော် ၀မ်မိသားစုက ၀မ်စီစီနှင့်လျိုယွီရှန်းကိုလက်ထပ်စေချင်သည်ဆိုလျှင် လျိုမိသားစုက အင်အားကြီး၍မဟုတ်ပါလော။
၎င်းကိုတွေးမိလျှင် သူမစိုးရိမ်တကြီးမော့ကြည့်လိုက်မိသည်။
၀မ်ယွီသည် လျိုယွီရှန်းဟူသောအမည်ကိုကြားသည်နှင့် မနှစ်မြို့ရိပ်များ မျက်လုံးတွင်ထင်ဟပ်လာခဲ့သည်။ သို့သော်ချီကျန်းကျန်း၏စိတ်ပူနေသော မျက်၀န်းတစ်စုံကိုမြင်လိုက်ရလျှင်မူ သူ၏အမူအယာက ပြန်လည်ပျော့ပျောင်းသွားလေသည်။
သူကသူမကိုကြည့်လိုက်ပြီး
"အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့"
၀မ်ယွီသည် ယခုလောလောဆည်စိတ်ပူနေသင့်သည်မှာ သူ မဟုတ်ပဲ လျိုမိသားစုဖြစ်သည်ကို မူမပြောလိုက်ချေ။
ချီကျန်းကျန်းကိုလက်ထပ်ချင်ပါသည်ဟူသော လျိုယွီရှန်းကို သတိရမိလျှင် ၀မ်ယွီကခေါင်းငုံ့လိုက်ပြီး မျက်လုံးများကတော့ ရေခဲတမျှအေးစက်နေလေသည်။
လျိုယွီရှန်းကို ချီကျန်းကျန်းရှေ့တွင် နောက်တစ်ကြိမ်ထပ်ပြီးပေါ်လာခွင့်လုံး၀မပြုနိုင်။
သူလုံး၀မကျေနပ်ချေ။
စားပြီးသည့်နောက် ၀မ်ယွီ ကုမ္ပဏီသို့ထွက်သွားတော့သည်။
သူ့တွင်ဖြေရှင်းစရာကိစ္စရှိသည်ဟုဆိုသည်မှာ အမှန်တကယ်လည်းကိစ္စရှိ၍ပင်။ မဟုတ်လျှင် သူယနေ့ ကုမ္ပဏီကိုပင်သွားလိမ့်မည်မဟုတ်ချေ။
သူအိမ်တွင်ချီကျန်းကျန်းနှင့်သာအတူနေရန်စိတ်အားထက်သန်ေနသည်။ သူတို့အချင်းချင်းဘာမှမပြောဖြစ်လျှင်တောင် တစ်ခန်းအတူတူရှိနေရုံနှင့် လုံလောက်သည်။
"မစ်စတာ၀မ်" အတွင်းရေးမှူး နင်ကရောက်နှင့်နေခဲ့ပြီဖြစ်ကာ စာရွက်စာတမ်းတချို့ကို ကိုင်ထားခဲ့သည်၊
သူဌေးကအလုပ်ကိုပုံမှန်မလာသောကုမ္ပဏီကြီး၏ အဓိကအတွင်းရေးမှူးတစ်ယောက်အနေနှင့် သူ၏လစာနောက်မှာရှည်လျားသောသုညတန်းကြီးကြောင့်သာမဟုတ်လျှင် သူ့ကဲ့သို့စိတ်ဓါတ်ခိုင်မာလှသူတောင် အလုပ်ထွက်ဖို့၀န်လေးနေလိမ့်မည်မဟုတ်ချေ။
၀မ်ယွီကခေါင်းငြိမ့်လိုက်ပြီး သူ၏နေရာတွင်ထိုင်လိုက်ပြီး စာတမ်းဖိုင်လ်များကို လှမ်းယူလိုက်သည်၊
"ငါမင်းကိုမနေ့ညက တစ်ခုပို့လိုက်ပြီး ရှာခိုင်းထားတာ၊ ဘယ်လိုလဲ"
လျိုမိသားစုမှာ နှစ်အတော်ကြာ ၀င့်ကြွားလာခဲ့ရမှ နောက်ဆုံးတွင် သံမဏိပြားကိုမှသွားကန်မိချေပြီ။
......
ချီကျန်းကျန်းမှာမူ အိမ်တွင် တကုပ်ကုပ်လုပ်နေခဲ့သည်၊
သူမ၏အတိတ်ဘ၀ကတည်းက အင်္ဂလိပ်စာကိုကောင်းကောင်းရသည်။ မူလကိုယ်ပိုင်ရှင်မှာ သူမလောက်တော့ထူးချွန်မှုမရှိသော်လည်း သူမ(မူလပိုင်ရှင်တွင်)အင်္ဂလိပ်နှင် ဂျာမန်ဘာသာရပ်များအတွက် လက်မှတ်ပင်ရှိလေသည်၊
ချီကျန်းကျန်းမှာ ထိုမူလကိုယ်ပိုင်ရှင်၏ ဂျာမန်စကားပြောစွမ်းရည်ကို တိုက်ရိုက် အမွေမရနိုင်သော်လည်း
သူမဂျာမန်စာကိုစသင်ကြည့်သည်နှင့်အလွန်လွယ်ကူနေသည်ကိုတွေ့လိုက်ရသည်။ သူမအနည်းငယ်ဖတ်ကြည့်ပြီးသည်နှင့် သူမမှတ်ဥာဏ်ထဲ စွဲကျန်နေရစ်ပြီးဖြစ်သည်။
သုမလွန်စွာပျော်ရွှင်သွားမိသည်။
ထို့ကြောင့်သူမအင်္ဂစာဘာသာပြန်တစ်ဦးအနေနှင့်လုပ်ကိုင်ပြီး နေ့လည်ခင်းတွင် ဘာသာပြန်ခြင်းဖြင့် ၀င်ငွေရှာသည်။ ညနေခင်းတွင်မူ ဂျာမန်စာအုပ်များ ဖတ်ရှုပြီး ဂျာမန်စာကို လေ့လာနေခဲ့သည်။ အနာဂါတ်တွင် ဂျာမန်ဘာသာပြန်အနေနှင့် အလုပ်တစ်ခုကိုပါရှာနိုင်လိမ့်မည်။
သူမတွင်၀ယ်ထားသောစာအုပ်များရှိနေဆဲဖြစ်ကာ အချိန်ယူကာဖတ်ရှုရဦးမည်။
သို့သော် ၀မ်ယွီကညနေခင်းတွင် ပြန်လာမည်ဆိုတော့ သူမအခန်းပြင်ထွက်ပြီး အချစ်မှာကျရှုံးရဦးမည်လား။
ဒါကရိုမက်တစ်ဆန်တဲ့ ဆက်ဆံရေးလို့ရော ခေါ်နိုင်ရဲ့လား။
မနေ့ညက ၀မ်ယွီကသူမကိုဆွဲယူကာ ပွေ့ဖက်ခဲ့သည်။
ဤသည်ကိုသတိရလျှင် ချီကျန်းကျန်းမှာ သူမမျက်နှာကိုကာလိုက်ပြီး နားရွက်တွေကနီရဲလာပြန်သည်။
သူမပါးကိုခပ်ဆတ်ဆတ်ပုတ်လိုက်ပြီး မတွေးတော့ရန် သတိပေးလိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့လျက် အလုပ်ကို ဆက်လုပ်လိုက်သည်။
အန်တီ၀မ်ကနေ့လည်စာလုပ်ပြီးချိန်တွင် ၀မ်ယွီပြန်ရောက်လာတော့သည်။
"ကျန်းကျန်းရေ စားလို့ရပြီ" အန်တီ၀မ်ကအော်လိုက်သည်။
"လာပြီ"
ချီကျန်းကျန်းလည်း စားပွဲပေါ်မှ သူမပစ္စည်းတို့ကို သိမ်းလိုက်ပြီး အ၀တ်တွေကိုလည်းဆွဲဆန့်လိုက်ကာ အောက်ထပ်သို့ဆင်းလာခဲ့တော့သည်။
အောက်ထပ်တွင် ၀မ်ယွီက နက်ကတိုင်ကို ဆွဲလျော့လိုက်ပြီး ကုတ်အင်္ကျီကိုလည်းဆိုဖာပေါ်အသာပစ်တင်လိုက်သည်။
သူမော့ကြည့်လိုက်သည်နှင့် အောက်ထပ်သို့ဆင်းလာနေသောချီကျန်းကိန်းမျက်လုံး၀ိုင်းတို့နှင့် အကြည့်ချင်းဆုံကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမ်ကြတော့သည်။
သူမက ၀မ်ယွီသူမကိုပေးထားသော၀တ်စုံလေးကို၀တ်ထားခဲ့သည်။ ထိုသည်မှာ ရှည်လျားသောဂါ၀န်ဖြစ်ကာ အပွင့်သေးသေးလေးများပါရှိပြီး သိုးမွေးထည်အပါးလေးကိုလည်း ထိုအပေါ်မှ၀တ်ဆင်ထားခဲ့သည်။ သူမကိုယ်နှင့်အံကိုက်ဖြစ်နေသော၀တ်စုံမှာ သူမ၏ ညာဘက်ပုခုံစွန်းလေးနှင့် လည်တိုင်ကျော့ကျော့ထင်းလင်းနေစေပြီး ကျော့ရှင်းသော အလှတရားကိုထပ်ဟပ်နေစေခဲ့သည်။
အိမ်နေရင်းမို့ထင်၏ သူမ၏ထူထဲသောဆံပင်တို့ကလည်းကျောပြင်တွင်သည်အတိုင်ူဖြန့်ချထားကာ နှဖူးပေါ်မှဆံစတို့ကိုမူ နားရွက်နောက်သို့ ကပိုကယိုသပ်တင်ထားသည်။
၀မ်ယွီမှာယခင်က ထိုကဲ့သို့အရာများကို စိတ်မ၀င်စားခဲ့၍ပဲလားတော့မပြောတတ်သော်လည်း မိန်းမတစ်ယောက်ကဤမျှလှနိုင်မည်မှန်း သူ မသိခဲ့ချေ။
ချီကျန်းကျန်းမှာသူ့အားအကြည့်မလွှဲနိုင်အောင်ပြုစားထားခဲ့သည်။
ဒုတိယထပ်တွင်မူ ချီကျန်းကျန်းသည်လည်း ရပ်တန့်သွားကာ..
၀မ်ယွီမှာ ရှပ်အင်္ကျီအဖြူကို၀တ်ဆင်ထားပြီး နက်ကတိုင်ကိုလည်း သက်တောင့်သက်သာထြေလျော့ထားသည့်အနေအထားဖြင့်လွန်စွာဆွဲဆောင်မှုရှိနေခဲ့လေသည်။
သူကဘာလို့ဒီလောက်တောင်ကြည့်ကောင်းနေရတာလဲ၊ ပြီးတော့ အရမ်းလည်း ဆွဲဆောင်နေသေးတယ်၊
ဒီလိုမျိုးရုပ်ရည်နဲ့မွေးဖွားလာတာ လုံး၀မမျှတဘူး။
လူနှစ်ဦးမှာတစ်ဦးကိုတစ်ဦး စိုက်ကြည့်နေရင်း ချီကျန်းကျန်း၏ပါးလွှာနားရွက်လေးများကနီမြန်းလာပြန်သည်။ သူမခေါင်းငုံ့လိုက်ပြီး အောက်ထပ်သို့ ဖြည်းညင်းစွာဆင်းလာခဲ့သည်။ သူမ၏နှလုံးခုန်နှုန်းတို့က အထိန်းအကွပ်မဲ့လျက်။
၀မ်ယွီသည်လည်း အနည်းငယ် အနေခက်စွာ ချောင်းဟန့်လိုက်ပြီး ချီကျန်းကျန်းကို ကြည့်ကာ
"မင်းအေးနေလားဟင်၊ ၀တ်ထားတာ နည်းနည်းပါးသလိုပဲ"
"ဟင့်အင်း၊ မအေးပါဘူး" ချီကျန်းကျန်းကဆိုလိုက်သည်။ သို့သော်သူမရှက်ရွံ့စွာထပ်ပေါင်းပြောလိုက်သည်။
"ရှင်ညနေလည်းသွားစရာမရှိတော့ဘူးဆိုတော့ သက်တောင့်သက်တာဖြစ်တာတစ်ခုခုနဲ့လဲချင်လားဟင်"
"အိုကေ" ၀မ်ယွီနှုတ်ခမ်းထောင့်တွေကမြင့်တက်သွားပြန်သည်။သူ၏မျက်လုံးထဲမှအပြုံးရိပ်တို့ကလည်းပို၍ထင်ရှားလာခဲ့သည်။
သူနာခံစွာ အပေါ်ထပ်ကိုတက်သွားခဲ့ပြီး ပေါ့ပေါ့ပါးပါးအိမ်နေရင်း အ၀တ်အစားကိုလဲလိုက်ပြီး ပြန်ဆင်းလာခဲ့သည်။
ချီကျန်းကျန်း စားပွဲတွင်ထိုင်လိုက်ပြီး သူ့အားစောင့်နေလိုက်သည်။
"နောက်တစ်ခါဆို စားနှင့်ပါ၊ ကိုယ့်ကိုစောင့်စရာမလိုဘူး"
"အိုကေ" ချီကျန်းကျန်းပြန်ဖြေလိုက်ပြီး သူမနှုတ်ခမ်းထောင့်မှအပြုံးကပို၍ထင်ရှားလာလေသည်၊
သူမပြုံးနေသလို၀မ်ယွီကလည်းပြုံးနေခဲ့သည်။
သူတို့က ခပ်ခွာခွာစားသောက်နေသော်လည်း ၀မ်ယွီမှာသူမပန်းကန်ထဲ အသီးအရွက်တွေ ဘယ်အချိန်ကလာထည့်သွားသလဲမသိချေ။ သူ၏စိုးရိမ်မှုတို့ပါ၀င်နေသောအသံကိုလည်းကြားလိုက်ရသည်။
"များများစား၊ မင်းကပိန်လွန်းတယ်"
သူကသူမ၏လည်တိုင်အောက်မှညှပ်ရိုးလေးများနှင့်
လက်ဖ၀ါးတမျှသေးငယ်သောမျက်နှာကိုကြည့်လျက် ရင်ထဲမှတွေးနေမိသည်။ အန်တီ၀မ်ကို သူမများများစားအောင် ပိုကောင်းကောင်းချက်ခိုင်းရမည်။
သူကအရင်အချိန်တွေတုန်းက တစ်ယောက်တည်းပေမို့ အန်တီ၀မ်ချက်ပြုတ်သမျှကို ဘာမှမတွေးပဲစားခဲ့သည်။ သို့သော် ယခုချီကျန်းကျန်းကဒီမှာရှိနေပြီ ဒါကြောင့်ပိုပြီး အချက်အပြုတ်ကောင်းတဲ့ တစ်ယောက်ယောက်ကို ခေါ်ပြီး သူမကိုအဟာရပြည့်၀အောင်ကျွေးမွေးရမည်။
ချီကျန်းကျန်းလေး ၀တုတ်လာသည့်ပုံစံကိုမြင်ယောင်ပြီးလျှင် သူ၏မျက်လုံးတို့က ကျေနပ်စွာမှေးသွားခဲ့သည်။
"အိုး၊ ဟုတ်၊ ရှင်လည်းများများစားပါ"
ချီကျန်းကျန်းကသူထည့်ပေးသမျှကို စားနေရင်း ခေါင်းငုံ့ကာ နီရဲနေသော မျက်နှာကို ဖုံးကွယ်ထားလိုက်သည်။
ထို့နောက်
၀မ်ယွီက အသီးအရွက်ထည့်ပေးသည်။ သူမစားသည်။ ၀မ်ယွီ အသီးအရွက်ထပ်ထည့်ပေးသည်။ သူမစားသည်။ ၀မ်ယွီအသီးအရွက်ထပ်ထည့်ပေးလာလျှင်။
ချီကျန်းကျန်း" ရပြီ၊ ကျွန်မဗိုက်ပြည့်နေပြီ"
၀မ်ယွီကမူမျက်မှောင်ကြုတ် လျက် "မင်းဒီလောက်ပဲ စားတာလား"
ချီကျန်းကျန်း " ဒါဆို ကျွန်မနည်းနည်းထပ်စားလိုက်မယ်နော်" သူမနည်းနည်းထပ်စားနိုင်ပါသေးသည်။
သို့သော် သူမကမိန်းကလေးလေ။
မိန်းကလေးသဘာ၀ မိမိသဘောကျသောသူရှေ့တွင် အစားနည်းချင်ယောင်ဆောင်တာ ပုံမှန်ပဲဖြစ်သည်။
၀မ်ယွီကျေနပ်သွားပြီး မျက်ခုံးတွေလည်း ပြန်လည်ပြေလျော့သွားခဲ့သည်။
"ရှင်ဒီညနေစာကြည့်ခန်းကိုသုံးမှာမလားဟင် ၊ ဒါဆိုကျွန်မသွားပြီး.."
ချီကျန်းကျနွးစကားမဆုံးသေးခင်မှာပင် ၀မ်ယွီက နူးညံ့စွာပြောလိုက်သည်။
"စာကြည့်ခန်းကအကျယ်ကြီးပါ၊ ကိုယ်တို့အတူမျှသုံးလို့ရပါတယ်။"
အတူ...
ချီကျန်းကျန်း၏နှုတ်ခမ်းထောင့်လေးတွေ ကွေးညွတ်သွားခဲ့သည်။
xxxxxxx