အပိုင်း၁၀၄
Viewers 11k

🥰 Chapter 104 ✅


ယောင်ကျိကျိုးသည် မသက်မသာခံစားနေရတာတွေအားလုံးပျောက်ကွယ်သွားပြီး သူ့စိတ်ကိုငြိမ်သက်စေသော သူ့ဇနီး၏ အံ့အားသင့်စရာကောင်းသည့်စွမ်းရည်ကို သူပြန်တွေးမိသည် ။


....


သူတို့အိမ်ပြန်ရောက်လို့စားသောက်ပြီးသည့်အခါမှသာ ယောင်ကျိကျိုးက မင်လျိုရီကိုအစည်းအဝေးပွဲတွင် အားလုံးအဆင်ပြေခဲ့ရဲ့လားဟု မေးရန်အင်အားပြန်ရသွားသည်။ 


မင်လျိုရီက အစည်းအဝေးပွဲအကြောင်းတွေးမိပြီး သူမစိတ်ထဲတွင် အနည်းငယ်ချဥ်တူးသွားသည်။ ထိုအချိန်က ဆေးရုံ၌ယောင်ကျိကျိုးတစ်ယောက်တည်း အထီးကျန်ပြီး အားငယ်နေလောက်သည်။ အကယ်၍ သူမသာ ထိုအချိန်တွင် သူ့ဘေးမှာရှိပေးနိုင်ခဲ့လျှင်...


ယောင်ကျိကျိုး အပြင်ဘက်ကားထဲတွင်စောင့်စဥ်က မင်လျိုရီအတွက် သူတို့လက်ခုပ်သြဘာပေးနေသည့်အသံကိုပြန်တွေးမိပြီး သူကပြုံးလျက်ပြောလိုက်မိသည် ။


" ငါ့မိန်းမက အရမ်းတော်တာပဲ "


သူမက ရုတ်တရက်မိန်းမဟု အခေါ်ခံလိုက်ရချိန်၌ မင်လျိုရီ အနည်းငယ်ရှက်သွားသည်။ ထို့နောက် သူမက တစ်ခုခုကိုတွေးမိပြီး ပြောလိုက်သည် ။ 


" ကျွန်မက မဒမ်ယောင်ဆိုတာကို သူတို့မသိသေးဘူး... အဲ့ဒါကို လျှို့ဝှက်ထားဖို့လိုတယ်... ယောင်အဖွဲ့အစည်းကတကယ့်မဏ္ဍိုင်ပဲ... ကျွန်မတို့ဘက်က ဖိတ်ကြားစာပို့ထားပေမဲ့ ပြန်စာတော့မရသေးဘူး"


ယောင်ကျိကျိုးက အပြုံးဖြင့်မေးလိုက်သည် ။


" မင်းကိုယ့်ကိုသွားစေချင်လား " 


မင်လျိုရီ ဘာပြောရမလဲမသိတော့ပေ။ သူမ ဒါကို တွေးကြည့်ဖူးသော်လည်း ယောင်ကျိကျိုး တကယ်သွားမည်ကို စိုးရိမ်မိသည်။ ထိုနေရာက တကယ်ဝေးသည့်အတွက် သူပင်ပန်းလောက်သည်။ 


သို့သော်လည်း သူမ မသွားစေချင်ဘူးဆိုလျှင်တောင်မှ သူစိမ်းတွေ၏ကြင်နာမှုကို သူ့ကိုနားထောင်စေချင်မိသည် ။ 


ခဏလောက်တွန့်ဆုတ်နေပြီးနောက် မင်လျိုရီက ပြောလိုက်သည်။ 


" ကျွန်မ ရှင့်ကိုမသွားစေချင်ဘူး အဲ့ဒါက အရမ်းပင်ပန်းတယ်... နောက်ကျရင် ရှင့်မှာ နောက်ထပ်အခွင့်အရေးရှိလာမှာပါ "


" အချစ်... ကိုယ်အခု ရေသွားချိုးလိုက်အုန်းမယ်... ကိုယ်မင်းကို စောင့်ရှောက်သူတွေ ဘယ်လိုရေချိုးပေးရသလဲဆိုတာက ကိုယ်တိုင်ကိုယ်ကျ ပြပေးမယ်"


မင်လျိုရီ၏မျက်နှာက အနည်းငယ်နီသွားပြီးပြောလိုက်သည် ။ 


" ရှင်ဘာသာပဲသွားပြီးရေချိုးလေ... ကျွန်မက သိစရာဘာလိုလို့လဲ " 


အမြဲတမ်းတည်ငြိမ်နေပုံရသော ကျောက်ချမ်းပင်လျှင် ကိုးရိုးကားယားဖြစ်သွား၏ ။ သူသူ့ဘာသာ တွေးလိုက်မိသည်။


'သခင် နဲ့ သခင်မလေးရေ ခင်ဗျားတို့က ကျွန်တော့်ကို တစ်ခုခုသွယ်ဝိုက်ပြီး ပြောနေတာလား... '


....


ယောင်ကျိကျိုး အလုပ်စလုပ်ကတည်းက စာကြည့်ခန်းထဲတွင် နေ့တိုင်းလိုလိုအချိန်အကြာကြီးနေခဲ့ပြီး မင်လျိုရီက ဦးစွာအိပ်ယာဝင်သွားသည်။ 


အရင်တုန်းက နှစ်ယောက်အတူတူ လေ့ကျင့်ခန်းလုပ်ဆောင်ချက်များကို လုပ်လေ့ရှိသော်လည်း ယခုတော့ မင်လျိုရီ တစ်ယောက်တည်း လုပ်နေရသည်။ ကံကောင်းစွာဖြင့် မင်လျိုရီ၏ မအိပ်ခင်ယောဂလေ့ကျင့်ခန်းက လှုပ်ရှားမှူအသစ်များ ပါဝင်လာပြီး ယောင်ကျိကျိုးလည်း သူမလိုလိုက်လုပ်ဖို့မလိုတော့ပေ ။ 


သို့သော် ယောင်ကျိကျိုးကဆေးစစ်ချိန်တွင် သွေးတော်တော်များထုတ်ခဲ့ရသောကြောင့် မင်လျိုရီက သူ့ကို စောစောအနားယူဖို့ ပြောလာသည်။ ယောင်ကျိကျိုးက သဘောတူလိုက်သော်လည်း သူ့အခန်းကို ပြန်ရောက်လာချိန်၌ ညသန်းခေါင်ကျော်နေပြီ ဖြစ်သည်။ 


ယောင်ကျိကျိုးက အိမ်တွင်းအနေအထားအားလုံးနှင့် ရင်းနှီးနေသည့်အတွက် သူတစ်ယောက်တည်းလည်း ကိစ္စတော်တော်များများကို လုပ်ဆောင်နိုင်သည်။ သူစာကြည့်ခန်းမှထွက်လာချိန်၌ သူ့ဝှီးလ်ချဲကို အခန်းထဲသို့မောင်းသွားပြီး ရေချိုးခန်းသို့သွားကာ ဆေးကြောသန့်စင်လိုက်သည်။ ထို့နောက် သူ၏အပေါ်ပိုင်းအင်အားကို အသုံးပြုကာအိပ်ယာဝင်သွား၏။ 


သူ့မိန်းမနိုးသွားမှာစိုးသည့်အတွက် ယောင်ကျိကျိုး၏ လှုပ်ရှားမှုများအားလုံးက နူးညံ့ညင်သာနေသည်။ သို့သော်လည်း သူလှဲချပြီးနောက် သူ့မိန်းမ မအိပ်သေးဘူးဆိုတာ သူသိလိုက်ရသည်။


" အချစ်... မင်းမအိပ်သေးဘူးလား" ယောင်ကျိကျိုးက ခဏနေတော့ မေးလိုက်သည် ။


မင်လျိုရီက တစ်ဖက်သို့လှည့်ကာ အိပ်ချင်ဟန်ဆောင်နေ၏။ ယောင်ကျိကျိုး စိတ်ထဲမှကြိတ်ရယ်မိသည်။ ပုံမှန်အားဖြင့် သူ့မိန်းမကအိပ်ပျော်သွားချိန်တွင် သူ့ကိုဖက်တွယ်ထားလေ့ရှိသည့်အတွက် ဒီနေ့ မဖက်ထားသောကြောင့်သူမ မအိပ်သေးသည်မီာအသိသာကြီးပင် ။ 


" မင်းစိတ်ထဲမှာတစ်ခုခုရှိနေလို့လား " 


ယောင်ကျိကျိုးက မေးလိုက်သည် ။


မင်လျိုရီ အနည်းငယ်အံ့အားသင့်သွား၏ ။ 


" ဟမ်... ကျွန်မ နိုးနေတာရှင်ဘယ်လိုလုပ်သိလဲ "


" မင်းစိတ်ထဲ ဘာတွေရှိနေလဲဆိုတာ ကိုယ့်ကို ပြောပါအုန်း " 


ယောင်ကျိကျိုးက ပုံမှန်အတိုင်း မေးလာ၏။


" ရှင်ဒီနေ့မနက် ဆေးရုံသွားခဲ့တယ်... ကျွန်မကို ဘာလို့ ရှင်နဲ့အတူ လိုက်ခွင့်မပေးရတာလဲ " 


မင်လျိုရီက မေးလိုက်သည် ။ 


ယောင်ကျိကျိုးက မျက်မှောင်ကျုံ့သွားပြီး သူ့မိန်းမက ဒါကိုတွေးနေလိမ့်မည်ဟု သူမထင်ထားပေ။


" မင်းပွဲတစ်ခုသွားစရာရှိတယ်လို့ပြောတယ်လေ... ပြီးတော့ မင်းကအဲဒါနဲ့ပက်သက်ပြီး အရမ်းပျော်နေတဲ့ပုံပေါက်လို့ မင်းသာကိုယ်နဲ့ဆေးရုံလိုက်လာရင် မင်းတွေ့ရမှာက ဖျားနာတာနဲ့ နာကျင်တာတွေချည်းပဲ"


မင်လျိုရီ၏မျက်လုံးထဲ၌ မျက်ရည်များဝဲတက်လာ၏ ။သူမ၏ နှလုံးသားက နူးညံသွားပြီး ယောင်ကျိကျိုးကို ဖက်ကာငိုလိုက်သည်။ မင်လျိုရီက ပြောလာ၏ ။


" ကျွန်မတို့က တစ်သင်းတည်းသားတွေပဲမဟုတ်လား ကျွန်မတို့က အယုံကြည်ရဆုံး တစ်သားတည်းလေ... ရှင်ဘာလို့ ကိုယ့်ဘာသာတစ်ယောက်တည်း ဆုံးဖြတ်ရတာလဲ "


" တစ်သင်းတည်းသားတွေလား " ယောင်ကျိကျိုးက နားမလည်နိုင်သလို မေးလိုက်သည် ။


မင်လျိုရီက ခေါင်းညိတ်ကာပြောလာ၏ ။ 


" သေချာတာပေါ့ ... တစ်သင်းတည်းသားတွေအနေနဲ့ ကျွန်မတို့ ခက်ခဲတဲ့ကာလမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်မှီခိုဖို့လိုအပ်တယ် "


" ကိုယ်တို့ကတစ်သင်းတည်းသားတွေပဲလို့ မင်းတွေးနေတာလား " 


ယောင်ကျိကျိုး သွားတင်းတင်းစေ့လိုက်သည် ။ 


" ကျွန်မ ပြောတာမှားလို့လား " 


မင်လျိုရီက နားမလည်နိုင်သလို မေးလာ၏ ။ 


ယောင်ကျိကျိုးက ရုတ်တရက်လှည့်လာပြီး မင်လျိုရီကို သူ့အောက်တွင်ဖိထားလိုက်သည် ။ 


ယောင်ကျိကျိုး၏ရုတ်တရက်လှုပ်ရှားမှုကြောင့် မင်လျိုရီ၏မျက်နှာကနီသွားပြီး သူမ၏လက်များဖြင့် သူ့ရင်ဘက်ကိုတွန်းထားမိသည် ။ 


မင်လျိုရီကပြောရင်း အသံများပင်တုန်လာ၏ ။ 


" ရှင်ဘာလုပ်မလို့လဲ "


ပြင်းပြသော ယောက်ျားဆန်သည့်ရနံ့များက တဖြည်းဖြည်း ပိုလို့နီးကပ်လာ၏ ။ ယောင်ကျိကျိုးက ကွဲအက်သောအသံဖြင့် ပြောလိုက်သည် ။


" တစ်သင်းတည်းသားတွေက ဒီလိုရော လုပ်နိုင်တာလား "


ထိုသို့မေးရင်း ယောင်ကျိကျိုးက မင်လျိုရီ၏ နှုတ်ခမ်းကို ဖိနမ်းလိုက်သည်။ ယောင်ကျိကျိုး၏ မျက်လုံးများ ပြန်သက်သာသွားပြီလားဟုပင် မင်လျိုရီ သံသယဝင်မိသည်။ ထိုသို့မဟုတ်လျှင် သူဘယ်လိုလုပ် ဒနေရာမှန်ကို ဒီလောက်မြန်မြန်ကြီးရှာတွေ့မည်နည်း ။ 


မင်လျိုရီ ပြန်ဖြေတာကို မကြားရသောအခါ ယောင်ကျိကျိုးက နောက်တစ်ခါထပ်နမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကို သူမနှင့်နီးကပ်စွာ ဖိကပ်ထားလိုက်သည်။ 



🥰