Part 68
ဝမ်မိသားစုက သူဝမ်ကျန်းအိမ်ရာမှာနေတာကို သိသွားပြီဖြစ်သည့်အတွက် သူ့အနေနဲ့ဝမ်အိမ်သို့ ပြန်လာရန် လိုအပ်လာသည်
ဝမ်ယွီက ‘ပြန်လာတယ်’ ဆိုသောစကားလုံးကိုမသုံးချင်ပေ ဘယ်တော့မှဒီနေရာကို သူ့အိမ်လို့မမှတ်ယူခဲ့ပေ
အရင်တုန်းက ဝမ်ယွီက သူ့အိမ်ဘယ်မှာလဲဆိုတာ မသိခဲ့ပေမယ့် အခုတော့ သူ့မှာ အိမ်တလုံးရှိလာခဲ့ပြီ
ဝမ်ကျန်းအိမ်ရာ。。。
ချီကျန်းကျန်းတော့ သူနဲ့ညစာစားဖို့ စောင့်နေလောက်တော့မှာ ဟုတ်တယ်မလား 。。。
စားဖိုးမှူးအသစ်ရောက်ကတည်းက သူမက ထမင်းစားချိန်တိုင်း ဒီတိုင်းထိုင်မနေနိုင်တော့ကာ အောက်ထပ်ကိုဆင်းကာ ကြည့်နေကြပင်ဖြစ်သည်
သူမကြည့်တဲ့ ပုံစံလေးက。。
အင်း၊အဲ့ဒါက အရမ်းချစ်ဖို့ကောင်းတယ်
သူ ဝမ်မိသားစုနဲ့ မြန်မြန်ဖြေရှင်းမှ ဖြစ်ပေမည် ဒါမှသာ ချီကျန်းကျန်းနဲ့ ညစာစားရန် သူအလျင်အမြန်ပြန်သွားနိုင်မှာဖြစ်သည်
‘‘ဘန်းး!’’
ဝမ်ကျင်စန်းက ကော်ဖီစားပွဲပေါ်သို့ ခွက်အား ပြင်းထန်စွာ ချလာသည်
‘‘မင်းအိမ်ကို ပြန်လာဖို့တော့ သိသေးတယ်ပေါ့ ’’
ဝမ်ယွီ အထဲသို့ဝင်လာကာ ဆိုဖာမှာထိုင်နေတဲ့ဝမ်ကျင်စန်းနဲ့ သူ့ဘေးမှာရှိသည့် ရှုဝေကိုသာမက နောက်ဆိုဖာမှာထိုင်နေတဲ့ ဝမ်ရိရန်ကိုပါ တချက်ကြည့်လိုက်သည်
‘‘တခုခုမှားနေတာရှိလို့လား ’’
သူက ရေးရေးမျှမသိထားသလို ပြောလာသည်
ဝမ်ကျင်စန်းဒေါသတွေက ချက်ချင်းဘဲ ရင်ထဲကနေခေါင်းထဲထိထိုးတက်လာကာ ဝမ်ယွီအားစိုက်ကြည့်ကာ ဒေါသတကြီးပြောလာသည်
‘‘ငါကမင်းအဖေဆိုတာရော သိသေးရဲ့လား ကိုယ့်အဖေကို ဘယ်လိုပုံစံမျိုးနဲ့ စကားလာပြောနေတာလဲ’’
ဝမ်ယွီရဲ့ တည်ရှိမှုက ဝမ်ကျင်စန်းအတွက် အမြဲတမ်းလို့ အရှက်ရစရာဖြစ်ခဲ့သည် သူ့ရဲ့မျက်နှာကိုမြင်လိုက်တာနဲ့ ဝမ်ယွီရဲ့အမေအား လက်ထပ်ရန် သူအတင်းအကြပ်ဖိအားပေးခံခဲ့ရတာကို ပြန်အမှတ်ရလာသည် ပြီးတော့ သူမကသူ့ကိုမနှစ်သက်ကာ ကြိုက်တဲ့သူရှိတယ်လို့ အော်ဟစ်ခဲ့တုန်းက ခံစားလိုက်ရတဲ့ ဒေါသထွက်ခဲ့တာတွေပါဖြစ်သည်
အဲ့ဒါက သူ့ဘဝတလျှောက်လုံးအတွက် အရှက်ရစရာပင်ဖြစ်သည်
ဝမ်ကျင်စန်းအမြင်အရဆိုရင် ဝမ်ယွီကမနှစ်မြို့ဖွယ်နှင့် အမြဲတမ်းအမူအရာကကင်းမဲ့နေသည်မှာ အဖေဖြစ်သည့်သူအား အလေးအနက်မထားနေသလိုပင်。。
ဝမ်ယွီ မျက်မှောင်ကြုတ်လိုက်ကာ သူ့အားကြည့်လိုက်သည်
‘‘အဖေ့မှာ ပြောစရာတခုခုရှိနေရင် ဒီတိုင်းပြောလိုက်ပါ မဟုတ်ရင်လည်း ကျွန်တော်သွားတော့မယ်’’
‘‘မင်းး’’
‘‘အဖေ၊ ကျွန်တော်တို့ အလုပ်ကိစ္စဘဲပြောရအောင်’’
ဝမ်ရိရန်က ပါးစပ်ဖွင့်လာကာ ဝမ်ယွီအား နက်နက်နဲနဲ ကြည့်လာသည်
ဝမ်ကျင်စန်းက အသက်ပြင်းပြင်းရှူလိုက်ကာ ဝမ်ယွီကို အေးစက်စွာ ကြည့်လာသည်
‘‘မင်းက ဘယ်လိုလုပ်ပြီး ဝမ်ကျန်းအိမ်ရာမှာ နေနေတာလဲ ’’
ဝမ်ယွီက ဝမ်ကျင်စန်းအား ပြန်ကြည့်လိုက်သည်
ရုတ်တရက်ဘဲ သူ့မျက်နှာထက်တွင် အပြုံးတခုဖြစ်ပေါ်လာသည်
‘‘အဖေက ဘယ်လိုထင်လို့လဲ ’’
ဝမ်ကျင်စန်းနဲ့ အခြားသူတွေက သူတို့ရတဲ့အချက်အလက်တွေကို မယုံနိုင်သောကြောင့် သူ့အားမေးရန် ပြန်ခေါ်လာခြင်းဖြစ်သည် သူတို့က သူဝမ်ကျန်းအိမ်ရာမှာအိမ်ရှိတာကို မယုံကြည်ကြပေ ။
သူတို့ကထင်ထားသလို ဝမ်ယွီကအသုံးမကျတာမဟုတ်ဘူးဆိုတာကို သူတို့မယုံနိုင်ကြပေ
‘‘ဝမျယှီ...!’’
ဝမ်ကျင်စန်းက ဒေါသတကြီးနှင့် ကော်ဖီခွက်အားဆွဲယူကာ ပြင်းထန်စွာ ရိုက်ခွဲပစ်လာသည်
‘ဘန်းး’
ကော်ဖီခွက်စတွေက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲသွားသည်
ဝမ်ယွီက နောက်ကိုဆုတ်လိုက်ကာ ခွက်ကသူ့ကိုထိလာမှာကို ငြိမ်ခံမနေခဲ့ပေ။
ထို့နောက် သူ့နှုတ်ခမ်းပေါ်တွင် လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်
‘‘အိမ်က ကျန်းယဲ့ပိုင်တာပါ ကျွန်တော်အရင်ဆုံး နေနေတာ’’
သူတို့မယုံမှတော့ သူလည်းသူတို့နဲ့အသာလေး လိုက်မျှောလိုက်ရုံပင်
လူတိုင်း ထိတ်လန့်သွားကြသည်
ဝမ်ယွီက သူ့အင်္ကျီလက်ကို လှန်တင်လိုက်ကာ ဒီနေရာ၌ တစက္ကန့်တောင် ဆက်မနေချင်တော့ပေ
သူက ပေါ့ပါးစွာပြောလိုက်သည်။
‘‘ကောင်းပြီ၊ မေးလို့ပြီးသွားပြီဆိုရင် ကျွန်တော်သွားတော့မယ် ’’
ထို့နောက် ဝမ်မိသားစုက ကြက်သေသေနေတဲ့အချိန်မှာဘဲ ဝမ်ယွီက ဝမ်အိမ်မှထွက်သွားခဲ့ပြီဖြစ်သည်
သူထွက်လာတဲ့အချိန်၌ သူ့ပါးစပ်တွင် လှောင်ပြုံးတခုဖြစ်ပေါ်လာခဲ့သည်
အတိတ်တုန်းကတော့ သူ ဝမ်အိမ်မှာဘဲ နေချင်ခဲ့သည်
စိတ်ကြီးဝင်နေကြတဲ့ ဝမ်မိသားစုတခုလုံးက သူတို့စိတ်လှုပ်ရှားကာဂုဏ်ယူနေရာမှ စိတ်ပျက်အားငယ်ပြီး တယောက်ပြီးတယောက်နိမ့်ကျလာတာကို သူအေးစက်စွာ စောင့်ကြည့်ချင်သည်
ဒါပေမယ့် အခုကျတော့ ဒါကအဓိပ္ပါယ်မရှိဘူးလို့ ရုတ်တရက် သူခံစားလိုက်ရသည်
အရမ်းကို အဓိပ္ပါယ်မရှိတာပင်
သူအနေဖြင့် ဝမ်အိမ်မှာမနေချင်တော့ပေ ၊ ဒါကသူ့အတွက် အရမ်းကိုစိတ်ပျက်စရာကောင်းသည်
ဝမ်ယွီက သူအရင်ကလုပ်ခဲ့တဲ့အတိုင်း ပြည့်စုံစွာ ရုပ်ဖျက်မနေချင်တော့ပေ ဘယ်လိုဘဲဖြစ်ဖြစ် သူ့အစီအစဉ်ကို ဆက်လုပ်သွားမှာဖြစ်သည်၊
သူဝမ်မိသားစုကို လျို့ဝှက်ထားနိုင်ရင် ဆက်ပြီးဖုံးကွယ်ထားမှာ ဖြစ်သလို မဖုံးကွယ်နိုင်တော့ရင် အဲ့ဒီနေ့က ဝမ်မိသားစု စီစဉ်ထားတာထက်စောကာပျက်သုဉ်းလာရမည့် နေ့ပင်ဖြစ်သည်
ဝမ်ကျန်းအိမ်ရာနဲ့ ချီကျန်းကျန်းကို တွေးမိကာ သူအရှိန်မြှင့်လိုက်သည်
အဲ့ဒီအချိန်တွင် ဝမ်အိမ်တွင်တော့ တိတ်ဆိတ်နေတုန်းပင်ဖြစ်သည်
တခနကြာပြီးနောက် ဝမ်ရိရန်ကပြောလာသည်
‘‘ကျန်းယဲ့က ဝမ်ယွီရဲ့အထက်တန်းကျောင်းတုန်းက သူငယ်ချင်းလေ သူက ကျန်းမိသားစုရဲ့ အနာဂတ်ဆက်ခံသူ၊ အထက်တန်းကျောင်းမှာတုန်းက ဝမ်ယွီကသူ့သူငယ်ချင်းလို့ သူပြောဖူးတယ်၊ သူကနိုင်ငံခြားမှာနှစ်တွေအများကြီး လေ့ကျင့်ရေးဝင်နေခဲ့တော့ ကျွန်တော်မမျှော်လင့်ထား。。。’’
သူတို့ကအခုထိအဆက်သွယ်ရှိနေလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ
ကျန်းယဲ့က ဝမ်ယွီနဲ့အသက်တူတူဆိုပေမယ့် သူတို့အသိုင်းအဝိုင်းထဲမှာတော့ ကျန်းယဲ့က သာမာန်ထက် ထင်ရှားတဲ့ပုံရိပ်တစ်ခုဖြစ်သည်
သူက ဝမ်ယွီနဲ့ သူငယ်ချင်းတွေလို့ ပြောခဲ့တုန်းက ဝမ်ရိရန်နဲ့ အခြားသူတွေက ရင်ထဲမှာလှောင်ရီနေခဲ့ကြတာ ဖြစ်သည်
သူတကယ်ဘဲ ဝမ်ယွီကိုအာရုံစိုက်ခဲ့တာလား
နောက်ပိုင်းမှာတော့ ကျန်းယဲ့ကနိုင်ငံခြားကိုထွက်သွားကာ လုံးဝပြန်မလာတော့ပေ
ဝမ်ရိရန်က သူတို့အဆက်အသွယ်ပြတ်သွားပြီဟု ထင်ခဲ့သည် ဒါပေမယ့် သူ မမျှော်လင့်ထားဘူး。。သူတို့က နောက်ပိုင်းမှာသူငယ်ချင်းဆက်ဖြစ်နေလိမ့်အုံးမယ်လို့
ဒီလိုမဟုတ်ရင် ဝမ်ယွီက ကျန်းယဲ့ရဲ့ နေရာတွင် နေလို့ရမည်မဟုတ်ပေ
‘‘ကျန်းမိသားစုနဲ့ ယွီတင်းကတကယ်ကို ပူးပေါင်းမှုရှိနေတာဆိုတော့ ဝမ်ကျန်းအိမ်ရာကအိမ်ကို အရင်စောပြီးဝယ်နိုင်တာ ပုံမှန်ပါဘဲ ’’
ဝမ်ကျင်စန်းက ခနစဉ်းစားလိုက်ကာ ပြောလိုက်သည်
သူ့ရဲ့အကြီးဆုံးသားက。。。ကျန်းမိသားစုဆက်ခံသူနဲ့ ဆက်ဆံရေးကိုထိန်းထားနိုင်တာက တကယ်ကိုအံ့ဩစရာဖြစ်သည်
ရှူဝေရဲ့ တင်းကြပ်နေတဲ့စိတ်က ပြေလျော့လာကာ သူမချောင်းဟန့်ကာ ဆိုလာ၏
‘‘ဒါကဖြစ်နိုင်တယ်၊ ချီယန်ကအတွေးအရမ်းလွန်သွားတယ် ၊ဝမ်ယွီက ကျန်းယဲ့ရဲ့အိမ်မှာ နေနေတာဆိုတော့ ၊ ကျစ်。。ကျစ် ငါတကယ်ကိုမထင်ထားမိဘူး အားယွီရဲ့ ပျင်းစရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးက မိန်းကလေးတွေကို စိတ်ချမ်းသာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာတော့ သိသားဘဲ ’’
ဝမ်ကျင်စန်းက နှာခေါင်းရှုံ့လိုက်သည်
‘‘အလကားတွေပါ ’’
ချီကျန်းကျန်းကို စိတ်ကျေနပ်အောင်လုပ်ဖို့အတွက်နဲ့ သူမကိုဝမ်ကျန်းအိမ်ရာအားခေါ်သွားကာ ကျန်းယဲ့အိမ်ကိုတောင် နေဖို့ငှားလိုက်သေးသည်
အဲ့ဒါက ယောက်ျားတယောက်ရဲ့ မာနကြီးဘဝင်မြင့်ချင်တာ မဟုတ်လို့ ဘာဖြစ်ရမှာလဲ
ဘယ်လိုဘဲဖြစ်ဖြစ် အဆုံးမှာတော့ သူတို့စိတ်အေးသွားတော့သည် ‘ဝမ်ယွီကမာနကြီးပြီးဘဝင်မြင့်ပြနေတယ်’ ဆိုတာကို ‘ဝမ်ကျန်းအိမ်ရာမှာ အိမ်ဝယ်နိုင်တာ’ နဲ့ယှဉ်လိုက်ရင် အနောက်တခုက ပိုပြီးကြောက်ဖို့ကောင်းတယ်
-ဝမ်ယွီက တူညီတဲ့ အသုံးမကျတဲ့ဝမ်တုံယွီဖြစ်နေတုန်းပင်
ချီယန်နဲ့ အခြားသူတွေထင်နေသလို နက်နက်ရှိုင်းရှိုင်း ဖုံးထားတာမရှိပေ
ခနတာလောက်တွေးပြီးနောက် ဝမ်ကျင်စန်းကထပ်ပြောလာသည်။
‘‘ဒါပေမယ့် သူနဲ့ကျန်းယဲ့က သူငယ်ချင်းဖြစ်နေတုန်းဘဲ ၊ကျန်းယဲ့က ပြည်ပမှာဘဲဆိုရင်တောင်မှ ကျန်းမိသားစုက သူ့ကိုဆက်ခံသူအဖြစ်သတ်မှတ်ထားပြီးသား ၊ လွန်ခဲ့တဲ့2နှစ်လုံး ကျန်းမိသားစုနဲ့ ယွီတင်းက ပူးပေါင်းခဲ့ပြီး ကြီးပွားလာခဲ့တာ
အဲ့ဒါကို အရင်းအမြစ်တစ်ခုအနေနဲ့ သုံးလို့ရနိုင်တယ်
ဝမ်ယွီက。。တချို့တဝက် အသုံးဝင်နေတုန်းဘဲ ’’
ဝမ်ရိရန်က ခေါင်းငြိမ့်လာသည်
ဝမ်ယွီနဲ့ ကျန်းယဲ့ကသူငယ်ချင်းဆိုတာကို အခွင့်ကောင်းယူလို့ရနိုင်သည် သူကြောက်လန့်မနေသင့်ပေ
အဲ့ဒါက ဒီတိုင်း。。。
သူ့ရင်ထဲမှာ ထူးထူးဆန်းဆန်းခံစားနေရတယ်၊ သူတခုခုကို မမြင်ဘဲကျော်ကြည့်မိသွားသလိုဘဲ ဒါကသူ့ကိုမပျော်မရွှင် ဖြစ်စေသည်
.....
ဝမ်ယွီက ဝမ်ကျန်းအိမ်ရာသို့ မကြာခင်ပြန်ရောက်လာခဲ့သည်
သူ့အရှေ့တံခါးရောက်တဲ့အချိန်မှာဘဲ တံခါးကပွင့်နေတာကို သူမြင်လိုက်ရသည် တယောက်ယောက်က သူ့ကိုစောင့်နေတဲ့ အတိုင်းပင်ဖြစ်သည်
သူ မတတ်နိုင်ဘဲ ခြေလှမ်းတို့အား ပိုမြန်လိုက်သည် အထဲကိုရောက်တဲ့အခါမှာတော့ သူခနရပ်လိုက်သည်
ညစာစားပွဲပေါ်၌ ဟင်းပွဲအချို့ကို တင်ထားလေသည်
ညဘက်ဖွင့်ထားတဲ့ မီးတွေက အရမ်းကြီးမလင်းပေ
ချီကျန်းကျန်းက သူတို့နှစ်ယောက်လုံးအတွက် ပန်းကန်နှင့် တူများကို နေရာချနေသည်
အသံတခုကြားလိုက်ရတဲ့အချိန် သူမ မော့ကြည့်လာခဲ့သည်
နူးညံ့ပြီးတော့ ကြည့်ကောင်းတဲ့မျက်နှာလေးက
တောက်ပနေသော အပြုံးတခုအားပေးလာ၏
သူမအသံကတက်ကြွနေပြီး ပြုံးကာပြောလာသည်
‘‘ပြန်ရောက်လာပြီပေါ့ လာလေ ညစာစားရအောင်’’
-သူမသူ့ကို မြင်တဲ့အချိန်မှာ သူမမျက်လုံးထဲတွင် အံ့အားသင့်မှုများရှိနေကာ အပြုံးတခုအား သူမမျက်နှာတွင် ကျယ်ပြန့်လာခဲ့သည်
အလင်းရောင်က သူမအပြုံးက သူ့မျက်စိအားတောက်ပလာစေသည်
အခုချိန်မှာ ဗလာဖြစ်နေတဲ့ သူ့နှလုံးသားက ပြည့်လျံလာခဲ့သည်
အပြင်ဘက်ရှိ လေပြင်းနှင့် ဆီးနှင်းများကို တံခါးက တားဆီးထားလေသည် အတွင်းထဲမှာတော့ သူ့ဘဝတလျှောက်လုံး သိမ်းထားချင်တဲ့ နွေးထွေးမှုလေးရှိနေခဲ့သည်
‘‘အင်းးကိုယ်ပြန်ရောက်ပြီ ’’
သူကနူးညံ့စွာ ပြောလိုက်သည်
ဒီစကားလုံးတွေက သူ့ပါးစပ်ကထွက်သွားတဲ့အချိန်မှာတော့ သူ့စိတ်ဝိဉာဉ်အနက်ရှိုင်းဆုံးထဲထိ တုန်ရင်သွားသလိုပင်ဖြစ်ကာ သူရဲ့ကံကြမ္မာကလည်း တိတ်တဆိတ် ပြောင်းလဲသွားသလိုပင်。。。
ဒီအဆုံးမရှိတဲ့နှစ်တွေကြားထဲမှာ သူ့နှလုံးသားထဲတွင် အမြစ်တွယ်လာခဲ့သည် ဝမ်ယွီရဲ့ဘဝထဲတွင် သူပိုင်သောအရာတခုကို ခံစားမိလိုက်လေသည်
အခုတလောမှာဝမ်ယွီက နည်းနည်းပြောင်းလဲလာတယ်လို့ ချီကျန်းကျန်းခံစားလိုက်ရသည်
ပြောင်းလဲမှုတွေက အရမ်းကိုသေးငယ်နေပေမယ့် ဝမ်ယွီကို တိတ်တဆိတ်ကြိုက်နေပြီး တအိမ်ထဲနေနေရတဲ့ သူမကတော့ သတိထားမိလာသည်
ပထဆုံးအနေနဲ့ သူအလုပ်ကို အရင်ကလောက်မသွားတော့ပေ
ဒါပေါ့အလုပ်မသွားတာက အလုပ်မလုပ်ဘူးလို့ မဆိုလိုပေ သူအရင်အတိုင်းအလုပ်လုပ်နေပေမယ့် အလုပ်လုပ်ရန် ကုမ္ပဏီသို့ သိပ်မသွားတော့ခြင်းဖြစ်သည်
အခုတလောနေ့တိုင်းလိုလိုပင် သူကအိမ်ကနေဘဲအလုပ်လုပ်နေတာဖြစ်သည် ကြီးမားတဲ့ကုမ္ပဏီတစ်ခုရဲ့ အလုပ်ကိစ္စတွေအားလုံးကို အိမ်ကနေဘဲကိုင်တွယ်နေသည်
ချီကျန်းကျန်း ဒီကိုပထမဆုံးပြောင်းလာခဲ့တုန်းက ဝမ်ယွီက ကုမ္ပဏီသို့အလုပ်လုပ်ရန်သွားရသည်မှာ နေ့တိုင်းနီးပါးပင်ဖြစ်သည်
လွန်ခဲ့တဲ့ရက်အနည်းငယ်အထိ သူအလုပ်လုပ်ရန်သွားနေဆဲဖြစ်ကာ ဒီရက်ပိုင်းလောက်မှာမှ သူက ရုတ်တရက် အလုပ်သွားတာရပ်လိုက်ခြင်းဖြစ်သည်
ကုမ္ပဏီမှာ လုပ်စရာကိစ္စသိပ်မရှိလို့များလား
xxxxxx