Part 62
“ကဒ်နဲ့ရှင်းပါမယ်” ဝမ်ယွီကသူ့ကဒ်ကိုထုတ်လိုက်သည်
အဲ့ဒီအချိန်မှာ ဆိုင်ရှင်က သူ့ကိုမယုံကြည်နိုင်မှုတွေ နှင့်စိုက်ကြည့်လာခဲ့သည်
ဆယ်မိနစ်ကြာပြီးနောက် ဝမ်ယွီက နှင်းဆီပန်း99ပွင့်ပါရှိသောပန်းစည်းနှင့်အတူ ပန်းဆိုင်မှထွက်လာခဲ့သည်
ဆိုင်ရှင်က တံခါးရှေ့တွင်ရပ်ကာ သူ့နောက်ကျောကိုကြည့်နေရင်း သူမ၏နှလုံးသားထဲတွင်မျက်ရည်များစီးကျလာခဲ့သည်
အဲ့ဒီယောက်ျားဟာ တကယ်ကိုဘဲ နှင်းဆီပန်း99,999ပွင့်ကို ဝယ်ဖို့လုပ်ခဲ့သည်
ပြီးတော့.. အဲ့ဒီဘလက်ကဒ်နဲ့သာဆိုရင် သူကအမှန်တကယ်ကိုဝယ်နိုင်တာဘဲဖြစ်သည်
ဒါပေမယ့်လည်း...သူတို့ဆိုင်မှာမှ နှင်းဆီတွေမရှိတော့တာ...အားး
ဒါတွေက လေကြောင်းနဲ့ပို့လိုက်တဲ့ လတ်ဆတ်တဲ့နှင်းဆီတွေဖြစ်သည် သူတို့ဆိုင်မှာကနောက်ထပ်အပွင့်ရေတရာကျော်လောက်ဘဲ ရှိတော့တာဖြစ်သည်
ဒီခန့်ညားတဲ့လူက သူတို့ကိုအခုလိုချင်တာဖြစ်သည် ဆိုင်ကဘာမှမဝယ်ဘဲ မထွက်သွားဖို့အတွက် ကောင်းတာလေးတွေသာပြောကာ နှင်းဆီပန်း99ပွင့်သာဝယ်ဖို့ပြောလိုက်ရတယ်....
ဝူးဝူးးဝူးးး...(ငိုသံ)
လောကကြီးက ဘာလို့ဒီလောက်တောင်မမျှတရတာလဲ.. တချို့လူတွေကတော့ချမ်းလည်းချမ်းသာသေး ဆွဲဆောင်မှုကလည်းရှိနေရော..
မသိတော့ဘူး သူမအခုသိချင်နေတာက....ဒီခန့်ညားတဲ့ယောက်ျားက နှင်းဆီ99,999ပွင့်ပေးဖို့စဉ်းစားနေရလောက်တဲ့အထိ ကံကောင်းတဲ့မိန်းကလေးက ဘယ်သူလဲဆိုတာကိုဖြစ်သည်
မင်းပန်းကြိုက်တာမကြိုက်တာကထားလိုက်ပါဦး...
မင်းကိုပန်းတွေပေးချင်နေပြီး ဝယ်ပေးဖို့လည်းတတ်နိုင်တဲ့ လူတစ်ယောက်ရှိနေတာနဲ့တင် အရမ်းကိုမနာလိုဖြစ်ချင်စရာကောင်းနေပါပြီ...
တကယ်လို့သူမရဲ့ချစ်သူသာ အရမ်းခန့်ညားနေမယ်ဆို သူမကိုပန်းတွေပေးဖို့တောင်မလိုတော့ပါဘူး သူမကဘဲ နေ့တိုင်းသူ့ကိုပန်းတွေပေးနေတော့မှာ
တံခါးနားကနေ ဆိုင်ရှင်သည် ဝမ်ယွီထွက်သွားတာကို မျက်ရည်တွေနဲ့ကြည့်နေခဲ့သည် အဲ့ဒီနောက် သူမသည် သူဝင်သွားတာကိုကြည့်လိုက်ရတယ်....
အို့...Rolls Royce phantomကားထဲကိုလေ..
သူမ မငိုချင်တော့ပါဘူး တကယ်ပါ..
“မစ္စတာဝမ်...လှလိုက်တဲ့ပန်းတွေပါလား"
အကိုဝမ်ကနောက်သို့လှည့်လာပြီး ပြုံးလိုက်သည်
ဝမ်ယွီသည် ပန်းတွေကိုကြည့်လိုက်ပြီး ဘာမှမပြောလာခဲ့ပေ။
သူက ပန်းကြိုက်တဲ့သူတစ်ယောက်မဟုတ်ပေ၊ အမှန်တကယ်အားဖြင့် သူနှစ်သက်တာက သူ့အလုပ်သာဖြစ်သည်
ဒါပေမယ့် ဒီပန်းတွေက ချီကျန်းကျန်းအား အမှတ်ရလာစေသည် အထူးသဖြင့်သူမမျက်နှာက အနည်းငယ်နီနေခဲ့သည့် အချိန်မျိုးကိုပင်၊ သူမသည် ဒီပန်းတွေထက်ပင် နူးညံ့သိမ်မွေ့သည်
“သခင်မလေးကျန်းကျန်းက ပန်းတွေကိုသေချာပေါက်ကြိုက်မှာပါ” အကိုဝမ်ကအပြုံးတစ်ခုဖြင့်ပြောလာသည်
“ဟမ်းး ”ဝမ်ယွီ၏ ပါးစပ်ထောင့်စွန်းများ အနည်းငယ်မြင့်တက်သွားသည်
သူ့လက်ထဲက နှင်းဆီ99ပွင့်ဟာ အလွန်ကြီးနေသည့်ပန်းစည်းဖြစ်နေပြီ ဆိုသော်လည်း သူကအဲ့ဒါကို ကိုင်ထားတုန်းဘဲဖြစ်သည် ပန်းဆိုင်ကနေကားထဲထိ၊ ပြီးတော့ကားထဲကနေ ဝမ်ကျန်းအိမ်ရာရောက်ထဲအထိပင်ဖြစ်သည်
သူက ဝတ်စုံပြည့်ကိုဝတ်ဆင်ထားပြီး နက်ရှိုင်းတဲ့မျက်နှာအသွင်အပြင်နှင့် အေးစက်နေသာမျက်နှာထားရှိသည် ဒါပေမယ့်သူနှင့် အလွန်ပင်မလိုက်ဖက်လှသော နှင်းဆီပန်းစည်းကို ကိုင်ထားခဲ့ သည်
သူ့မျက်လုံးထဲတွင် အပြုံးရိပ်များဖြင့် ဝမ်ယွီဟာအိမ်ထဲကိုဝင်လာခဲ့သည်
ဝမ်ယွီ အထဲကိုကြည့်လိုက်ပြီး ဒုတိယထပ်ကိုကြည့်လာခဲ့သည်
အဲ့ဒီအချိန်မှာဘဲ အန်တီဝမ်သည် အလျင်အမြန်ဘဲ ဘေးကနေထွက်လာပြီး “မစ္စတာဝမ်..ကျန်းကျန်းထွက်သွားပြီ”
ဝမ်ယွီ ထိတ်လန့်သွားသည်
“ဒီနေ့လည်တုန်းက အရမ်းငယ်တဲ့ကောင်လေးတစ်ယောက် ကျန်းကျန်းကို တံခါးဝမှာစောင့်နေတာ သူ့ကိုကြည့်ရတာ16နှစ်လောက်ဘဲရှိပါအဦးမယ် ပြီးတော့သူက ကျန်းကျန်းနဲ့နည်းနည်း ရုပ်ဆင်တယ် ကျွန်မကဟင်းချက်စရာဝယ်ဖို့သွားနေတော့ သူတို့ဘာပြောနေကြလဲမသိလိုက်ဘူး ကျွန်မပြန်လာတော့ ကျန်းကျန်းအဝတ်အစားတွေ ထည့်နေတာတွေ့လိုက်တယ် ” အန်တီဝမ်က ဝမ်းနည်းစွာပြောပြလာသည်
‘ချီကျိုးချန်’
ဝမ်ယွီ ချက်ချင်းဘဲ ဒီနာမည်ကို စဉ်းစားမိလိုက်သည်
သူ၏နှုတ်ခမ်းတွေဟာ တင်းကြပ်စွာစေ့သွားပြီး သူ့လက်တွေဟာ ပန်းစည်းအားဆုပ်ကိုင်လိုက်တာ လက်ဖျားများတောင် ဖြူစုတ်လာခဲ့သည်
တစ်ခနကြာပြီးနောက် သူကကွဲအက်နေသော အသံနှင့်မေးလာသည် “ကျန်းကျန်းက တစ်ခုခုပြောသွားသေးလား ”
“ကျန်းကျန်းက သူ့ကိုစိတ်မပူဖို့ဘဲပြောသွားတယ် ပြီးတော့ဒါကသခင်လေးရဲ့အိမ်ဆိုတော့ သူမအနေနဲ့တစ်ချိန်လုံး ဒီမှာနေဖို့ကအဆင်မပြေဘူးလို့ ပြောသွားတယ် ” အန်တီဝမ်က သက်ပြင်းချလိုက်ကာပြောလာသည်
လက်ကအားသည် လျော့ကျသွားပြီး 99ပွင့်သောနှင်းဆီပန်းစည်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်
ပွင့်ချပ်အနည်းငယ်သည် ပြုတ်ထွက်လာပြီး ကြမ်းပြင်ပေါ်၌ ပြန့်ကြဲသွားပေသည်
ဝမ်ယွီ ပန်းပွင့်များကို ကြည့်လိုက်ပြီး သူ့စိတ်ထဲ၌တစ်စုံတစ်ခုဆုံးရှုံးသွားသလို ခံစားလိုက်ရသည် သူဆက်၍မရွေ့လျားနိုင်တော့ပေ
သူ လျိုမိသားစုနဲ့ဖြေရှင်းနေတုန်းက သူ့လုပ်ဆောင်မှုတွေကို မလျို့ဝှက်ခဲ့ပေ ဒါကြောင့်အခြားသူတွေ သံသယဝင်ဖို့အလွယ်တကူဘဲဖြစ်သည် အထူးသဖြင့်
ချီကျိုးချန်က သူဝမ်းကျန်းအိမ်ရာမှာနေတာကို အရင်တည်းကသိနေပြီးသား ဖြစ်သည်
တကယ်လို့ သူတို့သာထက်မြက်မယ်ဆိုရင် သူ့ဘယ်သူလဲဆိုတာကို ခန့်မှန်းလို့ရနေလောက်ပြီ..
ဘယ်အချိန်ကစလိုက်တာလည်းတော့ သူမသိဘူး ဒါပေမယ့်သူ ဝမ်မိသားစုနဲ့ပတ်သက်ပြီး သိပ်ဂရုမစိုက်တော့သလိုဘဲ သူတို့ကိုလည်း အနီးကပ်စောင့်ကြည့်မနေမိတော့ဘူး သူအရင်ကလောက် သိုဝှက်မနေတော့သလိုဘဲ...
ဝမ်ကျန်းအိမ်ရာမှာရှိတဲ့ ဒီအိမ်ကိုဘဲသူ ပိုပြီးအာရုံစိုက်နေမိသည်
သူ့ရဲ့အစစ်အမှန်ပုံစံကိုရှာတွေ့ဖို့က အချိန်တစ်ခုဘဲလိုတာဖြစ်သည်
ချီကျိုးချန်လည်း ဒါနဲ့ပတ်သက်ပြီးသိလာလို့ ချီကျန်းကျန်းကို ဒီအကြောင်းတွေပြောပြဖို့လာရှာတာဖြစ်လောက်သည် ခန့်မှန်းဖို့တောင်မခက်နေပါပေ..
သူလျိုမိသားစုနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ခဲ့လဲဆိုတာ သူမကိုလာပြောပြလောက်သည်
ဒါဆိုရင် ချီကျန်းကျန်းကသူဘယ်လိုအကြင်နာမဲ့လည်းဆိုတာ သိနေလောက်ပြီ၊ သူနဲ့လျိုယွီရှန်းသဘောထားမတူလို့ လျိုမိသားစုကို အခုအခြေအနေကိုသူလုပ်လိုက်တာကိုရောသိသွားလောက်ပြီ လျိုယွီရှန်းကိုသူသဘောမကျလို့ နိုင်ငံခြားထွက်အောင်လုပ်လိုက်တာရော ပြီးတော့ဘယ်တော့မှပြန်မလာနိုင်တော့ဘူး...
သူမအကုန်လုံးကို သိသွားလောက်ပြီ...
သူမသူ့ကိုကြောက်သွားလို့များ ထွက်သွားတာလား...
ဝမ်ယွီ ကြမ်းပြင်ပေါ်က ပန်းပွင့်ချပ်များကိုကြည့်လိုက်ကာ ဖော်ပြ၍မရနိုင်သော နာကျင်မှုတစ်ခု သူ့ရင်ထဲ၌ ဖြစ်ပေါ်လာခဲ့သည်
ဒီခံစားချက်က သူဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးသောအရာဖြစ်ပြီး နှစ်လိုဖွယ်သောအရာတစ်ခုမဟုတ်ပေ
ချီကျန်းကျန်းက လမ်းမကြီးဘေးတွင် ခရီးဆောင်အိတ်အား ဆွဲကာလျှောက်နေခဲ့သည် ကောင်းကင်ကနေဝင်ချိန်ကိုကြည့်ကာ အနည်းငယ်အံ့ဩသွားသည်
အဲ့ဒါကိုကြည့်ရတာ ကောင်းကင်ကပြောင်းလဲတော့မယ်ပုံဖြစ်သည် ပြီးတော့အခုချိန်မှာအရမ်းကိုအေးနေပြီဖြစ်သည်
လျိုမိသားစုက အလွယ်တကူဘဲ ဝမ်ယွီရဲ့ ရှင်းထုတ်မှုကိုခံလိုက်ရသည် မည့်သည်သနားညှာတာမှုမှမပြဘဲနှင့် အကိုင်းအခက်တွေကိုဖြတ်ကာ အမြစ်ထိတူးထုတ်လိုက်သည်
သေချာပေါက်ပင် ချုပ်ကိုင်လွှမ်းမိုးသောဝတ္ထု၏ အမျိုးသားဇာတ်ဆောင်ဖြစ်ပေသည်
ဒါပေမယ့် သူက ဒီဝတ္ထု၏ အဓိကဇာတ်ဆောင်တစ်ယောက်တင်မဟုတ်ဘူးလေ....သူကတွဲဖက်မရှိတဲ့လွှမ်းမိုးတတ်တဲ့ ဇာတ်ဆောင်လည်းဖြစ်သည်
သူ့ရဲ့ဇာတ်ကောင်က ဖန်တီးထားပြီးသားဖြစ်သည်
အကယ်၍ သူ့ကိုနူးညံ့ညင်သာတယ်လို့ သူမ တွေးမိရင်တောင်မှ သူကလွှမ်းမိုးချုပ်ကိုင်တတ်သော အမျိုးသားဇာတ်လိုက်သာဖြစ်သည်
ဘယ်လိုလုပ်ပြီးဖြစ်နိုင်တော့မှာလဲ....
တကယ်လို့ သူက သူမအပေါ်ကောင်းတယ်လို့ တွေးမိရင်တောင်မှ ထိုသူကအချစ်အကြောင်းမပါသော ဝတ္ထု၏ဇာတ်ဆောင်ဖြစ်လာရန် ကံတရားကစီမံပြီးသားဖြစ်ပေသည် သူမ အားဘယ်လိုလုပ်၍ ကြိုက်နိုင်ပါ့မလဲ...
သူမဝမ်းနည်းနေမိတာ ဒါကြောင့်များလား..
ဒါမှမဟုတ်.. သူမကြောက်နေမိလို့များလား...
မဟုတ်ရင်ရော သူနဲ့နီးနီးကပ်ကပ်နေမိပြီး နာကျင်ရမှာကိုရှောင်ရှားဖို့လား...
အဲ့ဒါကြောင့်ဖို့ ဝမ်ကျန်းအိမ်ရာကနေ ထွက်လာခဲ့မိတာများလား..
အဲ့လိုဘဲဖြစ်နေမလား...
သေချာပေါက်မဟုတ်ဘူး..
သူမ ကြောင်သူတော်များဖြစ်နေပြီလား
ချီကျန်းကျန်း၏နှုတ်ခမ်းထောင့်များမြင့်တက်လာကာ အပြုံးတစ်ခုဖြစ်ပေါ်လာသည် သူမ ဝမ်ကျန်းအိမ်ရာရှိရာဘက်သို့ ခိုင်မာသောအကြည့်များဖြင့် ပြန်ကြည့်လိုက်သည်
ချီးကျိုးချန်ပြောတာကို သူမပြန်စဉ်းစားလိုက်မိသည်-
“နင်အခုသူနဲ့နေနေတယ်ဆိုပေမယ့် သူ့မှာနင်နဲ့ပတ်သက်ပြီး နောက်ထပ်အစီစဉ်တစ်ခုခုရှိမနေဘူးဆိုတာ သေချာလို့လား ”
သူမသူ့အား ဘာပြန်ပြောခဲ့တာလဲ...
ချီကျန်းကျန်းကအဲ့ဒီအချိန်မှာ ချီကျိုးချန်အား
ကြည့်လိုက်သည် သူမ၏မျက်လုံးများသည်ကြယ်စင်များ ရှိနေသလိုပင် ပြီးတော့သူမကပြုံးလာသည် “သူ့မှာငါနဲ့ပတ်သက်ပြီး အကြံအစည်ရှိမရှိတော့ငါမသိဘူး ဒါပေမယ့် ချီကျိုးချန်...ငါလေ..သူ့ကိုကြံစည်နေ မိပြီ ”
ချီကျိုးချန် နေရာမှာဘဲ တောင့်တင်းသွားသည်
ဟုတ်တယ်၊သူမသူ့ကို... ကြိုက်သည် ၊ဒါကြောင့်သူ့အားကြံစည်နေမိသည်
ထိုအကြောင်းအားပြောပြီးနောက် ချီကျန်းကျန်း ဝမ်ကျန်းအိမ်ရာသို့ပြန်ကာ သူမ၏ပစ္စည်းများအားစတင်ထုတ်ပိုးကာ ထိုအိမ်မှထွက်လာခဲ့သည်
ချီကျိုးချန်က သူမအား ဝမ်ယွီ၏အစစ်အမှန်ပုံစံ အား သတိပေးလာခဲ့သည်
-လွှမ်းမိုးချုပ်ကိုင်တတ်သော အဓိကဇာတ်ဆောင်၊တွဲဖက်မရှိသည့် ဇာတ်ကောင်တစ်ယောက်
သူ့တွင် တရားဝင်တွဲဖက်မရှိပေ၊ သူများကိုကြိုက်နှစ်သက်တတ်သော ခံစားမှုသည် မွေးကတည်းကမပါခဲ့တာတောင် ဖြစ်နိုင်ပါ၏
သူမသာ ဝမ်ကျန်းအိမ်ရာမှာဆက်နေမည်ဆိုလျှင်
သူ၏ သတို့သမီးလောင်းဟူ၍အမြဲတမ်း ဂရုတစိုက်ဆက်ဆံခံရလိမ့်မည်
သို့သော် ဤဂရုစိုက်မှုသည် တာဝန်ဝတ္တရားအရသာ ဖြစ်နိုင်သည် အချစ်ကြောင့်မဟုတ်ပေ
ချီကျန်းကျန်း ထိုနေရာမှထွက်သွားချင်သည် သူမသည် သူမ၏ဒီအနေအထားမှရုန်းထွက်ကာ ဝမ်ယွီအား တဖန်လိုက်လိုသည်
သူမက တစ်ကိုယ်ကောင်းဆန်သည့်သူမဟုတ်ပေ၊
သူမ၏အတွေးများအား ဖော်ထုတ်ခံရပြီးနောက် သူမ၏နှလုံးသားကို တည်ငြိမ်စွာရင်ဆိုင်လိုက်သည် သူမ၏နှလုံးသား သည် ဝမ်ယွီကြောင့် လှုပ်ရှားခဲ့ရသည်
လူတစ်ယောက်ဟာသူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီလိုခံစားချက်မျိုးကို ဘယ်နှစ်ကြိမ်များရနိုင်ပါ့မလဲ...
သူမရဲ့ ဘဝနှစ်ခုလုံးမှာ ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်အား ကြိုက်နှစ်သက်ဖူးခြင်းဖြစ်သည် သူမ သူ့ကိုတွေ့ချင်တယ်၊သူ့ကိုတွေ့ရင် ရင်ခုန်သံမြန်လာပြီး အရမ်းကိုပျော်ရွှင်ရသည်
ဒီခါးသက်သက်နှင့် နားလည်ရခက်တာမျိုးဖြစ်သည့်တစ်ဖက်သက်အချစ်သည် ဘဝမှာအလွန်အဖိုးတန်တဲ့ ခံစားချက်တစ်ခုပင်ဖြစ်သည်
ချီကျန်းကျန်းအတွက် အလွယ်တကူ လက်လျှော့လိုက်ရန် မဖြစ်နိုင်ပါ သူမတတ်နိုင်သမျှ အကောင်းဆုံးကိုသာလုပ်ကာ ဝမ်ယွီသူမအား ကြိုက်မကြိုက်အား သိဖို့လိုသည်
တကယ်လို့ သူမအတတ်နိုင်ဆုံးကြိုးစားခဲ့လို့မှ တွဲဖက်မရှိတဲ့ဒီဝတ္ထုကို ပြောင်းပြန်မလှန်နိုင်ခဲ့ရင်တောင် သူမအနေနဲ့ ဘဝတစ်လျှောက်လုံး မကြိုးစားခဲ့၍ နောင်တရစရာ ရှိမည်မဟုတ်ပေ။
တစ်စုံတယောက်အား ကြိုက်နှစ်သက်မှုသည် ရှက်စရာမဟုတ်သလို သနားစရာလဲမဟုတ်ပေ၊
သူ့ကို ကြိုက်နှစ်သက်လာအောင်လုပ်နိုင်တဲ့ လူတစ်ယောက်ရှိရုံနဲ့တင် အမှန်တကယ်ကိုကံကောင်းနေပါပြီ
အမ်....
ရုတ်တရက်ကြီး ဒီလိုထွက်သွားတာ၊ တကယ်လို့သူသာ ငါ့ကိုနည်းနည်းလောက်ဖြစ်ဖြစ် ဂရုစိုက်ရင် သူ
ငါ့ကိုဖုန်းခေါ်သင့်ပြီမဟုတ်ဘူးလား...
xxxxxx