🥰 Chapter 102 ✅
မင်လျိုရီက ယောင်ကျိကျိုး၏စကားကိုကြားပြီး မျက်လုံးကျယ်သွားသည်။ သူမက ပြောလိုက်သည် ။
"ရှင်သဘောတူတာလား... ဒါဆို ကျွန်မက အခုကစပြီး ရှင့်ရဲ့မန်နေဂျာပဲ "
ထိုအခိုက်အတန့်တွင် သူ့ဇနီးက အခုတလောဘာလို့ အစားကို တိတ်တဆိတ်စားနေလဲဆိုတာ နားလည်သွားသည်။ ခဏလောက်စဥ်းစားပြီးနောက် သူပြောလိုက်သည် ။
" ကိုယ့်မှာ အခြေအနေတစ်ခုတော့ရှိတယ်... မင်းကိုယ့်ကို ညစာစားနေချိန်မှာတော့ စကားပြောခွင့်မရှိဘူး ကိုယ်ဘာမှ ပြောမှာမဟုတ်ဘူး "
မင်လျိုရီက ချက်ချင်းသဘောတူပြီး ပြောလာ၏။
" သေချာတာပေါ့ ... ကိစ္စမရှိပါဘူး "
မင်လျိုရီက သူမ၏ နောက်ဆုံးဗီဒီယိုတွင် မှတ်ချက်တစ်ခုကိုပါ တွဲတင်လိုက်သည် ။
'သူခွင့်ပြုချက်ပေးလိုက်ပြီ '
အင်တာနက်အသုံးပြုသူများက ဒါကိုတွေ့ပြီး ချက်ချင်း မှတ်ချက်များရေးလာသည်။
'အမလေး... ငါဘာလို့ လေထဲမှာ အချစ်နံ့တွေ ရနေတာလဲ '
'ဟေး... မင်းနဲ့သူရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ... ငါအရမ်း မနာလိုတာပဲ '
'နေပါအုန်း... သူက အဲ့လောက်အမြန်ချက်ချင်းကြီး ခွင့်ပြုချက်ပေးလိုက်တာလား... အဲ့ဒါက နောက်လာမယ့် ဗီဒီယိုမှာဖြစ်သင့်တာပေါ့ ဘလော့ဂါရေ... ရှင်တို့က ချည်နှောင်ပြီးပြီလား... ငါတို့ကို တစ်ခုခုပြောပြချင်နေတာလား '
မင်လျိုရီက ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေသည်။
' ဒီအင်တာနက်အသုံးပြုသူတွေက တကယ်ထူးဆန်းတာပဲ... ငါဘာပြောချင်သလဲဆိုတာကို သူတို့ ဘာလို့နားမလည်ရတာလဲ '
....
အနည်းငယ်ဆွေးနွေးပြီးနောက် ယောင်ကျိကျိုး နှင့် မင်လျိုရီက နောက်တစ်ရက်အတွက် သူတို့၏ အချိန်ဇယားကို သတ်မှတ်လိုက်သည် ။
မနက်ပိုင်းတွင် မင်လျိုရီက ပွဲတစ်ခုကို တက်ရောက်ပြီး နေ့လည်ပိုင်းတွင် သူမက ယောင်ကျိကျိုးနှင့် အတူဆေးရုံကိုအဖော်လိုက်ပေးမည် ။
သူမ အဖျားပျောက်သွားသော်လည်း မင်လျိုရီ အားနည်းနေသလို ခံစားရသေးသည်။ သို့သော်လည်း ဒါက ပွဲအတွက် သူမ၏ စိတ်အားထက်သန်မှုကို သက်ရောက်မှုမရှိပေ။
မင်လျိုရီက ဒရိုင်ဘာကို အစောကတည်းက ခေါ်သွားပြီး ပွဲသို့ဒုတိမြောက်တက်ရောက်သည့်သူ ဖြစ်သွားသည် ။ ပထမဆုံးတစ်ယောက်က ဟွမ်ကျင့်ထင် ဖြစ်သည်။
ဟွမ်ကျင့်ထင်နှင့် မင်လျိုရီကသိပ်မတွေ့ဖြစ်ကြပေ။ သူတို့ဆုံတာနှင့် သူမကပြုံးကာပြောလိုက်သည် ။
" ဂုဏ်ယူပါတယ်... လျိုရီ... နောက်ဆုံးတော့ နင့်ယောက်ျား သတိရလာပြီပဲ... ဒါက သတင်းကောင်းပဲ... အားလုံးက နင့်အတွက်ဝမ်းသာနေကြတာ"
မင်လျိုရီအခုတော့ အနည်းငယ် နောင်တရသွားသည်။ သူမ ယောင်ကျိကျိုးကိုပါ တစ်ခါတည်းခေါ်လာလိုက်သင့်သည်။ သူသတိရလာတာကြောင့် ဝမ်းသာနေကြသည့် သူစိမ်းတွေအများကြီးရှိနေတာကိုသာ သူသိသွားလျှင် သူလည်းတော်တော်လေး ဝမ်းသာသွားလောက်သည်။
ခဏအကြာတွင် တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာသည်။ ယိုလင်လင်က ကားလမ်းပိတ်နေသော်လည်းအချိန်မှီရောက်ရှိလာသည် ။
ယိုလင်လင်က ဖျတ်လတ်ကာ ခင်မင်တတ်သည့်အတွက် သူမကအတော်လေးနာမည်ကြီးသည်။ သူမက ဘယ်နေရာကိုပဲသွားသွား လူအများ၏ အာရုံစိုက်ခံရသည်။ ယိုလင်လင်ရောက်လာတာနှင့် အားလုံးက လက်မြှောက်ကာ သူတို့နှင့် အတူတူထိုင်မလားဟု မေးလာသည်။
မင်လျိုရီလည်း ယိုလင်လင်ကို ခေါ်လိုက်ချင်ပေမဲ့ သူမကလူအုပ်ကြီး၏အသံထဲတွင် ပျောက်ကွယ်နေသည့်အတွက် ကိုးရိုးကားယားဖြင့် လက်ပြန်ချလိုက်ရသည်။
ယိုလင်လင်က ချက်ချင်း မင်လျိုရီကို ရှာတွေ့သွားသည်။ မင်လျိုရီ၏အသားအရေက ဖြူပြီးချောမွေ့သောကြောင့် အနည်းငယ်ဝင်းပနေသည်။ သူမက လူအုပ်ကြားထဲ၌ အလွန်မျက်စိဖမ်းစားနေ၏ ။ ယိုလင်လင်က တစ်ခြားသူများကို လက်ဝှေ့ယမ်းပြကာ မင်လျိုရီ ဘက်သို့လျှောက်လာသည် ။
မင်လျိုရီအတွက်လည်း ဤကဲ့သို့ အခမ်းအနားပွဲကြီးမျိုးကို တက်ရောက်ခြင်းက ပထမဆုံးဖြစ်သည် ။အားလုံးက မတွေ့ဖူးသောလှပသည့်မင်လျိုရီကို သိချင်နေကြပြီး တက်ကြွသော ယိုလင်လင်ကသူမဘေး၌ သွားထိုင်တာကို အံ့သြမနေကြပေ။
ယိုလင်လင်က ထိုင်ကာပြောလိုက်သည် ။
" လျိုရီ... ငါနင့်ကို ဒီရက်ပိုင်းမတွေ့ဖြစ်ဘူးနော်... ငါနင့်ကို အရမ်းလွမ်းတာပဲ "
အားလုံးက ထိုစကားကိုကြားသောအခါ သူတို့နှစ်ယောက် အရင်ကတည်းက ရင်းနှီးပြီးသားဆိုတာကို သဘောပေါက်သွားသည်။
ယိုလင်လင်ကတော့ ထင်ထားတဲ့အတိုင်းပဲ ၊ သူမ မသိတဲ့သူဆိုလို့ တစ်ယောက်မှ မရှိဘူး ။
အားလုံးရောက်နေပြီဆိုတာကို တွေ့သောအခါ အတွင်းရေးမှူး ဟွမ်ကျင့်ထင်က အားလုံးကို တိတ်တိတ်နေဖို့ လက်ဟန်ပြလိုက်သည်။ အားလုံးက အသံတိတ်သွားကာ သူမ စကားပြောလာမှာကို စောင့်နေသည်။
" ဒီနေ့ အစည်းအဝေးရဲ့အစီစဥ်က ဘာလဲဆိုတာကို အားလုံး သိပြီးသားဖြစ်မယ် ထင်ပါတယ် "
ဟွမ်ကျင့်ထင်က စိတ်လှုပ်ရှားစွာ ပြောလာ၏ ။
" ဒီတစ်ခေါက် ကျွန်မတို့ ပြန်လည်ထူထောင်ရေးစင်တာက ကိုမာလူနာတွေအတွက် တစ်မီလီယံကို မ,တည်ခဲ့ရုံသာမကဘဲ ကျွန်မတို့သတ်မှတ်ထားတာကို ကျော်လွန်ပြီး သုံးသန်းတိတိ မ,တည်ပေးနိုင်ခဲ့တယ်... အဲ့ဒါက ကျွန်မတို့ မူလသတ်မှတ်ထားတာထက်သုံးဆတောင် ပိုများနေသေးတယ် "
" ဒီနေရာမှာ မစ္စမင်လျိုရီကို သူမရဲ့အကူအညီအတွက် ကျွန်မကျေးဇူးတင်ချင်ပါတယ်... သူမက ယောင်အဖွဲ့အစည်းကို အပြည့်အဝလှူဒါန်းပေးဖို့ ဆက်သွယ်ပေးခဲ့တာ... အားလုံးပဲ သူမအတွက် လက်ခုပ်သြဘာတီးပေးကြပါအုန်း"
ယိုလင်လင်က ချက်ချင်းလက်ခုပ်တီးလာပြီး မင်လျိုရီက အားလုံးကိုပြုံးပြလိုက်သည် ။
" ဒီနေ့ ပွဲရဲ့အဓိကရည်ရွယ်ချက်က လှူဒါန်းဖို့အတွက်အစီစဥ်ချဖို့နဲ့ ပြန်လည်ထူထောင်ရေးစင်တာမှာ လာမယ့်တနင်္ဂနွေကျရင် နှစ်သိမ့်ပေးဖို့ပါပဲ "
ဟွမ်ကျင့်ထင်က ဆက်ပြောလိုက်သည် ။
" ကျွန်မတို့ယောင်အဖွဲ့အစည်းကိုလည်း ပါဝင်ဖို့ ဖိတ်ကြားထားပါတယ်... ဒါပေမဲ့ သူတို့က ပြန်ဖြေကြားခြင်းမရှိသေးပါဘူး "
ကျန်ရှိသောပွဲအစီစဥ်တွင် ဟွမ်ကျင့်ထင်၏ညွှန်ကြားမှုဖြင့် အားလုံးကသူတို့တာဝန်များကို ခွဲဝေလိုက်သည် ။
ယိုလင်လင် နှင့် မင်လျိုရီ၏ ချီးမွမ်းခြင်းအဖွဲ့ကလည်း ဤပွဲကိုပထမဆုံးတက်ရောက်ခြင်းဖြစ်ပြီး သူတို့က ယနေ့တစ်နေ့တာ၏လေထုအတွက် တာဝန်ရှိသည် ။
အစည်းအဝေးပြီးနောက် ယိုလင်လင်က မေးလိုက်သည် ။
" လျိုရီ ... နင့်ရဲ့ ချီးမွမ်းတဲ့အရည်အချင်းကို လေ့ကျင့်နေရဲ့လား ။ "
မင်လျိုရီက ချက်ချင်းပြန်ဖြေလာ၏ ။
" ငါကြိုးစားတာပဲ .. ဒါပေမဲ့ အဲ့ဒါက အလုပ်မဖြစ်ပါဘူး။ "
ယိုလင်လင်က မေးလိုက်သည် ။
" ဘာလို့လဲ... ငါ့ကို ပြောပြအုန်း..."
မင်လျိုရီကယောင်ကျိကျိုးကို သူမချီးမွမ်းခဲ့သည့်အကြောင်းပြောပြပြီး နေ့လည်ခင်းတွင် ဆေးရုံကို သွားရအုန်းမည်ဆိုတာကိုပါ ပြောပြလိုက်သည် ။
" နေပါအုန်း... ပွဲပြီးရင် နေ့လည်ကျ နင်က ဆေးရုံကိုသွားရအုန်းမှာလား"
ယိုလင်လင်က အနည်းငယ် အံ့အားသင့်သွား၏။
" လျိုရီ... နင်ဘာတွေ တွေးနေတာလဲ... ဆေးရုံကိုသွားတာက ပိုအရေးကြီးတာပေါ့... နင်မလာရင်တောင် အဲ့ဒါကဘာမှအရေးကြီးတာမှမရှိဘဲ... ငါနင့်ကိုပြောပြမယ်... နင့်ယောက်ျားက နင့်ကို အရမ်းအလိုလိုက်တာပဲ... သူက နင်သူနဲ့အတူဆေးရုံသွားပေးရမယ့်အစား ဒီကိုရောက်လာတာတောင် စိတ်ထဲမထားဘူးလား "
🥰