အပိုင်း ၅၈
Viewers 26k

Part 58


လျိုဟိုင်ဖန်း ယွီတင်းကို​သေချာ​ပေါက်သိသည် ပင်။


၄င်းမှာစီးပွား​ရေး​အင်ပါယာကြီးတွင် မထင်မှတ်ထားစွာ ရုတ်ချည်း​ပေါ်​ပေါက်လာပြီး အရှိန်အဟုန်ပြင်းစွာ ကြီးထွားလာသည့် မွန်းစတားလက်သစ်တစ်​ကောင်ပင်။


လျိုမိသားစုပင်လျှင်တစ်ချိန်က ယွီတင်းနှင့် ဆက်ဆံ​ရေးတည်​ဆောက်ရန်လိုလားခဲ့သည်။ သို့​သော် ယွီတင်း၏​​ဘော့စ်ဖြစ်သူမှာအလွန်လျို့၀ှက်လွန်းသည်။ ယွီတင်း၏အုပ်ချုပ်​ရေးမှာလွန်စွာတင်းကြပ်ပြီး စနစ်တကျကွပ်ကဲထားသည်မို့ ​ဘော့စ်ကိုယ်တိုင်လူလုံးထွက်မပြလျှင်ပင် ရှယ်ယာရှင်များအတွက် နစ်နာစရာ​သော်လည်း​ကောင်း စိုးရိမ်စရာ​သော်လည်း​ကောင်း မရှိ​ချေ။ထို့​ကြောင့် စီးပွားဖက်များထံမှာ မည်သည့်သတင်းဆိုးများ​သော်မျှမကြားရပဲ ထိုအစား ​​ဂုဏ်သတင်းသာလွန်စွာကြီးမားလျက်။


လျိုဟိုင်ဖန်းသည် ဤရုတ်တရက်​တိုက်ခိုက်မှု၏​နောက်ကွယ်တွင် ယွီတင်းရှိ​နေမည်မထင်ထားခဲ့​ချေ။


ယွီတင်း​ကြောင့် သူ​အကုန်လုံးနီးပါးဆုံးရှူံးခဲ့ရသည်။ ရှင်းရှင်း​ပြောရလျှင် ယွီတင်းမှာ လျိုမိသားစုကို အပြတ်ပင်ရှင်းပစ်ချင်သည့်အတိုင်း။


လျိုဟိုင်ဖန်း နားမလည်​ချေ။ သူတို့ဘယ်တုန်းကများ ယွီတင်းကိုရန်စမိပါသနည်း။


သိပ်မကြာခင်မှာပင် သူသည် ယွီတင်း၀င်​ပေါက်တံခါးဆီ​ရောက်လာခဲ့သည်။ 


သူသည် အထူးလက်​ထောက်​ဂေါင်း၏ဦး​​​ဆောင်မှုနှငိ့အတူ အထူးဓါတ်​လှေကားမှတဆင့် ထိပ်ဆုံး အထပ်သို့တိုက်ရိုက်တက်လာခဲ့ကြသည်။ အ​ပေါ်ဆုံးအထပ်ကို​ရောက်သည်နှင့် လျိုဟိုင်ဖန်း၏လက်​ထောက်​​မှာ လိုက်လာခွင့်မရှိတော့​ချေ။


လျိုဟိုင်ဖန်းလည်း ဘာမျှ​တွေးမ​​နေပဲလက်ခံလိုက်သည်။


မိမိမှာ ငြိမ်းချမ်း​ရေးအတွက်လာသည်ဖြစ်ရာ ယွီတင်းအားအဘယ်​ကြောင့်ထပ်ရန်စရဲမည်နည်း။


ယွီတင်း၏လျို့၀ှတ်ဆန်းကြယ်​သော​ဘော့စ်ဖြစ်သူမှာအ​ပေါ်ဆုံးအထပ်တွင်​ရှိ​နေကာ လက်​ထောက်​ဂေါင်း၏​နောက်မှလိုက်၍ အ​ပေါ်ထပ်၏​အဆုံးရှိ ရုံးခန်းဆီ​လျှောက်သွားလိုက်သည်။


"​ဒေါက် ​ဒေါက် ​ဒေါက် " လက်​ထောက်ကတံခါးကို​ခေါက်လိုက်သည်။


"၀င်ခဲ့" ​အေးစက်​သောအသံတစ်ခုကတုန့်ပြန်လာခဲ့သည်။


လျိုဟိုင်ဖန်းအနည်းငယ်တန့်သွားခဲ့သည်။

အသံမှာအလွန် ငယ်ရွယ်လှသည်၊


အထူးလက်​ထောက်​ဂေါင်း ကတံခါးကိုဖွင့်လိုက်ပြီး 

လျိုဟိုင်ဖန်းလည်း​မော့ကြည့်လိုက်လျှင်  ခုံတွင်ကျကျနနထိုင်​နေ​သော သူအားရှင်းလင်းစွာမြင်လိုက်ရ​တော့သည်။


အခိုက်အတန့်တွင် လျိုဟိုင်ဖန်းမှာ ​ခေါင်းကိုအရိုက်ခံလိုက်ရသူသဖွယ် ​အေးခဲသွားမိ​တော့သည်။


၀မျယှီ


သူက၀မျယှီ


သူ့သားလက်ကိုချိုးဖြစ်ခဲ့သူ၊ ၀မ်ယွီအား လျိုဟိုင်ဖန်းအဘယ်​ကြောင့်မမှတ်မိပဲ​နေလိမ့်မည်နည်း။


၀မ်ကျင်စန်းလည်းသူ့အားဖုန်း​ခေါ်ပြီး ၀မ်ယွီအိမ်ပြန်မလာတာကြာပြီဖြစ်၍ အားနာမိ​ကြောင်း မြန်မြန်​တွေ့​အောင်ရှာပြီး လာ​တောင်းပန်ခိုင်းပါမည်ဟု ​ပြောခဲ့​သေးသည်။


ထိုအချိန်ကလျိုဟိုင်ဖန်းမှာ စိတ်တိုမိ​သော်လည်း​နောက်​နေ့များတွင်မိသားစု၌ပြသနာများတစ်ခုပြီးတစ်ခု​ပေါ်လာခဲ့ရာ ၀မ်ယွီအ​ကြောင်းသတိပင်မရနိုင်ခဲ့​ချေ။


လျိုမိသားစုပြသနာတက်​နေသည်​ကြောင့်၀မ်ကျင်စန်းသည်လည်း ၀မ်ယွီအား​ခေါ်လာပြီး​တောင်းပန်ခိုင်းမည့်ကိစ္စကိုထပ်မ​ပြော​တော့​ချေ။ သူက၀မ်ယွီကိုပင် ရှာမ​နေ​တော့၊


သူအကူအညီ​တောင်းရန်ဖုန်း​ခေါ်လိုက်လျှင်လည်းတဖက်လူမှာ

"ကူညီချင်ပါတယ်၊ ဒါ​ပေမယ့်အကိုကြီးလည်း ကျွန်​တော့်အ​ခြေအ​နေကိုသိသားပဲ"နှင့်သာအဆုံးသတ်သွားရသည်။


လျိုဟိုင်ဖန်းမှာ ၀မ်မိသားစုကိုမ​​ကျေနပ်​သော်လည်း၊

၀မ်မိသားစု၏ပစ်ပယ်ခံတစ်ဦးက ယွီတင်း၏ရုံးခန်းထဲတွင်ထိုင်​နေလိမ့်မည်ဟုမထင်ထားခဲ့​ချေ။


ယွီတင်း၏လျို့၀ှတ်ဆန်းကျယ်​သော ဥက္ကဌက ၀မ်မိသားစုထံမှလျစ်လျူရှုခံထားရ​​သော အကြီးဆုံးသား၀မ်ယွီဖြစ်​နေခဲ့​လေသည်၊


၀မ်ယွီမှာမူ အမူအယာကင်းမဲ့လျက် သူ၀င်လာသည်ကိုမြင်လျှင် ​ဘောပင်ကိုစားပွဲ​ပေါ်ချလိုက်ပြီး သူ့အားစူးရှစွာကြည့်လိုက်ကာ ဆိုလာသည်။


"ထိုင်ပါ"


လျိုဟိုင်ဖန်းမှာ ၀မ်ယွီအားယခင်ကရင်းရင်းနှီးနှီးသိသလား မစဥ်းစားနိုင်​ချေ။ သူသည်၀မ်မိသားစုမှ ၀မ်ရိရန်ကိုသာလျှင်မှတ်မိ​လေသည်။


သို့​သော် ယ​နေ့ရုံးခန်းကြီး၏အလယ်တွင် ​အေးစက်စွာထိုင်​နေ​သော အမျိုးသားကိုကြည့်ပြီး လျိုဟိုင် ဖန်သံသယများ၀င်လာမိ​တော့သည်။ 


သူအဘယ်​ကြောင့်များ ၀မ်ယွီအား မထင်ရှားသည့်သာမာန်လူဟု​တွေးခဲ့မိပါသနည်း။


ဤလူမှာ လုံး၀ပင်လျစ်လျူရှု၍မရ​သော အရှိန်အ၀ါနှင့်လူများမဟုတ်ပါလား။


စားပွဲ​ရှေ့တွင် ထိုင်ခုံတစ်လုံးရှိ​နေပြီး လက်​ထောက် ​ဂေါင်းမှာလည်း ရုံးခန်းထဲမှထွက်သွားနှင့်ပြီဖြစ်သည်။


လျိုဟိုင်ဖန်မှာ နှာ​ခေါင်းကိုပွတ်ရင်း ​ဖြည်းညင်းစွာ​လျှောက်သွားကာထိုင်ချလိုက်သည်။


အ​တော်​လေးကြာ​တော့မှ သူကအလွန် အက်ကွဲ​နေ​သောအသံဖြင့်​ပြောလိုက်သည်။


"၀မ်ယွီး မင်းကတကယ်​တော့ ဖျက်​​မြင်း တစ်​ကောင်ဖြစ်​နေခဲ့တာပဲ"


"​ကျေးဇူးပါပဲ" ၀မ်ယွီကမူမထူးမခြား​သောအမူအယာဖြင့်ဆိုလိုက်သည်။ သူ၏မျက်လုံးများထဲတွင် မည်သည့်ခံစားချက်မှမရှိ​ချေ။


သူဖိနှိပ်သင်ခန်းစာ​ပေးခဲ့​သော လျိုဟိုင်ဖန်းမှာ မျက်စိထဲသို့ထည့်ရန်ပင်မတန်သည့်သဖွယ် ။


လျိုဟိုင်ဖန်းသည် ရင်ထဲမှာတုန်လှုပ်​နေခဲ့​သော်လည်း လျိုမိသားစု၏အနာဂါတ်ကပိုအ​ရေးကြီးသည်ပင်။


လျိုဟိုင်ဖန်းစိတ်ကို​လျှော့လျက် အသက်ကိုပြင်းပြင်း ရှူကာ ဖြည်းညင်းစွာဆိုလိုက်သည်။ 


"၀မ်ယွီ မင်းအ​ဖေနဲ့ ငါနဲ့ ငယ်​ပေါင်းအရင်း​ခေါက်​ခေါက်​တွေပါ။ ပြီး​တော့ယွီရှန်းနဲ့ မင်းညီမစီစီကလည်း ​စေ့စပ်ဖို့ပြင်ထားကြပြီ၊ ငါတို့က စီးပွားဖက်​တွေဆိုလည်းဟုတ်တာပဲ​လေ၊ ၀မ်မိသားစုနဲ့ လျိုမိသားစုမှာ ဘာရန်ငြိုးမှမရှိကြပဲ"


၀မ်ယွီကမူ အမူအယာမဲ့စွာဖြင့် ၀မ်မိသားစုဟူ​သောအသံကိုကြားလျှင် သူ့မျက်လုံးထဲတွင် ရွံ့ရှာမှုတို့ဖြတ်သန်းသွားကာ


 " ၀မ်မိသားစုက ၀မ်မိသားစု ၊ ကျွန်​တော်က ကျွန်​တော်ပဲ..."


ထို့​ကြောင့် ၀မ်မိသားစုနှင့်လျိုမိသားစု၏ဆက်ဆံ​ရေးကို သူဂရုမစိုက်​ချေ။ ၀မ်မိသားစုမှာ သူနှင့်မသက်ဆိုင်။


လျိုဟိုင်ဖန်းမှာ တိတ်သွားပြီး အ​တော်ကြာမှ ထပ်​ပြောလာခဲ့သည်၊


"မင်းငါတို့မိသားစုကိုခက်ခဲ​အောင်လုပ်​နေတာက ငါ့သားကချီမိသားစုရဲ့ချီကျန်းကျန်းကို​နှောင့်ယှက်မိလို့လား "


သူက​မေးရင်းဖြင့် မယုံနိုင်သလိုခံစားလိုက်ရသည်။


၀မ်ယွီမှာ ​အေးစက်ပြီး ဓါးတမျှစူးရှ​သောအကြည့်ဖြင့် ကြည့်လာပြီး "ချီကျန်းကျန်းက ကျွန်​တော့်ဇနီး​လောင်းပါ၊ ဘယ်သူကမှသူမရဲ့ဆံပင်တစ်​မွှေးကိုမှ ထိခိုက်​အောင်လုပ်ခွင့်မရှိဘူး။ "


နဂါးအ​ကြေးခွံပင်လျှင်​ပြောင်းပြန်ဖြစ်နိုင်​သေးသည်။ ၀မ်ယွီသည် မိမိချီကျန်းကျန်းအ​ပေါ် ဘယ်လိုသ​ဘောထားမှန်း မ​သေချာ​သေး​သော်လည်း တစ်​ယောက်​ယောက်က သူမကိုထိခိုက်​​အောင်လုပ်လျှင် သူလည်းမ​ကျေမနပ်ဖြစ်သည်ပင်။


လျိုဟိုင်ဖန်းမှာ အလွန်အမင်း​ရှော့ခ်ရသွားခဲ့သည်။

ဤကမ္ဘာကြီးတွင် အလှ​လေးအတွက် လက်တုန့်ပြန်​ပေးသည့် စီးပွား​ရေးသမားမျိုးလည်းရှိ​သေးသ​လော။


ထို့​နောက်သူကအလျင်အမြန်ဆိုလာခဲ့သည်။


"ငါက ယွီရှန်းကို​ခေါ်ပြီးချီမိန်းက​လေးကို​တောင်းပန်ခိုင်းလိုက်ပါ့မယ်၊ ငါကတိ​ပေးပါတယ်၊ သူချီကျန်းကျန်းကိုထပ်မ​နှောက်ယှက်​စေရဘူး"


၀မ်ယွီကသူ့အားပို၍စူးရှစွာကြည့်လျက် 

"လျိုယွီရှန်းကို ချီကျန်းကျန်း​ရှေ့မှာ ​နောက်တစ်ခါလုံး၀​ပေါ်မလာပါ​စေနဲ့"


ထို​အ​ရေးမပါ​​​သော​တောင်းပန်မှုထက် သူသည်လျိုယွီရှန်းအားချီကျန်းကျန်း၏မှတ်ဥာဏ်ထဲမှ အပြီးထုတ်ပစ်ချင်တာဖြစ်သည်။


xxxxxxx