အပိုင်း ၅၇
Viewers 26k

.Part 57


​နေ့လည်စာစားပြီး​နောက်တွင် နှစ်​ယောက်သား စာကြည့်ခန်းထဲသွားလိုက်ကြသည်။


စာကြည့်ခန်းမှအမှန်တကယ်ကျယ်၀န်းလှသည်။ စားအုပ်​ပေါင်းများစွာရှိကာ စာအုပ်အမျိုးအစား​ပေါင်းများစွာကလည်းကြီးမား​သောစာအုပ်စင်ကြီးများ​ပေါ်တွင်​နေရာယူထားကြသည်။ 


သို့​သော် စားပွဲက​တော့တစ်လုံးသာရှိသည်။


၀မ်ယွီအိမ်တွင်မရှိချိန်၌ ချီကျန်းကျန်းက သူ့​နေရာကိုသုံး​လေ့ရှိသည်။ အခု၀မ်ယွီအိမ်မှာရှိ​နေသည်မို့ သူမကသူ့အား​နေရာ​ပေးချင်သည်။


"ဟင့်အင်းမင်းထိုင်ပါ​၊ ကိုယ်ဒီမှာထိုင်မယ်၊"

​သူက​ဘေးတွင်၀င်ထိုင်ရင်းဆိုလိုက်သည်။ 


ချီကျန်းကျန်း ပါးစပ်ဟလျက်တစ်ခုခု​ပြောရန်ပြင်လိုက်​သော်လည်း ၀မ်ယွီမှာကွန်ပျူတာကိုပင်ဖွင့်​နေပြီကိုမြင်လျှင် သူမလည်းထိုင်ချလိုက်​တော့သည်။


သူမ မနက်က​ရေး​နေ​သောဘာသာပြန်မှာပြီး​ခါနီးမို့ အမြန်လက်စသတ်ကာ ပို့လိုက်​တော့သည်။


သူမကလည်ပင်းအ​ညောင်း​ပြေလှည့်ရင်း ​ဘေးတွင်ထိုင်​နေ​သော ၀မ်ယွီ​ထံမရည်ရွယ်ပဲအကြည့်​ရောက်သွားခဲ့သည်။ ၀မ်ယွီသည် အမူအယာမဲ့စွာကွန်ပျူတာကိုစိုက်ကြည့်လျက် အပြည့်အ၀အာရုံစိုက်ထား​ချေသည်။


ထို​အေးတိ​အေးစက်မျက်နှာထားမှာ အလွန့်အလွန်ကြည့်​ကောင်းလွန်း၍သူမမှာအကြည့်ပင်မလွှဲနိုင်​ချေ။


သူမသူ့အား ခဏမျှစိုက်ကြည့်​နေပြီးမှအသိပြန်၀င်လာခဲ့သည်။ ထို့​နောက်သူမ၏နားရွက်ဖျားတို့နီရဲလာပြီး အကြည့်ကိုအမြန်ပြန်ရုတ်လျက် သူမ၏ဂျာမန်ဖတ်စာအုပ်ကို ဆွဲယူကာ စ​လေ့လာလိုက်ရသည်။

သူမအကြည့်လွှဲသွားပြီးမကြာမီတွင် ၀မ်ယွီ၏နှုတ်ခမ်း​​ထောင့်​လေးမှ​ကွေးတက်သွားတာကိုမူ မ​တွေ့လိုက်​ချေ။


မူလကိုယ်ပိုင်ရှင်၏ အ​ခြေခံကသူမအား​လေ့လာရလွယ်ကူ​စေရန်ပံ့ပိုး​ပေး​သော်လည်း သူမကိုယ်တိုင် အ​တော်​လေးကြိုးစားဖို့​တော့လို​​သေးသည်ပင်၊ ထို့​ကြောင့်သူမစာလုံးတချို့ကိုကူးယူပြီး လိုင်း​ပေါ်တွင်ရှာကြည့်လိုက်သည်၊


သူမနားမလည်သည့်​စာလုံးမျိုးနှင့်ကြုံရလျှင် သူမမှာ​ဘောပင်ကိုအသာကိုက်ရင်းမျက်​မှောင်ကြုတ်ကာ ငြိမ်ကုပ်သွား​လေ့ရှိသည်၊


"ဒီ​နေရာက.." သူမ၏​ဘေးမှ၀မ်ယွီမှာရုတ်ချည်း ​ပျော့​ပျောင်း​သော​လေသံဖြင့်ရှင်းပြ လာခဲ့သည်။


သူ​ပြောပြီး​သောအခါတွင်မှ ချီကျန်းကျန်းမှာ ​အေးခဲ​​နေရာမှ "ရှင်ဂျာမန်လည်းသိတာပဲလား"


"အင်း ကိုယ်သိတယ်" ၀မ်ယွီက​ခေါင်းငြိမ့်ကာ​ဘောပင်ကို​ကောက်ယူလိုက်ပြီး သူမ၏နဖူး​လေးကို အသာ​တောက်လိုက်သည်။ သူ၏​လေသံကပင်အပြုံးရိပ်တို့ပါ၀င်လျက် "အခုမှတ်မိသွားပြီလား"


“ဟင့်အင်း" သူမအလွန် အံ့အားသင့်သွားမိသည်။


၀မ်ယွီကမူ အကူအညီမဲ့​သောအမူအယာ​လေးပြလာ​သော်လည်း စိတ်မရှည်ဟန်တစိုးတစိ​သော်မျှမပြပဲ သူမအား​နောက်တစ်ကြိမ်ရှင်းပြလာခဲ့သည်။ 


ဒီတစ်ကြိမ်တွင်​တော့ ချီကျန်းကျန်းနားလည်သွား​တော့သည်။


သူမ၀မ်ယွီကို​မော့ကြည့်လိုက်ချိန်တွင် သူမမျက်လုံး​လေးများမှာ ကြယ်​လေးများလို​တဖြတ်ဖြတ်တောက်ပလျက်။


အမျိုးသားဇာတ်လိုက်လို့မ​​ပြောရဘူး သူ မသိတာ ဘာမှမရှိဘူးပဲ။


၀မ်ယွီသည်လည်း သူမထံမှဤသို့ကြည့်ခံရ​သောအခါ နားရွက်ဖျား လေး​တွေ နည်းနည်းပူလာသကဲ့သို့ခံစားလိုက်ရသည်၊


နီ​တောင်နီ​နေ​လောက်ပြီ ဟုသူ​တွေးလိုက်သည်။


ကံ​ကောင်းချင်​တော့ ချီကျန်းကျန်းမှာချမှတ်​နေခဲ့တာ​ကြောင့်သတိမပြုမိလိုက်​ချေ။ ၀မ်ယွီစိတ်သက်သာရာ ရစွာသက်ပြက်းချလိုက်မသည်။


သို့နှင့်​နောက်ပိုင်းရက်တို့တွင်လည်း ချီကျန်းကျန်းမှာဂျာမန်ကိုဆက်​လေ့လာပြီး ၀မ်ယွီကမူ အလုပ်ကိုဆက်လုပ်​နေဆဲ။


ချီကျန်းကျန်းနားမလည်သည့် တစ်ခုခုကို​တွေ့တိုင်း ​ဘောပင်ကိုကိုက်ကာ ၀မ်ယွီအား ကြည့်လိုက်လိမ့်မည်။သူမမှာ ဘာကိုမျှမ​ဆိုပဲ သူမမျက်လုံးရွဲကြီးးများကိုသာ ပုတ်ခတ် ပုတ်ခတ်လုပ်​နေလိမ့်မည်။


သူကချက်ချင်းလှည့်ကြည့်လာပြီး ​ဘောပင်ကို ​ကောက်ကာ သူမအတွက်အ​သေးစိတ် ချ​ရေး​ပေးလိမ့်မည်။


တစ်ဦးက​တောက်ပ​သောအပြုံး​လေးနှင့် ​နောက်တစ်ဦးကမူ အလိုလိုက်​သော မျက်၀န်းများနှင့်။


စာကြည့်ခန်းထဲမှ​လေထုမှာအလွန်​နွေး​​ထွေး​နေခဲ့သည်။


ဤရက်များထဲတွင် သူမ၏ဘာသာပြန်အလုပ်မှလည်း ၀င်​ငွေအနည်းငယ်ရှိလာပြီး သူမ၏ဂျာမန်စာ​လေ့လာခြင်းမှာလည်းတိုးတက်လာခဲ့သည်။


ဘာသာပြန်ခြင်းအတွက် တချို့​သောစကားလုံးများမှာ ထူးခြား​သောအဓိပ္ပါယ်များကိုယ်စီရှိတာမို့ သူမဆက်​လေ့လာရန်လိုအပ်​နေရုံသာဖြစ်သည်။


ဤရက်များအတွင်းတွင်ပဲ လျိုမိသားစု​တွင် မုန်တ်ုင်းများတိုက်ခတ်​နေ​တော့သည်။


......


လျိုယွီရှန်း၏အ​ဖေ လျိုဟိုင်ဖန်းတစ်​ယောက်သူ၏သားအား သူလိုချင်​သောမ်န်းက​လေးနှင့် ​စေ့စပ်ရ​အောင်မလုပ်​ပေးနိုင်ခင်မှာပင် လျိုမိသားစုတွင် ပြသနာများတစ်ခုပြီးတစ်ခု​ပေါ်လာခဲ့သည်။


"ခွမ်း" 


ခွက်မှာကြမ်းပြင်​ပေါ်ပစ်​ပေါက်ခံလိုက်ရပြီး အစိတ်စိတ်အမွှာ မွှာ ကွဲထွက်သွားခဲ့သည်။


"ဘာ​တွေဖြစ်​နေတာလဲ"လျိုဟိုင်ဖန်းမှာ သူ၏ရင်ဘတ်ကိုဖိလျက်၀မ်းနည်း မုန်းတီးစွာဆိုလိုက်သည်။


"အကိုကြီး၊ ကျွန်​တော်တို့လည်း မသိလိုက်ဘူး။ လူအိုကြီးရဲ့ကျန်းမာ​ရေးအ​ခြေအ​နေက ကျွန်​​တော်တို့ရဲ့ပြိုင်ဘက်​တွေဆီ​ပေါက်ကြားသွားတယ်၊အခု လူအိုကြီးကအနားယူလိုက်ရပြီ၊ ကျွန်​တော်တို့​တော့သွားပြီ"


"​စ​တော့​စျေးကွက်လည်းရှုပ်​ထွေး​နေပြီ၊ ဘယ်ကမှန်းမသိတဲ့ တစ်ခုခုရဲ့ ကြား၀င်တာခံလိုက်ရတယ်၊ ကျွန်​တော်တို့ စ​တော့ရှယ်ရာ​တွေအကုန်ထိုးကျ​နေပြီ"


"အဲဒီလူ​တွေက လူအိုကြီးအနားယူသွားတာကိုလည်း သိသွားပြီ၊ အခုစ​တော့​စျေးကွက်လည်းကျသွားတာနဲ့၊ ကျွန်​တော်တို့​တော့ အကုန်လုံးဆီကရူးအမူးကိုနင်း​ခြေခံလိုက်ရတာပဲ၊ အရင်တုန်းက ကျွန်​တော်တို့ဆီက မျက်နှာသာဖို့ကြိုးစား​နေတဲ့ လူ​တွေဘယ်​ရောက်သွားတာလဲ"


"အဲဒါကို​ပြော​နေလို့ဘာထူး​တော့မှာလဲ ၊ အခုအ​ရေးအကြီးဆုံးကအ​ခြေအ​နေကိုဘယ်လိုထိန်းသိမ်းမလဲဆိုတာပဲ၊ အစ်ကိုကြီးကျွန်​တော်တို့ အခုဘာလုပ်ကြမလဲဟင်"


"ဟုတ်တယ် အကိုကြီး တစ်ခုခု စဥ်းစားပါဦး"


လူတိုင်းကလျိုဟိုင်ဖန်းအားကြည့်လျက် အခွင့်အ​ရေးကိုအမိအရယူလျက် မိမိတို့အိတ်ကပ်ထဲလည်းနည်းနည်းဖိတ်လျှံလာဖို့​မျှော်လင့်​နေကြသည်။ သူတို့ကိုယ်သူတို့ လျိုမိသားစုနှင့်အတူ အဆုံးသတ်ခံလိမ့်မည်မဟုတ်။


လူအိုကြီး၏သတင်း တဖက်ရန်သူများထံ​ပေါက်ကြားသွားပြီး​နောက်တွင် လူအိုကြီးမှာချက်ချင်း​နေရာဖယ်​ပေးလိုက်ရ​လေသည်၊


စ​တော့​စျေးကွက်မှာ မတည်ငြိမ်​တော့ပြီ။ တချို့သူများကလည်းထို​စျေးကွက်ကိုပိုကျ​အောင်လှုပ်ရှားနှင့်ပြီဖြစ်သည်။ ယခင်ကမျက်နှာလ်ုမျက်နှာရလုပ်ခဲ့ဖူးသူတစ်ဦး​သော်မျှ ကူညီဖို့မလိုလားပဲ၊ လျိုမိသားစုကိုပို၍သာနင်း​​ခြေလိုကြ​လေသည်။


"စုံစမ်းစမ်း၊ အမြန်၊ ဒါကိုဘယ်သူလုပ်​နေတာလဲ သိရ​အောင်လုပ်ခဲ့" လျိုဟိုင်ဖန်းမှာအလွန်ခက်ခဲစွာ ဆိုလိုက်ရသည်၊


ကျန်လူများထွက်သွားပြီး​နောက် ဖန်ကျန်းလည်း စိတ်ငြိမ်​​ဆေးနှင့်အတူ ​ရေတစ်ခွက်ကို လျိုဟိုင်ဖန်အားကမ်း​ပေးလိုက်သည်။


"ငါတို့ဘာလုပ်ကြမလဲ၊ ငါတို့ကိုဘယ်သူကတိုက်ခိုက်​နေတာလဲ၊ ငါတို့ကိုဒီလိုလုပ်ရဲမှာ​တော့ ပြန်​ပေးဆပ်​အောင်လုပ်ရမှဖြစ်မယ်၊ ငါတို့ကိုဘာလို့များဒုက္ခ​ပေးချင်ရတာလဲ"


ဖန်ကျန်း၏မျက်နှာတွင်လည်း ၀မ်းနည်းမှုများဖြင့် မျက်လုံးများကလည်း နီရဲလျက်ပင်။


လျိုဟိုင်ဖန်း ​​ဆေးကို​သောက်လိုက်ပြီး ဘာကိုမျှမဆို​တော့​ချေ။


သတင်းဆိုးများက တစ်ခုပြီးလျှင် တစ်ခုဆက်တိုက်​ပေါ်လာ​နေကာ သူ့တွင် အားပင်မကျန်ရစ်​တော့​​ချေ။


"ချီမိသားစုနဲ့ ၀မ်မိသားစု​ရောမဖြစ်နိုင်ဘူးလား၊

ယွီရှန်း​ကြောင့်နဲ့ သူတို့ကို ရန်စမိသွားတယ်​လေ" ဖန်ကျန်းက​ပြောလာသည်။


"ဟင့်အင်း သူတို့မှာအဲလိုလုပ်နိုင်တဲ့အစွမ်းမရှိဘူး..." 


လျိုဟိုင်ဖန်း ကအလွန်နွမ်းနယ်စွာဆိုလိုက်သည်။


ထိုအချိန်တွင်ဖုန်းမြည်သံကိုကြားလိုက်ရသည်။


လျိုဟိုင်ဖန်းအနည်းငယ်တုန်လှုပ်သွားမိသည်။ ဤ​နေ့များတွင် ဖုန်းလာခြင်းသည်သတင်း​​​ကောင်းမဖြစ်တန်ရာမို့ ကြည့်ပင်မကြည့်ရဲ​ချေ။


ဖန်ကျန်းကကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ 

"သား ဆက်တာ"


သူမကအမြန်​ကောက်ကိုင်လိုက်သည်။


တဖက်တွင် ​ဆေးရုံမှမဆင်းရ​သေး​သော လျိုယွီရှန်းမှာ ရက်ပိုင်းအတွင်း မိသားစု၌ဖြစ်ပျက်သွားသည်တို့ကို မသိ​ချေ။ ဖုန်းကိုင်လိုက်သည်နှင့် သူကချက်ချင်း

"မား ကျွန်​တော့်ကိုနှစ်ရက်​တောင်ပစ်ထားတယ်"


"မားမှာ လုပ်စရာ​တွေရှိ​နေလို့၊ ​ဆေးရုံမှာ​ကောင်း​ကောင်း​နေ" ဖန်ကျန်းမှာ သားအားစိတ်မ​ကောင်းမဖြစ်​​စေရန် အ​ခြေအ​နေကိုမ​ပြောပဲထားလိုက်သည်၊


လျိုယွီရှန်းမှာ အ​​မေဖြစ်သူအဘယ်​ကြောင့်အလုပ်များ​နေ​​ကြောင်းဂရုစိုက်ပုံမ​ပေါ်​​ချေ။


"ပါးနဲ့မား ကျွန်​တော့်အတွက် စဥ်းစား​ပေးမယ်လို့​ပြောထားတယ်မဟုတ်ဘူးလား၊ ဘယ်လိုလဲ၊ ချီကျန်းကျန်းကအခုကျွန်​တော်နဲ့​စေ့စပ်​တော့မှာလား၊ အမြန်လုပ်၊ သု့ကို​ဆေးရုံလာပြီး ကျွန်​တော့်ကိုလာပြုစုခိုင်းလိုက်၊ သူ့ကိုမြင်​​နေရရင်ကျွန်​တော့်လက်​တွေပို​ကောင်းလာမှာ။ သူ့​ကြောင့်ကျွန်​တော်ဒီလိုအရိုက်ခံထားရတာ၊ စဥ်းစားကြည့်​လေ ​ဒေါသထွက်​လေပဲ၊ ၀မ်ယွီက​ရော ဘာလို့လာမ​တောင်းပန်​သေးတာလဲ မဟုတ်မှလွဲ.."


"ပါးစပ်ပိတ်ထားစမ်း"လျိုဟိုင်ဖန်း​ပေါက်ကွဲ​တော့သည်။


မိသားစုမှာဒုက္ခ​ရောက်​နေတာ​တောင် လျိုယွီရှန်းက ချီကျန်းကျန်းအ​ကြောင်း​တွေးပြီး ၀မ်ယွီလာ​တောင်းပန်ဖို့​ကို​တောင်​မျှော်​နေ​သေးသည်။


"ပါး" လျိုယွီရှန်းမှာတန့်သွားပြီး အနည်းငယ်လည်း​ကြောင်​တောင်​တောင်ဖြစ်သွားမိသည်။ 


"ချီမိသားစုကလည်း မင်းနဲ့ချီကျန်းကျန်းကိုသ​ဘောမတူဘူး၊ ၀မ်ယွီလည်းလာ​တောင်းပန်မှာမဟုတ်ဘူး၊​စဥ်း​တောင်မစဥ်းစားနဲ့ ငါတို့လျိုမိသားစုကအခုကံဆိုး​နေပြီ၊ မင်း​ဆေးရုံမှာသာ​ကောင်း​ကောင်း​နေစမ်း" 

​ပြောပြီး​နောက် လျိုဟိုင်ဖန်းမှာ ဖုန်းကို​ဒေါသတကြီးပစ်​ပေါက်လိုက်​တော့သည်၊


ဤနှစ်ရက်အတွင်းတွင် သူဖုန်း​ေတာ်​တော်များများကိုလည်းပစ်​ပေါက်ခဲ့ပြီဖြစ်သည်။


သူ၏ရင်ဘတ်မှာ​ဒေါသ​ကြောင့်နိမ့်ချည်မြင့်ချည်ပင်။


ဖန်ကျန်းမျက်လုံးတို့ကနီရဲသွားပြီး ​ပြောလာခဲ့သည်။ 

"ဘာလို့ သားအ​ပေါ်မဲ​နေရတာလဲ၊ သူ့ခမျာအခုမှဒဏ်ရာကိုသက်သာ​အောင်လုပ်​နေတုန်းကို အိမ်မှာဖြစ်​နေတာကိုသိသွားရင် သူဘယ်လိုမြန်မြန်ပြန်​ကောင်း​တော့မှာလဲ၊ သူကဘာလုပ်နိုင်မှာမို့လဲ"


"မင်းသူ့ကိုကြပ်ကြပ်အလိုလိုက်ထား၊ အနာဂါတ်မှာ လျိုမိသားစုနိမ့်ကျသွားတဲ့အခါ၊ သူဘာလုပ်နိုင်မလဲ မင်းဘာမင်းကြည့်လိုက်"


ဖန်ကျန်းဘာကိုမျှမဆို​ချေ။ အ​တော်ကြာ​တော့မှ မျက်ရည်များဖြင့်​မေးလာခဲ့သည်။

"ဟိုင်ဖန်း..ကျွန်မတို့​တွေ လျိုမိသားစုကိုကာကွယ်နိုင်​သေးလားဟင်"


လျိုဟိုင်ဖန်းလည်း တိတ်ဆိတ်​နေပြီးမှ အား​လျော့စွာဆိုလာသည်။ 

"အရင်ဆုံး တရားခံကဘယ်သူလဲဆိုတာ ရှာမှရမယ်၊ တဖက်လူ​​နောက်ဆုတ်သွား​​သေးသ၍ ကယ်လို့ရဦးမယ်"


မိသားစုကြီးတစ်ခုကဤမျှမြန်မြန်ထိုးကျသွားရသည်မှာ ပုံမှန်မဟုတ်​ချေ။ တဖက်လူမှာသိပ်ရက်စက်ကာအညှာအတာမဲ့လွန်းသည်၊ သူတို့ကလူအိုကြီးကိုအရင်ပစ်မှတ်ထားပြီး လူအိုကြီး​နေရာမှဖယ်ရ​အောင်လုပ်ကာ ကုမ္ပဏီအားဆက်တိုက်ခိုက်ပြန်သည်။


တဖက်လူ၏တိုက်ခိုက်မှုက လျိုမိသားစု၏ရှိရင်းစွဲရန်သူများကိုပါလှုံ​ဆော်​ပေးလိုက်သလိုဖြစ်ကာ လျိုမိသားစုမှာအလွန်အန္တရာယ်ရှိ​သောအ​ခြေအ​နေကိုကျ​ရောက်သွား​တော့သည်။


လျိုမိသားစုသည် သူတို့၏လက်ကျန်အင်အားဖြင့် ​နောက်ကွယ်မှလက်သည်ရှာ​ဖွေ​ရေးကို ပုံ​အောလိုက်​တော့သည်။


တဖက်လူကလည်းပုန်း​ရှောင်​နေခြင်းပင်မပြုပဲ၊ ဆန္ဒရှိသလို ရှာ​ဖွေစုံစမ်းခွင့်ပြုထားခဲ့သည်။


သူတို့သတင်းရရခြင်းပင် တဖက်လူက လျိုဟိုင်ဖန်းအား​တွေ့လို​ကြောင်းတဲ့ပင်​ပြောလာခဲ့သည်။ 


အခိုက်အတန့်တွင် လျိုဟိုင်ဖန်းမှာ ယွီတင်း၏တံခါး၀တွင်ရပ်လျက် မြင့်မား​သောအ​ဆောက်အဦးကြီးကို ​​မော့ကြည့်ရင်း ​အေးစက်​နေမိသည်။


"မစ်စတာလျို၊ ​ဘော့စ်က ခင်များကို​​​စောင့်​နေပါတယ်"

အထူးအတွင်း​ရေးမှု​ဂေါင်း၏မျက်နှာမှာ မည်သည့်အမူအယာမှမရှိစွာဆိုလာခဲ့သည်။


ဆယ်နှစ်စာ​လောက်ပိုအိုစာသွားခဲ့​သော လျိုဟိုင်ဖန်းမှာ သူ၏လက်​ထောက်ကိုတွဲလျက် အသက်ကိုပြင်းပြင်းရှုကာ​​ဒေါသကိုမြိုချလိုက်ရပြီးမှ၊


"လမ်းပြပါ"


xxxxxxx