အပိုင်း ၆၉
Viewers 26k

Part 69


မဖြစ်နိုင်ပေ၊ဆန့်ကျင်ဘက်အနေဖြင့် ကုမ္ပဏီထဲတွင် ကိစ္စအများပြား ဖြစ်နေလေသည်၊ဘာလို့လဲဆိုရင် သူကနေ့တိုင်း ဖုန်းတွေအများကြီးဖြေနေရလို့ပင် 

ပြီးတော့ အတွင်းရေးမှုးနင် နှင့် လက်ထောက်ကောင်းတို့က နေ့တိုင်းပင် အိမ်သို့အလျင်အမြန်လာနေကြသည်


ဒီအချိန်တွင် ချီကျန်းကျန်းက စားရင်းနှင့်ပင် ဝမ်ယွီနဲ့ဧည့်ခန်းထဲက အတွင်းရေးမှုးနင် နှင့်လက်ထောက်ကောင်းတို့ကို လျို့ဝှက်စွာကြည့်လိုက်သည်


ဝမ်ယွီက စာရွက်စာတမ်းများကို လက်မှတ်ထိုးနေရင်းပင် အ‌တွင်းရေးမှုးနင် နှင့်ဆွေးနွေးနေကြသည်


သူ့မျက်နှာကလေးနက်နေသည်၊ သူ့ရဲ့နက်ရှိုင်းတဲ့မျက်နှာအသွင်အပြင်က သူအလေးအနက်ဖြစ်နေတဲ့အခါတွင်သူ့အား ခံ့ညားနေစေသည်

သူ့ရဲ့အော်ရာက အံ့ဩစရာပင်ဖြစ်သည် သူ့မျက်လုံးတွေက ထက်ရှနေသည်မှာ လက်မှတ်ထိုးတာဖြစ်စေ အတွင်းရေးမှုးနင် ကိုဖြစ်စေ ကြည့်လိုက်တာနှင့် လူကိုတုန်ရင်သွားအောင် လုပ်နိုင်ပေသည်


ဒါပေမယ့်ချီကျန်းကျန်းက သူမရဲ့ တူကိုကိုက်လိုက်ကာ မျက်လုံးများက တလက်လက်တောက်ပနေလေသည်


အရမ်းခံ့ညားတာဘဲ


ဝူးဝူးဝူးးးဒီယောက်ျားက အရမ်းကိုခံ့ညားတာပင်


‘‘ချီကျန်းကျန်း ကောင်းကောင်းစားလေ ’’ 

ဝမ်ယွီက သူ့အားရုတ်တရက်ကြည့်လာသည်


ချီကျန်းကျန်း : ‘‘အိုးး!’’

သူမမြန်မြန်ပင် ခေါင်းငုံ့လိုက်ကာ ထမင်းကို ပါးစပ် ထဲသို့ ထိုးသွင်းလိုက်သည်


‘‘ဖြေးဖြေးစားလေ ’’

သူကထပ်ပြောလာသည်


‘‘‌အိုး。。’’

သူမ လိုက်နာစွာပင် နှေးလိုက်သည်


ဒါကသူမပြောချင်နေတဲ့ ဒုတိယပြောင်းလဲမှုပင်ဖြစ်သည်

ဝမ်ယွီက သူမအားထိန်းချုပ်ရတာကို ပိုပိုပြီးတော့ ကြိုက်လာသည်


များများစား၊အသားများများစား ၊ဖြေးဖြေးစားလေ၊ ရေခဲရေမသောက်နဲ့ ၊ကုတ်အင်္ကျီဝတ်ထား၊ ညဘက်မှာနွေးနွေး‌ထွေးထွေးနေ。。。。


သူက သေးငယ်တဲ့အရာလေးတွေကိုတောင် အာရုံစိုက်လာ၏


ထိုနေရာတွင် သူမနာခံစွာ ဖြေးဖြေးစား‌နေတာကို သူကြည့်လိုက်ကာ သူ့နှုတ်ခမ်းထောင့်တွေက အပြုံးသေးသေးလေးတစ်ခုကို ဖော်ပြလာသည် ၊သူ့မျက်လုံးထဲတွင် နူးညံ့မှုများ ဖြတ်ပြေးသွားသည်


ထို့နောက် သူခေါင်းငုံ့လိုက်ကာ စာရွက်စာတမ်းတွေကို ဆက်ဖတ်လိုက်သည်


လက်ထောက်ကောင်းက အ‌တွင်းရေးမှုနင်ကို ထိတ်လန့်နေသောမျက်လုံးများနှင့် တချက်ကြည့်လိုက်သည် 

ဒါပေမယ့် အတွင်းရေးမှုးနင်က ဘာမှမပြောလာပေ

သူ့ကိုသာစိုက်ကြည့်လာတာက သူ့မျက်လုံးထဲက ထိတ်လန့်မှုတွေကို ဖယ်ရှားလိုက်သလိုပင်


လက်ထောက်ကောင်းလည်း သတိပြန်ဝင်လာကာ မျက်နှာကိုတည်ငြိမ်ရန် ထိန်းသိမ်းလိုက်သည် ၊

သူ့မျက်လုံးထဲက စိတ်ခံစားမှုတွေကို ဖုံးကွယ်ဖို့အတွက် မျက်ခွံကိုသာအနည်းငယ် ‌ကွေးညွတ်စေလိုက်သည်


‘‘ဘော့စ် ဒီ‌ပရောဂျက်နဲ့ ပတ်သက်ပြီး ဘော့စ်ကိုယ်တိုင်တွေ့ဖို့ လိုအပ်ပါတယ် ၊ တနင်္ဂနွေနေ့မှာတွေ့ဆုံဖို့ ကြိုတင်ချိန်းထားလိုက်ရမလား ’’

အတွင်းရေးမှုးနင်က နူးညံ့စွာမေးလာသည်


ဝမ်ယွီက မျက်မှောင်ကြုတ်လိုက်ကာ ချီကျန်းကျန်းကို တချက်ကြည့်လိုက်သည်

‘‘အမ်း..အဲ့လိုလုပ်လိုက်ပါ ’’


သူ့လက်ထဲက စာရွက်စာတမ်းတွေကို လှမ်းပေးလာကာ အတွင်းရေးမှုးနင် နဲ့လက်ထောက်ကောင်းတို့က သူတို့နဲ့သက်ဆိုင်တာကို ခွဲဝေယူလိုက်ကြကာ ဝမ်ကျန်းအိမ်ရာမှ ထွက်လာခဲ့ကြသည်


သူထွက်လာပြီး မကြာခင်မှာဘဲ လက်ထောက်ကောင်းက သူ့ရင်ဘတ်သူပုတ်လိုက်၏

‘‘အိုး‌မိုင်ဂေါ့ ဘော့စ်က အခုရယ်လိုက်တယ် ငါကြောက်ပြီး ရှူးထွက်တော့မလိုဘဲ ၊ ငါအံ့ဩလိုက်တာ ‌ဘော့စ်က ရယ်တတ်တယ်ဟ ’’


အတွင်းရေးမှုးနင်က ဘာမှမပြောလာပေ


လက်ထောက်ကောင်းက ဆက်ပြောလာသည်

‘‘ဘော့စ်ရဲ့မိန်းမကို ငါတချက်လေးတောင်မကြည့်ရဲဘူး ဘော့စ်ငါ့ကို အပိုင်းပိုင်းဖြတ်ပစ်လိုက်မှာ ကြောက်တယ် သေချာပေါက်ကို သူရဲကောင်းတွေက 

နူးညံ့သိမ်မွေ့တဲ့အလှလေးတွေကို ကျရှုံးရတာဘဲ 

ဘောစ့်ဒီရက်ပိုင်းအတွင်း ကုမ္ပဏီကို မလာတာမအံ့ဩတော့ဘူး!’’


‘‘မင်းပါးစပ်ကိုပိတ်လိုက်တော့၊ ဘော့စ်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေက မင်းဆွေးနွေးသင့်တာမဟုတ်ဘူး ’’

အတွင်းရေးမှုးနင်က အေးစက်စွာပြောလာသည်


‘‘အိုင်းယားး ငါကဒီတိုင်းသိချင်လို့လေ ၊မင်းရောမသိချင်ဘူးလား ’’


သူတို့နှစ်ဦးက စကားပြောရင်းနှင့် ဖြေးဖြေးချင်းထွက်သွားကြသည်


....


‘‘တနင်္ဂနွေနေ့ကျရင် ကိုယ်အလုပ်ကိစ္စနဲ့ ခရီးတစ်ခုထွက်ရလိမ့်မယ် အဲ့နေ့ကျ မင်းအိမ်မှာ‌တယောက်တည်းကျန်‌နေခဲ့မှာ ကိုယ့်ကိုကိုယ်ဂရု

စိုက် ’’

 ဝမ်ယွီက လေးနက်စွာရှင်းပြလာသည်


‘‘အာ!。。ကောင်းပါပြီ ’’ ချီကျန်းကျန်းက တခနလောက်ထိတ်လန့်သွားပြီးနောက် ချက်ချင်းပင်ပြန်ဖြေလိုက်သည်


သူမက သူမလက်များဖြင့်ရေတွက်လိုက်သည် တနင်္ဂနွေနေ့က သဘက်ခါဘဲ ဟုတ်တယ်မလား。。


‘‘အလုပ်ကိစ္စက ဘယ်လောက် ကြာမှာလဲ’’

ချီကျန်းကျန်းက သူ့အားမျက်လုံးဝိုင်းကြီးများဖြင့်ကြည့်ကာ မေးလာသည်


ဝမ်ယွီ : ‘‘တစ်ရက် ’’


ချီကျန်းကျန်း : ‘‘အိုးး。。ကောင်းကောင်းလုပ်ခဲ့နော်’’


အဲ့ဒါကတရက်ဘဲကြာမှာဆိုတော့ မနက်မှာထွက်သွားပြီး ညနေကျပြန်လာမှာ မဟုတ်ဘူးလား。。


သူ့ပုံစံကိုကြည့်ပြီး သူမက သူအကြာကြီးထွက်သွားတော့မှာ လို့တွေးလိုက်မိတာ。。


ချီကျန်းကျန်းက ထိုကိစ္စအား သိပ်အာရုံမစိုက်တော့ပေ၊ ဝမ်ယွီက သူမအားကြည့်လိုက်သည်

အမှန်တိုင်းပြောရရင် သူ့အနေနဲ့ လုံးဝကိုထွက်မသွားချင်ပေ


သူအခုနောက်ပိုင်း ထူးဆန်းလာတာကို သူသိပေမယ့်လည်း သူ့ရဲ့ထူးဆန်းလာမှုကို သူပွင့်လင်းစွာပင် လက်ခံလိုက်၏။


ဝမ်ယွီက တခုခုပြောချင်လို့ ပါးစပ်ဖွင့်လိုက်တဲ့အချိန်မှာဘဲ ချီကျန်းကျန်းရဲ့ ဖုန်းက ရုတ်တရက်မြည်လာခဲ့သည်


သူမကြည့်လိုက်ကာ ဖုန်းကိုင်လိုက်သည်

‘‘ဟေးးဘာကိစ္စလဲ ’’


အဲ့ဒါက ဝမ်စီစီဖြစ်သည်


ဖုန်းရဲ့တခြားတဖက်မှာတော့ ဝမ်စီစီက မောက်မာစွာပြောလာသည်

‘‘ချီကျန်းကျန်း.တနင်္ဂနွေနေ့က ငါ့မွေးနေ့ဘဲ ငါမွေးနေ့ပွဲလုပ်မလို့ နင်လာဖို့မမေ့နဲ့ ’’


‘‘မလာဘူး ’’

ချီကျန်းကျန်းက လုံးဝမတွေဝေဘဲ ပြောလိုက်သည်


ဝမ်စီစီက အသက်ရှုရင်း နင်သွားတော့မလိုတောင်ဖြစ်သွားကာ ဒေါသတကြီးပြောလိုက်သည်

‘‘နင်လူမှ ဟုတ်သေးရဲ့လား ချီကျန်းကျန်း... နင်ဘဲ 

ဝမ်ယွီကိုမကောင်းတာ မပြောနဲ့ဆိုတော့ ငါဘာမှမပြောတော့ဘူးလေ အခုငါ့မွေးနေ့ပွဲကို လာဖို့ဖိတ်တာကိုကျ မလာတော့ဘူးလား ’’


ချီကျန်းကျန်းအသံက ပုံမှန်အတိုင်းနူးညံ့နေသည်

‘‘နင့်မွေးနေ့ကို လာမယ့်သူတွေက အများကြီးဘဲ၊ငါသူတို့နဲ့ မရင်းနှီးဘူးလေ ပြီးတော့ ငါသိတဲ့ မမြင်ချင်တဲ့သူတွေလည်းရှိနေမှာ ဒါကြောင့်ငါမလာချင်တော့ဘူး ’’


သူမအနေဖြင့် ဖုန်းရဲ့တဖက်က ဝမ်စီစီရဲ့ အံကြိတ်သံကိုပင်ကြားလိုက်မိသည်


အချိန်အတော်ကြာပြီးနောက် သူမအံကြိတ်ကာပြောလာသည်

‘‘ချီကျန်းကျန်း နင်ကအကျင့်မကောင်းတဲ့မိန်းမဘဲ’’


သူမ ချီကျန်းကျန်းအား သူငယ်ချင်းအဖြစ်မှတ်ယူကာ မွေးနေ့ပွဲတွင် သူမကိုလာစေချင်သည် ဒါကြောင့်သာ သူမကို စိတ်ရင်းနဲ့ ဖုန်းခေါ်ပြီး ဖိတ်လိုက်ပေမယ့်

အဆုံးမှာတော့ 。。ဒီကောင်မလေးက လူလိုမပြောတတ်တော့ဘူးလား...


‘တူ。。တူတူ’ ဝမ်စီစီက ဖုန်းချပစ်လိုက်သည်


‘‘အိုင်းး’’ ချီကျန်းကျန်းလည်း ဖုန်းကိုဘေးချလိုက်ကာ သက်ပြင်းချလိုက်သည်


ဝမ်ယွီက သူမအတွက် ရေးနွေးတခွက်ထည့်ပေးလိုက်သည်

‘‘ဘာဖြစ်တာလဲ ’’


‘‘အဲ့ဒါ。。ဝမ်စီစီရဲ့မွေးနေ့က တနင်္ဂနွေနေ့တဲ့ ’’


‘‘မင်း သွားမလို့လား ’’


‘‘မတတ်နိုင်ဘူး သွားရလိမ့်မယ် ၊မဟုတ်ရင်အဲ့ဒီကောင်မလေးက စိတ်ဆိုးနေတော့မှာ ’’ 


သူမဖုန်းကိုင်လိုက်တဲ့ အချိန်တည်းက သူမသွားမှရမယ်ဆိုတာကို သိလိုက်သည်

ဝမ်စီစီရဲ့ ဒီလိုမျိုးခေါ်ပုံနဲ့ သူမအနေဖြင့်ရန်ဖြစ်တာတောင် အလေ့အကျင့်ရသွားနိုင်တယ်


ဝမ်ယွီက မျက်‌မှောင်ကြုတ်လိုက်ကာ သူမအားမေးလိုက်သည်

‘‘မင်း。。မသွားချင်ဘူးလား ’’


‘‘ကျွန်မ ဝမ်စီစီကိုဂုဏ်ပြုပေးဖို့တော့ သွားချင်ပေမယ့် ဝမ်ရိရန်၊အန်းချင်ယုနဲ့ အခြားလူတွေကပါ အဲ့မှာရှိနေမှာ သေချာပေါက်ဘဲ၊ သူတို့ကိုကြောက်တာမဟုတ်ဘဲ သူတို့ကိုမြင်နေရတာ စိတ်ရှုပ်လို့ပါ ’’ 

ချီကျန်းကျန်း သက်ပြင်းချလိုက်ကာ ပြောလာသည်

‘‘သူမအတွက် ဘာလက်ဆောင်ပေးရမလဲဆိုတာ 

စဉ်းစားရအုံးမယ် ’’


ဝမ်ယွီက ဘာမှမပြောလာပေ သူကချီကျန်းကျန်းလုပ်ချင်တာကို လေးစားပေးသည်


တခနကြာပြီးနောက် ချီကျန်းကျန်းက မြန်မြန်ထရပ်လိုက်သည်

‘‘သဘက်ခါက သူမမွေးနေ့ဘဲ ၊ကျွန်မ‌အပေါ်သွားပြီး ဘာဝတ်သွားရမလဲဆိုတာ ကြည့်လိုက်အုံးမယ် ဘယ်လိုဘဲဖြစ်ဖြစ် သွားမှရမယ်ဆိုတော့ ကိုယ့်ကိုကိုယ်အကောင်းဆုံးဖြစ်အောင် လုပ်သွားဖို့လိုတယ် အန်းချင်ယုထက် ရုပ်ဆိုးနေလို့ လုံးဝမဖြစ်ဘူး ’’


အဲ့လိုမှမဟုတ်ရင် အန်းချင်ယုက သူမကိုဘယ်လိုတောင်နှာခေါင်းရှုံ့ လာမလဲဆိုတာ မသိနိုင်ဘူး

 သူမဝမ်မိသားစုအတွက် အိမ်ကထွက်လာပြီးတော့ ခက်ခဲနေတယ်ဆိုပြီး လှောင်လာလိမ့်ပေမည်။


ထိုသို့ပြောပြီးနောက် သူမအပေါ်ထပ်သို့ ပြေးတက်သွားသည်


‘ရှပ် ရှပ်..ရှပ်’


ဝမ်ယွီမျက်လုံးထဲတွင် အကူညီမဲ့မှုများ ဖြတ်ပြေးသွားသည်


ဒီမိန်းကလေးကတော့。。。


ချီကျန်းကျန်းက ဝမ်စီစီနဲ့ အဆင်ပြေနေတာကို သူဂရုမစိုက်ပေ သူ့မှာရှိတဲ့အရာအားလုံးကို သူမ သတိထားမိပါရက်နဲ့ သူမ ချီအိမ်နဲ့ဝမ်အိမ်နှစ်ခုလုံးကို မပြောပြခဲ့ပေ။ သူက ဝမ်မိသားစုအား ဖြေရှင်းချင်နေတာကို သူမသိနေသော်လည်း သူ့ကိုမတားဆီးခဲ့ပေ


ဝမ်ယွီလည်းဘဲ ချီကျန်းကျန်းကို လေးစားသင့်ပေသည် သူမတွင်သူငယ်ချင်းများမရှိဘဲ ဝမ်စီစီကသာ တဦးတည်းသော သူငယ်ချင်းဖြစ်သည် မွေးနေ့ပွဲက အခြားလူများက သူမကို မထိခိုက်စေသရွေ့ သူဝင်စွတ်ဖက်မည် မဟုတ်ပေ။


တနင်္ဂနွေနေ့သို့ လျင်မြန်စွာရောက်ရှိလာခဲ့သည်


ဒီနေ့အတွက် ဝမ်ယွီနဲ့ ချီကျန်းကျန်းနှစ်ယောက်လုံးက ကိုယ့်အစီအစဉ်နှင့်ကိုယ် ရှိပြီးသားဖြစ်သည် 

ချီကျန်းကျန်းကတော့ နေ့လည်မှသာထွက်မည်ဖြစ်ကာ ဝမ်ယွီကတော့ မနက်တည်းကစောစောထသွားလေသည်


သူ သူမအားမနှောင့်ယှက်ဘဲ ဝမ်ကျန်းအိမ်ရာမှသူ့ဘာသာထွက်သွားခဲ့သည်


သူမနိုးလာပြီးနောက် ချီကျန်းကျန်းက ဝမ်စီစီအတွက် လက်ဆောင်ကို ထုပ်ပိုးရင်း အလုပ်များနေခဲ့သည်

သူမနေ့လည်စာစားပြီးနောက် အဝတ်လဲကာ အလှပြင်ရန်အတွက် အဆင့်သင့်လုပ်လိုက်သည်


သို့သော်လည်း အဲ့ဒီအချိန်တွင် အန်တီဝမ်က အပေါ်သို့တက်လာကာ သူမအားခေါ်လာခဲ့သည် 

‘‘ကျန်းကျန်း。。သခင်လေးခေါ်ထားတဲ့သူတွေ အောက်မှာရောက်နေ

ပြီ ’’


‘‘အာ 。。ဘယ်သူတွေလဲ’’ 

ချီကျန်းကျန်းကအံ့ဩသွားကာ လှေကားဆီသို့လျှောက်လာခဲ့သည်


အောက်ထပ်မှာတော့ အ‌တွင်းရေးမှုးနင်က စတိုင်လစ်အဖွဲ့တခုနှင့် ရောက်လာလေသည်။


  သူမက ဘူးတခုကို ဂရုတစိုက်ကိုင်၍ မတ်တပ်ရပ်နေကာ လှေကားဆီသို့ ကြည့်လာခဲ့သည်။


xxxxxx