အပိုင်း ၆၃
Viewers 26k

Part 63


‘တီ...တီတီ’ကားဟွန်းတီးသံက သူ့အတွေးများအား ဖြတ်တောက်လိုက်သည်


ချီကျန်းကျန်း လှည့်ကြည့်လိုက်သည်


ဝမ်စီစီက ကားမှန်ကိုချကာ အံ့ဩနေသောအမူအရာဖြင့်ပြောလာသည် “နင်ဘာလို့ ခရီးဆောင်အိတ်ကြီးဆွဲလာတာလဲ....နင်ထပ်ပြီးတော့အိမ်ပြောင်းအုံးမလို့လား”


“နင်က ဘာလို့ဒီရောက်နေတာလဲ ” ချီကျန်းကျန်း လည်းဘဲ အနည်းငယ်အံ့ဩသွားသည်။


“ငါဒီနားကဖြတ်သွားတုန်း နင့်ကိုတွေ့လိုက်ရတာဘဲ

ဘယ်လိုတောင်တိုက်ဆိုင်မှုကြီးလဲ ” 


ဝမ်စီစီသည် မျက်‌စောင်းထိုးလိုက်ကာ ကြမ်းတမ်းစွာပြောလာသည်


“ငါ‌တောင်စဉ်းစားနေသေး နင်နဲ့ဝမ်ယွီက ဘယ်လိုဖြစ်လို့ ဝမ်ကျန်းအိမ်ရာမှာနေနိုင်တာလဲဆိုတာ အဲ့ဒါက ခနနေတာဘဲ ဟုတ်တယ်မလား အခုတော့နင်အဲ့ဒီမှာနေလို့မရတော့ဘူး  နင့်အမြီးကိုခြေထောက်ကြားထဲဝှက်ပြီး ထွက်လာရပြီလေ ”


“နင်နဲ့မဆိုင်ပါဘူးစိတ်ပူမ‌နေနဲ့ ” ချီကျန်းကျန်းလည်းဘဲ မျက်စောင်းထိုးလိုက်လေသည်


သူမ ခရီးဆောင်အိတ်အား ဆွဲကာဆက်၍လျှောက်သွားသည်


ဒီညတော့ ဟိုတယ်တစ်ခုခုမှာနေရမယ်လို့  တွေးလိုက်သည် မနက်ဖြန်ကျမှ နေရာတစ်ခုခုကိုစရှာရမယ်...


ဝမ်စီစီက အော်ပြောလာသည်


 “ဟေး ကြည့်ရတာ ငါလျိုယွီရှန်းနဲ့ စေ့စပ်ပွဲမလုပ်ရတာနဲ့ ပတ်သက်ပြီးနင်ကို ကျေးဇူးတင်ရမယ့်ပုံဘဲ နင်နေဖို့ငါနေရာတစ်ခုပေးမယ်လေ  ”


သူကခနရပ်လိုက်ပြီး ထပ်‌ပြောလာသည် 


“နေရာငှားခကိုတော့ နင်လက်ရှိကုန်ဈေးနှုန်းအတိုင်းပေးရမယ် ”


ချီကျန်းကျန်းအနေဖြင့် ဒါကိုလက်ခံမှာမဟုတ်‌ပေ၊ဟုတ်တယ်မလား...

ဒီကောင်မလေးက တကယ့်ကို တစ်ခုခုဘဲ၊သူမကဒီလိုဖြစ်နေတာတောင်မှ အိမ်ကိုပြန်မသွားဘူး


ဝမ်ယွီကလည်း တကယ့်ကိုအရှုံးသမား၊သူ့ရဲ့သတို့သမီးလောင်းကိုတောင် မထောက်ပံ့ပေးနိုင်ဘူး


ဝမ်စီစီရဲ့ ခေါင်းထဲမှာအတွေးမျိုးစုံပြန့်နေတယ့်အချိန်မှာဘဲ  ချီကျန်းကျန်းကသူမ၏အိတ်ကိုဆွဲ၍ သူမကားဆီသို့ပြေးလာကာ ကားနောက်ပိုင်းကိုဖွင့်ကာ အိတ်ကိုထည့်လိုက်သည်


ထို့နောက်သူမ ပြောင်ပြောင်တင်းတင်းပင်  ကားတံ

ခါးကိုဖွင့်ကာ ရှေ့ခုံမှာဝင်ထိုင်လိုက်သည်၊ ဝမ်စီစီအားတောက်ပနေသည့် အပြုံးတစ်ခုပေးလိုက်ကာ...


“အဲ့ဒါဆို တကယ်ကောင်းတာဘဲ ကျေးဇူးပါ ”


ဝမ်စီစီ“... ”

ချီးဘဲ...


သူမ ချီကျန်းကျန်းရဲ့ အရှက်မဲ့မှုကို အမှန်တကယ်ပင် လျှော့တွက်လိုက်မိသည်

ဝမ်စီစီမှာ အမှန်ကိုအိမ်တစ်ခုရှိပေသည် သူ့မိဘတွေက သူမအား အသက်ပြည့်အခမ်းအနားအမှတ်တရအဖြစ် လက်ဆောင်ပေးထားတာဖြစ်သည်၊


အဲ့ဒါကမြို့ထဲက အထပ်မြင့်အဆောက်အအုံတစ်ခုတွင်ဖြစ်သည်၊၎င်းသည် ပေငါးရာကျယ်ဝန်းသော နေရာဖြစ်သည်၊၎င်းသည် အရမ်းတော့မကြီးပေ၊ဒါပေမယ့် နှစ်ထပ်ဖြစ်သည့်အတွက်  နေဖို့အဆင်ပြေသည်


ဝမ်စီစီက အဲ့ဒီမှာမနေပေ၊ထိုနေရာသည် ပြင်ဆင်ထိန်းသိမ်းပြီးကတည်းက လစ်လပ်နေတာဖြစ်သည်

ဒီအချိန်မှာတော့ ဝမ်စီစီက ချီကျန်းကျန်းအားခေါ်ကာ ယာယီငှားရမ်းလိုက်မည့် အိမ်ဆီသို့သူမအားခေါ်လာခဲ့သည်


သူမက စားပွဲပေါ်သို့ သော့ကိုပစ်တင်လိုက်ရင်းပြောလိုက်သည် “ချီကျန်းကျန်း ငါနင့်ကိုတကယ်လေးစားတယ်နင်ကအခုဒီလိုတောင်နေနေရပြီကို အခုထိ ချီအိမ်ကိုပြန်ဖို့မစဉ်းစားသေးဘူး၊နင်က တကယ်ကိုတစ်ခုခုဘဲ   နင်တကယ်ကိုဘဲ ကျန်တဲ့ဘဝတစ်လျှောက်လုံး  ချီမိသားစုနဲ့အဝေးမှာဘဲ နေတော့မှာလား ”


ချီကျန်းကျန်းက သူမကိုလျစ်လျူရှုလိုက်ကာသူမ၏ခရီးဆောင်အိတ်ကိုချပြီးနောက် အိမ်ကို‌စိတ်ကျေနပ်စွာကြည့်လိုက်သည်


ဝမ်ကျန်းအိမ်ရာနှင့်တော့ မယှဉ်နိုင်ပေမယ့်လည်း သူမအတွက်တော့ ဒီလိုအိမ်မျိုးကပင် အတော်ကိုကောင်းနေပြီဖြစ်သည်


တကယ်လို့ဒီထက်သာ ပိုကြီးနေမယ်ဆိုရင် သူမအနေနဲ့ ငှားရမ်းရန်တတ်နိုင်မည်မဟုတ်ပေ။


“ဟေးးချီကျန်းကျန်း ငါနင့်ကိုစကားပြောနေတယ်လေ နင့်စိတ်တွေဘယ်ရောက်နေလဲ နင့်အိမ်မှာဆိုရင် ကောင်းကောင်းမွန်မွန်နေနိုင်တာကို  ထွက်လာပြီးအပြင်မှာဒုက္ခလာခံနေတယ် နင့်ခေါင်းက ကားအက်စီးဒန့်ဖြစ်တုန်းကများ တံခါးနဲ့ညှပ်မိသွားတာလား   ”


ဝမ်စီစီက လှောင်ကာပြောလာသည်


ချီကျန်းကျန်းက သူမအားကြည့်ကာ ရုတ်တရက်ပြောလိုက်သည် 


“ငါကတော့ဒါကအဆင်ပြေတယ်လို့ထင်တာဘဲ ငါ့ရဲ့အခုဘဝအခြေအနေနဲ့ပတ်သက်ပြီး အရမ်းကိုစိတ်ကျေနပ်တယ်  ချီမိသားစုမှာဆို ကောင်းကောင်းနေရမှာဆိုပေမယ့် အဲ့ဒီမှာဆို ငါမပျော်ဘူးလေ” 


‌ဝမ်စီစီက ကြောင်အသွား၏

ချီကျန်းကျန်းက လက်မြှောက်ကာသူမ၏ ပုခုံးအားပုတ်လိုက်ကာ ပြောလိုက်၏။


“ဒီနေ့နင်ကငါခနနေဖို့အတွက် နေစရာပေးတယ်နော် အနာဂတ်မှာနင်‌နေဖို့လိုလာရင်ငါနင်နေဖို့ နေစရာတစ်ခုထောက်ပံ့ပေးပါ့မယ်”


သူမအတွက်တော့ ဝမ်ယွီလက်စားချေတာကိုတားဖို့က လုံးဝမဖြစ်နိုင်ပေ ဝမ်ယွီကိုလှောင်ပြောင်ခဲ့ဖူးသည့် ဝမ်စီစီအတွက်တော့ သူမအခုနေရသလိုဘဝမျိုးကို မခံစားရတော့ဖို့ ကံစီမံပြီးသားပင်ဖြစ်သည်


အဲ့ဒီအချိန်ကျရင်တော့ သူမ ခက်ခဲလာခဲ့ရင် နေစရာတစ်ခုပေးပြီး ကိုယ့်ဘာသာကိုရပ်တည်နိုင်အောင် ကူညီနိုင်ရုံဘဲ ဖြစ်သည်


မူလဇာတ်ကြောင်းအရဆိုရင်  ဝမ်မိသားစုက ဝမ်စီစီကိုအသက်ကြီးကြီးလူတစ်ယောက်နဲ့ လက်ထပ်ဖို့ဖိအားပေးကြလိမ့်မယ် ကုမ္ပဏီကိုကယ်ဖို့အတွက်နဲ့ပေါ့ အဲ့ဒီလူရဲ့သမီးတောင် ဝမ်စီစီနဲ့အရွယ်တူဖြစ်သည်


သူမကလက်ထပ်ရမယ်လည်းဆိုရော ငိုယိုကာ ပြင်းထန်စွာသောင်းကျန်းလေသည် ထို့နောက်တစ်ညမှာ ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့သည်


ချီကျန်းကျန်းအ‌နေဖြင့် ဝမ်မိသားစု၏အဆုံးသတ်ကို ‌မပြောင်းလဲနိုင်ပေ၊ပြောင်းလဲအောင်လည်း မလုပ်ချင်ပေ၊ ဒါကြောင့် ဝမ်စီစီ၏အသက်ကိုကယ်တင်ရန်အတွက်သာ သူမတတ်နိုင်သမျှကြိုးစားရလိမ့်မည်


ဝမ်စီစီ၊ဒီမိန်းကလေးက အပြောဆိုးပေမယ့်လည်း သူ့နှလုံးသားကတော့ ဒီလိုမဟုတ်ပေ သူမက。。。ဒီလောကကြီးမှာ သူမမှာရှိတဲ့ သူငယ်ချင်းအနည်းငယ်ထဲကတစ်ယောက်ဖြစ်သည်


ချီကျန်းကျန်းရဲ့ တည်ကြည်လေးနက်နေသောအမူအရာကိုကြည့်ပြီးနောက် ဝမ်စီစီကထိတ်လန့်သွားသည် သူမရင်ထဲ၌ ရှုပ်ထွေးနေသောခံစားချက်တစ်ခု မြင့်တက်လာခဲ့သည်


သူမ အဆင်မပြေသလိုခံစားလာရကာ မျက်နှာလွဲလိုက်ပြီး ဆက်ပြီးတော့ လှောင်‌နေလိုက်သည်

“ဘာအဓိပ္ပါယ်မရှိတာတွေ ‌ပြောနေတာလဲ ငါကနင့်လောက်ထိဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး   ”


အဲ့ဒီနောက် သူမက စားပွဲပေါ်ကသော့တွဲကို ညွှန်ပြကာ “သော့တွေကဒီမှာ  နင့်ဘာသာအဆင်ပြေသလိုနေပေါ့ အိမ်ငှားခတော့ဒီလောင်ဇူကို ပေးဖို့မမေ့နဲ့ ငါသွားပြီ”


ပြောပြီး ဝမ်စီစီက သူမဒေါက်ဖိနပ်ကိုစီးကာ သူမ၏နောက်ကျောကတင့်တယ်နေကာ ထွက်ဖို့လုပ်‌သည်


ချီကျန်းကျန်းကလိုက်လာပြီး သူမကိုဆွဲကာ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ချစ်စရာကောင်းဟန်ဆောင်လေသည်


“မစ်  စာရင်းသွင်းတာနဲ့ ပတ်သက်ပြီးအမှားတစ်ခုခုများရှိနေတာလား အိမ်ပိုင်ရှင်က အိမ်နဲ့ပတ်သက်ပြီး ပစ္စည်းတွေထည့်ဖို့ လိုတာတွေမပါဝင်ဘူးလား ”


ဝမ်စီစီ“... ”


ချီကျန်းကျန်း ဘယ်မှာရှိနေလဲဆိုတာကိုရှာဖွေဖို့က သိပ်မခက်ခဲပေ

သူမ ချီမိသားစုအိမ်ကိုမပြန်ခဲ့ပေ ဝမ်ကျန်းအိမ်ရာကထွက်လာပြီးနောက် သူမကဝမ်စီစီ၏ ကားထဲသို့ပါသွားကာ ယာယီအဖြစ် ဝမ်စီစီ၏အမည်အောက်က အိမ်တလုံး၌ နေနေသည်


လိပ်စာကလည်း သူ့ဖုန်းဆီသို့ ပို့ထားပြီးသားဖြစ်သည်

ဝမ်ယွီ နှုတ်ခမ်းတွေကိုစေ့လိုက်ပြီး ဆိုဖာပေါ်၌အမူအရာမဲ့စွာ ထိုင်လိုက်သည်


သူဘာတွေကိုစဉ်းစားနေလည်းဆိုတာ ဘယ်သူမှမသိနိုင်ပေ


သူကတိတ်ဆိတ်စွာ ထိုင်နေသည်၊ဒီအိမ်က အမြဲတမ်းဒီလိုဘဲဖြစ်သည် တစုံတယောက်လာဖို့ကလုံးဝနီးပါးကို မဖြစ်နိုင်ပေ၊ဒါပေမယ့်လည်း ရောက်လာသောသူပြန်ထွက်သွားဖို့ကလည်း အချိန်သိပ်မကြာပေ။


ချီကျန်းကျန်းကသူမဘာသာ ထွက်သွားရုံသာမက ဒီအိမ်မှာရှိတဲ့ သူနေထိုင်သွားတဲ့ အရိပ်အယောင်အားလုံးကိုပါ ယူဆောင်သွားလေသည်


ဒီအချိန်မှာတော့ အိမ်ကအရင်အတိုင်းတိတ်ဆိတ်နေတာဘဲ ဆိုပေမယ့်လည်း ရုတ်တရက်အထီးကျန်သလို ခံစားလိုက်ရသည်


ညကိုးနာရီအချိန်...

ဝမ်ယွီက နှုတ်ခမ်းစေ့လိုက်ကာ မတ်တပ်ရပ်လိုက်သည် သော့တွဲကိုကောက်ကိုင်ကာ လျင်မြန်စွာထွက်လာခဲ့သည်


ချီကျန်းကျန်းက ညအိပ်ဝတ်စုံ ထွက်ဝယ်တဲ့အချိန်မှာ မျက်နှာကပ်တဲ့မတ်စ် ပါဝယ်ခဲ့သည်

သူမဝမ်ကျန်းအိမ်ရာက ထွက်လာတုန်းက လျှော်ထားတဲ့ ညအိပ်ဝတ်စုံတွေကိုပါ ယူဖို့မေ့သွားသည်

အာ。。。

အခုချိန်မှာ သူမကမျက်နှာကို မတ်စ်ကပ်ရင်းနှင့် ဖုန်းသုံးနေတာဖြစ်သည်


ဘာလို့ဝမ်ယွီက သူမကိုဖုန်းတခါလောက်တောင် မခေါ်သေးတာလည်း

စာလေးတစောင်တောင် ပို့မလာဘူး

ဝမ်နည်းမှုက သူမမျက်လုံးထဲမှာ ဖြတ်ပြေးသွားခဲ့သည်


သူထွက်သွားတာနဲ့ ပတ်သက်ပြီး ဝမ်ယွီကနည်းနည်းလေးတောင်ဂရုမစိုက်ဘူးလား

ဒါကသူ့ကို အဆင်မပြေဖြစ်စေတယ်၊ သူ့နှလုံးသားက ခါးသက်လာပြီး နားမလည်နိုင်တော့ပေ


တခနလောက် စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်ကာ ဖုန်းကိုကောက်ကိုင်လိုက်သည်

သူမနှင့်ဝမ်ယွီ၏ စာပို့‌ထားတာတွေကို ထပ်ခါထပ်ခါဖွင့်ကြည့်ပေမယ့်လည်း ဘာစာအသစ်မှ ရောက်မလာပေ。。。

သူတကယ်ဘဲ ဂရုမစိုက်တာလား


“ ဒေါက်。。ဒေါက်ဒေါက်”တစ်စုံတယောက်က အိမ်တံခါးကို ခေါက်လာသည်

“ဘယ်သူလဲ?” သူမလျှောက်ထွက်လာပြီး တံခါးလက်ကိုင်ကို ကိုင်လိုက်ပေမယ့် မဖွင့်လိုက်ပေ။


“ကိုယ်ပါ” အသံကနိမ့်ပေမယ့်လည်း ရင်းနှီးနေသည်။


ချီကျန်းကျန်း :“!!!ဝမ်ယွီ?”


“တံခါးဖွင့်” အပြင်ကအသံက ထပ်မံအမိန့်ပေးလာသည်

ချီကျန်းကျန်းက သတိမမူမိဘဲ တံခါးကိုချက်ချင်း ဖွင့်လိုက်သည်


တံခါးရှေ့မှာတော့ ဝမ်ယွီက မှုန်မှိုင်းနေတဲ့မျက်နှာနှင့် သူမကို တည်ငြိမ်စွာကြည့်လာသည်...ဒါပေမယ့်သူ့မျက်လုံးတွေက...အံ့ဩခြင်းတွေနဲ့ ပြည့်နေသလိုဘဲ


ချီကျန်းကျန်း“....”

သူမရုတ်တရက်တစုံတခုကို သတိရသွားတာ ညအိပ်ဝတ်စုံကို ငုံ့ကြည့်လိုက်သည်

ချီကျန်းကျန်း“!!fck!ချီးဘဲ”


သူမရဲ့ ညအိတ်ဝတ်စုံအသစ်က အစိမ်းရောင်ဖြစ်ပြီး မိချောင်းခေါင်းပုံစံ ဝတ်စုံဖြစ်သည်


နောက်ဘက်မှာဆိုရင်လည်း သောက်ကျိုးနည်းလို  အမြီးတစ်ခုတောင်တွဲလောင်းပါ‌နေသေးး


“ဘန်းး”

တံခါးကတခါပြန်ပိတ်သွားသည်။


ဝမျယှီ "...."


ဒါကိုတော့ တော်တော်မမျှော်လင့်ထားဘူး!


xxxxxx