အပိုင်း ၇၂
Viewers 26k

Part 72


ဝမ်စီစီ သေတ္တာကို ဖြည်းညှင်းစွာဖွင့်လိုက်ချိန်တွင် အ၀တ်​ဖြင့် ပြုလုပ်ထား​သော အရုပ်တစ်ခု ပေါ်လာသည်။


အရုပ်ရဲ့ပုံပန်းသဏ္ဍာန်၊ ဆံပင်၊ အဝတ်​တွေကို ဘယ်လို​ပဲကြည့်ပါစေ ဒီအရုပ်က ဝမ်စီစီနဲ့ အရမ်းတူ​နေပါတယ်။ လက်ရာက အရမ်းမကောင်းပေမဲ့ အားထုတ်ကြိုးစားထားကိုမြင်နိုင်ပါတယ်။ အရုပ်က အရမ်းမကြီးသော်လည်း ထိုအရုပ်၏မျက်နှာပေါ်မှ အပြုံးကြောင့် အလွန်ချစ်စရာကောင်း​နေသည်။


ဝမ်စီစီ အံ့အားသင့်သွားသည်။


"Pfft..." လူအချို့က ထရယ်ကြပါတော့သည်။


အန်းချင်ယု၏ ပါးစပ်ထောင့်များသည်လည်း အနည်းငယ် ပင့်တက်လာသည်။


အရုပ်လေးတစ်ရုပ်သာ ဖြစ်ပေသည်။


"ဟားဟား၊ ချီကျန်းကျန်း၊ မင်းအိမ်ကနေ ထွက်သွားလို့ မင်းတို့မိသားစုက မုန့်ဖိုးဖြတ်လိုက်တာလား။"


"နင့်လက်ဆောင်က အရမ်းစျေးပေါတာပဲဟယ်။ Accessoryဆိုင်ကနေ ဝယ်လာတာလား။"


"ဟားဟား၊ ဒါပေမယ့် ချစ်စရာ​တော့ကောင်းသားပဲ။ စီစီနဲ့နည်းနည်းဆင်တယ်၊ ရှာရတာခက်ခဲ့မှာပဲနော်။"


"အခုခေတ်မှာ အွန်လိုင်းကနေ ဘာမဆိုဝယ်လို့ရတယ်။ လိုင်းပေါ်မှာ ရှာရတာလွယ်ချက်ပဲ။"


"ချီကျန်းကျန်း၊ မင်းပိုက်ဆံ​ပြတ်​နေရင်လည်း ငါတို့ကို ဆက်သွယ်လို့ရပါတယ်ကွာ။"



လူတိုင်းသည် စနောက်နေကြပုံရသော်လည်း တကယ်တော့ အားလုံးက ချီကျန်းကျန်းကို ဆင်းရဲတာကြောင့် လှောင်ပြောင်နေကြခြင်းဖြစ်ပါသည်။


ဒီလူတွေထဲကအများစုဟာ ချီကျန်းကျန်နဲ့ မတည့်ခဲ့ကြပါပေ။


အန်းချင်ယုသည် အလွန်နူးညံ့သိမ်မွေ့စွာဖြင့် "အစ်မကျန်းကျန်း၊ အဆင်ပြေပါတယ်။ ဒါကို လက်ဆောင်အဖြစ်ထည့်တွက်လို့မရပေမဲ့ အစ်မဘယ်လိုအခြေအနေမျိုးလဲဆိုတာ ညီမတို့အားလုံးနားလည်ပါတယ်။"


​ကောင်လေးတစ်စုနဲ့ အတူရပ်နေသည့် ချီကျိုးချန်သည် နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ် ဖိကာ ပိတ်ထားသည်။


သူက မှုန်ကုပ်နေသော မျက်နှာဖြင့် ရှေ့သို့ လျှောက်သွားရင်း အန်းချင်ယုနှင့် ချီကျန်းကျန်းကို လှောင်ပြောင်နေကြသော လူများကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် ချီကျန်းကျန်းဆီသို့ ခေါင်းပြန်လှည့်လိုက်ကာ...


 "အစ်မ အိမ်ပြန်လာပါတော့။ အဖေနဲ့အမေက မင်းကို စောင့်နေကြတာ။ နင်က ချီမိသားစုရဲ့ သမီးကြီးပဲ၊ လိုချင်ရင် အကုန်ရနိုင်တယ်။"


သူသည် ချီကျန်းကျန်းကို ကူညီပေးနေခဲ့သည်။


သူမကို လူတွေရှေ့မှာ "အစ်မ" လို့တောင် ခေါ်နေပါသေးသည်။


ချီကျန်းကျန်းက အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းယမ်းကာ နူးညံ့စွာဖြင့် "ငါနင့်ကို အရင်ကတည်းက ပြောပြီးပြီလေ။ ပြန်မလာတော့ဘူးလို့၊ ငါအခု အပြင်မှာ တကယ်အဆင်ပြေနေတယ်။"


ချီကျိုးချန်က တစ်ခုခုပြောချင်သေးသော်လည်း သူ၏ဘေးတွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဝမ်စီစီက ကြမ်းတမ်းသောချည်အရုပ်ကိုကြည့်ပြီးနောက် သူမကိုလှမ်းကြည့်ကာ...


 "ချီကျန်းကျန်း၊ ဒါကို နင်ကိုယ်တိုင်လုပ်ထားတာလား။"


"ဟုတ်တယ်လေ၊ ကြိုက်လား။" ချီကျန်းကျန်းက ပြုံးလိုက်သည်။


သူမ မနေ့က လက်မှုပစ္စည်းဆိုင်မှာ တစ်ရက်လုံး ဒါကိုလုပ်ရင်းအချိန်ကုန်ခဲ့ရတာပင်။


ဝမ်ယွီ သူမကို လာခေါ်ချိန်မှာတောင် သူမ သိပ်စိတ်တိုင်းမကျသေးခဲ့။


သူမက ပြုံးကာ ဝမ်စီစီကို သဘောကျလားဟုသာ မေးခဲ့သည်။ သူမ၏စျေးပေါသောလက်ဆောင်ကို အခြားသူများက ရယ်​မောနေခြင်းကို ဂရုမစိုက်ခဲ့သလို အခြားသူများက သူမကို ဆင်းရဲသည်ဟူ၍ ​လှောင်ပြောင်နေ​ကြခြင်းကိုလည်း ဂရုမစိုက်ခဲ့ပေ။


ဘာကြောင့်လဲဆိုတာမသိပေမဲ့ ဝမ်စီစီ၏နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာပြန်သည်။


ချွေးများစီးကျနေပြီး သူမကို ဆေးရုံကို ကူပို့ပေးတဲ့ အချိန်တုန်းကကဲ့သို့…


"ကြိုက်တယ်၊ ငါအရမ်းကြိုက်တယ်။" ဝမ်စီစီသည် အရုပ်ထည့်ထားသော သေတ္တာကို ဆုပ်ကိုင်ထားပြီး သူမ၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ပင့်တက်နေကာ ပြောလိုက်သည်။


သူမ၏ ပါးစပ်ထောင့်များသည် အနည်းငယ်သာ ပင့်တက်နေသော်လည်း ဝမ်ရိရန်နှင့် အန်းချီယုတို့ နာရီကို ပေးတုန်းကထပ် ပို၍ တောက်ပစွာ ပြုံးနေခဲ့သည်။ ဒီအချိန်လေးအတွင်း သူမ၏ နှလုံးသားထဲမှ ဖော်မပြနိုင်သော အတက်အကျများကို သူမသာသိပါသည်။


"ဟားဟား၊ နင်ကြိုက်မှာ ငါသိသားပဲ။" ချီကျန်းကျန်းက ပြုံးလိုက်ပြီး သူမရဲ့အပြုံးသည် အရမ်းတောက်ပနေခဲ့သည်။


အခြားလူများကလည်း သေတ္တာကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားကြသည်။


ချီကျိုးချန်၏သူငယ်ချင်း​ဖြစ်ဟန်ရှိသည့် ကောင်​လေးအုပ်စုထဲရှိ လူငယ်လေးတစ်ဦးသည် ချီကျိုးချန်၏ပခုံးပေါ်သို့ လက်တစ်ဖက်ကို လှမ်းတင်လိုက်ရင်း အရုပ်ကို ကြည့်ကာ


 "ဝိုး၊ အစ်မကျန်းကျန်းက အရုပ်လုပ်တတ်တယ်ပေါ့။ ကျွန်​တော့်မွေးနေ့ကျ တစ်ခုလောက်လုပ်ပေးလို့ရမလား။"


ချီကျန်းကျန်းက ဘာမှပြန်မပြောသော်လည်း ဝမ်စီစီက သူ့ကို စိုက်ကြည့်ပြီး "ဒါက ငါ့အတွက်။ နင့်မွေးနေ့ရောက်ရင် ချီကျန်းကျန်းက နင့်ကို တခြားလက်ဆောင်တစ်ခုခု ပေးလိမ့်မယ်။"


ထိုကောင်လေးက နှာခေါင်းကို ထိလိုက်ပြီး အလေးအနက်မထားစွာ "ကျစ်"ဟူ၍ စုပ်သပ်လိုက်သည်။


ချီကျန်းကျန်းက ပြုံးလိုက်ပြီး သူမ၏မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေခဲ့သည်။


လေထုသည် ပြန်လည်၍ အဆင်ပြေလာသည်။


ဝမ်စီစီကိုယ်တိုင်က လက်ဆောင်က ဈေးမကြီးတာကို စိတ်ထဲမထားဘဲ သူမ၏လက်ဆောင်ကို သဘောကျနေတာကြောင့် သူမကို လှောင်ပြောင်ပြောဆိုခဲ့တဲ့သူများသည် မရယ်နိုင်တော့ပေ။


ဝမ်ရိရန် မသိလိုက်စွာပင် ချီကျန်းကျန်းရှေ့သို့ လျှောက်သွားကာ ရပ်လိုက်ပြီး သူမကို လေးလေးနက်နက် စိုက်ကြည့်​နေသည်။


သူ့နောက်မှ အန်းချင်ယု၏မျက်နှာက ချက်ချင်းပျက်သွား​ေလသည်။


"မင်း…" ဝမ်ရိရန် ပါးစပ်ကို ဖွင့်လိုက်သည်။


"ဘာကိစ္စရှိလို့လဲ။" ချီကျန်းကျန်းသည် ဝမ်ရိရန်ကို အလွန်သဘောမကျတာကြောင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


ဝမ်စီစီမှာ အဆိပ်ပြင်းတဲ့ ပါးစပ်ရှိပြီး သူမဟာ ဘယ်သူ့ကိုမဆို အဆိပ်ပြင်းစွာပြောပေမဲ့ ဝမ်ရိရန်ကတော့ ဝမ်ယွီတစ်ယောက်တည်းကိုသာ နာကျင်စေခဲ့ပါတယ်။


အရင်ကတည်းက သူ့ကိုမုန်းနေခဲ့တာဖြစ်ပြီး အခုဆို သူ့ကို ပိုလို့တောင်မုန်းလာပြီဖြစ်သည်။


ဝမ်ရိရန်က သူဘာကြောင့် သူမဆီလျှောက်လာခဲ့မှန်းမသိတာကြောင့် ထူးဆန်းသောအမူအရာဖြင့် "ချီကျန်းကျန်း၊ မင်းနဲ့ဝမ်ယွီတို့ နေ,နေတဲ့ အိမ်က ကျန်းယဲ့ရဲ့..."


အဲဒါကြောင့် ဝမ်ယွီသည် အမှန်တကယ် အရည်အချင်းမရှိပါပေ။


ထိုသို့ပြောပြီးနောက် ဝမ်ရိရန်၏မျက်လုံးထဲတွင် စိတ်ပူပန်မှု အနည်းငယ် ပေါ်လာသည်။ ဒီလိုစကားမျိုး ထွက်လာလိမ့်မယ်လို့ သူ ထင်မထားမိခဲ့။


ချီကျန်းကျန်းက ပို၍ပင် တင်းကြပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။


ဝမ်ကျင်းအိမ်ရာက ဘယ်သူပိုင်လဲဆိုတာ သူမ မသိ​​ပေ။ ဝတ္ထုကိုသာ သူမခေါင်းထဲတွင် ထည့်ထားတာကြောင့် ဝမ်ယွီနေထိုင်သည့်နေရာကို သိပ်ဂရုမစိုက်ခဲ့ပေ။


ဒါပေမယ့် သူမသည် ကျန်းယဲ့ကိုတော့ သိပါသည်။ ဝမ်ယွီ ချီမိသားစုနဲ့ ဝမ်မိသားစုကို ဖျက်ဆီးတဲ့အချိန်က ကျန်းယဲ့သည် သူ့လက်အောက်ငယ်သားတွေထဲက တစ်ယောက်ဖြစ်ခဲ့သည်။ သူသည် ဝမ်ယွီကို တစ်လျှောက်လုံး ကူညီပေးခဲ့ပြီး ချီမိသားစုနဲ့ ဝမ်မိသားစုကိုတောင် လှောင်ပြောင်သေးပါသည်။ ဘယ်လိုပဲကြည့်ကြည့် သူတို့ရသင့် ရထိုက်တာကို ရလိုက်သည်ဟု သူက တွေးခဲ့သည်။


ဝမ်ရိရန်က သူမကို ဘာကြောင့် ဒီလိုစကားမျိုး လာပြောတာပါလိမ့်။ သူက ပြဿနာရှာပြီး ဝမ်ယွီကို ထပ်ဒုက္ခပေးချင်နေတာလား။


သူမ ခေါင်းမော့ပြီး သူ့ကို​ပြန်စိုက်ကြည့်ကာ "ဒါ နင့်ကိစ္စ မဟုတ်ဘူး။ ဝမ်ယွီကို ဒုက္ခပေးဖို့ ထပ်စဉ်းစားမနေနဲ့တော့။"


ဝမ်ရိရန်က ဒီအဖြေကို မမျှော်လင့်ထားတာကြောင့် သူ့လက်ကို လက်သီးအဖြစ် ခဏလောက်ဆုပ်လိုက်ပြီး သူမကို လေးနက်စွာ စိုက်ကြည့်လိုက်တယ်။


ချီကျန်းကျန်းက သူ့ကို ဂရုမစိုက်ချင်တော့တာကြောင့် ဝမ်စီစီဘက်ကို ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး "စားစရာတွေ ဘယ်မှာလဲ။ ငါတစ်ခုခုစားမှဖြစ်တော့မယ်။ ဗိုက်ဆာနေ​ပြီ။"


ဝမ်စီစီ: “…” သူမ၏ ပါးစပ်ထောင့်များ တွန့်သွားလေသည်။


ရွီကျားဟုန်က အန်ချင်ယုထံချဉ်းကပ်ပြီး အသံတိုးတိုးလေးဖြင့် "ချင်ယု၊ ရိရန်ဘာဖြစ်နေတာလဲ။"


အန်းချင်ယုက ဘာမှပြန်မပြောဘဲ ချီကျန်းကျန်းကိုသာ အန္တရာယ်ရှိသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။


ဒီခွေးမကတော့...


xxxxxx