အပိုင်း ၇၁
Viewers 26k

Part 71


‘‘စီစီ နင်ဘာတွေကြည့်နေတာလဲ ’’ ရှုကျားဟုန်က ဝမ်စီစီ ထံသို့ လျှောက်လာခဲ့သည်


ဒီညမှာ ရောက်နေတဲ့မိန်းမပျိုများ အားလုံးက ပွဲအခါသမယ အတွက် ဝတ်ဆင်လာကြလေသည်

မီးမောင်းထိုးပြခံရတာကို မကြိုက်တဲ့ လူငယ်ဆိုတာမရှိပေ၊ အထူးသဖြင့် ဒီနေ့ညတွင် သူတို့အသိုင်းအဝိုင်းထဲက မိန်းမပျိုများနှင့် ယောက်ျားသားများအကုန်ရောက်နေကာ အားလုံးက အခြားသူများနှင့် နှိုင်းယှဉ်ခံရမည်ကို ကြောက်ရွံ့ကြလေသည်


ဝမ်စီစီက တံခါးဆီမှ သူမအကြည့်ကိုရုတ်လိုက်ကာ ပြောလာသည်

‘‘ငါဘာမှမကြည့်ပါဘူး ’’


အချိန်တွေအများကြီးကျော်သွားပြီ‌ဆိုတော့ ချီကျန်းကျန်းက မလာလောက်တော့ဘူးမလား


သူမတကယ်ဘဲ ဘာတွေမျှော်လင့်မိနေတာလဲ အဲ့ဒီပုပ်သိုးနေတဲ့ ကောင်မလေးက သေသေချာ‌ချာကိုပြောလိုက်တာ မလာဘူးဆိုပြီး。。。


ရှုကျားဟုန်လည်း သိပ်ပြီးဂရုမစိုက်တော့ဘဲ ပြောလာသည်။


‘‘စီစီ နင်နဲ့အန်းချင်ယုက ရန်ဖြစ်ထားတာလား နင်အခုတလော ငါတို့နဲ့အတူ ပါတီတွေမတက်ဖြစ်တာကြာပြီနော် ချင်ယုပြောလို့ ငါကြားမိတာကတော့ နင်ကချီကျန်းကျန်းနဲ့ ဆက်သွယ်ဖြစ်နေတယ်ဆို ’’


‘‘အန်းချင်ယုက ဘာမဆိုလိုက်ပြောနေတော့တာဘဲ အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ် ’’

ဝမ်စီစီက သူမမျက်လုံးများကို လှန်လိုက်မိသည်


‘‘စီစီ နင်ဘာလို့အဲ့လိုပြောရက်ရတာလဲ ချင်ယုနဲ့ ငါတို့ခင်လာတာက အတော်ကြာခဲ့ပြီကို နင်ကဒီတိုင်း。。 ’’


‘‘အိုင်းယားး ဒီနေ့က ငါ့မွေးနေ့‌နော် ၊ ငါ ဒါနဲ့ပတ်သက်ပြီးထပ်မကြားချင်တော့ဘူး နင်ဒီအကြောင်းကိုဆက်ပြောနေမယ်ဆိုရင်တော့... ငါတောင်းပန်ပါတယ် ဝေးဝေးသွားလိုက်တော့ ’’


ဝမ်စီစီက မယဉ်ကျေးနိုင်တော့ပေ၊ သူမ‌အမူအရာက စိတ်မရှည်မှုများနှင့် ပြည့်နှက်လာသည်


ရှုကျားဟုန်ရဲ့ အမူအရာကအနည်းငယ်ပြောင်းလဲသွားပြီးနောက် သူကအပြုံးတခုကို ဖော်ပြလာကာ ပြောလာခဲ့သည်

‘‘တော်ပြီ ပြောတာရပ်လိုက်ပြီ ငါဒီနေ့ စီစီ့မွေးနေ့ကို ဂုဏ်ပြုပေးရလို့ ပျော်တယ် ’’


သိပ်မဝေးတဲ့နေရာမှ ဝမ်ရိရန်က အော်ပြောလာခဲ့သည် 

‘‘ဝမ်စီစီ ဒီကိုလာခဲ့အုံး ’’


ဝမ်စီစီက သူမ၏ဒေါက်ဖိနပ်ဖြင့်ထရပ်လိုက်ကာ အမြန်ပင်လျှောက်သွားလိုက်ပြီး ရှုကျားဟုန်က နောက်မှလိုက်လာခဲ့သည်


‘‘ဘာဖြစ်လို့လဲ ’’ ဝမ်စီစီကမေးလိုက်လေသည်


‘‘ဒါက ချင်ယုနဲ့ငါ အတူတူရွေးထားတဲ့ နင့်အတွက်လက်ဆောင် နင်ကြိုက်လားဆိုတာ ကြည့်လိုက်ပါ

အုံး ’’

ဝမ်ရိရန်က ပြုံးလိုက်ကာ သူမအား ဘူးတခုကို ကမ်းပေးလာသည်


အန်းချင်ယုလည်းဘဲ ပြုံးလိုက်ကာ ပြောလာလေသည်

‘‘ဟုတ်တယ် စီစီ happy birthday ပါ ဖွင့်ပြီးတချက်ကြည့်ကြည့်လိုက်လေ နင်‌ကြိုက်မယ်ဆိုတာ ငါသေချာတယ် ’’


ဒီနေ့သူမက အရမ်းလှပစွာ ဝတ်ဆင်လာကာ သူမရဲ့မိတ်ကပ်က ပြီးပြည့်စုံနေသည်၊ သူမက ရှိသမျှလူများထဲတွင် မျက်လုံးအဖမ်းစားနိုင်ဆုံး တယောက်လို့ပြောနိုင်ပေသည် 

ယောက်ျားလေးအများစုက သူမအားကြည့်နေကြကာ

ဝမ်ရိရန်သာဘေးမှာ ရှိမနေလို့ကတော့ သူမကိုစကားလာပြောချင်တဲ့ ယောက်ျားလေးတွေက ဘယ်လောက်တောင်ရှိနေမလဲဆိုတာ မသိနိုင်ပေ။


အန်းချင်ယုက အာရုံစိုက်ခံနေရတာကို ပျော်မွေ့နေလေသည်။


 သူမဝတ်စုံအတွက် အချိန်ပေးလာရတာ အလကားမဖြစ်တော့ဘူး。。。


ဝမ်ရိရန်လည်း ဒီမှာရှိနေသည့်အတွက် ဝမ်စီစီက အန်းချင်ယုအား မျက်နှာသာပေးလိုက်ကာ ဘာမှ

ပြောမနေတော့ဘဲ ဘူးအားသူမလက်ဖြင့်ဖွင့်လိုက်လေသည်


-အဲ့ဒါက limited edition အမျိုးသမီးဝတ်နာရီ တလုံးဖြစ်သည်


‘‘မင်းဒါကို ကြိုက်လား ’’ ဝမ်ရိရန်ကထပ်မေးလာသည်


ဝမ်စီစီက တောက်ပစွာပြုံးလိုက်ကာ ‘‘ငါဒါကို ကြိုက်တယ် ’’


သူမ ဘာလို့ကြိုက်လဲဆိုရင် ဒါက ဝမ်ရိရန်ရဲ့ သူ့ဝမ်ကွဲ‌အပေါ်  အလေးပေးနှစ်သက်မှုကြောင့် ဖြစ်သည်

သူမ လက်ခံနေရတဲ့ နာရီတွေက ဘယ်နှစ်လုံးလောက် တောင် ရှိနေပြီလဲဆိုတာ သူမ မသိပေ၊ သူမနာရီ ပြောင်းမဝတ်ချင်ဘူးဆိုရင်တောင်မှ ဒါကို ကြိုက်လေသည်


‘‘နင်ကြိုက်ရင် ပြီးတာပါဘဲ ’’ 

ဝမ်ရိရန်က ပြုံးပြလာသည်


သူ့ရဲ့ဘေးတွင်တော့ အန်းချင်ယုက သူ့လက်မောင်းကိုချိတ်ထားကာ ‘‘ဟုတ်တယ် စီစီက အဲ့ဒါကိုကြိုက်တယ်ဆိုတာမြင်ရတော့ ငါတကယ်ပျော်သွားပြီ ’’


ဝမ်ရိရန်က သူမအားလှည့်ကြည့်လိုက်ကာ ဒါကိုရွေးဖို့အတွက် သူမဘယ်လိုတောင်ကြိုးစားခဲ့လဲဆိုတာကို ပြန်မြင်ယောင်လာခဲ့သည် သူက သူမလက်ကိုပုတ်ပေးလိုက်ကာ ခေါင်းငုံ့လာပြီး သူမ၏နား စီသို့‌ကပ်ကာပြောလာခဲ့သည်

‘‘မင်းဒီနေ့ညမှာ အရမ်းလှနေတာဘဲ၊ ‌မင်း‌မွေးနေ့ရောက်ဖို့သာစောင့်နေလိုက် ကိုယ်ကိုယ်တိုင် မင်းအတွက်လက်ဆောင်ကိုရွေးပေးမယ် ’’


အန်းချင်ယု မျက်လုံးများတောက်ပလာပြီးနောက် ဝမ်ရိရန်အား ရှက်ရွံ့စွာ ဖိဆိတ်လာလေသည်


‘‘Wowww’’ အခြားသူများက အားပေးအားမြှောက်ပြုလာကြလေသည်


ရုတ်ရုတ်သဲသဲဖြစ်ပြီးနောက် သူတို့ကဝမ်စီစီအား ဝန်းရံလိုက်ကာ မွေးနေ့လက်ဆောင်များပေးလာကြသည်


ထိုအချိန်တွင် တံခါးဆီမှ အသံတခုထွက်ပေါ်လာကာ စားပွဲထိုးတယောက်က ရှည်လျားသောအဇူရာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတယောက်နှင့်အတူ ဝင်‌လာခဲ့လေသည်


အပြင်ဘက်မှအလင်းက သိပ်မလင်းပေမယ့်  အထဲမှာတော့ အရမ်းလင်းနေလေသည်


သူမဝင်လာတာနှင့်အမျှ လူတိုင်းကသူမအား ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည် သူမ၏ ဝေ့ရမ်းနေသောဝတ်စုံ၊ နူးညံ့သိမ်မွေ့သော မျက်နှာအသွင်အပြင်၊ သူမလက်ကောက်ဝတ်က ဖဲကြိုးပြာနှင့် တလက်လက်တောက်ပနေသော လည်ဆွဲတို့ကိုပါဖြစ်သည်


လူတိုင်းက အတော်လေးကို ထိတ်လန့်သွားကြသည်


‘ဒေါက်。。ဒေါက်。。ဒေါက် ’ 

ချီကျန်းကျန်းက သူမ၏ဒေါက်ဖိနပ်ဖြင့် တလှမ်းချင်းလျှောက်လာကာ အထဲသို့ဝင်လာခဲ့သည်


တချို့မိန်းကလေးတွေက သူတို့ရဲ့ကိုယ်ပိုင်ရုပ်ရှင်နှင့် တီဗီ effectတွေကို သုံးကာ ဖြေးဖြေးချင်းဝင်လာသကဲ့သို့ပင် အရမ်းကိုလှပနိုင်ကြပေသည်

ရုတ်တရက်တိတ်ဆိတ်နေတဲ့ ခန်းမထဲတွင် ပုံမှန်အတိုင်းတီးခတ်နေသော orchestraအဖွဲ့၏ တီးလုံးက သူမ၏ပုံရိပ်‌ကိုပံ့ပိုးနေသလိုပင် ဖြစ်နေလေသည်


‘‘ချီကျန်းကျန်း ’’ ဘယ်သူကများ သူမအမည်ကိုတီးတိုးဆိုလိုက်မှန်း မသိလိုက်ပေ။


ထိုအခါမှသာ လူတိုင်းက သတိပြန်ဝင်လာခဲ့ကြသည်

ရောက်လာတဲ့သူက တကယ်ကို ချီကျန်းကျန်းဘဲ。。


အန်းချင်ယုက ဝမ်ရိရန်အား ပထမဆုံးလှည့်ကြည့် လိုက်သည့်အခါ သေချာပေါက်ပင် သူက ချီကျန်းကျန်းအား စွဲမက်စွာ ကြည့်နေလေသည်မှာ သတိပင်ပြန်မဝင်လာခဲ့ပေ။


သူမလက်အားချက်ချင်းပင် ဆုပ်လိုက်ကာ လက်ဖျားများတောင် ဖြူဖျော့သွားလေသည်


ဝမ်စီစီ၏မျက်လုံးများ တောက်ပလာကာ သူမအားကြိုဆိုရန်အမြန်ထွက်လာခဲ့လေသည်


သူမအသံတွင် သူမကိုယ်တိုင်သတိမထားမိလောက်သော အံ့အားသင့်မှုများ ရောယှက်နေကာ မာဆတ်ဆတ်ပြောလာလေသည်

‘‘ဘာလို့ ဒီလောက်တောင်ကြာနေရတာလဲ ’’


ချီကျန်းကျန်း ခပ်ရေးရေးသာပြုံးပြလာကာ သူမအသံကနူးညံ့နေလေသည် 

‘‘မိတ်ကပ်လိမ်းဖို့ အလုပ်ရှုပ်နေတာလေ ပြီးတော့ ငါ့ရဲ့ထွက်ပေါ်လာမှုအတွက် လေ့ကျင့်နေခဲ့တာ’’


ဝမ်စီစီ ".... ’’


ဘာပြောတယ်...


ဝင်လာဖို့အတွက်လေ့ကျင့်နေတာ。。。


ဝမ်စီစီရဲ့ မြင့်တက်လာတဲ့ခံစားချက်တွေက လုံးဝကိုပျောက်ကွယ်သွားတော့သည် မတတ်နိုင်တော့ဘဲ သူမအံကြိတ်လိုက်ကာ ချီကျန်းကျန်းအား စကားလုံးများဖြင့် ပစ်ပေါက်လိုက်လေသည်

‘‘ထွက်သွားစမ်း!!’’


‘‘အမကျန်းကျန်း ၊ မမလည်းဒီကိုရောက်လာတာဘဲ’’

အန်းချင်ယုကပြုံးပြလာကာ သူမအသံကနူးညံ့နေ၏


ချီကျန်းကျန်းက သူမမျက်လုံးများကိုကြည့်လိုက်သည်အခါ ဘာအပြုံးရိပ်ကိုမှမတွေ့ရချေ အေးစက်မှုနှင့်စက်ဆုပ်မှုတို့ကိုသာ တွေ့လိုက်ရလေသည်


ဝမ်းနည်းနေတာလား 


အိုး。。ဒါဆိုရင်သူမ ပျော်တယ်


ဒီနေ့တွင် အန်းချင်ယုက သူမ၏စိတ်နေသဘောထားနှင့် တူညီလုနီးပါးဖြစ်နေသော အဖြူရောင်ဝတ်စုံအား ဝတ်ဆင်လာကာ အခြားလူများအား သူမကိုကာကွယ်လိုစိတ်ဖြစ်လာစေ၏


ဒီညပွဲမှာ ရှိနေတဲ့မိန်းကလေး‌များထဲတွင် သူမက ကြည့်အကောင်းဆုံးမိန်းကလေးဟု ဆိုနိုင်ပေသည်


-ဒါပေါ့ အဲ့ဒါကချီကျန်းကျန်း ရောက်မလာခင်ထိသာဖြစ်သည်


ချီကျန်းကျန်းက တောက်ပစွာပြုံးပြလာသည်

‘‘ငါကဘာလို့မလာဘဲနေရမှာလဲ  ဝမ်စီစီကိုယ်တိုင်ငါ့ကိုဖိတ်ထားတာလေ ’’


လူတိုင်းကအတော်လေး တိတ်ဆိတ်သွားကြသည် ၊သူတို့အနေဖြင့် ဝမ်စီစီက ချီကျန်းကျန်းအားဖိတ်လထားတာကို မမျှော်လင့်ထားခဲ့ပေ ။


ဝမ်စီစီက သူမနှင့်ရင်းနှီးနေသော လူများနှင့် အန်းချင်ယုအား ဖိတ်လာခဲ့ကာ သေချာပေါက်ကို သူတို့အသိုင်းအဝိုင်းထဲတွင် ချီကျန်းကျန်းနှင့် ရင်းနှီးနေသောသူ တယောက်မှမရှိပေ၊


‘‘ဒီမှာ နင့်အတွက်လက်ဆောင် happy birthdayပါ’’ ချီကျန်းကျန်းက သူမလက်ထဲကအိတ်အား ဝမ်စီစီကိုလှမ်းပေးလိုက်သည်


ထို့နောက် သူမက ဝမ်စီစီကိုတချက်ကြည့်လိုက်ပြီး မတတ်နိုင်ဘဲ ခေါင်းငြိမ့်ပြလိုက်သည် 

‘‘မဆိုးဘူး အနီရောင်ဝတ်စုံက နင်နဲ့အရမ်းလိုက်တယ် ပူစပ်စပ်ချီလီငရုတ်ကောင်းလေး အရမ်းလှနေတယ် ’’


ဘာကြောင့်ဆိုတာ ဘယ်သူမှမသိနိုင်ဘဲ ဝမ်စီစီမျက်နှာက အနည်းငယ်ပူလာခဲ့ကာ ပြောလိုက်သည်

‘‘နင်လည်း အတော်လေးကိုကြည့်ကောင်းနေတာဘဲ 

နင်ဖြစ်ချင်နေတဲ့ အာရုံစိုက်ခံရတာကို ရသွားပြီမလား ချီးးးဒါကငါ့မွေးနေ့ပွဲနော် ’’


ဒါကသေချာပေါက်ပင် လိုက်လိုက်လျောလျောပြောလာခြင်းဖြစ်ကာ သူမအသံနှင့်မျက်လုံးထဲတွင် ဘာဒေါသမှာရှိမနေကာ အကူညီမဲ့မှုနှင့် ရီချင်စိတ်တို့သာ ရှိနေလေသည်


ပုံမှန်အားဖြင့် သူမက စုတ်ပြဲသောဆွယ်‌တာကိုသာရက်အနည်းငယ်လောက်ဝတ်ဆင်နေတတ်ကာ သူမအတွက်လည်း သူကပိုက်ဆံရှင်းပေးရလေ့ရှိပေသည်

သူမကို မိချောင်းပုံစံညအိပ်ဝတ်စုံကို‌ပေးရင်လည်း လက်ခံပေလိမ့်မည် ဒီ‌နေ့မှာတော့ သူမက လှပစွာဝတ်ဆင်လာသည်မှာ မွေးနေ့ရှင်သူမအား မျက်နှာသာပေးလာရန်အတွက်ပင်ဖြစ်ပေသည်


ချီကျန်းကျန်းကလည်း သူမအသံကိုနှိမ့်လိုက်လေသည်

‘‘ဘယ်သူကများ ငါ့ကိုဖိတ်ဖို့ နင့်ကိုပြောလိုက်လို့လဲ 

ငါကအရင်တည်းကချောနေပြီးသား တကယ်လို့ငါသာမလာခဲ့ရင် အန်းချင်ယုက ဒီမှာအလှဆုံး ဖြစ်နေတော့မှာမဟုတ်ဘူးလား ငါအဲ့ဒါကိုသိလို့ ဒီကိုလာပြီး သူမကို နှိပ်စက်ဖို့လာခဲ့တာ ’’


ဝမ်စီစီက ထိန်းမထားနိုင်တော့ဘဲ သူမနှုတ်ခမ်းများအနည်းငယ်မြင့်တက်လာခဲ့သည်


သူမအနေဖြင့် ချီကျန်းကျန်းကတည့်တိုးပြောတတ်တာကို သဘောကျပေသည် သူမက ပြောချင်တာမှန်သမျှပြောနိုင်လေသည်


အရင်တုန်းက သူမက ဒါကိုစိတ်ရှုပ်ဖို့ကောင်းတယ်လို့ တွေးခဲ့ပေမယ့် ဘယ်အချိန်ကစလာတာလည်းတော့မသိပေ အဲ့ဒါကသူမအတွက် အသားကျလာခဲ့သည်


‘‘အိုင်းယားး မစ်(စ်)ချီ မတွေ့ရတာကြာပြီနော် ရှင်အိမ်ကထွက်လာပြီးတော့ အပြင်မှာနေနေတယ်လို့ ကျွန်မကြားလိုက်မိတယ် ’’


အန်းချင်ယု၏ ညီအမများထဲမှ တယောက်က ပြုံးလိုက်ကာ ပြောလာသည်


သူမမျက်လုံးက တောက်ပနေကာ စိုးရိမ်လို့မဟုတ်ပေ။


ချီကျန်းကျန်းက မထူးခြားစွာပြုံးလိုက်ကာ သူမအားဂရုမစိုက်ခဲ့ပေ။


အဲ့ဒီလူ၏ အမူအရာကပြောင်းသွားပြီးနောက် ရှုကျားဟုန်က ပြုံးလိုက်ကာ သူမ မလှောင်ပြောင်လိုက်ခင်ပြောလာခဲ့သည်


‘‘မင်းကို စီစီက ဖိတ်လို့လာခဲ့မှတော့ လာလေ အတူပျော်ရအောင် မစ်(စ်)ချီက စီစီအတွက် ဘာ‌လက်ဆောင်များ ပြင်လာမလဲဆိုတာ တကယ်သိချင်မိတယ် ’’


‘‘ဟုတ်သားဘဲ စီစီ မြန်မြန်လေးအဲ့ဒါကိုဖွင့်လိုက်လေ ဘာလဲဆိုတာ ကြည့်ကြည့်ရအောင် ’’


‘‘ငါတို့တွေ စီစီရဲ့မွေးနေ့ကို မစ်(စ်)ချီနဲ့ ကျင်းပတာက ဒါပထမဆုံးဘဲ ငါလည်းဘဲ မစ်(စ်)ချီ ဘာလက်ဆောင်ပေးမလဲဆိုတာ သိချင်တယ် ’’


‘‘စီစီ အဲ့ဒါကိုမြန်မြန်ဖွင့်ကြည့်လိုက်ရအောင် ’’


လူတိုင်းကအားပေးလာကြသည်


ဝမ်စီစီက ချီကျန်းကျန်းအား ကြည့်လိုက်ကာ သူမပေးတဲ့ လက်ဆောင်ကဘာဖြစ်မလဲ ဆိုတာကို သိချင်နေမိသည် 

ဒီလူတွေက သိသိသာသာကို ပွဲတစ်ခုကိုကြည့်ချင်နေတာပင်ဖြစ်သည် ဒါကြောင့်သူမက အနည်းငယ်တုံ့ဆိုင်းသွား၏ သူမ မဖွင့်ဘဲနေလိုက်သင့်သလားလို့...


‘‘ဖွင့်ကြည့်လိုက်လေ ’’ ချီကျန်းကျန်းက ပြုံးကာ ဝမ်စီစီအား ခေါင်းငြိမ့်ပြလာသည်။


အိတ်ထဲမှာက လူတွေမြင်လို့မရတာမျိုး ပါမနေပေ၊ 

သူမ ဒီကိုရောက်လာကာ ဝမ်စီစီအတွက် လက်ဆောင်ပြင်ထားပြီးမှတော့ သူမ၏လက်ဆောင်အတွက် ရှက်မနေသင့်ပေ။


ဝမ်စီစီက ၎င်းအား ဖြေးညှင်းစွာ ဖွင့်လိုက်ကာ သူမစိတ်ထဲတွင် ဘာကိုမှမမျှော်လင့်ထားပေ။


သူမတွေးလိုက်မိသည်၊ ချီကျန်းကျန်း ဒီကောင်မလေးက လမ်းဘေးကကြုံရာကို အလွယ်ဝယ်လာပြီး လက်ဆောင်ပေးနေတာတော့ မဟုတ်လောက်ဘူးမလား....


ဒီမိန်းကလေးက တကယ်ဘဲ အဲ့လိုလုပ်လာနိုင်တယ်


xxxxxx