အပိုင်း ၆၅
Viewers 26k

Part 65


အပြင်မှာက နည်းနည်းအေးလာပြီဖြစ်ကာ သူမယူလာတဲ့အဝတ်အားလုံးက သိပ်မထူတဲ့ စကတ်တွေချည်းဘဲဖြစ်သည် သူမရဲ့လစဉ်ကိစ္စလည်းဖြစ်နေတာမို့ အအေးမိခံလို့လည်းမရပေ


ဒီဝတ်စုံကဘဲ အတော်အသင့်ကောင်းနေပေသည်


ဝမ်ယွီက ပြောပြီနောက် ခရီးဆောင်အိတ်ကိုတဖက်ကဆွဲကာ ကျန်လက်တဖက်ကို သူနဲ့မလိုက်ချင် နေတဲ့ ချီကျန်းကျန်းအား ဆွဲခေါ်ရန် ဆန့်လာသည်


ချီကျန်းကျန်းက မရွေ့လာခဲ့ပေ


ဝမ်ယွီက သူမကိုလှည့်ကြည့်လာကာ ‘‘ကိုယ်မင်းကို ချီသွားရမလား?’’


ချီကျန်းကျန်း :‘‘မလိုပါဘူး..ကိုယ့်ဘာသာသွားနိုင်ပါတယ် QAQ’’


ဒီလိုမှမဟုတ်ရင်လည်း ဝတ်စုံပြည့်ဝတ်ထားတဲ့ဝမ်ယွီက တဖက်ကခရီးဆောင်အိတ်ကိုဆွဲပြီး တဖက်ကမိချောင်းလေးတစ်ကောင်ကိုချီသွားတော့မလို့လား..


တံခါးပြန်ပိတ်သံကို ကြားလိုက်ရတဲ့အချိန်မှာဘဲ ချီကျန်းကျန်း ရင်ထဲမှာ မျက်ရည်တွေစီးကျလာတော့သည်


ဒီနေ့လည်ကဘဲ ရဲရဲဝံ့ဝံ့ပြောခဲ့သမျှတွေ သူမရှေ့မှာပြန်မြင်ယောင်လာသလိုဘဲ၊သူမဝမ်ယွီကို လိုက်မယ့်အစီအစဉ်က အခုမှပထမ‌ခြေလှမ်းဘဲရှိသေးတာလေ 

အခုတော့....


ကံမကောင်းစွာနဲ့ဘဲ အစီအစဉ်က ပျက်သွားပြီ


သူမနှလုံးသားက ကွဲကြေသွားသလိုဘဲ


ဒါပေမယ့်လည်း....


ခန့်ညားတဲ့မျက်နှာနဲ့  ကြီးစိုးတတ်တဲ့ဝမ်ယွီက သူနဲ့အတူပြန်လိုက်လာဖို့ အမိန့်ပေးလာတာကို သူမဘယ်လိုလုပ်ငြင်းဆန်နိုင်ပါ့မလဲ


သူမခြေထောက်တွေတောင်ခွေကျတော့မလိုဘဲ ၊ဘယ်လိုလုပ်ပြီးငြင်းဖို့အကြောင်းကို ရှာနိုင်တော့မှာလဲ


သူမခေါင်းကိုငုံ့လိုက်ကာ ချီကျန်းကျန်းက တိုးတိတ်စွာဘဲ သူမရဲ့အစီစဉ်ပျက်သွားတာကို ညီးညူနေလိုက်သည်


ဝမ်ယွီက ရှေ့ကနေသွားကာ ချီကျန်းကျန်းကနောက်မှ  သူမရဲ့အမြှီးကိုရမ်းကာ ‌လိုက်လာခဲ့သည်


သူမခေါင်းကိုငုံ့ထားကာ တစ်ယောက်ယောက်မြင်သွားမှာကို စိုးရိမ်နေခဲ့သည်


ဝမ်ယွီ သူမအားခနခနလှည့်ကြည့်ကာ သူမခေါင်းငုံ့ထားပြီး အမြှီးလေးခါရမ်းနေတာကိုသာတွေ့လိုက်ရတဲ့အခါမှာတော့ သူမတတ်နိုင်တော့ဘဲ သူရဲ့နှုတ်ခမ်းအစွန်းတွေ မြင့်တက်လာခဲ့ကာ သူ့မျက်လုံးများက အပြုံးရိပ်တွေနဲ့ပြည့်နေခဲ့သည်


သူမရှက်လွန်းလို့ ထွက်ပြေးချင်လာသလိုဘဲ


ဒါပေမယ့် သူမဒါကို သည်းခံမှဘဲရမယ်


အခုလေးတင် အိမ်ကထွက်ပြေးလာတဲ့ မိန်းကလေးအနေနဲ့ ကျိုးကြောင်းဆီလျော်နေသင့်တယ် သူမထပ်ပြီးပေါက်ကွဲမနေသင့်ပေ။


ဒီလိုညမှာတော့ တကယ်ကိုလူအများအပြားရှိမနေပေ


ဓာတ်လှေကားက ဆယ်လွှာရောက်တဲ့အချိန်မှာတော့ စုံတွဲတစ်တွဲက အမှိုက်အိတ်သယ်လာကာ တိုက်တိုက်

ဆိုင်ဆိုင်ဝင်လာခဲ့ကြသည်


ငယ်ရွယ်တဲ့စုံတွဲက သူတို့ကိုမြင်ကာ ထိတ်လန့်သွားကြသည်


ချီကျန်းကျန်း ‘‘....’’


သူမရှက်လွန်းလို့ မျက်နှာတစ်ခုလုံးနီရဲလာကာ ခြေလှမ်းသေးသေးလေးများဖြင့် တလှမ်းချင်းစီ ဝမ်ယွီရဲ့နောက်ကို ဝင်ပုန်းလိုက်သည်


ဝမ်ယွီက.....ဘေးသို့တလှမ်း ရွှေ့လိုက်သည်


ချီကျန်းကျန်း အံ့ဩသွားမှုကြောင့် သူမခေါင်းကိုမော့၍ သူမမျက်လုံးကိုမယုံကြည်နိုင်သကဲ့သို့ ဝမ်ယွီအားဆွံ့အစွာကြည့်လိုက်မိသည်


သူတကယ်ဘဲ သူမရှေ့ကနေ ဖယ်သွားတာလား


ဝမ်ယွီက သူမကိုကြည့်လိုက်ကာ နှုတ်ခမ်းထောင့်များမြင့်တက်လာခဲ့သည်


ဘောစ့်ရေ ကျေးဇူးပြုပြီး ‌လူသားဆန်ပေးနိုင်မလားဟင်


မိချောင်းခေါင်းစွပ်ထဲမှာ မြုပ်နေတဲ့ သူမမျက်နှာသေးသေးလေးက နောက်ဆုံးတော့ပေါ်လာခဲ့သည် သူမမျက်လုံးဝိုင်းများက သူ့အားမယုံကြည်နိုင်မှုတွေနှင့် စိုက်ကြည့်လာကာ သူမမျက်နှာလေးက ပေါင်မုန့်လုံးလေးလို ဖောင်းကားလာခဲ့သည် သူမပါးပြင်တွေက ဖြူပြီးနီလာခဲ့သည်


ဓာတ်လှေကားထဲက မီး‌တွေက အရမ်းလင်းနေကာ အဲ့ဒီမျက်လုံးအစုံက တောက်ပကာ တလက်လက်တောက်ပနေတဲ့ကြယ်တွေလိုပင်。。


သူမမျက်တောင်တွေက စုတ်တံသေးသေးလေးတွေလိုပင် ဖွင့်လိုက်ပွင့်လိုက်လုပ်နေတာက သူ့နှလုံးသားကို ယားယံအောင်ကုတ်ခြစ်နေသလိုပင်


သူချောင်းဟန့်လိုက်ပြီး သူ့လက်မှာအားတချို့ထည့်ကာ သူမကိုဆွဲယူလိုက်ပြီးနောက် သူ့လက်မောင်းထဲ၌ ပွေ့ဖက်ထားလိုက်သည်


‘‘ဟမ်..’’ချီကျန်းကျန်း ကအံ့ဩသွားကာအသံတောင်ထွက်သွားမိသည်


ဝမ်ယွီကလက်ဆန့်ကာ သူမခေါင်းကို သူ့ရင်ခွင်ထဲ၌ဖိမြုပ်လိုက်၏


-သူတကယ်ဘဲ သူမကိုနီးနီးကပ်ကပ်ကြည့်နိုင်တဲ့ အခွင့်အရေးကို ဘယ်သူ့ကိုမှ မပေးလိုက်ချင်ဘူး


ဓာတ်လှေကားထဲ၌ လူငယ်စုံတွဲလေးက သူတို့ရဲ့ရှေ့မှာဖြစ်သည် သူတို့က သူမတို့ကိုတော့မကြည့်လာပဲ သူတို့အချင်းချင်းသာ ကြည့်နေကြသည်


ချီကျန်းကျန်းမျက်နှာက ဝမ်ယွီရဲ့ရင်ခွင်ထဲ၌မြုပ်နေကာ သူမနားများကနီရဲကာရှက်သွေးဖြာလာ၏

သူမမျက်နှာက ပန်းရောင်‌တောင်ပြောင်းလာပြီ ဖြစ်သည်


‘ဒင်’


ဓာတ်လှေကားတံခါး ပွင့်လာသည်


ဝမ်ယွီက ခေါင်းငုံ့ထားတဲ့ချီကျန်းကျန်းကို အရင်ပေးထွက်လိုက်ကာ သူကနောက်မှထွက်လာခဲ့သည်


ချီကျန်းကျန်းက  သူ့ရဲ့နောက်ကနေ ဖြေးဖြေးသာ တလှမ်းချင်း လျှောက်လာနိုင်သည် ဘာကြောင့်လဲဆိုရင်တော့ သူမညအိပ်ဝတ်စုံက အောက်ပိုင်းတွေတိုနေကာ 

အမြှီးကလည်း လမ်းလျှောက်ရင် ခါရမ်းလာသောကြောင့်ဖြစ်သည်


သူမရှက်လွန်းလို့ သေချင်လာပြီ...


ဟိုနှစ်ယောက်က အခုရီလိုက်တယ်ဆိုတာကို သူမဘယ်လိုလုပ် မသိဘဲနေမှာလဲ


အမှန်တကယ်တော့ ဓာတ်လှေကားထဲက လူငယ်နှစ်ယောက်က သူမထွက်သွားပြီးနောက် ကြောင်အနေခဲ့တာကို သူမ မသိလိုက်ပေ


‘‘အရမ်းကို ချစ်ဖို့ကောင်းတာဘဲ’’မိန်းကလေးကတီးတိုးဆိုလာသည် ‘‘သူမက မိတ်ကပ်မပါဘဲနဲ့တောင် အရမ်းကြည့်ကောင်းတာဘဲ’’


ယောက်ျားလေးကလည်း သဘောတူလိုက်၏ သူ မတတ်နိုင်ဘဲ ချီကျန်းကျန်းနောက်ကျောကို ထပ်ကြည့်လိုက်ကာ...


 ‘‘သူမက တကယ်ကိုချစ်ဖို့ကောင်းတာ၊သူ့ချစ်သူကောင်လေးတော့ အရမ်းကံကောင်းတာဘဲ’’


မိန်းကလေး‘....’


သူမကချက်ချင်းဘဲ ထိုကောင်လေးနားရွက်ကို ဆွဲလိုက်ကာ ‘‘နင်အခု ဘာပြောလိုက်တာ?’’


‘‘ကိုယ်..ကိုယ်က အမှန်တိုင်းပြောပြရုံ...’’


‘‘နင်..သူများ‌ကောင်လေးရဲ့မျက်နှာကို သွားကြည့်လိုက်ပါအုံး၊ပြီးရင် နင့်မျက်နှာပြန်ကြည့်ကြည့်လိုက်’’


‘‘ဟုတ်ပါပြီ၊ဟုတ်ပါပြီကွာ မင်းက သူမထက်ပိုချစ်ဖို့ကောင်းပါတယ်’’


‘‘ငါအဲ့ဒါကိုယုံလိမ့်မယ်လို့ နင်ထင်နေလား..."


‘‘ကိုယ်လည်း အဲ့ဒါကိုမယုံ....’’


‘‘နင်တော့သေချင်နေပြီ အားး’’


......


ဝမ်ယွီက ခရီးသည်ခုံ၏တံခါးကိုဖွင့်ကာ ချီကျန်းကျန်းအား ကားထဲဝင်စေလိုက်သည်


အမြှီးကနေရာထားဖို့ အဆင်မပြေတာကြောင့် သူမကိုယ်ကိုပတ်လိုက်ကာ လက်မောင်းကြားထဲထည့်ပြီး ကိုင်ထားလိုက်ရ၏


ဝမ်ယွီက ဒရိုင်ဘာခုံ၌ထိုင်ကာ သူ့မျက်လုံးထောင့်မှ သူမကိုသတိထားလိုက်မိကာ ရပ်တန့်သွားသည်


သူကရုတ်တရက် စကားပြောလာသည် ‘‘ချီကျန်းကျန်း!’’


ချီကျန်းကျန်း :‘‘အမ်’’


ဝမ်ယွီ :‘‘ဒီဝတ်စုံကို သိမ်းထားနော်’’

 

မသိမ်းထားဘူး ကျွန်မငြင်းတယ်


ပြန်ရောက်လို့ သူမအဝတ်အစားလဲပြီးတာနဲ့ ဒီဝတ်စုံကို သူမ ဘဝ‌တစ်လျှောက်လုံး ထပ်မမြင်ချင်တော့ဘူး!


ဝမ်ယွီသူ့လက်တွေ ထပ်ပြီးယားယံလာတာကိုခံစားလိုက်မိကာ သူ့ကိုယ်သူထိန်းလိုက်ရသည် ထို့နောက်

 သူကတစ်စုံတစ်ခုကိုသတိထားမိလိုက်ပြီး ရုတ်တ ရက်သူမဘက်သို့မှီလိုက်ကာ ဖိလာခဲ့သည်


သူ့ရဲ့ခန္ဓာကိုယ်က ချက်ချင်းနီးကပ်လာကာ အားကောင်းတဲ့ယောက်ျားတစ်ယောက်ရဲ့ အော်ရာက သူမအသက်ရှုတိုင်း နီးစပ်လာသလိုပင်....


ဒုတ်ဒုတ်..ဒုတ်ဒုတ်!!


ချီကျန်းကျန်းမျက်လုံးများ ပြူးကျယ်သွားကာ အမြှီးကိုကိုင်ထားတဲ့လက်က အမြှီးအားတင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်


‘ကလစ်’ ဝမ်ယွီက သူမအား ထိုင်ခုံခါးပတ် ပတ်ပေးလိုက်ကာ ‘‘ခါးပတ်ပတ်ဖို့ မမေ့နဲ့လေ ’’


ထိုသို့ပြောပြီးနောက် သူလက်မြှောက်လိုက်ကာ သူမခေါင်းအား ညင်သာစွာ ပွတ်လာခဲ့၏


သူမမျက်လုံးဝိုင်းတွေက သူ့ကိုမျက်တောင်မခတ်ဘဲ ကြည့်နေတာကိုတွေ့လိုက်ရတဲ့ အခါမှာတော့ သူ့ကိုယ်သူမထိန်းနိုင်တော့ သူမမျက်နှာအား ညင်သာစွာ ထပ်မံဖိညှစ်လိုက်ပြန်သည်


ချီကျန်းကျန်းအနေနဲ့  ဝမ်ယွီရဲ့လုပ်ဆောင်မှုလေးတွေက ဒီညမှာပိုများနေသလို ခံစားလိုက်ရသည် များလွန်းလို့ သူမနှလုံးသားက ခုန်ပေါက်ကာထွက်လာတော့မယ့်အတိုင်းပင် ဖြစ်သည်


ကားကစတင်ထွက်ခွာလာသည်


ချီကျန်းကျန်း သူမအမြှီးကိုဖက်၍ ဆွဲပြီးရင်းဆွဲနေမိကာ ၎င်းအားဆွဲဖြဲမိတော့မတတ်ပင် ။

တခနကြာပြီးနောက် သူမမေးလိုက်သည် ‘‘အဲ့ဒါကလေ..ဝမ်ယွီ... ဘာကြောင့်ကျွန်မကိုရှာဖို့ရောက်လာတာလဲဟင်..’’


သူမက ဒီတိုင်းဖုန်းခေါ်လာဖို့သာစောင့်နေမိတာပါ ပြီးမှသူ့ကိုနားလည်စေချင်တာ 。。。


ချီကျန်းကျန်းနဲ့ သူ့ရဲ့သတို့သမီးလောင်းဆိုတာက လုံးဝမတူညီတဲ့ ပုံစံနှစ်ခုဆိုတာကိုပေါ့


သူမလိုချင်သမျှအကုန်လုံးက သူကသူမကိုကြိုက်လာဖို့ပါဘဲ သူ့ရဲ့သတို့သမီးလောင်းဆိုပြီး ဂရုစိုက်ခံချင်တာမဟုတ်ပေ။


‘‘ချီကျန်းကျန်း’’ ဝမ်ယွီအသံက ရုတ်တရက် ပိုလေးနက်လာကာ သူမအမည်အားခေါ်လာသည်


ချီကျန်းကျန်းနှလုံးသားက တင်းကြပ်လာကာ သူ့အားမျက်လုံးဝိုင်းများဖြင့် ‌ကြည့်လိုက်သည်။


‘‘အမ်’’


xxxxxx