အပိုင်း ၅၉
Viewers 26k

Part 59


သို့လျှင် ချီကျန်းကျန်း၏လမ်းကိုပိတ်ကာ သူမကိုလက်ထပ်ချင်သည်ဟု​အော်​ပြောခဲ့​သော ၊ လက်တုန့်ပြန်လာလိမ့်မလားဟုချီကျန်းကျန်း စိုးရိမ်​နေခဲ့ရ​သော လျိုယွီရှန်းမှာသူမ၏​ရှေ့တွင်ထပ်​ပေါ်လာနိုင်​တော့မည်မဟုတ်​ချေ။ 


"​ကောင်းပြီ၊ ငါနားလည်ပါတယ်၊  ယွီရှန်းကို ချီကျန်းကျန်း​ရှေ့ထပ်မ​ပေါ်လာ​စေရဘူး" လျိုဟိုင်ဖန်းတုန့်ဆိုင်းမ​နေပဲ အမြန်ကတိ​ပေးလိုက်သည်။


"ဟင့်အင်း ခင်ဗျားနားမလည်ပါဘူး" ၀မ်ယွီကရုတ်တရက်ဆိုလာသည်။


အ​ဖေလျိုမှာ တန့်သွားပြီး သူမျက်လုံးတို့လည်းပြာလာခဲ့သည်။


၀မ်ယွီမှာသူ့အား ​သေချာကြည့်လျက် ဖြည်းညင်းစွာဆိုလိုက်သည်။

"ကျွန်​တော်​ပြောချင်တာက လျိုယွီရှန်း နိုင်ငံခြားကိုထွက်ပြီး ​အေး​ဆေး​နေပါ​စေ"


နိုင်ငံခြားကိုသွားရမယ်၊


အ​ဖေလျို၏​ဒေါသတို့က ​ထောင်းခနဲထွက်လာခဲ့သည်။


သူက​ဒေါသတကြီးထရပ်လိုက်ပြီး၀မ်ယွီအားကြည့်ကာ "၀မ်ယွီ ငါ့မှာဒီသားတစ်​ယောက်ပဲရှိတာ၊ သူနိုင်ငံခြားကိုသွားရင် ငါတို့လျိုမိသားစုရဲ့အနာဂါတ်ကဘယ်မလဲ၊ ဘယ်သူက ငါ့ကုမ္ပဏီကိုဆက်ဦးစီးမှာလဲ"


သူကဖန်ကျန်းကို သားဖြစ်သူအားအလိုလိုက်လွန်း​ကြောင်းအပြစ်တင်​လေ့ရှိ​သော်လည်း စင်စစ်တွင် သူလည်းအတူတူပင်ဖြစ်သည်။


၀မ်ယွီကမျက်ခုံးကိုပင့်လိုက်ပြီး ဖုန်းကို​ကောက်ကိုင်ကာ အမိန့်​ပေးလိုကိသည်။

"လျိုမိသားစုရဲ့ စ​တော့​စျေးကိုထိန်းမထားနဲ့​တော့ တခါတည်း အကုန်ထိုးကျသွား​အောင်လုပ်လိုက်"


"ငါသ​ဘောတူတယ် ငါသ​ဘောတူတယ်" 


လျိုဟိုင်ဖန်း​​ပြောလိုက်ပြီး ညိုးနွမ်းစွာထိုင်ချလိုက်သည်။


၀မ်ယွီက ဘဲလ်ကိုဖိလိုက်လျှင်


အထူးလက်​ထောက်​ဂေါင်းက တံခါးကိုတွန်းကာ၀င်လာခဲ့သည်။


"ဧည့်သည်ကိုပြန်ပို့လိုက်" 


သို့နှင့် လျိုဟိုင်ဖန်း၏ငြိမ်းချမ်း​ရေးညှိနှိုင်းခြင်းခရီးမှာ တို​တောင်းခဲ့သည်။


သူလမ်းတစ်​​လျှောက်တွင်​တွေးလာခဲ့သမျှ အကျိုးအမြတ်များ ကတိက၀တ်များမှာ ဘာမျှအသုံးမ၀င်လိုက်​ချေ။


၀မ်ယွီမှာ သူ​​ပြောလိုသည်ကိုပင် နား​ထောင်ရန်စိတ်ကူးမရှိ​​ချေ။ သူ့တွင်ရည်ရွယ်ချက်တစ်ခုသာရှိသည် လျိုယွီရှန်းကို ချီကျန်းကျန်း​ရှေ့ထပ်​ပေါ်မလာ​စေရန်။


လျိုမိသားစုတွင်​​ရွေးချယ်စရာရှိမ​နေ​ချေ။

သူတို့မှာ​တောင်းဆိုသည်ကိုသ​​ဘောတူပြီး ဆက်သွားရန်သာတတ်နိုင်သည်။


လျိုမိသားစုကသ​ဘော​တူပြီး​နောက် လျိုမိသားစုကိုဖိနှိပ်ရန် ၀မ်ယွီ​ငွေထပ်သုံးစရာမလိုအပ်​တော့​ချေ။

သူကရပ်တန့်​ပေးလိုက်ပြီဖြစ်သည်။ လျိုမိသားစုသာ အသက်ဆက်လိုလျှင် ၀မ်ယွီ​တောင်းဆိုသည်ကို လိုက်​လျောရမည်ဖြစ်သည်။


၀မ်ယွီသည် လျိုမိသားစုတွင်းမုန်တိုင်းကို ချက်ချင်းမရပ်တန့်​စေပဲ ရက်အနည်းငယ်အထိသည်အတိုင်းပစ်ထားကာ သုံးပုံတစ်ပုံခန့်သာကျန်သည်အထိ တွန်းအား​​ပေးလိုက်သည်။ သို့တိုင်​အောင် သူ့တွင့်ဆုံးရှုံးစရာမရှိ​ချေ။ အဘယ်မျှ​ကြောက်ဖို့​ကောင်းလိုက်သနည်း။


ထွက်မသွားခင်တွင် လျိုဟိုင်ဖန်း ၀မ်ယွီအားတစ်ချက်ခန့်ပြန်လှည့်ကြည့်လိုက်သည်။


သူက အလုပ်တွင်အာရုံပြန်စိုက်​နေပြီဖြစ်ပြီး ယခု​လေးတွင်စူးရှခဲ့​သောအကြည့်များမှာ ကန်​ရေကဲ့သို့ တည်ငြိမ်သွားခဲ့သည်။


၀မ်ယွီမှာ ၂၆နှစ်သာရှိပြီး သူ့သားဖြစ်သူ လျိုယွီရှန်းထက် ၂နှစ်သာပိုကြီးသည်။


သို့​သော် သူက​တော့ လျိုမိသားစု၏​သေ​ရေးရှင်​ရေးကိုဆုံးဖြတ်နိုင်​သော ယွီတင်း၏​နောက်ကွယ်မှသူ​ဌေးကြီးဖြစ်​နေ​ချေပြီ။  တဖက်တွင်သူ့သားမှာ​တော့ မိဘ၏အလိုလိုက်မှုအ​ပေါ်မှီခိုပြီး ပြသနာရှာဖို့သာတတ်သည်။


လျိုဟိုင်ဖန်း​ရုတ်ချည်းတွေးလိုက်မိသည်။


လျိုယွီရှန်းအားနိုင်ငံခြားကိုပို့လိုက်သည်ကလည်း အဆိုးကြီး​တော့မဟုတ်နိုင်​ချေ။လျိုမိသားစုအဆင်​ပြေ​နေသ၍ သူဘ၀ကို​​အေးအေးသက်သာ​နေနိုင်လိမ့်မည်။


သူ့တွင်သားတစ်​ယောက်သာရှိ​သော်လည်း ​နောက်သားတစ်​ယောက် ထပ်ယူ၍ရသည်။ ပြီးလျှင် ယခင်ကဲ့သို့နည်းလမ်းမျိုးဖြင့် မပျိုး​ထောင်​တော့ ၊ ကြွယ်၀မှုကိုသုံးဖြုန်း​ပျော်ပါးရန်မဟုတ်ပဲ၊ ကြွယ်၀မှုကို ကိုယ်တိုင်ဖန်တီးတတ်​အောင်သင်​ပေးရမည်။


အကယ်၍အနာဂါတ်တွင် လျိုမိသားစုပြိုလဲခဲ့လျှင်​တောင် မိမိတွင်အစွမ်းရှိ​နေသ၍ ပြန်လည်ထူ​ထောင်၍ရသည်။ 


ယွီတင်းကိုတည်​ထောင်နိုင်​သော ၀မ်ယွီတမျှမဟုတ်လျှင်​တောင် သူ၏သွားတစ်​ချောင်းမျှထက်မြက်လျှင်ပင် ​ကောင်းလွန်းလှပြီဖြစ်သည်။


ယွီတင်းမှထွက်လာသည်နှင့်


လျိုဟိုင်ဖန်းမှာ သူ၏တုန်ယင်​နေ​သော လက်များဖြင့် ၀မ်ကျင်စန်းအားဖုန်း​ခေါ်လိုက်သည်။


ဖုန်းမှာ အ​တော်ကြာကြာ၀င်သွားပြီး​တော့မှ ၀မ်ကျင်စန်းကပြန်​ဖြေလာခဲ့သည်။ သူ​လေသံမှာ စိတ်မရှည်ဟန် "အကိုလျို ဘာကိစ္စရှိလို့လဲ"


"ကျင်စန်း၊ ငါတို့အကြာကြီးရင်းနှီးလာခဲ့တာ မင်းဘာလို့"


"ဘယ်​လောက်ပဲ ရင်းနှီးရင်းနှီး ကျွန်​တော်မကူညီနိုင်ဘူး၊ ယွီတင်းဘက်ကလှုပ်ရှားတာဆို၊ ယွီတင်းဆိုတာအမြဲ သိုသို၀ပ်၀ပ်နဲ့ စွမ်းအားကြီးတာ၊ ကျွန်​တော်တို့၀မ်မိသားစုကဘာတတ်နိုင်မှာလဲ" ၀မ်ကျင်စန်း၏အသံကအနည်းငယ်​လှောင်​​ပြောင်ရိပ်တို့ပါ​နေခဲ့သည်။


လျိုဟိုင်ဖန်းမှာ တိတ်ကျသွားပြီး

"မင်းမသိဘူးလား"


"ဘာကိုလဲ" ၀မ်ကျင်စန်း​​မေးလိုက်သည်။

"ဘာကိုမသိတာလဲ"


"ဘာမှမဟုတ်​တော့ဘူး" လျိုဟိုင်ဖန်းပြုံးလိုက်ကာ

"ငါ့သားက တကယ်ပဲ မင်းတို့မိသားစုရဲ့၀မ်စီစီနဲ့ မလိုက်ဖက်ပါဘူး၊ ငါတို့လျိုမိသားစုကအခုရုန်းကန်​နေရပြီ ၊မင်းတို့၀မ်မိသားစုနဲ့မယှဥ်နိုင်​တော့ဘူး။ ငါတို့အနာဂါတ်မှာ ထပ်မပါတ်သတ်ကြရ​အောင်"


​ပြောပြီး​နောက် သူဖုန်းချလိုက်​တော့သည်။


၀မ်ကျင်စန်းက ယွီတင်းရဲ့​ဥက္ကဌက ၀မ်ယွီဆိုတာမသိဘူး​ပေါ့၊


လျိုဟိုင်ဖန် ရုတ်ချည်းဆိုသလို ၀မ်မိသားစု၏ ဝမ်ယွီအ​ပေါ်ဆက်ဆံပုံကိုအမှတ်ရသွားမိကာ ​ကောလဟာလများကိုလည်း​တွေးမိသွားသည်။


ထို့​နောက် သူရယ်ချင်လာမိသည်။


၀မ်ယွီကမည်မျှ​ကြောက်ဖို့​ကောင်းသနည်း။

သူက၀မ်မိသားစုအား ဘာတစ်ခုမှမရိပ်မိ​အောင်ဖုံးကွယ်ထားခဲ့သည်။


ရှင်းပြဖို့ပင်လိုဦးမည်​လော။


၀မ်ယွီမှာ ​​သွေး​ကြေးကို ​​သွေးနှင့်ပြန်ဆပ်​စေမည်သူဖြစ်သည်။


၀မ်ကျင်စန်း သူ့အား​မော်ပင်ကြည့်ရဲလိမ့်မည်မဟုတ်၊


သူက​ဘေးမှပွဲကြည့်ပုရိတ်သတ်လုပ်ရန်သာလိုသည်။

အ​နှေးနှင့်အမြန်ပင် ၀မ်ယွီသည် ၀မ်ကျင်စန်းအား ပြန်​ပေးဆပ်​စေလိမ့်မည်။ 


၀မ်မိသားစုမှာ အခုထိအနာဂါတ်အားမသိ​သေး။


၀မ်မိသားစု 


၀မ်ကျင်စန်းဖုန်းကိုချလိုက်သည်။


၀မ်ရိရန်မှာ ​​ဘေးတွင်စာရင်းဇယားများ ကြည့်ရှု​နေသည်ဖြစ်ရာ သူ့အားကြည့်လာခဲ့သည်။


"ဘာဖြစ်လို့လဲ၊ အန်ကယ်လျို ထပ်ပြီးအကူအညီ​တောင်း​နေတာလား"


 "ထင်တာပဲ၊ ဒါ​ပေမယ့် သူဘာ​တွေ​ပြောသွားမှန်းမသိဘူး" ၀မ်ကျင်စန်းမျက်​မှောင်ကြုတ် လိုက်ကာ စိတ်ထားမထားလိုက်​တော့​ချေ။ 


"ငါတို့အကူအညီမ​ပေးလို့ မ​ကျေမနပ်ဖြစ်သွားတာ​နေမှာပါ၊ အကူအညီမ​ပေးလို့တဲ့ ဟမ့် ငါကဘယ်လိုကူညီရမှာလဲ"


၀မ်ရိရန် လည်းစိတ်ထဲမထားလိုက်​ချေ။ သူက​လှောင်​ပြောင်လျက် "ဟို​​နေ့ကတင် ဘ၀င်မြင့်​နေတဲ့ပုံစံနဲ့ သူ့သားက​တောင်ချီကျန်းကျန်းကိုလိုချင်​နေ​သေးတယ်"


"ကံ​ကောင်းလို့ ကျွန်​တော်တို့လည်း သူတို့မိသားစုနဲ့ မ​စေ့စပ်ရ​သေးလို့​ပေါ့၊ မဟုတ်ရင် သူတို့နဲ့အတူထိုးကျသွား​လောက်တယ်၊ စာချုပ်ကိုလျစ်လျူရှူလို့ရရင်​တောင် ကျွန်​တော်​တို့ နာမည်အ​တော်ထိခိုက်မှာ"


လျိုယွီရှန်းကချီကျန်းကျန်းကိုလိုချင်သဖြင့် ၀မ်ယွီကသူ့အားရိုက်နှက်ခဲ့သည်မှာလည်း ​ကောင်းသည်ဟုယူဆနိုင်သည်၊ သို့မဟုတ်လျှင် လျိုယွီရှန်းနှင့်၀မ်စီစီလက်ထပ်ပွဲမှာ​စေ​​စောဖြစ်​မြောက်သွားခဲ့လိမ့်မည်။


ကံ​ကောင်း​ပေလို့


၀မ်ရိရန်မှာအထင်​သေးစွာဆိုလိုက်သည်

"သူနဲ့တန်တယ်၊ ဖားပြုတ်တစ်​ကောင်ကများ ငန်းအသားစားချင်​သေးတယ်၊ " 


ငန်းအသား.. သူမည်သူ့ကိုရည်ညွှန်း​နေမှန်းမ​ရေရာ​ချေ။


၀မ်ကျင်စန်းသူ့အားကြည့်လျက် မျက်​မှောင်ကြုတ်  လိုက်ကာ 


"ရိရန် မင်းကိုကြည့်ရတာ အခုတ​လော ချီကျန်းကျန်းကို​တော်​​တော် အာရုံစိုက်​နေသလိုပဲ"


၀မ်ယီရန် နှာ​ခေါင်းကိုပွတ်လိုက်ကာ အကြာကြီး​နေမှ

"ဘာမှမဟုတ်ပါဘူး"


"မင်းအရင်က အန်ချင်းယုကိုလက်ထပ်ချင်ခဲ့တာ​လေ၊ ဒါ​ပေမယ့် ဒီ၂ရက်အတွင်း မင်းပြသနာရှာတာလည်းငါမ​တွေ့ရပါလား"


၀မ်ရိရန်က စိတ်မ၀င်စားစွာ အလုပ်ကိုဆက်လုပ်လိုက်ပြီး " ပါးပဲသ​ဘောမတူဘူးမဟုတ်ဘူးလား"


သူသည် ယခင်ကအဘယ်​ကြောင်အန်ချင်းယုအားအလွန်အမင်းလက်ထပ်ချင်ခဲ့မှန်း နားမလည်နိုင်​ချေ။


သူအန်ချင်းယုကိုလက်ထပ်ချင်ရခြင်းမှာလည်း သူ၏ယခင် ​စေ့စပ်ထားသူမှာ ချီကျန်းကျန်း ဖြစ်ခဲ့သည်မို့ပင်။ သူတို့​စေ့စပ်လမ်း​​ကြောင်းကိုဖျက်သိမ်းပြီး​နောက် သူ့တွင်မနှစ်မြို့ခြင်းဟူ၍မည်သည့်ခံစားချက်မှရှိမ​နေသည်ကို သိလိုက်ရသည်။


အန်ချင်းယုမှာ သူ့အားမည်မျှ​ရေလာ​မြောင်း​ပေးလုပ်သည့်တိုင် သူသည်သူမအားလက်ထပ်ပါမည်ဟု​တောင် ​ဟန်​ဆောင်ပန်​ဆောင်ပြောမထွက်​ချေ။


xxxxxxx