Part 66
ဝမ်ယွီကသူမကို အပြစ်ရှာချင်လို့လား
ဘာလို့သူက ရုတ်တရက် လေးလေးနက်နက်ကြီးပြောလာတာလဲ
အခုချိန်မှာ ချီကျန်းကျန်းက ရင်တုန်တာ ဖြည်းဖြည်းချင်းနှေးသွားပြီဖြစ်သည်
ဝမ်ယွီက ကားကိုလမ်းဘေးတွင် ချရပ်လိုက်ကာ သူ့ခေါင်းအားသူမဘက်လှည့်၍ လေးနက်စွာကြည့်လာကာ ‘‘နောက်တခါဆို ဒီလိုမျိုးအလျင်စလို အိမ်ကနေထွက်မသွားနဲ့တော့ တကယ်လို့မင်းမကြိုက်ရင် ကိုယ်တို့အတူတူ ပြောင်းကြမယ်
ဒီလိုမှဘဲ မင်းတစ်ယောက်တည်း ထပ်ပြီး ထွက်မသွားတော့မှာ
အဲ့ဒီအိမ်ထဲမှာ လူတစ်ယောက်မရှိတော့တာနဲ့ အိမ်တစ်ခုလုံးဘာမှမရှိတော့သလိုဘဲ အရာအားလုံးပျောက်ဆုံးသွားသလိုခံစားလိုက်ရသည်
ချီကျန်းကျန်း အံ့ဩသွားကာ သူ့အား အကြည့်ဗလာများနှင့် စိုက်ကြည့်လာသည်
တကယ်လို့သူမ မကြိုက်ဘူးဆိုရင် သူတို့ကအတူတူပြောင်းကြမှာလား
ဒါဆိုရင်。。。သူတို့အိမ်အသစ်ကို ပြောင်းသွားရင်တောင်မှ အတူတူဘဲနေကြမယ်လို့ ဆိုလိုတာလား
ဝမ်ယွီ ဘာကိုဆိုလိုတာလဲဆိုတာ သူမ ရုတ်တရက်နားလည်သွားသလိုဘဲ
သူမ နှလုံးသားက တဒုတ်ဒုတ်မြည်လာကာ ရင်ခုန်ရလွန်းလို့ သမင်တကောင်တောင် သူမရင်ထဲက ခုန်ထွက်လာတော့မယ့် အတိုင်းပင်
အမှန်တကယ်တော့ ဝမ်ယွီသူမဆီကို ဝမ်စီစီရဲ့တိုက်ခန်းဆီသို့ လိုက်လာကတည်းက သူမဒီလိုမျိုးခံစားနေရတာဖြစ်သည် ဒါကြောင့် ဝမ်ယွီသူမကို အိမ်ပြန်လာဖို့ အမိန့်ပေးတုန်းက သူမအလွန့်အလွန်ကို လိမ္မာနေကာ သူဆွဲခေါ်ရာနောက် ပါလာခဲ့ခြင်းဖြစ်သည်
သူမ လိုချင်တဲ့အရာက သူမတကယ်ကို ရနိုင်တယ်ထင်တာဘဲ。。。
ချီကျန်းကျန်းရဲ့ နှုတ်ခမ်းထောင့်စွန်းများမြင့်တက်လာကာ တဖြည်းဖြည်းပို၍မြင့်တက်လာပြီး သူမမျက်နှာပေါ်၌ ရယ်စရာကောင်းတဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏ သူမက သိသိသာသာကို နတ်သမီးတစ်ယောက်လို အသွင်အပြင်ရှိသော်လည်း မိချောင်းဝတ်စုံကိုဝတ်ကာ ရယ်ချင်စရာ အပြုံးတစ်ခုနဲ့ ပုံက。。တကယ့်ကို ရူးကြောင်ကြောင်ပုံစံလေးပင်
သူမက ပြောလာသည် ‘‘ကောင်းပါပြီ’’
ဝမ်ယွီရဲ့ နှုတ်ခမ်းထောင့်စွန်းများလည်း မြင့်တက်လာပြီးနောက် သူ့လက်ကိုမြှောက်ကာမိချောင်းခေါင်းလေးကို အသာအယာပုတ်လိုက်ကာ ‘‘အင်း..ကောင်းပြီလေ’’
သူမ ပထမဆုံးအိမ်ကနေ ထွက်ပြေးခဲ့တဲ့အချိန်က 7နာရီကြာခဲ့လေသည်
ညဆယ်နာရီလောက်ရောက်သောအခါ ဝမ်ယွီက တဖက်ကအိတ်ကိုဆွဲကာ ကျန်လက်တဖက်က ချီကျန်းကျန်းကိုဆွဲ၍ ဝမ်ကျန်းအိမ်ရာသို့ ပြန်လာခဲ့သည်
အပြင်မှာ နည်းနည်းအေးနေပေမယ့်လည်း ကံကောင်းစွာနဲ့ သူမဝတ်ထားတဲ့ညအိပ်ဝတ်စုံက သူမအားတင်းကြပ်စွာ ချည်နှောင်ထားတဲ့အတွက် ချီကျန်းကျန်းက နည်းနည်းလေးမှအေးတယ်လို့ မခံစားလိုက်ရပါ အခြားတဖက်မှာတော့ ဝမ်ယွီဆုပ်ကိုင်ထားတဲ့သူမလက်က ပူလာကာ ချွေးတောင်စို့နေပြီဖြစ်သည်
သူမရဲ့ ခြေလှမ်းသေးသေးလေးတွေနဲ့ လိုက်လျောတညီဖြစ်ဖို့အတွက် ဝမ်ယွီက အရမ်းမြန်မြန်လမ်းမလျှောက်ခဲ့ပေ
သူကအခန်းတံခါးကို ဖွင့်ကာ အခန်းမီးအားဖွင့်လိုက်သည်
ချီကျန်းကျန်းက ဝမ်ယွီနောက်မှလိုက်ကာ အထဲသို့ဝင်လာခဲ့သည် ညဘက်နောက်ကျနေပြီဖြစ်တဲ့အတွက်
အခုမှပြန်ရောက်လာတဲ့ သူမတို့နှစ်ယောက်ဘဲ ရှိနေတာဖြစ်သည်
ဝမ်ယွီက သူမလက်ကိုလွှတ်လိုက်ကာ ‘‘ဒီမှာစောင့်နေနော် ကိုယ်အိတ်ကိုသွားထားလိုက်အုံးမယ်’’
‘‘အို့..ကောင်းပါပြီ’’ ချီကျန်းကျန်းပြန်ဖြေလိုက်သည်
သူမအိမ်ကိုတချက်ကြည့်လိုက်ကာ သူမခြေထောက်ကိုခေါင်းငုံ့ကာ ကြည့်လိုက်မိသည်
သူမခြေချောင်းတွေက အကူအညီမဲ့စွာကွေးညွတ်သွားသည် အဲ့ဒါက ဒီအတိုင်း....သူမအတော်လေးကို ရှက်သွားလို့ဖြစ်သည်
သူမဒီကနေ နေ့လည်တုန်းက ထွက်သွားပေမယ့်လည်း နောက်ဆုံးတော့လည်း သူမကို ဝမ်ယွီက အခုဘဲဒီကို ပြန်ခေါ်လာခဲ့ပြီဖြစ်သည် သူမအနေနဲ့ အကြံစည်အောင်မြင်သွားသလို ခံစားလိုက်သင့်တာလား...
အမ်。。。ဝမ်ယွီလည်းဘဲ သူမနဲ့တူတူ ခံစားနေမိမှာလား。。အားး
ဒီလိုတွေးနေတဲ့အချိန်မှာဘဲ သူမရှေ့တွင် ဂျင်းနှင့်သကြားညိုပါတဲ့ ရေနွေးတခွက်ပေါ်လာခဲ့သည်
ချီကျန်းကျန်း သူမခေါင်းမော့ကြည့်လိုက်တဲ့အခါ ဝမ်ယွီက သူမကိုကြည့်နေခဲ့သည် သူ့မျက်လုံးတွေက ဘာမှမထူးခြားသွားသလို ပုံမှန်အတိုင်းထက်မြက်ဟန်ပေါ်နေတုန်းဘဲဖြစ်ကာ အနည်းငယ်သောနူးညံ့သိမ်မွေ့ မှုတစ်ချို့ကသာထပ်မံ၍ ဖြည့်စွက်နေခဲ့သည်
‘‘ကျေးဇူးပါ’’ ချီကျန်းကျန်းက ချက်ချင်းဘဲ ခွက်အားလှမ်းယူကာ ကိုင်လိုက်၏
‘‘မြန်မြန်လေး အခုဘဲသောက်လိုက်ပါ’’ဝမ်ယွီကပြောကာ သူမရဲ့ဘာမှမကိုင်ထားသော လက်အားငြင်သာစွာထိလိုက်သည်
ချီကျန်းကျန်း‘‘အင်းပါ’’
ထိုခွက်အား လက်နှစ်ဖက်ဖြင့်ကိုင်ကာ သူမအနည်းငယ်ငုံသောက်လိုက်သည်
ဝမ်ယွီက သူမအားကြည့်နေဆဲဖြစ်သည်
သူရှေ့မှာရှိတဲ့ မိချောင်းလေးက ခွက်လေးတစ်ခုကိုကိုင်ထားကာ ရေအားတငုံချင်းစီ ဖြည်းဖြည်းချင်းသောက်နေတာလေးက 。。。
သူ့ရင်ထဲမှာဖော်ပြမရနိုင်သော ခံစားချက်တစ်ခု မြင့်တက်လာသလို ဝမ်ယွီခံစားလိုက်ရသည် သူ့အားအဆိပ်ခတ်ခံလိုက်ရသလို ခံစားမိစေကာ သူ့ရင်တစ်ခုလုံးတုန်ရင်လာသလိုပင်。。
‘‘ဗိုက်ဆာနေပြီလား’’ ဝမ်ယွီမေးလိုက်သည်
ချီကျန်းကျန်းက ခနလောက်ရပ်တန့်လိုက်ကာ ပြန်ဖြေလာသည် ‘‘သိပ်မဆာသေးပါဘူး’’
သူမတကယ်တော့ ဗိုက်အရမ်းဆာနေပြီဖြစ်သည်
ညကတည်းက သူမပန်ကိတ်တစ်ခုသာစားရသေးပေသည်
‘‘ကိုယ်မင်းစားဖို့ တစ်ခုခုသွားလုပ်ပေးမယ်’’ ဝမ်ယွီကပြောလိုက်သည်
‘‘ကိုယ့်ကိုကိုယ် ဒုက္ခမပေးပါနဲ့တော့ ကျွန်မညစာ စားပြီးပါပြီ ’’ချီကျန်းကျန်းက အလျင်အမြန်ပြောလိုက်ကာ သူ့အားလေးနက်နေသောမျက်ဝန်းတစ်စုံဖြင့် ကြည့်လာသည်
ဘယ်လိုလုပ်ပြီးများ ဘောစ့်ကြီးကို သူမအတွက်နဲ့ ညလယ်ကြီးမှာ တစ်ခုခုချက်ခိုင်းရဲပါ့မလဲ
ဝမ်ယွီ :‘‘ဒါဆိုလည်း ထပ်စားလိုက်လေ’’
ခနတာရပ်လိုက်ပြီးနောက် သူကအသာချောင်းဟန့်လိုက်ကာ ‘‘ကိုယ်နဲ့အတူ စားပေးလေ၊ကိုယ်မစားရသေးဘူး’’
‘‘ဟမ်!’’ ချီကျန်းကျန်း အံ့ဩသွားလေသည် ‘‘အခုထိကို ညစာမစားရသေးဘူးလား ’’
ဝမ်ယွီက ဘာမှပြန်မပြောဘဲ သူမကိုသာကြည့်လာ၏
ချီကျန်းကျန်း :ဒါက。。。
သူမ အိမ်ကနေ ထွက်ပြေးသွားလို့များ သူဘာမှမစားနိုင်သေးတာများလား
မဟုတ်ဘူးမလား...
ဝမ်ယွီက ထိန်းမထားတော့ဘဲ သူမမျက်နှာအား နောက်တကြိမ်ဖျစ်ညှစ်ကာ မီးဖိုချောင်သို့ဝင်သွားတော့သည် ၊ မီးဖိုချောင်မှ မကြာခင်မှာဘဲ ရေသံတွေပြန့်နှံ့လာခဲ့သည်
ချီကျန်းကျန်းက သူမခွက်အားကိုင်ထားကာ သူမမျက်နှာကအနည်းငယ် ဖောင်းလာကာ မျက်လုံးများက ဗလာဖြစ်စွာနဲ့ဘဲ အတွေးနွံထဲ၌ နစ်နေလေသည်
အင်းးးသူမက တကယ်ကိုအံ့ဩဖို့ကောင်းတာဘဲ ဘောစ့်ကြီးကတောင် သူမအတွက်ချက်ပြုတ်ပေးနေတယ်
‘‘ချီကျန်းကျန်း!’’ ဝမ်ယွီက မီးဖိုချောင်ထဲမှ အော်ခေါ်လာခဲ့သည်
‘‘အင်းး’’ ချီကျန်းကျန်းက သတိမမူမိဘဲ အလျင်အမြန်ပြန်ဖြေလိုက်သည်
‘‘ဒီကိုလာခဲ့ ’’ဝမ်ယွီက မီးဖိုချောင်တံခါးဆီသို့ လျှောက်လာခဲ့သည်
ချီကျန်းကျန်းက သူမခွက်လေးကို ကိုင်ကာအပြေးအလွှားသွားလိုက်ကာ သူ့ရှေ့ကိုရောက်သွားပြီနောက် သူမခေါင်းမော့ကာမေးလိုက်၏ ‘‘ဘာဖြစ်လို့လဲ’’
‘‘ကိုယ့်ကို ဒါချည်ပေးပါအုံး’’ ဝမ်ယွီက သူမအား အေပရွန်ကိုလှမ်းပေးလာသည်
အာ..ဒါက
ချီကျန်းကျန်းထိတ်လန့်သွားကာ သူမလက်အားဖြည်းဖြည်းချင်းဆန့်ထုတ်ကာ အေပရွန်အားဆွဲယူလိုက်၏
သူမရဲ့သေးသွယ်ကာ ဖြူဖွေးနူးညံ့နေတဲ့ လက်တွေက ကြက်သွန်အမြစ်များလိုပင် အေပရွန်အားဖိညစ်လိုက်ပြီး အတွေးနွံထဲနစ်ကာ သူမမျက်နှာက ထူးဆန်းကာရှုပ်ထွေးနေပုံပေါက် သည်
ဝမ်ယွီသူမအား ကြည့်လိုက်ပြီးနောက် ရှေ့သို့ကိုင်းလိုက်ကာ သူ့ခေါင်းအားငုံ့လာခဲ့သည်
သတိပြန်ဝင်လာတဲ့ ချီကျန်းကျန်းက ချက်ချင်းဘဲခြေဖျားထောက်ကာ သူ့အတွက်အေပရွန်အား ဝတ်ပေးလိုက်လေသည်
သူမရှေ့သို့ကိုင်းကာ ခေါင်းငုံ့၍ သူမလက်တွေက သူ့လည်ပင်းတလျှောက်ဖြတ်သွားကာ အေပရွန်အားသူ့အားချိတ်ပေးလာသည်မှာ သူတို့နှစ်ယောက်ရဲ့ အသက်ရှူသံတွေက မြန်ဆန်လာသည့်အထိပါပင်
အဲ့ဒီနောက်မှာတော့ သူ့ခါးနား၌တစ်ခါချည်ရန်ကျန်နေသေးသည် ၊ဝမ်ယွီသူမအားငုံ့ကြည့်ကာ သူ့မျက်လုံးတွေပူလာသလို ခံစားလာရသည်
ခါးက ကြိုးကိုချည်ဖို့အတွက်ဆို သူမလက်တွေက သူ့ခါးတစ်ခုလုံးကိုဝိုင်းလိုက်ကာ အနောက်ဘက်၌ ချည်ပေးရပေမည်
တခနအတွင်းမှာဘဲ သူမအသက်ရှူသံတွေက ထပ်မံမြန်လာခဲ့သည်
ချီကျန်းကျန်း ‘‘ဟိုဘက်လှည့်လေ...’’
ဝမ်ယွီခနလောက်ရပ်သွားပြီးနောက် သူမအားစိုက်ကြည့်လိုက်ကာ အနောက်ဘက်သို့လှည့်ပေးလိုက်သည်
ချီကျန်းကျန်း သူမနှဖူးကို သူမကိုယ်တိုင်ရိုက်လိုက်မိတော့သည်
နင်ရူးသွားတာလား!
သူမကတကယ့်ကို လူစိတ်မရှိတာဘဲ
အခုလေးတင်၊ သူမတကယ်ကိုကန်းသွားတာဘဲ
ချီကျန်းကျန်း နောက်မှကြိုးကို စိတ်ဆိုးတကြီးချည်ပေးလိုက်ပြီးနောက် ဝမ်ယွီကဆက်လက်ချက်ပြုတ်လာသည်
သူ့အား သူမကြည့်လိုက်ကာ သူမပါးတွေကအနည်းငယ်နီမြန်းလာခဲ့သည်
ချက်ပြုတ်နေတဲ့ ဝမ်ယွီက အရမ်းကိုခန့်ညားတာဘဲ သူကအကုန်လုံးကို လုပ်နေနိုင်တော့တာဘဲ ဟင်းတောင်ချက်တတ်သေးတယ်
မီးဖိုချောင်ထဲကဝမ်ယွီရော အလုပ်လုပ်နေတဲ့အချိန်အရမ်းခံ့ညားနေတဲ့ ဝမ်ယွီရောဘဲ နှစ်ယောက်လုံးက သူမအားရင်ခုန်အောင်လုပ်နိုင်ပါ၏
အားးးအရမ်းခန့်ညားပြီးတော့ ယောက်ျားဆန်လိုက်တာ
သူ့ကိုကြည့်လိုက်ပြီးနောက် သူမမျက်နှာကိုဖုံးလိုက်ကာ ထပ်ကြည့်ဖို့ရှက်သွားပြီး အလျင်အမြန်ဘဲ ထွက်လာခဲ့တော့သည်
အဲ့ဒီနောက် သူမဒီတိုင်းဆိုဖာပေါ်မှာဘဲ ထိုင်စောင့် နေလိုက်သည်။
xxxxxx