Part 70
‘‘မစ်(စ်)ချီ ကျွန်မတို့က ညနေမှာတက်ရမယ့်ပွဲအတွက် မစ်(စ်) ရဲ့ပုံစံကို ပြင်ဆင်ပေးဖို့ ဘောစ့်ကလွှတ်လိုက်တဲ့လူတွေပါ ’’
အတွင်းရေးမှုးနင်က အလုပ်လုပ်နေကျပုံစံအတိုင်းပင် ထက်မြက်ဟန်ရှိနေကာ သူမအသံကတင်းမာနေပေ သည်
ချီကျန်းကျန်းက သူမနဲ့တခါမကတွေ့ပြီးပြီ ဖြစ်တဲ့အတွက် သူ့အတွက်နေသားကျနေပြီဖြစ်သည်
‘‘အာ。。! သူဘာလို့ ကျွန်မကိုမပြောသွားတာလဲ ’’
သူမ အနည်းငယ်အံ့ဩသွားလေသည်
သူမ တခုခုကိုတွေးမိသွားကာ အမြန်ပင် ဖုန်းကိုပြေးဖွင့်လိုက်သည်
သေချာပေါက်ပင် စာတစောင်ရောက်နေကာ လွန်ခဲ့တဲ့ တစ်နာရီလောက်တုန်းကဖြစ်သည်
[ဝမ်ယွီ: ကိုယ်မင်းအတွက် ပြင်ဆင်ပေးမယ့်အဖွဲ့တဖွဲ့ကို ခေါ်ထားတယ်၊ကောင်းကောင်းပျော်ခဲ့နော် ]
ချီကျန်းကျန်း သူမလက်ကိုမြှောက်ကာ မျက်နှာကိုဖုံးလိုက်သည်၊ သူမမျက်နှာကနီရဲလာပြီဖြစ်သည်
သူမ အတွင်းရေးမှုးနင်နှင့် ကျန်လူတို့ကို လက်ရမ်းပြလိုက်သည်
‘‘ဒါဆိုရင်လည်း အပေါ်တက်လာခဲ့ကြလေ ’’
‘‘ကောင်းပါပြီ ’’
အတွင်းရေးမှုးနင်က အရမ်းကိုတလေးတစားရှိနေသည် သူမပုံစံက ဝမ်ယွီကိုဆက်ဆံပုံနှင့် လုံးဝကိုမကွာခြားနေပေ
မကြာခင်ဘဲ စတိုင်လစ်အဖွဲ့က တက်လာခဲ့ကြသည်
အတွင်းရေးမှုးနင်က ပြောလာသည်
‘‘မစ်(စ်)ချီ ဒီဝတ်စုံနဲ့ဖိနပ်တွေက ဘောစ့်ကိုယ်တိုင် မစ်(စ်)အတွက်ရွေးချယ်ပေးထားတာပါ သူတို့ကို မစ်(စ်)ရဲ့ ကိုယ်တိုင်းနဲ့ အဆင်ပြေအောင်ညှိပြီးသွားပါပြီ ’’
ထိုသို့ပြောပြီးနောက် သူမနောက်ကလူအား တချက်ကြည့်လိုက်လေသည် ၊ အဲ့ဒီလူက အလျင်အမြန်ဘဲ ဝတ်စုံခေါက်ထားတာကို ဖြန့်လိုက်ကာ ချီကျန်းကျန်းကြည့်နိုင်ရန်အတွက် သူ့လက်ထဲ၌ ကိုင်ပေးလာသည်
၎င်းက ရှည်လျားသော အဇူရာအပြာရောင်ဂါဝန်ဖြစ်ကာ တူညီတဲ့အရောင်ဖြစ်သော ပိုးသားလွှာနှင့် အပေါ်ကထပ်အုပ်ထားလေသည် ပိုးသားလွှာက ဝတ်စုံအား နတ်သမီးဆန်ဆန် မြူများဆိုင်းနေသလို ဖြစ်သွားစေကာ ၎င်းက နတ်သမီးတပါးကဲ့သို့ သာလွန်သွားစေကာ အရမ်းကိုလှပပေသည်
‘‘ဒါကအရမ်းကိုလှတာဘဲ !’’
ချီကျန်းကျန်းမျက်နှာက အံ့အားသင့်မှုတွေနှင့် ပြည့်နှက်သွားတော့သည်
ချီကျန်းကျန်းရဲ့ အဝတ်အစားဗီဒိုထဲမှာ အထက်တန်းဆန်ဆန်လှပသော ဂါဝန်ရှည်တွေအများပြား ရှိလေသည်
ဒါပေမယ့်လည်း သူမကိုကြောင်အသွားစေတဲ့အထိဖြစ်စေသော ဝတ်စုံမရှိခဲ့ပေ ၊ သူမလက်ဆန့်လိုက်ကာ ဝတ်စုံအားဂရုတစိုက်ထိလိုက်သည်၊သူမလက်ဖြင့်ထိသွားသော ပိုးသားလွှာအောက်က အထည်စက သူမအားပျော်ရွှင်သွားစေသည်
ဝမ်ယွီက အဝတ်အစားတွေအကြောင်းကို သိပ်မသိနိုင်ပေမယ့်လည်း သူက သူမ ကြိုက်နိုင်တဲ့ပုံစံမျိုးနှင့် ဘယ်လိုအဝတ်အစားမျိုးက သူမ နှင့်အလိုက်ဖက်ဆုံးဖြစ်နိုင်လဲဆိုတာကို ကောင်းကောင်းသိလေသည်
‘‘ဒါဆိုရင်တော့ မစ်(စ်)ချီ ဒါကိုဝတ်ကြည့်လိုက် ပါ ’’
ပေါ့ပါးတဲ့ အပြုံးတစ်ခုက အတွင်းရေးမှုးနင်ရဲ့ ပါးစပ်ထောင့်တွင်ဖြစ်ပေါ်လာခဲ့သည်
ချီကျန်းကျန်း လက်ခံလိုက်ကာ သူမဝတ်ရန် ကူညီပေးမည့် ဝတ်စုံကိုကိုင်ထားသော လက်ထောက်နှင့်အတူ ရေချိုးခန်းထဲသို့ ဝင်သွားလေသည်
သူမထွက်လာတဲ့အခါ လက်ထောက်က တလက်လက်တောက်ပနေသော ဒေါက်ဖိနပ်တစုံကို သူမရှေ့တွင်ချပေးလာသည်
‘‘အတွင်းရေးမှုးနင် ဘယ်လိုနေလဲဟင်၊ ဒါကကြည့်လို့ကောင်းရဲ့
လား ’’
ချီကျန်းကျန်းက နူးညံ့စွာမေးလိုက်သည်
‘‘ဒါကတကယ်ကို ကြည့်ကောင်းပါတယ်’’
အတွင်းရေးမှုနင်က ချက်ချင်းပင်ပြန်ဖြေလာသည်
ပုံမှန်ဆိုအမူအရာကင်းမဲ့နေတတ်တဲ့ သူမမျက်နှာက အံ့ဩမှုအနည်းငယ်ကို ဖော်ပြလာသည်၊သူမမျက်လုံးတွေက ချီကျန်းကျန်းပေါ်တွင်သာ ကပ်နေကာ အကြည့်မလွှဲနိုင်တော့ပေ
ဒါကအရမ်းအရမ်းကိုလှနေပေသည်၊ လူတိုင်းက ဒီလိုအရောင်မျိုးကို ဝတ်လို့ရနိုင်မည်မဟုတ်ပေ ။ချီကျန်းကျန်းက အလွန်မျှတတဲ့အသားအရေရှိကာ ဘာအပြစ်အနာဆာမှ ရှိမနေပေ၊ ဒီဝတ်စုံကိုဝတ်လိုက်တဲ့အခါမှာတော့ သူမက ဒီကမ္ဘာပေါ်ကိုကျဆင်းလာတဲ့ နတ်သမီးတပါးလိုပင် အချိန်မရွေးနူးညံ့သိမ်မွေ့စွာ ပျံသန်းသွားနိုင်ပေသည်
ချီကျန်းကျန်းက မှန်ဆီသို့လျှောက်သွားလိုက်သည်
သူမလမ်းလျှောက်လိုက်တိုင်း ဝတ်စုံက အနည်းငယ်ဝေ့ရမ်းသွားပြီး ပိုးသားလွှာက အလင်းရောင်အောက်တွင်အနည်းငယ် မှုန်ဝါးနေသလိုဖြစ်နေသည်မှာ ယစ်မူးသွားလောက်အောင်လှပပေသည်
သူမမှန်ကို ကြည့်လိုက်ပြီးနောက် ထိတ်လန့်သွားလေသည်
မှန်ထဲက ပုံရိပ်က ရင်းနှီးနေသော်လည်း အနည်းငယ် ထူးဆန်းနေပေသည် သူမဖြစ်သော်လည်း သူမ မဟုတ်သလိုပင်。。。
သူမ အရမ်းရင်သပ်ရှုမောဖွယ်ဖြစ်နေသည်ကို သံသယရှိစရာမလိုတော့ပေ
ချီကျန်းကျန်းက သူမကိုသူမ ခနလောက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည် သူမမျက်လုံးမှ လွတ်သွားတဲ့ စိတ်တွေက ပြန်ရောက်လာကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည် ၊သူမ အတွင်းရေးမှုးနင်အား ကြည့်ကာ နူးညံ့စွာပြောလိုက်သည်
‘‘အတွင်းရေးမှုးနင် နောက်ထပ်ဘာလုပ်ရမလဲ...’’
အတွင်းရေးမှုးနင်က သူမအပြုံးကြောင့် သူမရင်ထဲလှုပ်ခါသွားကာ အလျင်အမြန်ပြန်ဖြေလိုက်သည်။
‘‘သူတို့က အခုချက်ချင်းဘဲ မစ်(စ်)ရဲ့ဆံပင်နဲ့ မျက်နှာကို ပြင်ပေးပါလိမ့်မယ် ’’
ချီကျန်းကျန်းခေါင်းငြိမ့်လိုက်ကာ အလှပြင်ခုံပေါ်၌ ထိုင်လိုက်လေသည်
အဖွဲ့ထဲက အခြားလူများက စတင်လှုပ်ရှားလာခဲ့ပြီး
သူတို့ကထဲမှတချို့က အနောက်ဘက်မှသူမဆံပင်ကိုကိုင်တွယ်လာကာ ကျန်တဲ့သူများက အရှေ့ဘက်မှနေ၍ သူမမျက်နှာအား ခြယ်သပေးလာသည်
ချီကျန်းကျန်းရဲ့ မျက်နှာအသားအရေက အရမ်းကိုကောင်းတာကြောင့် သူမအနေဖြင့် မွေးနေ့ပွဲသို့ မိတ်ကပ်မလိမ်းဘဲနှင့်တောင် သွားလို့ရနိုင်ပေသည်
ဒါကြောင့် ကျွမ်းကျင်မိတ်ကပ်ပညာရှင်က သူ့ရဲ့အရမ်းကောင်းတဲ့ အရည်အချင်းများနှင့် သူမအတွက် ပေါ့ပေါ့ပါးပါးမိတ်ကပ်ကိုသာ ပြင်ပေးလိုက်ကာ သူမရဲ့ပြီးပြည့်စုံတဲ့အသွင်အပြင်ကို ဖုံးကွယ်ရန်မလုပ်တော့ပေ။
သူမမျက်လုံးက အလွန်ဝိုင်းစက်ကာ တောက်ပနေသည့်အတွက် မိတ်ကပ်ပညာရှင်က မတတ်နိုင်ဘဲ သူမမျက်လုံးထောင့်တွင် ပေါ့ပါးစွာအစက်ချလိုက်ကာ မှဲ့လေးတစက်ကို ဆွဲပေးလိုက်မိသည်
နောက်ဘက်မှာရှိတဲ့ ဆံပင်စတိုင်လစ်အတွက်က ပိုပြီးတော့လွယ်ကူနေပေသည်၊ ချီကျန်းကျန်းရဲ့ ဆံပင်ရှည်ကြီးကတင် အလွန်မနာလိုစရာကောင်းနေပြီဖြစ်သည်
သူက သူမဆံပင်ကို အနည်းငယ်ကောက်ပေးလိုက်ကာ သူမကျောဘက်တွင် ဖြာချထားလိုက်သည်
ထို့နောက်သူမနားရွက်နားမှာရှိတဲ့ ဆံပင်တွေကိုနောက်ဘက်သို့ ကလစ်ဖြင့်ညှပ်တင်လိုက်သည်
ဘာမှထပ်ပြင်ဆင်မလိုတော့အောင်ကို သူမမျက်နှာနှင့်ဝတ်စုံက ကျက်သရေရှိစွာ လိုက်ဖက်နေပေသည်
‘‘အရမ်းလှတာဘဲ ’’ရှေ့မှာရှိသော မိတ်ကပ်ပညာရှင်က မတတ်နိုင်တော့ဘဲ တီးတိုးဆိုလိုက်သည်
ထိုသို့ပြောမိပြီးနောက် သူမကချက်ချင်းပင်ရှက်ရွံ့သွားကာ နောက်သို့ဆုတ်လိုက်သည်
‘‘တောင်းပန်ပါတယ် မစ်(စ်)ကအရမ်းလှလွန်းလို့ပါ ကျွန်မ ရိုင်းပြမိသွားပါတယ် ’’
ဒီကိုမလာခင်တုန်းက အတွင်းရေးမှုးနင်က တိတ်တဆိတ်ဘဲလုပ်ကာ ဘာအဓိပ္ပါယ်မရှိတာမှ မပြောမိစေရန် မှာထားခဲ့သည်
သူတို့ကလည်း ထိပ်တန်းစတိုင်လစ်အဖွဲ့တခုဖြစ်ကာ ကိုယ်ပိုင်စည်းမျဉ်းရှိသော အဖွဲ့ဖြစ်သည်
အခုချိန်မှာ သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ဒီအခန်းထဲက နတ်ဘုရားမလေးအား ဒီလိုပြောလိုက်မိသည်မှာ ရိုင်းပြမိသွားသလိုခံစားလိုက်ရသည်
ချီကျန်းကျန်းလည်း ထိတ်လန့်သွားပြီးနောက် ချောင်းဟန့်လိုက်လေသည်။
‘‘ဘာမှမဖြစ်ပါဘူး ’’
မိတ်ကပ်ပညာရှင်က သူမအကြည့်ကြောင့် တုန်လှုပ်သွားကာ သူမဘာသာပြောလိုက်မိသည်
‘ကျေးဇူးပြုပြီး မပြုံးလိုက်ပါနဲ့တော့ ’
ချီကျန်းကျန်းက မှန်ထဲကိုကြည့်လိုက်ကာ အံ့ဩသွားသည် သူမကိုသူမ ဒီလောက်လှနိုင်လိမ့်မယ်လို့ မ မျှော်လင့်ထားခဲ့ပေ၊ မူလပိုင်ရှင်ရဲ့မျက်နှာက သူမမျက်နှာအား အဆင့်မြှင့်ထားသလိုပင်ဖြစ်သည် သူမကကြည့်ကောင်းတယ်လို့ သူမကိုယ်သူမ သိပေမယ့်
ဘယ်တုန်းကမှ ကောင်းကောင်းမွန်မွန်မဝတ်ခဲ့ဖူးတဲ့ အတွက်ကြောင့် သူမကဒီလောက်ထိလှနိုင်တယ်ဆိုတာ မသိခဲ့ပေ
သူမကိုယ်သူမ အံ့အားသင့်စရာတခုလို စိုက်ကြည့်နေလိုက်သည်
‘‘အားလုံးပြီးသွားပါပြီ အတွင်းရေးမှုးနင် ’’
သူမ ထရပ်လိုက်ကာ နောက်မှလက်ထောက်က သူမဝတ်စုံအားပြင်ဆင်ပေးရင်း အလုပ်များနေသည်
ထို့နောက် ချီကျန်းကျန်းက အတွင်းရေးမှုးနင်အား ကြည့်လာသည်
အတွင်းရေးမှုးနင်က နောက်တကြိမ်ထပ်မံ ထိတ်လန့်သွားကာ မတတ်နိုင်ဘဲ စကားတခွန်းကို ပြောလိုက်မိမတတ်ပင် ဖြစ်သွားသည်
-မစ်(စ်)ချီ ရေ。。。ရှင်က နတ်နှင်းရည်ကိုသောက်၊နတ်သမီးမြက်ကိုစားပြီးတော့များ ကြီးလာခဲ့တာလားဟင်
သူမမျက်တောင်ခတ်လိုက်ကာ သူမ၏အတွင်းရေးမှုးအရှိန်အဝါကို တည်ငြိမ်စေရန် ထိန်းသိမ်းလိုက်ပေ သည်
သူမကရှေ့သို့ လျှောက်လာကာပြောလာသည်
‘‘မစ်(စ်)ချီ ဒါက ဘောစ့်က မစ်(စ်)အတွက်ပြင်ပေးထားတဲ့ လက်ဝတ်ရတနာတွေပါ တချက်လောက်ကြည့်လိုက်ပါအုံး ’’
သူမပြောလိုက်ပြီးနောက် ဂရုတစိုက်နှင့်ပင် သူမတချိန်လုံးကိုင်ထားခဲ့သော ဘူးအားဖွင့်ပြလာသည်
ဒီဘူးကို သူမဝင်လာကတည်းက ဂရုတစိုက်ကိုင်လာခြင်းက ပြုတ်ကျသွားတာ၊တိုက်မိသွားတာမျိုးမဖြစ်လာစေရန်အတွက် ဖြစ်သည်
‘‘Wow!!!အရမ်းကိုလှတာဘဲ ’’ချီကျန်းကျန်းက အဲ့ဒါကဘာလည်းဆိုတာကို သေချာမသိပေမယ့် မတတ်နိုင်ဘဲ သက်ပြင်းရှိုက်လိုက်မိသည်
အဲ့ဒါက အပြာရောင်ကျောက်မျက်များ စီခြယ်ထားသောလည်ဆွဲတစ်ခုဖြစ်သည် အပြာရောင်ကျောက်မျက်များက တောက်ပနေသော ပြောင်းပန်းပွင့်များလိုဖြစ်သည် ချီကျန်းကျန်းက ကျောက်မျက်ရတနာအကြောင်းသိပ်သိတဲ့သူ မဟုတ်ပေ၊ သူမအမြင်မှာတော့ လည်ဆွဲကအရမ်းကိုလှပကာ သူမဝတ်စုံနှင့် တကယ်ကိုလိုက်ဖက်ပေသည်
အဲ့ဒါထက်ပိုပြီး ဘာမှမဟုတ်တော့ပေ။
အတွင်းရေးမှုးနင်က ခနရပ်သွားကာ ဒီကျောက်မျက်အစုံက ဒီလိုမှတ်ချက်ကိုသာ ရလိမ့်မယ်လို့ သူမဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
သူမအမူအရာက အရမ်းကိုတည်ကြည်သွားတော့သည် နောက်ဘက်ရှိလက်ထောက်များက လက်အိတ်ဝတ်လိုက်ပြီးနောက် လည်ဆွဲကို လက်နှစ်ဖက်ဖြင့် ဂရုတစိုက်ထုတ်လိုက်ကာ ချီကျန်းကျန်းအား ဆင်ပေးလာသည်
ချီကျန်းကျန်းက ဒီနေ့ညမှာ သူမ အရမ်းလှနေတာနဲ့ ပတ်သက်ကာ ယစ်မူးနေတုန်းဖြစ်တာကြောင့် လည်ဆွဲအား သိပ်အာရုံမစိုက်လိုက်ပေ
လက်ဝတ်ရတနာက ဝတ်စားပြင်ဆင်ထားတဲ့အမျိုးသမီးတယောက်ရဲ့ နောက်ဆုံးသောပြင်ဆင်မှုဖြစ်သည် ချီကျန်းကျန်းက သူမကိုသူမ မှန်ထဲတွင်ကြည့်လိုက်ကာ တွေးလိုက်မိသည်
ဒီညမှာ ဝမ်စီစီက သူမကိုသတ်ချင်စိတ်တော့ ဖြစ်မလာနိုင်လောက်ပါဘူးနော်....
နောက်ဆုံးမှာ သူမကဒီလိုမျိုးဝတ်စားပြင်ဆင်လာတော့ မီးမောင်းထိုးပြတာကို လုယူလိုက်သလိုများဖြစ်သွားမလား。。
xxxxxx