🥰 Chapter 105 ✅
ယောင်ကျိကျိုးက သူ၏ယောင်္ကျားဆန်သောဟော်မုန်းများကို ထုတ်လွှတ်ကာ မင်လျိုရီ၏နားသို့ တိုးကပ်သွား၏။ သူ၏ဩရှသောလေသံက အနည်းငယ်ညှို့ယူဖမ်းစားနေသည် ။
" အာရုံစိုက်ထား "
ယောင်ကျိကျိုး၏ အပေါ်ပိုင်းခန္ဓာကိုယ်က ဖြောင့်မတ်နေပြီး လက်တစ်ဖက်ဖြင့် မင်လျိုရီ၏မျက်နှာကို အသာလေးဖျစ်ညှစ်ထား၏။ ယောင်ကျိကျိုးက သူမအားဆက်တိုက်နမ်းရှိုက်နေတာကို ဒီအတိုင်းသာ ကြည့်နေရသည်။
ယောင်ကျိကျိုးက သူမကိုထပ်နမ်းအုန်းမည်ဆိုတာ မင်လျိုရီသိသော်လည်း သူကဖွဖွလေးနမ်းရုံသာမဟုတ်ဘဲ ပိုပြီးပြင်းထန်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပေ။
မင်လျိုရီက ဒေါသလည်းဖြစ်သလို ရှက်လည်းရှက်နေမိ၏။ သူမက ပါးစပ်ဖွင့်ကာ ယောင်ကျိကျိုး၏နှုတ်ခမ်းကို ဖွဖွလေးကိုက်လိုက်သည်။ ယောင်ကျိကျိုးက သူ့နှုတ်ခမ်းတွင်နာကျင်မှုကို ခံစားလိုက်ရသော်လည်း သွေးအရသာကိုတော့မရပေ။ သူ့မိန်းမက သက်ညှာမှုကိုပြလိုက်တာပဲ...
သူ့မိန်းမ အလွန်ဒေါသထွက်သွားမည်စိုးသောကြောင့် ယောင်ကျိကျိုးကရပ်ပြီး သူမဘာပြောမလဲဆိုတာကို နားထောင်နေသည်။
" ရှင်ကကျွန်မကို မယုံကြည်သေးဘူးလို့ ဆိုလိုချင်တာလား "
မင်လျိုရီက မေးလိုက်သည်။
ယောင်ကျိကျိုးက ရယ်မောလိုက်သည် ။
" တစ်သင်းတည်းသားတွေဆိုတာထက် ပိုယုံကြည်ရတဲ့ ဆက်ဆံရေးမရှိရတော့ဘူးလား.. ဆင်းရဲတာဖြစ်ဖြစ်... ချမ်းသာတာဖြစ်ဖြစ်... နာမကျန်းတာဖြစ်ဖြစ်... ကျန်းမာတာဖြစ်ဖြစ်... လူနှစ်ယောက်က ဘယ်တော့မှမခွဲခွာဘဲ ဥပဒေကြောင်းအရလည်း ကာကွယ်ပေးထားတာမျိုးလေ"
" အဲ့ဒီလို ဆက်ဆံရေးမျိုးရှိလို့လား " မင်လျိုရီက ရိုးစင်းစွာ မေးလိုက်သည် ။
" အချစ်ရယ် ကိုယ်တို့ကတရားဝင် လက်ထပ်ပြီးသား လင်မယားတွေလေ "
မင်လျိုရီ၏ မျက်လုံးများပြူးကျယ်သွားပြီး သူမ စကားပင်ထစ်သွား၏ ။
" ဒါ..ဒါပေမဲ့ ကျွန်မတို့ကမတူဘူးလေ "
" ဘာက ကွာခြားနေလို့လဲ "
ယောင်ကျိကျိုးက မေးလာ၏။
မင်လျိုရီက ပြန်ဖြေလိုက်သည်။
" ရှင်ရူးနေတာလား... ရှင့်ကို ကျွန်မ လက်ထပ်တယ်ဆိုတာက ကျွန်မ... ကျွန်..."
ယောင်ကျိကျိုး ဆက်ပြီးနားမထောင်ချင်တော့သောကြောင့် ခေါင်းငုံ့ကာ မင်လျိုရီကိုနမ်းလိုက်သည်။
မင်လျိုရီ မျက်လုံးများပိတ်ထား၏။ သူတို့၏ နှုတ်ခမ်းနှင့်လျှာတို့က ရောယှက်နေပြီး နှစ်ယောက်လုံး၏အသက်ရှူသံများကလည်း မြန်လာ၏။
အချိန်အတော်ကြာပြီးနောက် မင်လျိုရီ၏ခန္ဓာကိုယ်က ပျော့ပြောင်းလာတာကို ခံစားမိပြီး ယောင်ကျိကျိုးကလည်း သူမကိုလွှတ်ပေးလိုက်သည်။
ယောင်ကျိကျိုးက ပြောလာ၏ ။
" အခုချိန်ကစပြီး ကိုယ်တို့တစ်ခြားလက်ထပ်ပြီးသားစုံတွဲတွေလိုပဲ ဖြစ်ရမယ် "
" ဒါ..ဒါပေမဲ့ "
" စားပွဲရဲ့ပထမဆုံးအံဆွဲထဲမှာ အကြွေးဝယ်ကတ်အပိုတစ်ခုရှိတယ်... မင်းလိုရင် ထုတ်သာသုံးလိုက် "
ယောင်ကျိကျိုးက ပြောလိုက်သည် ။
" ကျွန်မ အဲ့ဒီလိုဆိုလိုချင်တာ မဟုတ်ပါဘူး "
မင်လျိုရီက ညင်သာစွာပြောလိုက်သည် ။
" ကျွန်မ အဲ့ဒါကို မတွေးထားရသေးရုံပဲ "
မင်လျိုရီက ဆက်ပြောချင်သော်လည်း ယောင်ကျိကျိုးက သူမစကားကိုဖြတ်လိုက်သည် ။
ည၏အမှောင်ယံက ယောင်ကျိကျိုး၏ ချောမောသောမျက်နှာကို မှေးမှိန်သွားစေခြင်းမရှိပေ။ သူတို့နမ်းရှိုက်ပြီးနောက် ယောင်ကျိကျိုး၏ နှုတ်ခမ်းပါးတို့က အကြည်ရောင်စိုစွတ်နေ၏ ။
ယောင်ကျိကျိုး သက်ပျင်းချလိုက်သည်။ သူ မင်လျိုရီကို ဖိအားမပေးချင်သောကြောင့် တစ်လှမ်းဆုတ်ရုံသာရှိတော့သည်။
" ကိုယ်တို့ရဲ့အရင်က သဘောတူညီချက်က ရှိနေတုန်းပဲ... ဒါပေမဲ့ အခက်အခဲတွေကိုဖြေရှင်းဖို့ ကိုယ်တို့တစ်ကယ်လက်ထပ်ထားတဲ့စုံတွဲတွေလိုမျိုးနေဖို့လိုပြီး ဘာချို့ယွင်းချက်ကိုမှ ထုတ်ပြလို့မရဘူး... မင်းလုပ်နိုင်ရဲ့လား..."
ယောင်ကျိကျိုးက မေးလိုက်သည် ။
'ဒါဆို ဒီလိုမျိုးပေါ့... ရှင်သာစောစောကတည်းက ပြောရင် ကျွန်မပိုပြီးနားလည်သွားမှာ မဟုတ်ဘူးလား'
မင်လျိုရီထိုမှသာ သက်ပြင်းချလိုက်သည်။
" ဟုတ်ပြီ...သေချာပေါက် ပြဿနာမရှိပါဘူး"
သူမက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည် ။
သူက မင်လျိုရီ၏စကားကိုကြားသောအခါ သူ၏အခွင့်အလမ်းကိုဖမ်းဆုပ်ဖို့ အဝေးကြီးလိုသေးကြောင်းခံစားလိုက်ရသည်။ ထို့်အပြင် သူက မင်လျိုရီကို ဒီအတိုင်းလည်း မလွှတ်ပေးချင်ပေ။
" မကြာခင် ယောင်မိသားစုက မိသားစုဧည့်ခံပွဲကို ကျင်းပတော့မယ်... ဒါကြောင့် အခုနည်းနည်းလေ့ကျင့်ကြတာပေါ့ "
မင်လျိုရီက သူ့ကိုသံသယဝင်မနေဘဲ ချက်ချင်းပြောလိုက်သည် ။
" ကောင်းပြီလေ... ကျွန်မတို့ ဘာလုပ်သင့်လဲ "
" ကိုယ်တို့က ကြင်စဦးမောင်နှံတွေလေ ပြီးတော့ ကိုယ်ကလည်း အခုမှသတိပြန်လည်ခါစပဲရှိသေးတယ်... ဒါကြောင့် ကိုယ်တို့ကကော်တွေလိုပဲကပ်နေပြီး နေ့ရက်တိုင်းရဲ့မိနစ်တိုင်းလိုလို အတူရှိနေဖို့လိုတယ်... တကယ်လို့ ကိုယ့်ကိုအဖေကခေါ်လို့ ခဏထွက်သွားပြီး ပြန်လာတဲ့အခါကျရင်မင်းဘာလုပ်မလဲ "
မင်လျိုရီက ခဏလောက်တွေးကြည့်လိုက်သည်။
" ရှင်ပင်ပန်းနေပြီလားဆိုတာ ကျွန်မစိတ်ပူပေးသင့်တယ်ထင်တယ် ... ရှင် ရေလေးဘာလေးသောက်မလား"
သူမက မေးလိုက်သည် ။
ယောင်ကျိကျိုးက ခေါင်းခါပြီးဖြည်းဖြည်းချင်းပြောလိုက်သည် ။
" မင်းက ကိုယ့်ဘက်ကိုလျှောက်လာပြီး ကိုယ့်မျက်နှာကိုနမ်းသင့်တာ "
မင်လျိုရီ၏ မျက်နှာကချက်ချင်းနီသွား၏။ သူမက ချက်ချင်းပဲ ယောင်ကျိကျိုး၏မျက်နှာကိုနမ်းလိုက်သည် ။
" ဒီလိုမျိုးလား "
မင်လျိုရီက နမ်းပြီးတော့မေးလာ၏ ။
ယောင်ကျိကျိုးက ကျေနပ်သွားသည့်အလား ပြုံးကာ နောက်ထပ်ပါးတစ်ဖက်ကို လက်ညှိုးထိုးပြလာ၏။ မင်လျိုရီလည်း ချက်ချင်းနားလည်လိုက်ပြီး သူ့ကို ထပ်နမ်းလိုက်သည်။
" အဟုတ်ပဲ... မှတ်ထားနော်... ကိုယ်က ကိုယ့်ပါးကို လက်ညှိုးထိုးပြရင် အဲ့ဒါက မင်းကိုယ့်ကိုနမ်းရမယ့် အချိန်ပဲ... ဒီနေ့လိုမျိုးပဲလေ"
မင်လျိုရီက သဘောတူလိုက်ပြီး တီကောင်လိုဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်ဖြင့် ယောင်ကျိကျိုး၏ ထိန်းချုပ်မှုအောက်မှ ဖြည်းဖြည်းချင်းထွက်လာ၏။
မင်လျိုရီက အနည်းငယ်ရှက်နေသေးပြီး သူမ၏ အိပ်ယာတဖက်သို့ တိတ်တဆိတ်ပြန်သွားသည်။ သူမက မျက်လုံးမှိတ်ကာ ပြောလိုက်သည် ။
" အိပ်ဖို့အချိန်ရောက်ပြီ... ဂွတ်နိုက်ပါ "
ယောင်ကျိကျိုးက ပြန်မဖြေပေ။ သူက ဒါကို နေသားမကျသေးသော်လည်း အမြန်လွှတ်ပေးလိုက်သည် ။
ငါ့မိန်းမက ခဏနေရင် သူ့ဘာသာပြန်ရောက်လာမှာပါပဲ ။
....
နောက်တစ်ရက်တွင် အိမ်အကူများက သခင်လေးနှင့် သခင်မလေးတို့ အရင်ကထက်တောင် ပိုချစ်နေပုံရနေတာကို တွေ့လိုက်ရသည်။
အထူးသဖြင့် မနက်စာစားနေချိန်တွင် သခင်လေးက သူ့ဘာသာစားနေသော်လည်း ရုတ်တရက် ခေါင်းညိတ်လိုက်တာကို ရှောင်ဖန်းတွေ့လိုက်ရသည်။ သခင်မလေးက ဒါကို တွေ့ပုံမရသောကြောင့် သခင်လေးက သူမ၏အာရုံကို ဆွဲဆောင်ရန် ရည်ရွယ်ချက်ဖြင့် ချောင်းအနည်းငယ်ဟန့်လာ၏။
🥰