Part 61
ချီကျန်းကျန်း အံ့သြသွားပုံပင်မပြချေ။
သူတို့သိသွားပြီလား၊
၀မ်ယွီရဲ့ သရုပ်မှန်ကိုလေ။
"လူအိုကြီးလျိုက ယွီတင်းကြောင့်နေရာကဆင်းပေးလိုက်ရပြီ၊ စတော့စျေးကွက်ကလည်းမတည်ငြိမ်ဖြစ်နေပြီ၊ လျိုမိသားစုကအခု ချောက်ကမ်းပါးစွန်းမှာရပ်နေရပြီ" ချီကျိုးချန်းပြောရင်း သူ၏မျက်လုံးတို့က ချီကျန်းကျန်းကို မလွတ်တမ်းစိုက်ကြည့်နေခဲ့သည်။
ချီကျန်းကျန်းထိုနေရာတွင်ရပ်နေရင်း သူမမျက်၀န်းများတွင် အံ့သြရိပ်တို့ထင်ဟပ်လာတော့သည်။
ချီကျိုးချန်းသည် ချီကျန်းကျန်းရှေ့သို့လျှောက်သွားလိုက်သည်။ သူသည် သူ၏အစ်မဖြစ်သူထက် အရပ်ပိုရှည်နေမှန်းတောင်သတိမထားမိချေ။
သူကသူမကိုခေါင်းငုံ့ကြည့်လျက် ဆက်ပြောလာခဲ့သည်။
"ပြီးတော့ အဲဒီညတုန်းက နင့်ကိုရိုင်းပြသွားပြီး ၀မ်ယွီကိုလာတောင်းပန်ခိုင်းတဲ့ လျိုယွီရှန်းကအခုနိုင်ငံခြားကိုအပြီးထွက်သွားရတော့မှာ"
ချီကျန်းကျန်းမျက်နှာပေါ်မှ အံ့အားသင့်မှုကပို၍ထင်ရှားလာခဲ့သည်။
"ချီကျန်းကျန်း ဒါတွေအားလုံးက ၀မ်ယွီနဲ့ပါတ်သတ်နေတယ်လို့ငါထင်တယ်၊ တိုက်ဆိုင်ဖို့အတွက်ကျ များလွန်းနေတယ်လေ"
သူ၏မျက်လုံးတို့က အနီးရှိ ၀မ်ကျန်းဗီလာကိုလှမ်းကြည့်နေကာ မဲမှောင်လာခဲ့ပြီး
"သူမလုပ်ခဲ့ဘူးဆိုရင်တောင် ၀မ်ကျန်းဗီလာမှာနေနိုင်တယ်ဆိုကတည်းက ၀မ်ယွီကမရိုးရှင်းဘူးဆိုတာ သက်သေပြနေတာပဲလေ၊ ဒီနှစ်တွေထဲ သူဘာတစ်ခုမှ ထုတ်မပြပဲ သိုသို၀ှက်၀ှက်နေနေတာ"
ချီကျန်းကျန်းအနည်းငယ်အံ့သြသွားခဲ့သည်။
ချီကျိုးချန်းနှင့်ကျန်လူများမှာ ၀မ်ယွီသည် ယုတင်း၏ဥက္ကဌမှန်းမသိကြသည်မို့ မရေရာသော်လည်း သူမကတော့ သိပြီးသားပင်။
ဤသတင်းကိုကြားလိုက်သည်နှင့် နောက်ကွယ်မှ လူမှာ ၀မ်ယွီဖြစ်ကြောင်းသူမသိနှင့်ပြီဖြစ်သည်။
ရုတ်ချည်းပင် သူမ၀မ်ယွီအားမေးခဲ့ဖူးသည်ကို သတိရသွားမိသည်။ လျိုယွီရှန်းကို ရိုက်နှက်မိသည့်အတွက် ပြသနာတက်လောက်မည်လားဟု။
ထိုစဥ်က ၀မ်ယွီ၏ အေးဆေးသောမျက်နှာအမူအယာက လျိုမိသားစုကိုသင်ခန်းစာပေးရန်ဆုံးဖြတ်ပြီးမှန်းသိသာလွန်းနေခဲ့သည်။
လက်စားချေသည်ပဲဆိုဆို ဤသည်မှာ ၀မ်ယွီ၏ ပြတ်သားသော စိတ်သဘောထားကိုပြသည်ပင်။
ချီကျန်းကျန်းစဥ်းစားလိုက်သည်။ ၀မ်ယွီမှာအမှန်တကယ်ပင် နာမည်ကြီး၀တ္ထု၏ ဇာတ်လိုက်မင်းသားဖြစ်သင့်ပေသည်ဟု၊ သူသည် ဘယ်တော့မှာရှုံးနိမ့်လိမ့်မည်မဟုတ်။
လက်ဖ၀ါးကိုဖွင့်လိုက်လျှင်ကောင်းကင်ကိုဖမ်းဆုပ်နိုင်ပြီး လက်ဖ၀ါးကိုမှောက်လိုက်လျှင်မူ မိုးများရွာသွန်းစေနိုင်သည်။ ဤသည်မှာ၀မ်ယွီပင်။
"ချီကျန်းကျန်း ပြန်ခဲ့ပါ၀မ်ယွီက သိပ်လျို့၀ှက်လွန်းတယ် သူဘာကြံစည်နေလဲ ဘယ်သူမှမသိနိုင်ဘူး၊ အန္တရာယ်များလွန်းတယ်၊ နင်အခုသူနဲ့အတူတူနေနေတာ၊ သူ့မှာနင့်အပေါ် အကြံအစည်တစ်ခုခုရှိမရှိ သိနိုင်လို့လား"
၀မ်ယွီမှာအဘယ်ကြောင့်သူ၏သရုပ်မှန်ကိုဖုံးကွယ်ထားကာ ချီကျန်းကျန်းကိုသူနှင့်အတူ ခေါ်သွားရပါသနည်း။
ချီကျိုးချန်းမှာ ထိုလူတစ်ခုခုကြံစည်နေမည်ကို စိုးရိမ်လှသည်။
ချီကျန်းကျန်းပြန်လာသည့်ကပို၍စိတ်ချရသည်ဟုသူထင်သည်။ ၀မ်ယွီ၏ကိစ္စကိုလည်း အနှေးနှင့်အမြန်ဖော်ထုတ်ရန်လိုေပလိမ့်မည်။
.......
ကုမ္မဏီကိစ္စရပ်များကို အစီအစဥ်တကျ စီမံပြီးနောက်၀မ်ယွီ ကွန်ပျူတာကိုပိတ်လိုက်သည်။ ထို့နောက် notebookကိုဖွင့်လိုက်ပြီး သူ၏ဖုန်းကိုကောက်ကိုင်ကာနောက်တစ်ကြိမ်စစ်ဆေးကြည့်လိုက်သည်။
ချီကျန်းကျန်း သူ့ကို မက်ဆေ့တစ်စောင်မျှပို့မထားချေ။
သူဖုန်းကိုပြန်ချလိုက်ပြီး အပြင်သို့ထွက်လာခဲ့သည်။
အတွင်းရေးမှူးနင်ကသူ့နောက်မှလိုက်လာခဲ့ပြီး
၀မ်ယွီကမူဆက်လျှောက်သွားလျက် "မင်းနေခဲ့ပြီး လုပ်စရာရှိတာတွေ ဆက်လုပ်ထားပါ၊ အရေးတကြီးကိစ္စရှိရင်ဖုန်းဆက်ပြီးတော့ ညီအကို၀မ်ကို အောက်ထပ်မှာစောင့်ဖို့ပြောထားလိုက်။
"ဟုတ်ကဲ့ပါ ဥက္ကဌ"
အတွင်းရေးမှူးနင်ကရပ်ကျန်ခဲ့လျက် ၀မ်ယွီကလျှောက်ကာထွက်ခွာသွားတော့သည်။
အတွင်းရေးမှူးရုံးခန်းရှေ့ကဖြတ်လျှင် သူတန့်သွားပြီး လှမ်းကြည့်လိုက်သည်။
ဌာနတစ်ခုလုံး၏ တစ်ဦးထဲသောအမျိုးသမီးအတွင်းရေးမှူးဖြစ်သူ ၊ သူ့အစား ချီကျန်းကျန်းအတွက် ပစ္စည်းများကူရွေးပေးလေ့ရှိသူသည် သူမစားပွဲပေါ်ရှိပန်းအိုးထဲ ပန်းတချို့ထိုးစိုက်နေခဲ့သည်။
သူမအလုပ်ကိုတာ၀န်ကျေအောင်လုပ်သည်ကလွဲ ၀မ်ယွီမှာ သူ၏၀န်ထမ်းများ နေ့စဥ်ဘ၀တွင် ဘာကိုလုပ်သည်ဆိုတာကို လုံး၀မသိချေ။
သူ၏အမြင်တွင် သိပ်မငယ်လှသော အမျိုးသမီးလက်ထောက်မှာ အလွန်စည်းကမ်းတကျရှိပြီး တည်ငြိမ်သူဟု။
အတွင်းရေးမှူး ရှုသည်လည်း တံခါးနားတွင်ရပ်ပြီး သူမလက်ထဲမှပန်းများကိုကြည့်နေသော ၀မ်ယွီအားသတိထားမိသည်ပင်။
အတွင်းရေးမှူးရှုသည်အလျင်အမြန်နှုတ်ဆက်လိုက်သည်။
"ဥက္ကဌ"
၀မ်ယွီရုတ်တရက်မေးလိုက်သည်။
"ဘာလို့ပန်းတွေထားနေတာလဲ"
ထိုစကားလုံးများမှာ အတွင်းရေးမှူးရှူ၏နားထဲတွင် ငလျင်လှုပ်သွားသကဲ့သို့၊ သူမ၏မျက်လုံးများမှာလည်း ၀မ်ယွီမှာ သူမအားအလုပ်ကိစ္စမဟုတ်သော တစ်စုံတစ်ခုအားမေးလာသည်ကို မယုံနိုင်စွာ ပြးကျယ်နေခဲ့သည်။
သူမပြန်ဖြေလိုက်သည်။" ကျွန်မသဘောကျလို့ပါ၊ ပန်းမကြိုက်တဲ့မိန်းကလေးရယ်လို့ ရှားတယ်လေ၊"
၀မ်ယွီကခေါင်းငြိမ့်လိုက်ပြီး "မင်းဘယ်လိုပန်းမျိုးကြိုက်တာလဲ"
"ဟင်"
"မိန်းကလေးတွေ... မိန်းကလေးတွေကအများအားဖြင့် ဘယ်လိုပန်းမျိုးတွေကြိုက်ကြလဲလို့..."
ဝမ်ယွီကမျက်မှောင်ကြုတ် လျက် ထပ်မေးလိုက်သည်။
သူ၏အမူအယာမှာ အလုပ်ကိစ္စမှလွဲ ဘာကိုမှစိတ်မ၀င်စားသော သူဌေးတစ်ယောက်အမူအယာမျိုးဖြစ်နေတုန်းပင်၊ သို့သော်မထင်မှတ်ထားသော မေးခွန်းမျိုးကိုမေးလာခဲ့သည်။
အတွင်းရေးမှူးရှု ရုတ်ချည်းဆိုသလို ၀မ်ကျန်းဗီလာတွင်နေသောမိန်းကလေးကို သတိရသွားမိသည်။ သူမကလှလွန်း၍ မိန်းကလေးချင်းပင် နှစ်ခါပြန်မကြည့်ပဲမနေနိုင်ချေ။
သူမ၏သူဌေးဖြစ်သူကိုပြန်ကြည့်လိုက်ချိန်တွင် အတွင်းရေးမှူးရှုမှာအနည်းငယ်ရယ်ချင်သွားမိသည်။
သို့သော်သူမက ထိန်းလိုက်ပြီး ခပ်တည်တည်နှင်
"နှင်းဆီ၊ နှင်းဆီတွေပေးရင်သူမသဘောကျမှာပါ"
၀မ်ယွီခေါင်းငြိမ့်လိုက်ပြီး အမူအယာမဲ့စွာထွက်ခွာသွားတော့သည်။
မသိလျှင် သာမာန်မေးခွန်းတချို့သာမေးသွားခဲ့သလို၊ လုံး၀ပင်အရေးမကြီးသလိုလို၊
အတွင်းရေးမှူးရှုမှာ မပြုံးမိအောင်ထိန်းထားလိုက်ရသည်။
"ဘာဖြစ်တာလဲ၊ ဥက္ကဌဘာပြောသွားတာလဲ"
အတွင်းရေးမှူးနင်ကလျှောက်လာပြီး မေးလိုက်သည်။
သူကဒရိူင်ဘာကိုခေါ်နေခဲ့တာမို့ အတွင်းရေးမှူးရှုနှင့် သူ၏ဥက္ကဥဖ စ်သူဘာတွေပြောနေခဲ့မှန်း မသိလိုက်ချေ။
သို့သော် သူဌေးထံမှ ညွှန်ကြားမှုတစ်ခုကိုမျှ မလစ်ဟင်းစေရသည့် အတွင်းရေးမှူးနင်က သူ့သူဌေးသူ့အတင်းကိုတုတ်နေမည်စိုးသဖြင့်အမြန်လျှောက်လာကာမေးလိုက်ခြင်း
အတွင်းရေးမှူးရှု၏အသံက ရယ်မြူးရိပ်တို့ပါ၀င်လျက် "သူဌေးက မိန်းကလေးတစ်ယောက်ကို ဘယ်လိုလိုက်ရမလဲမေးနေတာ"
အတွင်းရေးမှူးနင် "...."
သူ၏ မမူအယာက "မင်းငါ့ကို သောက်ကျိုးနဲ လာနောက်နေတာလား"ဟု
အတွင်းရေးမှူးရှူသူမ၏ခေါင်းကိုခါလိုက်ပြီး အပြုံးဖျော့ဖျော့ဖြင့် ပန်းတွေကိုဆက်ပြင်နေလိုက်သည်။
"ကျွတ်.. မူလတန်းတက်နေတဲ့ ကျွန်မတူလေးကမှ သူဌေးထက်ပိုမျှော်လင့်ချက်ရှိဦးမယ်"
အတွင်းရေးမှူးနင်"..."
သူသည် မိမိမှာသူဌေး၏ပထမဆုံးအတွင်းရေးမှူးဖြစ်သည်ကို သတိရလျှင် ဘ၀ကိုပင်သံသယ၀င်သွားမိသည်။ သူသူဌေးရဲ့ လတ်တလောဘာကိစ္စကိုမှလည်းမသိရပါလား။
ထိုအချိန်တွင်၀မ်ယွီမှာ ကားနောက်ခုံတွင်ထိုင်လျက် ညီအကို၀မ်ကသူ့ကို ၀မ်ကျန်းဗီလာသို့မောင်းပို့ပေးလေသည်။
၀မ်ယွီကသိပ်စကားပြောရတာကို မကြိုက်သဖြင့် ညီအကို၀မ်က ကားမောင်းရင်း "သူဌေး ကျွန်တော့်မိန်းမကပြောတယ်၊ ကျန်းကျန်းဒီနေ့ စိတ်အခြေအနေကောင်းနေတယ်တဲ့၊ နေ့လည်ခင်းတုန်းကလည်း စားဖိုမှူးအသစ်နဲ့ ကိတ်ဖုတ်တာတွေသင်နေပြီး အရမ်းပျော်နေတယ်ဆိုပဲ"
"အင်း" ၀မ်ယွီပြန်ဖြေလိုက်သည်။
မသိသူဆိုလျှင် သူ၏လေသံကြောင့် စိတ်မ၀င်စားဟုထင်ကြလိမ့်မည်။ သို့သော် ၀မ်ယွီအားကောင်းကောင်းသိကြသူတို့ကမူ ထိုအင်းဟုပြန်ဖြေသည်ကပင်အလွန်စိတ်၀င်စားမှုရှိ၍မှန်း တန်းသိကြလိမ့်မည်။
သေချာပေါက်ပင်၊ သူနောက်ကြည့်မှန်မှကြည့်လိုက်သည့်အခါ ၀မ်ယွီ၏အမူအယာကနူးညံ့နေသည်ကိုတွေ့လိုက်ရသည်။
သူသည်ကားကိုအလျင်မလိုစွာမောင်းနှင်နေခဲ့သည်။
ရုတ်တရက်၀မ်ယွီသည်တစ်စုံတစ်ခုကိုမြင်သည်နှင့်
"ကားကိုရပ်လိုက် "
အစ်ကို၀မ်လည်းကားကိုလမ်းဘေးတွင် အလျင်ပမြန်ရပ်လိုက်ရသည်။
၀မ်ယွီကားပေါ်ကဆင်းလျက် ပန်းဆိုင်လေးဆီလျှောက်သွားလိုက်သည်။
အကို၀မ်လည်းအနည်းငယ်မျှတန့်သွားမိရသည်။
ထို့နောက်သူကနားလည်မှုရှိစွာပြုံးလိုက်တော့သည်။
အိုက်ယား ကျန်ူကျန်းအတွက် ပန်းတွေ၀ယ်နေတာပဲ၊
သူလည်ငယ်ရွယ်ခဲ့ဖူးသည်သာ။ လက်ရှိ သူဌေးနှင့် ကျန်းကျန်းကိုကြည့်လိုက်သည်နှင့် ဘ္တွေဖြစ်နေကြမှန်း တန်းပြောနိုင်သည်သာ။
သူတို့အားလုံးလည်း ကျန်းကျန်းကို လွန်စွာသဘောကျကြပါသည်။ ကျန်းကျန်းရောက်မလာခင်ကမူ သူဌေးမှာ ယခုလိုပုံစံမျိုးမဟုတ်ချေ။
ပန်းဆိုင်ထဲတွင်...
ဆိုင်ရှင်မှာ မျက်စိကျိန်းလောက်အောင်ချောမောသော အမျိုးသားတစ်ဦး လျှောက်၀င်လာသည်ကိုတွေ့လိုက်ရတော့သည်။ သူမတွေ့ဖူးသော နာမည်ကြီးတချို့ထက်ပင်ချောသေးသည်။
သူမအနည်းငယ် တုန်လှုပ်သွားလျက် ခဏကြာမှသတိပြန်၀င်လာကာ "ပန်း၀ယ်မလို့လားရှင့် ၊ ဘယ်လိုပန်းမျိုးကိုရှာနေတာလဲဟင်"
"နှင်းဆီပါ" ၀မ်ယွီကဆိုလိုက်သည်။
ဆိုင်ရှင်တစ်ယောက် ဤမျှချောလှသောအမျိုးသားကပိုင်ရှင်ရှိနေပြီးဖြစ်သည်ကို နှမြောတသဖြစ်သွားသော်လည်း သူမ အပြုံးကမူတောက်ပစွာဖြင့်
"ကျွန်မတို့မှာ အလှဆုံးနှင်းဆီတွေရှိပါတယ်၊ ဘယ်လောက်များများလိုချင်လဲရှင့်"
"ဟင်" ၀မ်ယွီတုန့်ဆိုင်းသွားမိသည်။
"ဘယ်နှပွင့်ယူချင်တာလဲလို့ပါ၊ တစ်ပွင့်ချင်း၀ယ်ချင်လည်းရတယ်၊ အစည်းလိုက်ဆိုလည်းရပါတယ်၊ "
"အပွင့်အရေအတွက်က ထူးခြားလို့လား" ၀မ်ယွီကမေးလိုက်သည်။
ဆိုင်ရှင်ကအနည်းငယ်တန့်သွားမိပြီး ၀မ်ယွီအားကြည့်လိုက်ကာ ယနေ့ခေတ်တွင် နှင်းဆီဘယ်နှပွင့် ပို့ရမည်ကိုပင်မသိသည့်ယောကျာ်းမျိုးရှိသေးသလားဟု၊ နားမလည်နိုင်ဖြစ်နေမ်ိလေသည်၊
ပြီးတော့ ဒီလူကဒီလောက်ချောတာကိုလေ။
ဆိုင်ရှင်တစ်ဦးအနေနှင့်သူမစိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။
"ဧည့်သည်အလိုရှိသလောက်၀ယ်လိုရပါတယ်ရှင့်၊ အပွင့်အရေအတွက်တိုင်းမှာသူ့အဓိပ္ပါယ်နဲ့သူရှိပါတယ်၊ ၉ပွင့်လည်းရတယ်၊ ၂၁ပွင့်လည်းရတယ်၊ ၃၆ဒါမှမဟုတ်၊ တခြားဟာတွေဆိုလည်းရပါတယ်"
"ဘယ်အရေအတွက်ကအကောင်းဆုံးလဲ" ၀မ်ယွီမှာ အတည်အတံ့ထပ်မေးလိုက်သည်။
ဆိုင်ရှင်လည်း၀မ်ယွီ၏၀တ်ပုံစားပုံကိုကြည့်လိုက်ပြီး
ရုပ်ရှိရေလျှံတစ်ဦးဟုသတ်မှတ်လိုက်ကာ.
ပြုံးလျက်"များများပေးလေ မိန်းကလေးဘက်ကကြိုက်လေပေါ့ရှင်၊ကျွန်မတို့ဆီမှာ ၉၉ပွင့်ပါတဲ့တစ်စည်းရှိသေးတယ်၊ သူတို့အအခုမှလန်းလန်းဆန်းရောက်လာတာဆိုတော့ အပွင့်တွေကလည်းလှသလို စျေးကလည်းကြီးတော့ကြီးတယ်ရှင့် ၊ ၉ဆိုတာ အချိန်အကြာကြီးလို့အဓိပ္ပါယ်ရတယ်လေ၊ ပန်းစည်းကိုလက်ခံရတဲ့ ဘယ်မိန်းကလေးမဆိုသိပ်ပျော်သွားမှာ"
၀မ်ယွီခေါင်းငြိမ့်လိုက်ပြီး "အင်း နားလည်ပြီ"
အပွင့်များရမယ်၊ ၉ဂဏန်းဖြစ်ရမယ်။
ကျယ်၀န်းလှသော၀မ်ကျန်းဗီလာကိုပြန်တွေးမိလျှင် သူကဆိုင်ရှင်အားကြည့်လျက်
"၉၉၉၉ ပွင့်ပါတဲ့တစ်စည်းပေးပါ"
ဆိုင်ရှင် "ရှင်..."
ရှင်ဘာပြောလိုက်တယ်
ရှင်ဒီမှာတစ်ဆိုင်လုံးကိုငွေနဲဖို့ပစ်ဖို့ရောက်လာတာလား။
xxxxxxx