Part 60
ချီမိသားစုသည်လည်း ဤအကြောင်းကို ဆွေးနွေးနေကြသည်ပင်။
လျိုမိသားစုဒုက္ခရောက်နေသည်မှာ တစ်ပါတ်ခန့်ရှိပြီဖြစ်သည်။ ချီကျိုးချန်းသည်လည်း ကျောင်းကပြန်သည်နှင့် ချီကုမ္ပဏီသို့တန်းသွားခဲ့သည်။
ချီယန်မှာလည်း လျိုမိသားစုတွင်ဖြစ်ပျက်နေသမျှကို သူ့အားပြောပြလိုက်သည်။
"ယွီတင်းရဲ့ ဘော့စ်ကအချဥ်တော့မဟုတ်ဘူးပဲ၊ သူကလုပ်စရာရှိတာကိုပဲ အပိုအလိုမရှိလုပ်သွားတယ်။
တိုက်ခိုက်သင့်တဲ့အချိန်မှာတိုက်ခိုက်ပြီးတော့ ဆုတ်သင့်တဲ့အချိန်မှာ ဆုတ်တယ်၊ လျိုမိသားစုကို ဒီလိုအခြေအနေရောက်အောင် တကယ်ပဲလုပ်နိုင်တာပဲ"
သူကသက်ပြင်းအသာချလျက် "ကံကောင်းလို့ ငါတို့ချီမိသားစုနဲ့ လျိုမိသားစုရဲ့ စျေးကွက်ဦးတည်ချက်ကမတူလို့ပေါ့၊ ဒါမှမဟုတ် အနာဂါတ်မှာ ငါတို့ကိုပါ ပစ်မှတ်ထားနေဦးမယ်၊ ယွီတင်းကတကယ်ကြောက်စရာပဲ"
နားထောင်ပြီးသည့်နောက်တွင် ချီကျိုးချန်းက မျက်မှောင်ကြုတ် လိုက်သော်လည်း ဘာကိုမျှမဆိုချေ။
ချီယန်ကဆက်ပြောလာသည်။ "စိတ်မကောင်းစရာပဲ လျိုမိသားစုကအတောအတွင်းငါတို့ကိုအများကြီးကူညီပေးခဲ့တာ၊ လောလောဆယ် ငါတို့မှာနာစရာမရှိပေမယ့် အနာဂါတ်မှာ အကျိုးတူပူးပေါင်းမှုတွေမရှိလောက်တော့ဘူးပေါ့"
ချီမိသားစုနှင့်၀မ်မိသားစုမှာ လျိုယွီရှန်းအရိုက်ခဲရသောကိစ္စကြောင့်လျိုမိသားစုနှင့်အနည်းငယ် သဘောထားမတိုက်ဆိုင်မှုများရှိခဲ့ပြီး မကြာခင်မှာပဲ တိုက်ဆိုင်လွန်းစွာ လျိုမိသားစုမှာ ပြိုလဲတော့မည့်အဖြစ်နှင့် ကြုံနေရလေသည်၊
သူတို့လျိုမိသားစုကိုအားကိုးဖို့မဖြစ်နိုင်တော့။
"ပါး တစ်ခုခုကမူမမှန်ဘူးလို့မထင်ဘူးလား" ချီကျိုးချန်း၏နူးညံ့သောမျက်နှာလေးက အိုစာစွာဆိုလာသည်၊
"ဘာဖြစ်လို့လဲ" ချီယန်ကသူ့အား နားမလည်စွာ ကြည့်လိုက်သည်၊
ချီကျိုးချန်းသည်အလွန်အတည်အတံ့ဖြင့်ဆိုလိုက်သည်။ "ထပ်ပြီး ယွီတင်းပဲလေ"
ချီယန်အနည်းငယ်တန့်သွားခဲ့သည်။
ချီကျိုးချန်း" အရင်က ကျွန်တော်တို့တွေ ၀မ်ယွီက ယွီတင်းနဲ့ပါတ်သတ်မှုရှိမရှိသံသယ၀င်နေခဲ့တာမဟုတ်ဘူးလား၊ ဒါပေမယ့်အဲတုန်းကတော့မဖြစ်နိုင်လောက်ဘူးပဲထင်ခဲ့ကြတာ ဒါပေမယ့် အခုလျိုမိသားစု ကိစ္စက ယွီတင်းနဲ့ပါတ်သတ်နေပြန်ပြီ"
သူသည်ငယ်ရွယ်သော်လည်း ထိုးထွင်းဥာဏ်ကောင်းလှသည်။ သူ၏နောက်ကျောကအေးစက်နေပြီး လက်သီးကိုတင်းတင်းဆုပ်လျက် "ဒီတစ်ခါယွီတင်းက လျိုမိသားစုကိုတုန့်ပြန်တာ ကျိန်းသေပေါက် လက်စားချေတာပဲ၊ တခြားဘာအကျိုးအမြတ်မှမှမရှိတာ၊ ဒီမတိုင်ခင်လေးတင်လျိုယွီရှန်းက ၀မ်ယွီကို ရန်စထားတယ်လေ"
ချီယန်သည်လည်းထိတ်လန့်သွားသည်ပင်၊
ထို့နောက်သူကမယုံနိုင်စွာ "မဖြစ်နိုင်တာ။ ၀မ်ယွီ.
၀မ်ယွီကဘယ်လိုလုပ်ပြီး ယွီတင်းနဲ့အချိတ်အဆက်ရှိမှာလဲ"
"ဒါပေမယ့် တိုက်ဆိုင်တယ်လို့ပြောဖို့ကျလည်းများသွားပြီလေ၊ သံသယ၀င်စရာကောင်းမနေဘူးလား" ချီကျိုးချန်းမျက်မှောင်ကျုံ့လျက်ဆိုလိုက်သည်။
ချီယန်ထရပ်ကာ သူ၏ရုံးခန်းအတွင်း ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။
"ဒါပေမယ့် ငါဘာမှရှာမတွေ့ဘူး၊ စုံစမ်းလို့ကိုမရတာ"
ချီယန်ကပြောလိုက်သည်။
"ဘာနောက်ကြောင်းမှကိုလိုက်မရတာ၊ ဟုတ်ရောဟုတ်ပါ့မလား"
သူသာယွီတင်းနဲ့အချိတ်အဆက်ရှိသည်ဆိုလျှင် နှစ်တွေကြာသည်အထိသူတို့အဘယ်ကြောင့် သတိမထားမိရမည်နည်း။ ၀မ်မိသားစုပင်လျှင် ဘာကိုမျှမသိရခြင်းပင်၊
ချီကျိုးချန်းမှာဘာကိုမျှမဆိုပဲ တစ်နေရာရာကိုသာ ဗလာသက်သက် စိုက်ကြည့်နေခဲ့သည်။
.......
ချီကျန်းကျန်းသည် ၀မ်ကျန်းဗီလာတွင်ချည်းပိတ်ကာမနေချေ။ သူမသည်တခါတလေ လမ်းထွက်လျှောက်တတ်သေးသည်။
၀မ်ကျန်းဗီလာမှာ အလွန်ကြီးမားပြီး သူမလွတ်လပ်စွာနေနိုင်သည်။ သို့သော် တစ်နေရာထဲတွင်အကြာကြီးနေပြီးလျှင်ငြီးငွေ့လာလိမ့်မည်။
ဤသည်မှာထူးဆန်သော ကမ္ဘာပင်၊ သူမသည်ဤကမ္ဘာနှင့်အစိမ်းသက်သက်ဖြစ်နေသေးသော်လည်း သူမကိုယ်သူမပါတ်၀န်းကျင်နှင့်ရင်းနှိးအောင်လုပ်ရမှာပင်။
ချီကျန်းကျန်း ဘာသာပြန်ခြင်းကိုလက်စသတ်လိုက်ပြီး အဖြူရောင်ဂါ၀န်ရှည်ကြီးကို၀တ်ကာ အနီရောင် ခြုံထည်လေးကိုခြုံလိုက်သည် ၊ အဖြူဖျော့ဖျော့နှင့် အနီရဲရဲတို့၏ပေါင်းစပ်မှုက သူမအား ဤကမ္ဘာကြီးနှင့်မသက်ဆိုင်သော ကြွေရုပ်လေးတစ်ခုသဖွယ်ထင်ရစေသည်။
သူမသည်အန်တီ၀မ်နှင့်အတူ စျေး၀ယ်လိုက်ရင်း သူမလိုအပ်သည်တို့ကိုလည်း ၀ယ်ခြမ်းနေခဲ့သည်။
သူမလစဥ်သုံးတချို့ကိုလည်း၀ယ်ခဲ့လိုက်သေးသည်။
၀မ်ယွီက သူမအတွက် အများကြီးပြင်ဆင်ပေးထားသော်ငြား မိန်းကလေးအသုံးအဆောင်များနှင့်မရင်းနှီးသည်မို့ ထိုကဲ့သိူ့ပစ္စည်းများကိုတော့ တွေးမိမည်မဟုတ်။
နှစ်ယောက်သားမှာ ရယ်ရယ်မောမောစကားပြောရင်း အဘယ်ကြောင့် အိမ်မွေးတိရိစ္ဆာန်အကြောင်းရောက်သွားမှန်းမသိချေ။
"ကျန်းကျန်း အိမ်မွေးတိရိစ္ဆာန်မွေးချင်ရင် နှစ်ကောင်လောက်ခေါ်ခဲ့လေ၊ အန်တီ၀မ်ကြည့်ပေးထားမယ်။ ပျင်းရင်သူတို့ဆော့ပေါ့၊ ကျန်တာပူစရာမလိုဘူး" အန်တီ၀မ်ကတောက်ပစွာပြုံးရင်းဆိုလိုက်သည်။
သူကအန်တီ၀မ်ဟုသာခေါ်သော်ငြား ကျန်းကျန်း၏အမေဖြစ်သူအရွယ်ခန့်ရှိပြီဖြစ်သည်။
"အဲလိုရလားဟင်"
ချီကျန်းကျန်းလက်ကိုေ၀့ယမ်းလိုက်ကာ "မဟုတ်ပါဘူး ထားလိုက်ပါတော့"
တိရိစ္ဆာန်တစ်ကောင်ကိုမွေးမြူဖို့ အတော်မလွယ်ချေ။
"ရပါတယ်၊ အိမ်မှာလည်းစာဖိုမှူးရှိနေပြီဆိုတော့ အန်တီကချက်စရာမလိုတော့ဘူးလေ၊ အန်တီလီကျတော့လည်း သူ့အလုပ်တွေယူလုပ်မှာစိုးလို့ တစ်နေ့တစ်နေ့ အပြီးလုပ်နေတာ၊ အန်တီ့မှာ စျေး၀ယ်ထွက်တာကလွဲ တခြားလုပ်စရာလည်းမရှိဘူးလေ၊ ပြီးတော့ မစ်စတာ၀မ်ရဲ့ လစာကိုလည်းယူထားရသေးတယ်၊ အန်တီတကယ်အားနာမိတယ်၊ ကျန်းကျန်းကို ကူညီနေရရင်ကျေနပ်ပါပြီကွယ်"
ချီကျန်းကျန်းတစ်စုံတစ်ခုပြောရန်ပြင်လိုက်သော်လည်း သူ့မရှေ့တွင်ရပ်ထားသောကားနှင့်၄င်းဘေးတွင်ရပ်နေသောလူရွယ်တစ်ယောက်အား သတိထားမိလိုက်သည်။
သူမခြေလှမ်းတို့တန့်သွားခဲ့လျှင်
အန်တီ၀မ်ကနားမလည်စွာ "ကျန်းကျန်း"
)"အန်တီ၀မ် ကျွန်မဒီနေ့တော့အန်တီနဲ့ စျေး၀ယ်မလိုက်နိုင်တော့ဘူးနဲ့တူတယ်၊ အန်တီသွားနှင့်ပါလား၊ ကျွန်မအသိတစ်ယောက်ကိုတွေ့လိုက်လို့၊ သွားနှုတ်ဆက်လိုက်ဦးမယ်" ချီကျန်းကျန်းအားနာစွာပြုံးလျက်ဆိုလိုက်သည်။
အန်တီ၀မ်လက်ကိုယမ်းလျက် "ရပါတယ်၊ ကျန်းကျန်းသွား သွား"
အန်တီ၀မ်သည်လည်း ချီကျိုးကျန်းကိုမြင်သော်ငြား မည်သူမှန်းမသိသည်မို့အေ၀းမှခဏသာကြည့်ပြီးထွက်သွားတော့သည်။
ချီကျန်းကျန်းသည် ချီကျိုးချန်အား နားမလည်နိုင်စွာကြည့်လိုက်သည်၊
အေ၀းမှချီကျိုးချန်းသည်လည်း သူမကိုမြင်လျှင်တန့်သွားခဲ့သည်။
ချီကျန်းကျန်းမှာ ချီမိသားသုမှထွက်သွားပြီးနောက် အလွန်ကောင်းကောင်းမွန်မွန်နေနေရကြောင်း သိသာလှသည်။ လူတစ်ကိုယ်လုံးမှ ပျင်းရိခြင်းနှင့် လွတ်လပ်သော ခံစားမှုလေးထုတ်လွှတ်လျက် ၄င်းမှာအလွန်သက်တောင့်သက်သာနေရသော သူမျိုးနှင့်တူလှသည်။
သူမကိုနောက်ဆုံးတွေ့ခဲ့သည်မှာ ရက်အနည်းငယ်ခန့် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ တင်းယီကျွင်းမှာ ချီကျန်းကျန်းတစ်ယောက်အိမ်နှင့်အေ၀းမှာအဆင်မပြေမည်ကို အမြဲစိုးရိမ်နေခဲ့ရသည်။
ချီယန်သည်လည်းစိတ်ပူသည်ပင်။ သို့ေသာ် သူက မိသားစု၀င်များအား သူမကိုပြန်ခေါ်ခွင့်မပြုချေ။ သူမခြေထောက်နှင့်သူမအားပြန်လာစေလိုသည်၊
ချီယန်မှာ ချီကျန်းကျန်းတစ်ယောက် အိမ်ကိုပြန်လာပြီး သူမ၏အမှားကို ၀န်ခံမည်အား စောင့်ဆိုင်းနေခဲ့သည်။
သူမ၏ဘ၀မှာ ချီမိသားစုတွင်နေခဲ့ရသလောက်အဆင်ပြေလိမ့်မည်မဟုတ် ကျိန်းသေတွေးထားကြသည်။ သို့သေည် ယခုသူမကိုမြင်သောအခါ သူမေးစရာတောင်မလိုပဲ သူမသည် ချီမိသားစုတွင် ရှိစဥ်ကထက် ပို၍ကောင်းမွန်သောဘ၀တွင်နေထိုင်နေကြောင်း သိသာလှသည်ပင်။
ဘယ်လိုဟာသမျိုးလဲ
"ဘာလဲ၊ တစ်ခုခုဖြစ်လို့လား" ချီကျန်းကျန်းကလျှောက်လာပြီး ရှုပ်ထွေးနေသော လေသံဖြင့်မေးလာခဲ့သည်။
သူမစိတ်ရင်းနှင့် သိချင်တာပင်၊ သူမမှာ အလွန်တည်ငြိမ်ကာ အေးဆေးလျက် သူ့ကိုတွေ့တာပျော်သည့်ပုံမပေါက်သလို မပျော်ပုံလည်းမပေါက်ချေ။
ချီကျိုးချန်းမှာ ပါးစပ်ကိုဟလျက် နောက်ဆုံးတွင် ထုတ်မေးလိုက်သည်။
"ဘယ်တော့ပြန်လာမှာလဲ"
"အင်း ငါပြန်မလာတော့ဘူး၊ ငါအခုအဆင်ပြေနေတယ်" သူမကခေါင်းကိုခါလိုက်ပြီး အတည်အတံ့ပြောလိုက်သည်။
"ပါးနဲ့မားက နင့်ကိုစိတ်ပူနေတယ်" ချီကျိုးချန်းထပ်ပြောလိုက်သည်။
ချီကျန်းကျန်း ဘာပြောရမှန်းမသိချေ။
သူမကတွေးလိုက်ပြီး " ငါအဆင်ပြေနေပါတယ်" ဟုသာဆိုလိုက်သည်။
သူမအမှန်တကယ်အဆင်ပြေနေသည်မို့ ပြန်သွားမည်မဟုတ်။
ချီမိသားစုနှင့်သူမနှင့်လည်း မည်သည့်သက်ဆိုင်မှုမျှရှိသေးသည်ဟုသူမမထင်ချေ။
ဤကမ္ဘာကြီးတွင် လူများခွဲခွာရခြင်းမှာမရိုးရှင်းလှ ။
သွေးသားဆက်နွယ်ခြင်းကိုဖြတ်တောက်ရန်ခက်လှသည်။ သူမသည်မူလကိုယ်ပိုင်ရှင်မဟုတ်တော့လျှင်တောင် သူမသည် ဤခန္ဓာကိုယ်ကို ၀င်စီးထားခြင်းမဟုတ်ပါလော။
သို့သော်သူမသည်ချီမိသားစုနှင့်မည်မျှဆက်နွယ်နေစေကာမူ ချံမိသားစုအတွက် မည်သည့်ခံစားချက်မျှမရှိချေ။ ထို့ကြောင့်သူမပြန်မသွားနိုင်။
ချီကျိုးချန်းနှုတ်ခမ်းကိုစေ့လိုက်ပြီးသူ၏နူးညံ့သောမျက်နှာမှု ရှုပ်ထွေးမှုတို့ဖြင့်
"နင်စိတ်ဆိုးနေတုန်းလား၊ အန်းချင်ယုလည်း အိမ်ကိုထပ်မလာတော့ပါဘူး၊ သူ့မိဘတွေကလည်းမလာခိုင်းဘူးလေ"
"ငါစိတ်မဆိုးတော့ပါဘူး" ချီကျန်းကျန်းခေါင်းကိုခါလိုက်သည်။
သူမအမှန်တကယ်စိတ်မဆိုးချေ။ သူမသည်မူလကိုယ်ပိုင်ရှင်မဟုတ်၊ ထို့ကြောင့်သူမတွင် အိမွကိုလည်းသံယောဇဥ်မရှိသလို ပြန်သွားရန်လည်းစိတ်ကူးမရှိချေ။
သူမ၏နှုတ်ခမ်းထောင့်တို့ကွေးတက်သွားကာ သူမကပြုံးလိုက်သည်။
"ချီကျိုးချန်း နင်ပြန်သွားပြီး ကျောင်းသေချာတက်၊ အလုပ်ကိုလည်းသေချာလုပ်၊ ငါ့အတွက်ကိုစိတ်ပူနေကြဖို့မလိုပါဘူး၊ ငါတကယ်ကိုအဆင်ပြေနေတာ"
ခဏရပ်လိုက်ပြီးသူမဆက်ပြောလိုက်သည်။
"ငါချီအိမ်ကထွက်လာကတည်းက ပြန်လာဖို့ အစီအစဥ်မရှိဘူး"
ချီကျိုးချန်တန့်သွားမိသည်။
ချီကျန်းကျန်း သူမတကယ်ပဲ ချီမိသားစုနဲ့မပါတ်သတ်ချင်တော့ဘူးလား၊
သူခဏမျှ ဘာကိုမျှမဆိုနိုင်ဖြစ်သွားမိသည်။
"ပြန်တော့လေ ငါလည်းပြန်တော့မှာ " ချီကျန်းကျန်း လက်ကိုယမ်းရင်းဆိုလိုက်သည်။
“ချီကျန်းကျန်း နင်၀မ်ယွီနဲ့ အတူရှိချင်တုန်းပဲလား"
ချီကျိုးချန်းအသံကိုမြှင့်ကာအော်လိုက်သည်၊
ချီကျန်းကျန်း၏ခြေလှမ်းတို့ တန့်သွားကာ ရှုပ်ထွေးစွာပြန်လှည့်ကြည့်လာခဲ့သည်။
သူမ၏နောက်မှ ချီကျိုးချန်းဆက်ပြောလာသည်။
"နင်သိလား၊ ၀မ်ယွီကမရိုးရှင်းဘူး၊ သူလျို့၀ှက်ထားတာတစ်ခုခုရှိတယ်"
xxxxxxx