Part 67
‘‘ချီကျန်းကျန်း ဒီကိုလာခဲ့အုံး’’ မီးဖိုချောင်ထဲမှ ဝမ်ယွီရဲ့အသံ ထပ်ထွက်လာခဲ့သည်
ချီကျန်းကျန်းထရပ်လိုက်ပြီး မီးဖိုချောင်ထဲသို့ ခြေလှမ်းသေးသေးလေးများဖြင့် သွားကာ သူနှင့်သိပ်မဝေးသောနေရာတွင် ရပ်လိုက်သည်
‘‘ဘာဖြစ်လို့လဲ ’’သူမ မေးလိုက်သည်
ဝမ်ယွီကဘာမှမပြောပေ သူ့နှုတ်ခမ်းထောင့်များကသာ အနည်းငယ်ကွေးညွတ်လာခဲ့သည်
‘‘ဟမ်!!’’ ချီကျန်းကျန်း မျက်လုံးများက ပဟေဠိဖြစ်သွားကာ ကျယ်လာခဲ့သည်
‘‘ဒီတိုင်း ဒီမှာဘဲရပ်နေ’’ ဝမ်ယွီကပြောလာသည်
သူမြင်နိုင်တဲ့ အကွာအဝေးထဲမှာ သူမရပ်နေတာနဲ့တင်
သူ့စိတ် အေးချမ်းလာကာ နှလုံးသားတစ်ခုလုံး ပြည့်လျံသွားသလိုပင်
ချီကျန်းကျန်း ‘‘。。。’’ ဟမ်...
သူမ ကြောင်သွားသည်
‘‘ရှဲ。。。。!’’ လတ်ဆတ်တဲ့နံရိုးများအား အိုးထဲသို့ထည့်ကြော်လိုက်သည်
ဒါကချီကျန်းကျန်း အကြိုက်ဆုံးဟင်းလျာဖြစ်သည့် ဝက်နံရိုးချိုချဉ်ပင်ဖြစ်သည်
သူမအနံ့ရလိုက်တဲ့အချိန်မှာဘဲ သားရေတွေကျလာပြီဖြစ်သည်
ဝမ်ယွီက သိသိသာသာကို အရမ်းတော်သော စားဖိုမှူးဖြစ်သည် မကြာခင်မှာဘဲ အိုးထဲမှ ဟင်းလျာက အရမ်းကိုမွှေးကြိုင်လာလွန်းလို့ ချီကျန်းကျန်းရဲ့ အစာအိမ်က စတင်ပြီးအော်မြည်လာခဲ့သည်
သူချက်ပြုတ်ပြီးတဲ့ အချိန်မှာတော့ ဟင်းလျာရဲ့အော်ရာက ပိုလို့တောင် ပြင်းထန်လာခဲ့သည်
သူက နံရိုးတစ်ပိုင်းကိုယူလိုက်ပြီး သူမဆီသို့ လှည့်လာကာ သူမအားခွံ့ကျွေးလိုက်ရင် နူးညံ့စွာပြောလာသည် ‘‘စားကြည့်မလား’’
ဝက်နံရိုးပိုင်းက သူမရှေ့သို့ရောက်လာကာ တရှဲရှဲတောင်မြည်နေတုန်း ဖြစ်သည်
သူမစားဖို့မလုပ်ရသေးခင်မှာဘဲ သူကပြန်ယူသွားပြီး အနည်းငယ်မှုတ်လိုက်ကာ သူမဆီသို့ ထပ်ခွံ့ပေးပါလာသည်
ချီကျန်းကျန်း နံရိုးကိုတချက်ကြည့်ကာ ဝမ်ယွီအားကြည့်လိုက်သည်
ဒီအချိန်မှာ ဘယ်အရာကများ သူမကို စားချင်စိတ်ပိုဖြစ်လာအောင်လုပ်နေတာလဲဆိုတာ သူမမသိတော့ပေ။
ဝမ်ယွီရဲ့လက်ရာက အမှန်တကယ်ကို အရသာရှိလေသည်
ဒါက ဝမ်ယွီချက်တာကို သူမ ပထမဆုံးအကြိမ်စားဖူးခြင်းဖြစ်သည် သူမစိတ်ကျေနပ်သွားကာ လက်မထောင်လိုက်သည်
‘‘အရမ်းအရသာရှိတာဘဲ’’
‘‘တကယ်လား’’ ဝမ်ယွီကမေးလာသည်
‘‘တကယ်ပြောတာ ၊ဦးလေးကျန်း ချက်တာထက်တောင် ပိုကောင်းတယ်!’’ ဦးလေးကျန်းက သူမအတွက် ဝမ်ယွီအလုပ်ခန့်ထားတဲ့ စားဖိုးမှူးဖြစ်သည် သူကအချက်အပြုတ်ကို အထူးပြုလေ့လာထားသောသူဖြစ်သည်
သူမအရမ်းကိုလေးနက်နေကာ သိသာစွာပင် သူမစိတ်ထဲ၌ ဘာကိုတွေးမိသွားလည်းဆိုရင်。。。
-သူ့အပေါ်မြင်တဲ့ သူမရဲ့စိစစ်မှုက အနည်းငယ်တော့ မျက်နှာသာပေးထားတယ်လို့ ဆိုရပေမည်
ဝမ်ယွီလည်းဘဲ ဒါကိုသတိထားမိလိုက်ကာ သူ့နှုတ်ခမ်းများမြင့်တက်လာတာကို မထိန်းထားနိုင်တော့ပေ ၊သူ့နှလုံးသားတစ်ခုလုံး သူနဲ့အတူ လေထဲမှာ မျောနေသလိုပင် ဖြစ်သည်
‘‘ဒါဆိုရင်လည်း နောက်တခါကျရင် မင်းအတွက် ကိုယ်ထပ်လုပ်ပေးမယ် ’’ သူက နူးညံ့စွာ ထပ်ပြောလိုက်သည်။
ချီကျန်းကျန်း သူ့အားကြည့်လိုက်ကာ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး ရူးပေါပေါ အပြုံးတစ်ခုအားပြုံးပြလာသည်
‘‘စားတော့。。’’ ဝမ်ယွီ သူမပန်းကန်ထဲသို့ ထပ်ထည့်ပေးလိုက်သည်
‘‘ရှင်မစားရသေးဘူးလေ ရှင်ကသာပိုစားသင့်တာ ’’
ချီကျန်းကျန်းလည်းဘဲ သူ့ပန်းကန်ထဲသို့ ထပ်ထည့်ပေးလိုက်သည်
‘‘အမ်း。。မင်းကအရမ်းပိန်နေပြီ’’ ဝမ်ယွီက သူမအားထပ်ထည့်ပေးလိုက်သည်
‘‘ရှင်လည်းဘဲ ပိန်နေပြီ၊ပြီးတော့ ရှင်ကအရမ်းအလုပ်ကြိုးစားနေရတာ ပိုစားသင့်တယ် ’’ ချီကျန်းကျန်းကလည်း ထပ်ထည့်ပေးလိုက်သည်
သူတို့အချင်းချင်း ကြည့်လိုက်တဲ့အခါ လေထဲမှာ ပူဖောင်းလေးတွေ ပျံဝဲနေသလိုပင်
ချီကျန်းကျန်းက သူမအိမ်ကနေထွက်ပြေးသွားတာကို ပြန်စဉ်းစားမိလိုက်ကာ၊ ဒီတကြိမ်မှာတော့ ဝမ်ယွီက သူမကို သေချာပေါက် အပြစ်ရှာဝေဖန်တော့မှာဟုထင်နေခဲ့တာပင် 。。。
ဒါပေမယ့်တကယ်မှာတော့ သူတို့နှစ်ယောက်ကြားက လေထုက နားမလည်နိုင်လောက်အောင် ချိုမြိန်နေသလားလို့...
ဟင်းးး
ချီကျန်းကျန်း အိပ်ရာပေါ်မှာ ပျော်ရွှင်စွာ လူးလှိမ့်လိုက်ကာ ဂွမ်းစောင်ကို ဆွဲယူလိုက်သည်
မာစတာအိပ်ခန်းထဲမှာလည်း ဝမ်ယွီရဲ့နှုတ်ခမ်းများကလည်း မြင့်တက်နေခဲ့သည်
နောက်တနေ့တွင် ဝမ်စီစီက ချီကျန်းကျန်းအား ဖုန်းခေါ်လာသည်
‘‘နင်ဒီမှာဆက်မနေတော့ဘူးလား ’’ သူမအနည်းငယ်စိတ်ရှုပ်သွားကာ ‘‘နင် ချီမိသားစုအိမ်ကို ပြန်သွားတာလား ’’
‘‘မဟုတ်ဘူး ငါချီအိမ်ကို ပြန်သွားတာမဟုတ်ပါဘူး ငါ。。。ဝမ်ယွီနဲ့ နေနေတာ ’’ ချီကျန်းကျန်းက အလုပ်လုပ်နေတဲ့ ဝမ်ယွီကိုတချက်ကြည့်ကာ ပြုံးလိုက်သည်
အရမ်းခန့်ညားတာဘဲ
သူမ သူ့နားရောက်နေတုန်းမှာ ဝမ်စီစီရဲ့ဖုန်းကို ဖြေလိုက်ဖို့ အပြင်ထွက်လာရတာဖြစ်သည်
‘‘ချီကျန်းကျန်း နင်ဝမ်ယွီကို တကယ်ကြီးကိုကြိုက်နေတာလား ဟုတ်လား’’ ဝမ်စီစီက အထိတ်တလန့်မေးလာသည်
‘‘အင်းးသူကအရမ်းကောင်းတယ် ငါ....’’သူမ ရှက်သွေးဖြာသွားပြီး အသံကိုလျော့ကာ ဝမ်ယွီမကြားစေ ရန် တိုးတိုးတိတ်တိတ် ပြောလိုက်သည်
ဝမ်စီစီ ရှော့ရသွားကာ သူမအသံကကျယ်သွား၏
‘‘ အိုးမိုင်ဂေါ့ 。。နင်တကယ်ဘဲဝမ်ယွီကို ကြိုက်နေတာပေါ့ နင်ရဲ့အမြင်ကတော့လေ တကယ်ကို。。。’’
ရုတ်တရက် ချီကျန်းကျန်းနှုတ်ခမ်းစူလာကာ လေးနက်နေသောအသံနှင့် ဖြတ်ပြောလာသည်
‘‘ဝမ်စီစီ !’’
ဝမ်စီစီ ထိတ်လန့်သွားကာ သူမပြောတာကိုရပ်လိုက်သည်
‘‘သူက ကောင်းတယ်၊အရမ်းကိုကောင်းတာ ၊နင်ထင်ထားတာထက်တောင် ပိုကောင်းသေးတယ် နင်သူ့ကိုမကောင်းပြောတာရပ်ပြီးမှ ငါ့ကိုဖုန်းပြန်ခေါ်လိုက် နင်ဒီလိုဘဲဆက်ပြောနေမယ်ဆိုရင် ငါတို့သူငယ်ချင်းမလုပ်တော့ဘူး ’’ ချီကျန်းကျန်းက အကြင်နာကင်းမဲ့စွာ ပြောလိုက်သည်
ဝမ်စီစီက ဒေါသတကြီးပြောလိုက်သည် ‘‘ချီကျန်းကျန်း နင်က သူငယ်ချင်းထက် ချစ်သူကိုပိုပြီးတန်ဖိုးထားနေတာ ချီးဘဲ’’
‘‘နင်ပြောတာမှားနေပြီ ’’ချီကျန်းကျန်းက နူးညံ့စွာပြောလိုက်သည် ‘‘သူက ငါ့လူဆိုပေမယ့် အခုနင်ကတော့ ငါ့သူငယ်ချင်းဟုတ်မနေဘူးလေ ’’
‘‘... ’’
‘‘နင်ဝမ်ယွီကို မကောင်းပြောတာရပ်မှ ငါနဲ့ သူငယ်ချင်း လုပ်လို့ရမယ် ’’ ထိုသို့ပြောပြီးနောက် ချီကျန်းကျန်းက ချက်ချင်းပင် ဖုန်းချပစ်လိုက်သည်
သူမပြန်လှည့်ကာ အခန်းထဲသို့ဝင်လာခဲ့သည်
‘‘ဘာဖြစ်လို့လည်း ’’ ဝမ်ယွီက သူမအားကြည့်လာ၏
ချီကျန်းကျန်း ခေါင်းခါလိုက်ကာ ပြုံးပြလာသည် ‘‘ဘာမှမဟုတ်ပါ
ဘူး ’’
‘‘အဲ့ဒါဆိုရင်လည်း သကြားညိုရည် နည်းနည်းသောက်လိုက်အုံး ’’ ဝမ်ယွီက အပူချိန်ထိန်းထားသောအိုးမှ သကြားညိုရည်တချို့ လောင်းထည့်ပေးလာ၏
ချီကျန်းကျန်းက ခွက်ကိုယူလိုက်ကာ နာခံစွာပင် သောက်လိုက်သည်
ဝမ်ယွီရဲ့ နှုတ်ခမ်းထောင့်များ မြင့်တက်လာခဲ့သည်
ဖုန်းရဲ့ အခြားတဖက်မှာတော့。。。
ဝမ်စီစီက သူမဖုန်းဆီမှ ‘ဘိ。。ဘိ ’ဟုသော အသံအားနားထောင်လိုက်ကာ ‘‘f*ck ဘဲ..’’
ချီကျန်းကျန်းစုတ် ချီးလိုချစ်သူကို သူငယ်ချင်းထက် ပိုတန်ဖိုးထားတဲ့ကောင်မစုတ်。。。。
ဝမ်ယွီနဲ့ ချီကျန်းကျန်းတို့ရဲ့ လေထုကသာယာနေသလောက် ဝမ်မိသားစုအိမ်မှာတော့ တိတ်ဆိတ်နေလေသည်
‘‘ဒါကဘယ်လိုဖြစ်နိုင်မှာလဲ ဝမ်ယွီက ယွီတင်းနဲ့ ဆက်နွယ်နေတယ်တဲ့လား မဖြစ်နိုင်လိုက်တာ ’’
ရှုဝေက သူမမျက်ခုံးများကြုံ့လိုက်ကာ လှောင်ပြောင်မှုအပြည့်နှင့် ပထမဆုံးစပြောလာသည်
ဝမ်ရိရန်က တည်ငြိမ်နေကာ ဘာစကားမှမပြောလာပေ
ဒီသတင်းက ချီမိသားစုကနေ ပေါ်ပေါက်လာခြင်းဖြစ်ကာ သူတို့က ဝမ်ယွီနဲ့ ယွီတင်း ဆက်စပ်နေတယ်လို့ ထင်မိတာကြောင့် ဝမ်ကျင်စန်းအား စုံစမ်းခိုင်းလိုက်ခြင်းဖြစ်သည်
အမှန်တကယ်တော့ ဝမ်ကျင်းစန် ကိုယ်တိုင်လည်း မယုံနိုင်ပေ
သူမျက်မှောင်ကြုတ်လိုက်ကာ ‘‘မဖြစ်နိုင်ဘူး ဝမ်ယွီသာ အမှန်တကယ်အဲ့လိုဆိုရင် ငါဘယ်လိုလုပ်ပြီးမသိဘဲနေပါ့မလဲ ’’
‘‘အန်ကယ်ချီကလည်း အချက်တစ်ခုကိုထောက်ပြလာတယ် ဒါကအရမ်းကိုတိုက်ဆိုင်လွန်းတယ်。。ပြီးတော့ ဝမ်ယွီက အခုဝမ်ကျန်းအိမ်ရာမှာ နေနေတာလေ ’’
ဝမ်ရိရန်မျက်နှာက ဘာတွေးနေမှန်းမသိနိုင်ပေ
ရှုဝေကတော့ ဝမ်ယွီကတော့ သူတို့ရှေ့မှာတင် မိုးကောင်းကင်ကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့အထိ စွမ်းဆောင်နိုင်မယ်လို့ မယုံပေ သူမထရပ်လိုက်ကာ သေချာသောလေသံနှင့် ပြောလိုက်သည်
‘‘ဝမ်ယွီတယောက် ဒီနှစ်တွေမှာ ဘယ်လိုနေနေလည်းဆိုတာ ကျွန်မတို့အားလုံး အသိဘဲလေ၊ သူသာယွီတင်းနဲ့ တကယ်ဘဲဆက်နွယ်နေတယ်ဆိုရင် သူအရင်ဆုံးလုပ်မှာက ဝမ်အိမ်ကနေထွက်သွားမှာဘဲ ’’
‘‘ ဟုတ်တယ်၊ ဒီတကြိမ်တော့ ချီယန်က တခုခုရှုပ်ထွေးသွားတာဖြစ်မယ် ဒါက အမှောင်ထဲက တိုက်ခိုက်မှုတစ်ခုလေ ၊ ယွီတင်းက လျိုမိသားစုကိုတိုက်ခိုက်လာတာက ဝမ်ယွီကြောင့်သာဆိုရင်တော့ သူက ယွီတင်းရဲ့ဦးဆောင်သူဘဲ
အဲ့လိုမှမဟုတ်ရင်တော့ ကုမ္ပဏီ တစ်ခုအနေနဲ့ဆို ဒါမျိုးလုပ်ဖို့က လုံးဝကိုမဖြစ်နိုင်ဘူး တခုဘဲ လျိုမိသားစုသာ ယွီတင်းနဲ့ စီးပွားရေးတလမ်းထဲသွားရင်း အထိအခိုက်ပြုမိလို့ဘဲ ဖြစ်လိမ့်မယ် ’’ ဝမ်ကျင်စန်းက စိစစ်လိုက်သည်
ဝမ်ယွီကတကယ်ဘဲ ယွီတင်းရဲ့ ဘောစ့်လား
သေချာပေါက်ကို မဖြစ်နိုင်ပေ
ရှုဝေကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်
တကယ်လို့ ဝမ်ယွီသာ သူတို့မသိဘဲ ဒီလိုမှတ်သားစရာကောင်းလောက်တဲ့ အောင်မြင်မှုတွေကို လုပ်နိုင်တယ်ဆိုရင်တော့၊ဝမ်ယွီကိုတချိန်လုံးဖိနှိပ်နေခဲ့သော မိထွေးဖြစ်တဲ့ သူမဟာ ရက်ရက်စက်စက်ပင် သွေးနှစ်လီတာလောက် အန်ထုတ်ရလိမ့်မည်
ဝမ်ရိရန်၏ မှောင်မဲနေသောမျက်နှာကလည်း အနည်းငယ်ပိုကြည့်ကောင်းလာသည် သိသာစွာပင် သူသည်လည်း ဝမ်ယွီကအောင်မြင်နေလိမ့်မယ်လို့ မယုံကြည်ပါ
ဝမ်ယွီကတစ်စုံတစ်ခုကို သိုဝှက်ချင်နေတာဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူသာသူတို့နှာဖျားအောက်မှာတင် ယွီတင်းကိုဖန်တီးနိုင်ဖို့ဆိုရင်တော့ လုံးဝကိုမဖြစ်နိုင်ပါ
ထိုသို့တွေးပြီးနောက် ဝမ်ရိရန်က ဝမ်ကျင်စန်းကို ကြည့်လိုက်ကာ ‘‘အကိုက အခုတလော အိမ်ကိုပြန်မလာဖြစ်တော့သလိုဘဲ အဖေသူ့ကို ပြန်လာလည်ဖို့ ပြောလိုက်ပါအုံး
သူအရင်တုန်းကလည်း ဝမ်ကျင်စန်းအား ဝမ်ယွီကိုပြန်ခေါ်ရန် ပြောဖူးပေမယ့် ဝမ်ကျင်စန်းက အခုချိန်မှာသူကချီကျန်းကျန်းနဲ့ အတူရှိနေမှာ သူတို့ကိုမနှောင့်ယှက်ဘဲ ခံစားချက်တွေနီးစပ်လာအောင် လုပ်နေပါစေ ဟုဆိုခဲ့သည်
-ချီမိသားစုအား ဝမ်ယွီကိုအသုံးချပြီးဆက်သွယ်ရန်က သူလိုချင်နေသောအရာပင်ဖြစ်သည်
အခုတကြိမ်မှာတော့ ဝမ်ကျင်စန်းသဘောတူလာခဲ့သည် ‘‘ကောင်းပြီ၊ သူအိမ်ကို ပြန်လာလည်ဖို့ ခေါ်သင့်ပြီ’’
ထို့ကြောင့် နောက်တနေ့ညနေတွင် ဝမ်မိသားစုအိမ်သို့ ဝမ်ယွီရောက်လာခဲ့သည်
သူကအမူအရာကင်းမဲ့နေပေမယ့် သေသေချာချာကြည့်လိုက်ရင်တော့ သူ့မျက်လုံးထဲမှ ရွံရှာမှုနှင့် စိတ်မရှည်မှုတို့ကို မြင်နိုင်ပေသည်
-တကယ်ဆိုအခုချိန်မှာ သူက ချီကျန်းကျန်းနဲ့ညစာစားဖို့ စောင့်နေသင့်တာ 。。
xxxxxxxx