အပိုင်း ၆၄
Viewers 26k

Part 64


ရှုပ်ထွေးနေတဲ့ ခံစားချက်အားလုံးဟာ ချီကျန်းကျန်းရဲ့ ညအိပ်ဝတ်စုံနဲ့ ပုံရိပ်ကြောင့် ပျောက်ကွယ်သွား

တော့သည်


ဝမ်ယွီကိုယ်တိုင်လည်း သူဘာကြောင့် ဒီကိုလာမိတာလဲ၊ ဘာပြောချင်နေလို့လဲဆိုတာ မသိတော့ဘူး ဒါပေမယ့် ချီကျန်းကျန်းကိုမြင်လိုက်ရတဲ့ အချိန်မှာဘဲ မပျော်မရွှင်ဖြစ်နေတဲ့ ခံစားချက်အားလုံးက ပျောက်သွားသလိုဘဲ...


သူ့အသံထဲက ရယ်ချင်စိတ်ကိုထိန်းထားလိုက်ကာ ‘‘ချီကျန်းကျန်း。。တံခါးဖွင့်’’


အခန်းထဲမှာတော့ လျင်မြန်စွာလှုပ်ရှားနေတဲ့ အသံတွေနှင့်ပြည့်နေခဲ့သည်


အချိန်ခနကြာပြီးနောက် အခန်းတံခါးက နောက်တစ်ကြိမ် ထပ်ဖွင့်ပေးပါလာ၏


ချီကျန်းကျန်းက တူညီတဲ့ညအိပ်ဝတ်စုံကို ဝတ်ထားတုန်းဆိုပေမယ့်လည်း သူမမျက်နှာက မတ်စ်ကိုတော့ဖယ်ရှားလိုက်ပြီဖြစ်တယ် အခုတော့ သူမမျက်နှာက ကြည်လင်ပြီးတော့ လှပနေသည်


သူမ ဝမ်ယွီကိုတချက်ကြည့်လိုက်ကာ ချက်ချင်းဘဲရှက်‌သွေးဖြာနေ‌သော မျက်နှာနှင့် ခေါင်းငုံ့လိုက်သည်၊ 

ဝမ်ယွီအနေနဲ့ မိချောင်းခေါင်းလေးကိုသာ မြင်ရတော့သည်


အား!!!。。。


သူမ အခုချက်ချင်းဘဲ ဝမ်စီစီကို သွားသတ်ချင်လာပြီ。。


ဒီညအိပ်ဝတ်စုံက ဝမ်စီစီဝယ်ထားပေးတာဖြစ်သည်။


သူတို့‌လေးလွှာအိပ်ရာခင်းသွားဝယ်ကြတုန်းက ချီကျန်းကျန်းက ညအိပ်ဝတ်စုံဝယ်ဖို့ တွေးမိသွားခြင်းဖြစ်ကာ ဝမ်စီစီလည်းဘဲ သူမနှင့်အတူတူ လိုက်လာခဲ့သည်


သူမကို လှောင်ပြောင်ရတာ အရသာတွေ့နေတဲ့ဝမ်စီစီက ချက်ချင်းဘဲဒီဝတ်စုံကို ရွေးလိုက်၏။


သေချာပေါက်ကို ချီကျန်းကျန်း ငြင်းခဲ့တာပေါ့


ဒါပေမယ့် ဝမ်စီစီက ပြောလာသည် ‘‘နင်ဒီဝတ်စုံကိုယူမယ်ဆိုရင် ငါရှင်းပေးမယ်’’


ချီကျန်းကျန်း ‘‘ 。。。ကောင်းပြီလေ’’


သူမက ဒီလိုညအိပ်ဝတ်စုံတွေ ဝတ်တတ်တဲ့သူမျိုးလား...


ပိုက်ဆံချွေတာဖို့အတွက်ဆိုရင်တော့ သေချာပေါက်ကို သူမဝတ်တတ်တာပေါ့


သူမက အရမ်းဆင်းရဲနေတာကို ဝမ်စီစီအ‌နေနဲ့ သူမအတွက် ညအိပ်ဝတ်စုံဝယ်‌ပေးချင်နေတာကို ငြင်းသင့်လို့လား


လေးလွှာအိပ်ရာခင်းအစုံလိုက်က ဈေးသက်သာတာမဟုတ်ဘူး ပြီးတော့ အခုထိအိမ်ငှားခတောင် မပေးရသေးဘူး သူမအနေနှင့် ပိုက်ဆံတွေကိုစုထားသင့်ပေသည်


ဒီ‌နေ့ညကအေးနေကာ သူမ၏ လစဉ်ကိစ္စ ဖြစ်နေတုန်းဖြစ်လေရာ ဒီဝတ်စုံက အရမ်းလည်းမထူတာကြောင့် ‌လုံးဝကိုဝတ်ဖို့အဆင်ပြေလေသည်


သူမဒါကိုလျှော်ပြီး အ‌ခြောက်ခံလိုက်၏


သူမစိတ်ကို ပြင်ဆင်ပြီးနောက် သူမအတွက် ပိုက်ဆံမကုန်သွားတဲ့ ညအိပ်ဝတ်စုံကို ဝတ်လိုက်တော့သည်


အဲ့ဒါက。。အခုအချိန်ကြီး ဝမ်ယွီရောက်လာမယ်လို့ သူမ မတွေးခဲ့မိရုံလေးပါ。。


သူမဒီမှာဆိုတာကို ဝမ်ယွီကဘယ်လိုသိသွားတာလဲ..


အို့。。。သူကဘယ်သူမို့လို့လဲ ဝမ်ယွီလေ သေချာပေါက်ကို သူသိချင်တာမှန်သမျှ သိနိုင်တာပေါ့


ဒါပေမယ့် သူကဖုန်းလေး တစ်ချက်တောင်မဆက်ဘဲနဲ့ ဒီကိုဘာလို့ရုတ်တရက်ကြီး ရောက်လာတာပါလိမ့်


ဝမ်ယွီက လက်သီးဆုပ်ကာ ပါးစပ်ကိုကာ၍ ချောင်းဟန့်လိုက်သည် ‘‘အင်း...ဒါကတော်တော်လေးကို ချစ်ဖို့ကောင်းပါတယ်’’


ချီကျန်းကျန်းရဲ့ ခေါင်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလုမတတ် ငုံ့သွားတော့သည်


ဝမ်ယွီရှေ့မှာ သူမရဲ့ပုံရိပ်‌ကို အချိန်အကြာကြီး ထိန်းသိမ်းလာခဲ့တာလေ အခုတော့ ညအိပ်ဝတ်စုံလေးတစ်ခုကြောင့်နဲ့  အကုန်လုံးပျက်စီးသွားပြီ.!!!


အရမ်းဒေါသထွက်တာဘဲ!!


‘‘အိုး...ဒီကိုဘာလို့ရောက်လာတာလဲ’’ ချီကျန်းကျန်း ထစ်ထစ်ငေါ့ငေါ့ ပြောလာသည်၊သူမရဲ့အသံက ခြင်အော်သံလောက်ဘဲရှိတော့သည်


ဝမ်ယွီ :‘‘မင်းက ဘာမှမပြောဘဲ အိမ်ကပြောင်းသွားတာလေ မင်းဘယ်လို‌နေနေလဲဆိုတာ ကိုယ်အနေနဲ့တချက်လေးတောင် လာကြည့်လို့မရဘူးလား


ချီကျန်းကျန်း ‘。。。’


အဲ့လိုဆိုရင်လည်း ကျွန်မရဲ့ဒုတိယ‌ခြေလှမ်းစဖို့အတွက် မလာခင် အရင်ဆုံး ဖုန်းခေါ်ပြီးမေးလိုက်လို့မရဘူးလားဟင်。。。


အမှန်ပင် ချီကျန်းကျန်း တွင်အစီအစဉ်တစ်ခုရှိပေသည် သူမကခရီးဆောင်အိတ်ကိုဆွဲကာ ချက်ချင်းပင်ထွက်လာခဲ့ခြင်းဖြစ်သည်၊ တကယ်လို့ဝမ်ယွီသာ သူမဂရုစိုက်ရင် ဖုန်းတခါလောက်ဆက်တာမဟုတ်ရင် စာတော့ပို့မှာဘဲလေ...


တကယ်လို့ဝမ်ယွီက သူမကိုဂရုမစိုက်ရင်တော့ သူ့ဇာတ်ကောင်စရိုက်အတိုင်း ဖုန်းလည်းမခေါ်သလို စာလည်းပို့မှာမဟုတ်ပေ။


ဝမ်ယွီဖုန်းခေါ်မခေါ်ကို  သူမအကြိမ်ပေါင်းများစွာ ရှုပ်ထွေးမှုပေါင်းများစွာနဲ့ ထင်မြင်ချက်တွေချ‌ခဲ့ပြီးသားဖြစ်သည် ဒါပေမယ့် ဘယ်သူကထင်ထားမှာလဲ ဝမ်ယွီက သူမဆီတိုက်ရိုက်ကြီး ရောက်ချလာလိမ့်မယ်ဆိုတာ!!!


‘‘ကိုယ့်ကို အထဲပေးဝင်ပါအုံး’’ဝမ်ယွီကပြောလာသည်


ချီကျန်းကျန်း:‘‘。。。’’


တံခါးလော့ကိုကိုင်ထားတဲ့ လက်တွေက ဖြည်းဖြည်းချင်းလျော့ကျသွားပြီးနောက် သူမကအနောက်သို့ဆုတ်ကာ သူ့အတွက်လမ်းဖယ်ပေးလိုက်သည်


ဝမ်ယွီက အခန်းထဲသို့ဝင်လာခဲ့သည်


သူက ဒီသေးငယ်တဲ့နေရာလေးကို တချက်ဝေ့ကြည့်လိုက်ကာ ရုတ်တရက်ဆိုသလို့ သူ့မျက်ခုံးများမြင့်တက်သွားခဲ့သည်


ထို့နောက် သူကမီးဖိုချော‌င်ကိုကြည့်လိုက်သည်၊လုံးဝပြောင်ရှင်းနေကာ ဘာမှမရှိပေ။


သူ့မျက်ခုံးတွေက ပိုပြီးတောင်မြင့်တက်လာခဲ့သည်


‘‘မင်းဒီမှာဘဲနေမှာလား ’’ဟုသူမေးလာခဲ့သည်


‘‘အင်း。。ဒီနေရာက‌အတော်လေး အဆင်ပြေပါတယ် ’’ ချီကျန်းကျန်းက ခေါင်းငုံ့နေလျက်သာ ပြန်ဖြေလိုက်သည်


အခုချိန်မှာတော့ သူမစိတ်ထဲမှာ အတွေးတစ်ခုနဲ့ဘဲ ပြည့်နေခဲ့သည်


အားးး

သူမတကယ်ဘဲ အဝတ်ကိုသွားလဲပစ်လိုက်ချင်ပြီ...


သူမဆီမှာ အဖြူရောင်နတ်သမီး ဝတ်စုံလေးပါလာသလားလို့。。。


ဝမ်ယွီက မျက်မှောင်ကြုတ်လိုက်ကာ အိမ်တစ်ခုလုံးကိုစေ့စေ့စပ်စပ်ကြည့်လိုက်ကာ ခြင်ကိုတောင်ဖမ်းတော့မယ့်အတိုင်းဘဲ၊  ဒီအိမ်ရဲ့ဘယ်နားကိုများ ကောင်းတယ်လို့ပြော‌နေနိုင်လဲဆိုတာ သူတကယ်ကိုနားမလည်နိုင်တော့ပေ


‘‘ဒါကဝမ်စီစီရဲ့အိမ် ဒီမှာမနေနဲ့’’သူအကြာကြီးတွေးပြီးမှ ပြောလိုက်သည်


‘‘အာ...’’ချီကျန်းကျန်းက ထိတ်လန့်သွားပြီး ဝမ်ယွီကို မော့ကြည့်လိုက်သည်


သူဝမ်မိသားစုကို မုန်းတာတော့ သူမ သိပေမယ့် ဝမ်စီစီရဲ့နေရာမှာ ခနနေတာကိုတောင် မကြိုက်ဘူးတဲ့လား..


သူမကို သူ့ကို ကြီးမားဝိုင်းစက်နေသော မျက်လုံးများနဲ့ အပြစ်ကင်းစွာ ကြည့်လာသည်၊သူမရဲ့မျက်နှာသေးသေးလေးက ဝတ်စုံရဲ့ခေါင်းစွပ်ထဲမှာထုတ်ပိုးခံထားရကာ သူမ၏ပါးပြင်များက အနည်းငယ်နီမြန်းနေ

သည်၊သူမရဲ့အင်္ကျီဝမ်းဗိုက်နေရာတွင် ကြီးမားသောစတုရန်းကွက်ပုံစံ အိတ်ကပ်တစ်ခုရှိသည်၊နောက်ဘက်က အမြှီးကလည်း အနည်းငယ်လောက်ခါရမ်းသွားသလို့ပင်၊ဒါကအရမ်းကို....ချစ်ဖို့ကောင်းမနေဘူးလား


ဝမ်ယွီက တကယ်ကိုသည်းမခံနိုင်တော့ပေ၊သူ့လက်ကိုဆန့်ထုတ်တာ သူမပါးလေးကို ဖိညှစ်လိုက်မိသည်


‘‘အဟမ်း..’’ဝမ်ယွီက သူ့ရဲ့မထိန်းလိုက်နိုင်သော လက်အား ပြန်သိမ်းလိုက်သည်


ချီကျန်းကျန်း : ‘‘....’’


ဝမ်ယွီ: ‘‘ကိုယ်နဲ့ ပြန်လိုက်ခဲ့ပါ ’’


‘‘အာ၊ဒါက。。。’’ချီကျန်းကျန်း ထိတ်လန့်သွားသည်


ဝမ်ကျန်းအိပ်ရာကနေထွက်လာတာက သူမဝမ်ယွီကို ပြန်လိုက်ဖို့အတွက် ပထမခြေလှမ်းဖြစ်သည်!


ဝမ်ယွီက ရှေ့သို့တစ်လှမ်းတိုးလိုက်ကာ သူတို့နှစ်ယောက်ကြား၌ စင်တီမီတာအနည်းသာခြားတော့သည်


ချီကျန်းကျန်း အသက်ရှုရပ်လိုက်မိသည်


ဝမ်ယွီက လက်မြှောက်လိုက်ကာ သူမပုခုံးပေါ်တင်လိုက်သည်၊သူ့ခေါင်းကိုငုံ့လာကာ သူ့လေသံက သူမမျက်နှာအား လာထိမိလေသည် ‘‘ကိုယ်နဲ့အတူ အိမ်ပြန်လိုက်ခဲ့’’


ဒါကအမိန့်ပေးတဲ့လေသံပင်...


တကယ်လို့သူမသာ သဘောမတူရင် သူက သူမဂုတ်ကနေဆွဲကာ ပြန်ခေါ်သွားမယ့်ပုံပင်..


သူတို့နှစ်ဦးက အရမ်းကိုနီးကပ်နေလေသည်၊သူ့ရဲ့နက်ရှိုင်းလှပတဲ့ မျက်နှာသွင်ပြင်က သူမ မျက်လုံး‌ရှေ့ ၌ရှိနေကာ ထိုသူ၏အသက်ရှုသံကိုလည်း သူမကြားနေရသည်


‘‘ဟုတ်ပါပြီ’’


သူမဘာပြောလိုက်မိမှန်းတောင် မသိတော့ပေ


သူမခြေထောက်များမခိုင်တော့ပေ


ခေါင်းထဲမှာလည်း ဘာမှမရှိတော့ပေ


သူမရဲ့ တွေးခေါ်နိုင်စွမ်းတွေ ဘယ်ရောက်သွားတာလဲ!


ဝမ်ယွီ ရယ်လိုက်ကာ သူမမျက်နှာကို နောက်တကြိမ်ထပ်ညှစ်လိုက်ပြီးနောက် ခရီးဆောင်အိတ်ကိုယူကာ ပစ္စည်းတွေကိုထည့်လိုက်သည်


သူမ ပစ္စည်းအများစုကိုမထုတ်ရသေးပေ၊ ဒီတိုင်း 。。သန့်ရှင်းသော အမျိုးသမီးသုံးပစ္စည်းအချို့သာ အိတ်ရဲ့ဘေး၌ ရှိနေသည်


ဝမ်ယွီ အနည်းငယ်ရပ်သွားကာ ထိုပစ္စည်းများကိုပြန်ထည့်လိုက်သည် သူမလဲထားသောအဝတ်အစားတချို့ကိုလည်းထုတ်ပိုးလိုက်သည်


‘‘ဟေး...ငါအဝတ်အစားလဲရအုံးမယ်လေ’’

ချီကျန်းကျန်းက အော်ပြောလာသည်


ဝမ်ယွီ: ‘‘လဲစရာမလိုပါဘူး၊ဒီတိုင်းလည်းအရမ်းချစ်ဖို့ကောင်းတယ်’’


ချီကျန်းကျန်း‘‘。。。’’


ဝမ်ယွီက သူမရဲ့ခရီးဆောင်အိတ်ကိုဆွဲလာပြီး လက်ဆန့်၍ စားပွဲပေါ် သူမဖုန်းကိုယူလိုက်ကာ သူ့အိတ်ကပ်ထဲ ထည့်လိုက်သည်


‘‘သခင်ကြီးရယ်。。ကျွန်မကိုအဝတ်တော့ပေးလဲပါအုံးလား ဒီလိုပုံစံနဲ့ဘယ်လိုလုပ်အပြင်ထွက်ရမှာလဲ ’’

ချီကျန်းကျန်းက အနိုင်ကျင့်ခံထားရသလိုပင် ပြောလာသည်


‘‘အပြင်မှာမှောင်နေပြီလေ၊ပြီးတော့ ကားကအောက်မှာဘဲ’’ ဝမ်ယွီကပြောလာသည်


ဒီဝတ်စုံကိုချွတ်လိုက်တာနဲ့ သူမကိုဒီလိုပုံစံမျိုးနဲ့သူ နောက်တခါမြင်နိုင်တော့မှာမဟုတ်ပေ


ဒီတိုင်း。。ဒါကိုသူမအိမ်က ရုတ်တရက်ထွက်ပြေးသွားလို့ ခံရတဲ့အပြစ်ဒဏ်လို့ဘဲစဉ်းစားလိုက်တာပေါ့....


xxxxxx