အပိုင်း၁၀၁
Viewers 11k

🥰 Chapter 101 ✅


မင်လျိုရီက ရှောင်ဖန်းကို ကျေးဇူးတင်လိုက်ပြီး ဆန်ပြုတ်နှင့်ဆားရည်စိမ်အသီးအရွက်ကိုတွဲ၍ စားလိုက်သည် ။ 


ရှောင်ဖန့်က သူမဘေးတွင် အဖျားတိုင်းစက်ဖြင့် ရပ်နေသည်။ သူမက မင်လျိုရီ၏နဖူးကို ချိန်ထားပြီး စက်ကအသံနှစ်ခါမြည်သွားသည်။


၃၆.၇ ဒီဂရီ 


အပူချိန်က ကျဆင်းသွားပြီ။ 


မင်လျိုရီလည်း အဖျားပျောက်သွားတာကို တွေ့ပြီး ပျော်ရွှင်သွားသည်။ အဖျားရှိနေခြင်းက လုံးဝသက်တောင့်သက်သာမရှိပေ။ သူမ နောက်တစ်ခါ ဘယ်တော့မှ ရေခဲမုန့်မစားတော့ဘူးဟု တိတ်တဆိတ်သံဓိဌာန်ချမှတ်လိုက်သည် ။ 


မင်လျိုရီ အစာစားပြီးနောက် ယောင်ကျိကျိုးကို သတင်းကောင်းပြောပြရန် အပေါ်ထပ်သို့ ပြေးတက်သွားသည်။ 


ယောင်ကျိကျိုးက မင်လျိုရီ၏ တံခါးဖွင့်သံကိုကြားပြီး ပြောလက်စဖုန်းကိုအပြီးသတ်လိုက်သည် ။ မင်လျိုရီက ပျော်ရွှင်နေသည့်အရိပ်ယောင်ဖြင့် ပြောလာသည်။ 


" ကျွန်မမှာ အဖျားမရှိတော့ဘူး... ကျွန်မ အခုအဆင်ပြေသွားပြီ "


ယောင်ကျိကျိုးက လက်မြှောက်ကာ ပြောလိုက်သည်။ 


" ဒီကိုလာခဲ့ "


မင်လျိုရီက ချက်ချင်းပဲ သူမနဖူးကို ယောင်ကျိကျိုး၏လက်နှင့် ကပ်ပေးလိုက်သည်။ ယောင်ကျိကျိုးက အဖျားစမ်းကြည့်ပြီးနောက် သူ့လက်ကိုပြန်ချကာ အပြုံးနှင့်ပြောလိုက်သည်။ 


" ဟုတ်တယ် အဖျားကျသွားပြီ ..."


" မင်းဆန်ပြုတ်ရောစားပြီးပြီလား... ပြီးရင် အအေးမိတာအတွက် ဆေးသောက်ဖို့လိုသေးတယ်နော်... ကိုယ်အခုနလေးတင် မင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကို ကြားပြီး အိမ်အကူကို မနှိုးခိုင်းလိုက်တာ"


မင်လျိုရီက ခေါင်းညိတ်လိုက်သည်။ 


" ကျွန်မ အခုနလေးတင် အစားနည်းနည်းစားခဲ့တယ်... ခဏနေကျရင် ကျွန်မ ဆေးသောက်လိုက်ပါ့မယ်... ရှင်ဘာတွေ အလုပ်ရှုပ်နေတာလဲ..."


" ယောင်ကျိရန်ဘက်က အလုပ်များနေပြီ ... ဟဲရှန့်အခုလေးတင် ကိုယ့်ကိုပြန်တင်ပြတာ " 


ယောင်ကျိကျိုးက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။


မင်လျိုရီက ရှေ့သို့တိုးကာ ပြောလိုက်သည် ။ 


" ရှင်က အရမ်းအင်အားကြီးတာပဲ ၊ ဘာ ပြဿနာမှရှိမှာ မဟုတ်ပါဘူး "


" ကိုယ်မနက်ဖြန်ဆေးရုံသွားမလို့ မင်းရောလိုက်ခဲ့အုန်းမလား " 


ယောင်ကျိကျိုးက မေးလိုက်သည်။


တစ်ချိန်တည်းမှာပဲ မင်လျိုရီက ပြောလာသည်။


" မနက်ဖြန် ကျွန်မအခမ်းအနားတစ်ခု တက်စရာရှိသေးတယ်"


ယောင်ကျိကျိုး ခဏတန့်သွားပြီးပြန်ဖြေလိုက်သည်။


" ကောင်းပြီ...သွားလေ... မင်းပြန်လာမှာ ကိုယ်စောင့်နေမယ်"


မင်လျိုရီက သူမ၏အကောင့်ထဲကို ဝင်ကြည့်လိုက်သည်။ အတော်အတန်ကြာပြီးနောက် သူမက ယောင်ကျိကျိုး စားသောက်နေသော ဗီဒီယိုများကို ဖျက်ကာ ဗီဒီယိုအသစ်ကို တင်လိုက်သည် ။ 


မင်လျိုရီက မှတ်ချက်ပေးသည့်နေရာ၌ မက်ဆေ့ချ်ကိုပင် အထူးတလည်ချန်ခဲ့လိုက်သည် ။ 


'အရင်ဆုံး ကျွန်မ အားလုံးကို တောင်းပန်ချင်ပါတယ်...  အရင်မှတ်တမ်းတင်ထားတဲ့ဗီဒီယိုမှာပါတဲ့သူက ဒါကိုသဘောမတူတဲ့အတွက်ကြောင့် ကျွန်မတစ်ခြားဗီဒီယိုကိုပဲ တင်ပေးလိုက်ပါတယ်... အဲ့ဒါက မသင့်တော်ဘူးလို့ ခံစားရတဲ့အတွက် တစ်ခြားဗီဒီယိုတွေကို ကျွန်မ ဖျက်ပစ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်... ကျွန်မတောင်းပန်တဲ့အနေနဲ့ နက်ခ်တိုင်ကို သေချာဘယ်လိုချည်ရမလဲဆိုတာ သင်ပြပေးထားတဲ့ ဗီဒီယိုကို တင်ပေးသွားပါမယ်... ဒီတစ်ခေါက်အကြောင်းအရာက သူ့ရဲ့ခွင့်ပြုချက်မပေးထားလို့ ကျွန်မ သူ့ရဲ့မျက်နှာကို မဖော်ပြထားပါဘူး... ပြီးတော့ ဒီဗီဒီယိုက တစ်ချို့လူတွေအတွက် အကူအညီဖြစ်စေပါလိမ့်မယ်... ကျွန်မအထင်တော့ အဲ့ဒီလူလည်း စိတ်မရှိလောက်ပါဘူး...ဟုတ်တယ်မလား..."


ဗီဒီယိုထဲ၌ အမျိုးသားက သေသပ်သောဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက နက်ခ်တိုင်ကိုလက်တစ်ဖက်တည်းနှင့် ဖြည်ချလိုက်ကာ သူ၏ လည်တိုင်တစ်လျှောက် ဖော်ပြပြီးသားဖြစ်ပြီး ညှပ်ရိုးများ ထွက်ပေါ်လာသည်။ ထိုသူက အတော်လေးကို ညှို့ယူနိုင်စွမ်းရှိသည်။ ထို့နောက် ထိုအမျိုးသားက နက်ခ်တိုင်ကို လျှိုလိုက်ပတ်လိုက်ဖြင့် အမြန်ချည်လို့ ပြီးဆုံးသွားသည်။ 


ဗီဒီယို၏အဆုံး၌  ထိုအမျိုးသားက သြရှပြီး ဆွဲဆောင်မှုရှိသောလေသံဖြင့် ပြုံးနေသောအရိပ်ယောင်များစွတ်လျက် မေးလာသည်။


" မင်းအဲ့ဒါကို လုပ်တတ်သွားပြီလား "


အင်တာနက်အသုံးပြုသူများက ထိုဗီဒီယိုကို တွေ့သောအခါ မှတ်ချက်များရေးလာသည်။ 


'ငါဗီဒီယိုကို မတွေ့ခင်ကတော့ ခွင့်ပြုချက်မရှိဘဲ တင်တာက သိပ်မကောင်းဘူးလားလို့ တွေးခဲ့တယ် ... ဒါပေမဲ့ ငါအခုဗီဒီယိုကို ကြည့်ပြီးသွားတော့ ဘာပဲဖြစ်ဖြစ် ဒီဗီဒီယိုကို တင်ပေးတဲ့အတွက် ငါဝမ်းသာမိတယ် '


' ဒီလက်က အတုပဲ ဖြစ်ရမယ်... သူ့ရဲ့လက်တွေက အရမ်းလှတာပဲ '


' ဒီလက်တွေနဲ့ ငါ့ကိုဖျက်ဆီးပစ်ပါစေလို့ မျှော်လင့်မိတယ် '


'နက်ခ်တိုင်ဘယ်လိုချည်ရမလဲဆိုတာ ငါမသင်ယူခဲ့ပေမဲ့ ဘယ်လိုဖြည်ရမလဲဆိုတာကိုတော့ သင်ယူခဲ့ပြီ'


' သူငယ်ချင်းတို့... နင်တို့ အဆုံးနားကို တွေ့လိုက်ကြလား... အသံက အရမ်းကို ပြီးပြည့်စုံလွန်းတယ်... ငါ့ရဲ့နားကတော့ ကိုယ်ဝန်ဆောင်လို့ရနေပြီလို့ ငါထင်တယ် ။ သူတာဝန်မယူသင့်ဘူးလား '


မင်လျိုရီက ကောမန့်ကိုမကြည့်ဘဲ သူမဗီဒီယိုမှရလာသော ပိုက်ဆံများအားလုံးကို ယောင်ကျိကျိုး ကိုလွှဲပေးလိုက်သည် ။


ယောင်ကျိကျိုးက ရုတ်တရက် ငွေလွှဲပြေစာဝင်လာချိန်၌ အစည်းအဝေးခန်းထဲတွင် ရှိနေသည်။ 


' ဘဏ်ငွေလွှဲ - ၄၅၂၇ ယွမ် '


ထို့နောက် တစ်ခြားမက်ဆေ့ချ်က အလိုအလျောက်ဝင်လာ၏ ။


' ရှင်ဒါကို ရထားတယ်... စိတ်မကောင်းပါဘူး... ကျေးဇူးတင်ပါတယ် - မင်လျိုရီ '


ထိုမက်ဆေ့ချ်က မရေမရာနှင့် ယောင်ကျိကျိုး ခေါင်းရှုပ်သွားသည်။ ဘာတွေဖြစ်နေသလဲဆိုတာကို မေးဖို့ သူအစည်းအဝေးပြီးတဲ့အထိ စောင့်ဖိုသာလိုတော့သည်။ 


မင်လျိုရီက ရှင်းပြလိုက်သည် ။


" လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ရှင်ပါတဲ့ ဗီဒီယိုကို ကျွန်မရိုက်ထားပြီး အင်တာနက်ပေါ်တင်လိုက်တယ်... ဒီပိုက်ဆံက ဗီဒီယိုကနေပြန်ရတဲ့ဆုငွေပဲ... ဒါပေမဲ့ ရှင့်ဆီကနေ ကျွန်မ ခွင့်ပြုချက်မတောင်းခဲ့ရဘူးဆိုတော့ ကျွန်မဗီဒီယိုတွေကို ဖျက်ပစ်လိုက်ပါပြီ... ကျွန်မ တောင်းပန်ပါတယ်"


နောက်ဆုံးတော့ ငွေတွေဘယ်ကရလာသလဲဆိုတာရယ် သူမဘာလို့တောင်းပန်နေရသလဲဆိုတာကို ယောင်ကျိကျိုးနားလည်သွားသည် ။သူက ဂရုမစိုက်သလိုသာ မေးလိုက်သည် ။


" ဗီဒီယိုက ဘာအကြောင်းလဲ "


မင်လျိုရီက တိုးတိုးလေးပြောလိုက်သည် ။ 


" အဲ့ဒါ..အဲ့ဒါက ရှင်စားသောက်နေတဲ့ ဗီဒီယိုပါပဲ... ရှင့်ရဲ့ ပါးစပ်ကိုပဲ ပြထားတာပါ "


" စားသောက်နေတာ " 


ယောင်ကျိကျိုးက မယုံကြည်နိုင်သလို မေးလိုက်သည် ။ 


" အဲ့ဒါကတောင် ပိုက်ဆံရှာလို့ရတယ်ပေါ့ "


" အဟုတ်ပဲ " 


မင်လျိုရီက ပြောလိုက်သည် ။ 


" ရှင်စားတာက မြန်ပေမဲ့ တင့်တယ်နေတုန်းပဲ... အင်တာနက်အသုံးပြုသူတွေက သဘောကျကြတယ်လေ"


" မင်းကရော " 


ယောင်ကျိကျိုးက ခဏတိတ်သွားပြီးနောက် မေးလာ၏ ။ 


" ကျွန်မလား "


မင်လျိုရီက နားမလည်နိုင်သလို မေးလာ၏။ 


" မင်းရော အဲ့ဒီဗီဒီယိုကို သဘောကျတာလား " 


ယောင်ကျိကျိုးက မေးလိုက်သည်။ 


' တစ်ခြားစကားနဲ့ပြောရရင် ၊ မင်းရော ကိုယ့်ကို သဘောကျတာလား '


မင်လျိုရီက ဗီဒီယိုကိုတွေးမိပြီး ယောင်ကျိကျိုး၏ နှုတ်ခမ်းပါးတို့ကိုကြည့်လိုက်သည် ။ သူမက တံတွေးမြိုချကာ ပြောလိုက်သည် ။ 


" သေချာပေါက် ကျွန်မသဘောကျတာပေါ့ "


ယောင်ကျိကျိုးက အဖြေကိုအလွန်ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည် ။ 


" ကောင်းပြီ... ကိုယ်မင်းကို ခွင့်ပြုချက်ပေးလိုက်မယ်... မင်း ကိုယ့်ရဲ့ပါးစပ်ကိုပဲ ပြမယ်ဆိုရင် အဲ့ဒါက အဆင်ပြေပါတယ်... ကိုယ်တို့က လင်မယားတွေပဲ... ငွေကြေးပိုင်ဆိုင်မှုဆိုတာ ကိုယ်တို့ဝေမျှရမှာပဲ... နောက်ကျရင် အဲ့ဒီပိုက်ဆံတစ်ဝက်ကို မင်းသိမ်းထားလိုက်ပါ "



🥰