Chapter 75
Viewers 5k

🌌Chapter 77



"အခု မင်းသဘောပေါက်ပြီးဆို ပြန်သွားလိုက်ပါ..."

လုမော့ ပြောလိုက်၏။


"ဟုတ်ကဲ့ပါ..."


မောလ်ကို တွေ့ပြီးနောက် လုမော့ ကုလားထိုင်ပေါ် လဲကျသွားပြီး လုံးဝအားကုန်သွား၏။


သူက ဤစကားဝိုင်းကို နားမလည်သော်လည်း ကြီးကြီးမားမား အံ့သြသွား၏။


သူ စနစ်အား အားနည်းစွာ မေးလိုက်၏။

"စနစ်...အရင်က ငါတို့ ဒီလိုလေးနက်တဲ့ ကိစ္စတွေကို ကိုင်တွယ်ခဲ့သလား..."


စနစ်၏ အသံက သူ့ထက် ပိုစိတ်ရှုပ်သွားပုံပင်။

[ဒါက သာမန်ဆိုရင် လစ်ဟာနေတဲ့ ဇာတ်ညွှန်းလိုပဲ...]


လုမော့ ခဏတာ နှုတ်ဆိတ်နေပြီး ပြောခဲ့သည်။

"အရာရာက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ငါထင်တယ်...မဟုတ်ရင် ငါ့ကို ဘာလို့ အဆင့်မြှင့်ဖို့ အမြဲတမ်း တိုက်တွန်းချင်တာလဲ..."


စနစ်က အပြစ်ကင်းစွာပြောခဲ့၏။

[ဒါက ငါ့ရဲ့ ကျွမ်းကျင်မှုပဲလေ...]


လုမော့: […]


စနစ်- […]


နောက်ဆုံးတွင် စနစ်က ကိုးရိုးကားယား တိတ်ဆိတ်မှုကို ခက်ခက်ခဲခဲ ချိုးဖျက်လိုက်ပြီး အကြံပြုလိုက်၏။

[မဟုတ်ရင် ဇာ့ဂ်ဘုရင်မကို လုပ်ကြံဖို့ တာဝန်အစား ဇာ့ဂ်ဧကရာဇ်လုပ်ကြံဖို့ ပြောင်းလိုက်ရင်ကော ဘယ်လိုလဲ…]


[မင်းနောက်နေတာလား…]


【QQQ】


လုမော့ လက်ဆန့်၍ သူ့မျက်လုံးများကို ဖုံးအုပ်လိုက်၏။


"စနစ်…"

သူ ပြော၏။


စနစ်- [ဟင်…]


"ငါ အခုမှ သေမှာကို ကြောက်နေပြီ…"


[ဘာလို့လဲ…]


လုမော့၏ ပါးစပ်ထောင့်များ တွန့်သွားပြီး သူပြုံးချင်သော်လည်း အဆုံး၌ လက်လျှော့လိုက်ပြီး သက်ပြင်းချလိုက်၏။

[စနစ် ငါက အရမ်းအေးချမ်းတဲ့ တိုင်းပြည်မှာ မွေးဖွားခဲ့တာ…]


သို့သော် ထိုငြိမ်းချမ်းရေးက ပါးလျသော လေထုထဲတွင် ပျောက်ကွယ်သွားပုံပင်။


ထိုငြိမ်းချမ်းရေးကို ဖန်တီးရန်အတွက် သူ့လို ပုံမှန်လူ မည်မျှ အသက်ပေးလှူခဲ့ပြီး သူ့လို သာမန်လူက မနက်ဖြန် အသက်ရှင်နိုင်ပါ့မလားဆိုသည်ကို မစိုးရိမ်သလို သူ ယနေ့ည ချွတ်ထားသည့် ဖိနပ်ကို မနက်ဖြန် ဝတ်၍ရမည်လားလည်း မစိုးရိမ်ပေ။


သို့သော် ထိုဘိုးဘေးများက ကိုယ်ကျိုးစွန့်ခဲ့သော်လည်း နောက်ဆုံးရလဒ်မှာ မည်သို့မည်ပုံ ဖြစ်လာမည်ကို မသိခဲ့ကြပေ။


လုမော့က ငြင်သာစွာ ပြောလိုက်၏။

"ဒါက ကာတွန်းဇာတ်လမ်းမဟုတ်ဘူး...ငါကလည်း ဇာတ်လိုက်မဟုတ်ဘူးလေ... ချစ်ခြင်းမေတ္တာနဲ့ သတ္တိရှိသရွေ့ အောင်မြင်နိုင်မှာပါ..."


လူများ သေကြေကြလိမ့်မည်။


လုမော့က သာမာန်လူသာမန်တစ်ယောက်သာဖြစ်၏။ သူက အရည်အချင်းကောင်းများမရှိသည့်အပြင် မိုင်ထောင်ချီဝေးကွာသော အစီအစဉ်များကို မပြုလုပ်နိုင်ကြောင်း သူကိုယ်တ်ိုင်သိသည်။


သူ မလုပ်နိုင်ဘူး—ဒါမှမဟုတ် မလုပ်ရဲဘူးလို့ ပြောသင့်တယ်…

သူက လူများစွာ၏ မျှော်လင့်ချက်ကို ပခုံးပြောင်းပြီး မထမ်းဆောင်ဝံ့ချေ။


ငါ လမ်းမှားသွားရင် ဘာဖြစ်မလဲ...ဘာတွေရော ဖြစ်လာမလဲ...


စနစ်က တုန်လှုပ်သွားသော်လည်း လုမော့ကို နှစ်သိမ့်ရန် စကားလုံးရှာမတွေ့ခဲ့ချေ။


သူ ယခင်က လမ်းပြပေးခဲ့သော ပိုင်ရှင်များက တိကျပြတ်သားပြီး ရည်မှန်းချက်ကြီးသူများဖြစ်သည်။ စနစ်က ဘေးမှ ကူညီရန်သာ လိုအပ်သည်။


လုမော့ကဲ့သို့ နူးညံ့ပြီး ကပ်တွယ်တတ်သူမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။ သူ့မှာ ခန္ဓာကိုယ်ရှိမည်ဆိုပါက  စနစ်က သူ့ခေါင်းကို အမြန်ကုတ်မိမည်ဖြစ်သည်။


အဆုံးတွင် စနစ်က ကို့ရိုးကားယား ပြောလိုက်၏။

[နည်းလမ်းတစ်ခုရှိရမှာပါ…]


လုမော့ စကားမပြောပေ။


သူနှင့် ပတ်သက်သည့် အရာအားလုံးက အတုအယောင်မိားဖြစ်သည်ကို ယခု သူ သတိပြုမိသွားပြီး သူက လူတိုင်းကို လှည့်စားခဲ့၏။


ထို့နောက် သူက ဤနေရာတွင် ထာဝရနေချင်ခဲ့၏။


——


လင်း ပြန်ရောက်သောအခါ ထိုမြင်ကွင်းကို မြင်လိုက်ရသည်။


လုမော့က ကုတင်ပေါ်တွင် တည့်တည့်လှဲ၍ မျက်နှာကျက်ကို ဗလာအကြည့်ဖြင့် ကြည့်နေ၏။ ဘယ်ဘက်မျက်လုံးတွင် "ဝမ်းနည်းခြင်း" နှင့် ညာဘက်မျက်လုံးတွင် "ကံဆိုးခြင်း" ဟု ရေးသားထားပေသည်။


သူ လျှောက်သွားကာ ကုတင်ပေါ်တွင် ဒူးထောက်ထိုင်၍ လုမော့ကို ငုံ့ကြည့်လိုက်၏။

"အို...ဘာကိစ္စဖြစ်လို့လဲ ငါ့ရဲ့ချစ်ရတဲ့ အမျိုးသားသခင်လေး..."


လုမော့က စိတ်ဆိုးစွာဖြင့် ခေါင်းကို လှည့်လိုက်၏။

 "မင်း နားမလည်ပါဘူး..."


ယခင်ကဲ့သို့ ဟန်ဆောင်ထားသောလေသံက ပျောက်ကွယ်သွားခဲ့သည်။


လင်း အံ့သြသွားသည်။ သူက မျက်ခုံးပင့်လိုက်ပြီး လုမော့ကို သူ့ရင်ခွင်ထဲ ဆွဲယူလိုက်၍ နှစ်ယောက်သား ကုတင်ပေါ် လိမ့်ကာ ကျသွား၏။ 


လင်းက လုမော့၏ ပုခုံးပေါ် မေးစေ့ကို ဖိထား၏။ လုမော့က သူ့ကို အားနည်းစွာ တွန်းလိုက်သည်။

"မင်းက တော်တော် စိတ်အနှောင့်အယှက် ဖြစ်စရာပဲ..."


သို့သော် သူ့ခွန်အားက အလွန်နည်းနေပြီး အလိုလိုက်ခံထားသလိုပင်။


လင်းက လုမော့၏ ဤကဲ့သို့သောပုံစံမျိုးကိုကိုင်တွယ်ရန် ဘာမှမလုပ်နိုင်ပေ။ အမှန်တွင် သူက လုမော့ကို မည်သည့်အခါကမှ မကိုင်တွယ်နိုင်‌ခဲ့ပေ။


နောက်အခိုက်အတန့်တွင် လင်းက စောင်ကို ဆွဲကိုင်လိုက်ပြီး သူ့ကိုယ်သူသာမက လုမော့ကိုပါ တင်းတင်းကြပ်ကြပ်ထုပ်ပိုးလိုက်၍ နှစ်ယောက်လုံး အသက်ရှူရခက်သွားကြ၏။


လင်း ခေါင်းမော့ပြီး လုမော့၏ မျက်နှာကို သူ့ပါးပြင်ဖြင့် ဖိလိုက်ပြီး ‌ပြောလိုက်၏။

"ဟမ်...မင်းက ငါ့ကို မကြိုက်ဘူးပေါ့..." 


လုမော့က ဒေါသတကြီးဖြင့် အော်လိုက်၏။

"ကိုယ် အရေးကြီးကိစ္စတွေးနေတာ...မင်း ကိုယ့်ရဲ့ အတွေးတွေကို နှောင့်ယှက်နေတာလေ..."


လင်းက တည်ငြိမ်စွာ မေး၏။

"မင်းရဲ့ အရေးကြီးဆုံးကိစ္စက..."


"ငါ့ကို လုပ်ဖို့ပဲ...ဟုတ်တယ်မလား..."


လုမော့ အေးခဲသွား၏။ 

"မင်း...မင်း..."


"ဟုတ်ပါပြီ...ဟုတ်ပါပြီ...ဟုတ်ပါပြီ..."

လင်းက ဆက်ပြော၏။

"ငါက အရှက်မရှိဘူး...ငါက လူယုတ်မာ၊ ယုတ်ညံ့တယ်၊ အောက်တန်းကျတယ်၊ ယုတ်မာတယ်... ငါက လူယုတ်မာပဲ..."


လုမော့: "..."


သူ အလွန်ဒေါသထွက်လာ၏။


လင်း၏ ပွေ့ဖက်မှုမှ သူရုန်းကန်ခဲ့ပြီး ဤမရိုးသားသော အမျိုးသမီးဇာ့ဂ်နှင့် ဝေးဝေးနေချင် သော်လည်း ဝမ်းနည်းစရာမှာ ယခု သူက S အဆင့်အမျိုးသားဇာ့ဂ်ဖြစ်နေသော်လည်း သူ၏ ခွန်အားက လင်းထက်ပင် မသာသေးပေ။


လင်းက အောင်မြင်စွာ ပြုံးလိုက်သည်။


လုမော့ လင်း၏ နားရွက်ကို ဒေါသတကြီး ကိုက်လိုက်ရာ လင်း၏ မသဲမကွဲအသံကို ကြားလိုက်ရသည်။

"ခဏ...ခဏစောင့်ပါဦး..."


ဝေဝေဝါးဝါးလေထုနှင့်အတူ သူ့အသံက တုန်ရီနေ၏။


လုမော့ ရပ်သွားပြီး လင်းက သူ့နားရွက်ကို ဘယ်တော့မှ မထိမိအောင် ထိန်းထားတတ်ကြောင်း သိလိုက်ရ၏။


သူက မသိလိုက်မသိဘာသာ သူ့သွားစွယ်များဖြင့် ပွတ်သပ်လိုက်၏။ လင်းက တစ်ကိုယ်လုံးကို ခါယမ်းကာ သူ့လက်များကို အားလျှော့လိုက်၏။ ထိုအခွင့်အရေးကို ယူပြီး လုမော့က စောင်ကို ရုတ်တရက် လှန်လိုက်၏။


အပြင်ဘက်ရှိ ကောင်းကင်က မှိန်ဖျော့နေပြီး မိုးအဆက်မပြတ်ရွာနေ၏။ အခန်းထဲတွင် အလင်းရောင်က အလွန်မှိန်နေသော်လည်း လုမော့က လင်း၏ မျက်နှာကို ရှင်းရှင်း လင်းလင်းမြင်ရသေး၏။


လင်း၏ သူငယ်အိမ်များ ကျယ်လာပြီး နားရွက်များ နီရဲကာ သွေးထွက်လုမတတ်ပင်။ သူက တွန့်ကွေးကာ ပါးစပ်ကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ အုပ်ထား၏။


လုမော့ လင်းကို ကြောင်တောင်တောင် စိုက်ကြည့်ရင်း လင်းက အသက်ရှူပြင်းကာ တုန်ရီနေသည်ကို ကြည့်ပြီး မေးလိုက်၏။ 

"မင်း ဘာ...မင်းဘာဖြစ်နေတာလဲ..."


ထိုလှပနီရဲသော မျက်လုံးများထဲတွင် ရင်းနှီးသော အလင်းရောင်တစ်ခု ရှိနေ၏။


လုမော့ ယခင်က ယ ဘာလဲဆိုသည်ကို မသိခဲ့သော်လည်း မကြာသေးမီကမှ သူ တဖြည်းဖြည်း နားလည်လာခဲ့၏။


လင်းက သူ့ကို ထွက်ပေါက်မှ ပြန်ဆွဲထုတ်လိုက်ချိန် လုမော့က ထိုအရာကို သေချာသိသွား၏။


လင်းက သူ့ကို လေးလေးနက်နက် ချစ်မြတ်နိုး၏။


"ကိုယ်…"

လုမော့၏ ထုံးစံအတိုင်း ပါးစပ်ပိတ်ကာ မာနကြီးဟန်ဆောင်ပြီး လင်းထံ မရေမတွက်နိုင်သော ကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုမှုများ ပြုလုပ်မည်မှာ အသေအချာပင်။


လင်းကို ဟိုနည်း သည်နည်းများနှင့် နည်းလမ်းအမျိုးမျိုး ခိုင်းစေမည်ဖြစ်သည်။


သို့သော် ယခုအချိန်တွင် သူရုတ်တရက် မလုပ်ချင်တော့ချေ။


တစ်ယောက်ယောက်က ငါ့ကို ဒီမျက်လုံးမျိုးနဲ့ကြည့်တာ ဒါပထမဆုံးအကြိမ်ပဲ... ငါ့ရဲ့ ဆိုးရွားတဲ့ခံစားချက်အားလုံးကို သူတို့သည်းခံနိုင်လိမ့်မယ်လို့...


အကျယ်ကြီး ပြောလို့ရမလား...


"ကိုယ်…"


လုမော့က ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောလိုက်၏။

"ကိုယ် မင်းကို လိမ်ခဲ့တယ်...ဒါပေမယ့် ကိုယ် မင်းကို အမှန်အတိုင်း မပြောနိုင်ဘူး..."


" ကိုယ် လူတိုင်းကို လိမ်ခဲ့တယ်...ဒါပေမယ့် ကိုယ် ဘာမှမတတ်နိုင်ဘူး..."


လုံးဝနားမလည်နိုင်သည့် အပိုင်းများစွာကို သူနေပြောသော်လည်း လင်းနားလည်ရန် မမျှော်လင့် ထားဘဲ သူ့ကိုယ်သူသာ ခပ်တိုးတိုးပြောနေ၏။


"လင်း ကိုယ်က အမှိုက်ကောင်လား..."

အင်း...ဒါအမှန်ပဲ...ငါက S အဆင့်အမျိုးသားဇာ့ဂ်ဖြစ်ရင်တောင်မှ အမှိုက်ကောင်တစ်ကောင်ပဲလေ…


လင်း သက်ပြင်းချလိုက်၏။


"အဆင်ပြေတယ်...လုမော့..."

သူ လုမော့၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ဖဝါးဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ထပ်ခါတလဲလဲ ပြောလေ၏။

"အဆင်ပြေပါတယ်..."


လုမော့ အလွန်စိတ်ဓာတ်ကျကာ ခေါင်းငုံ့လိုက်၏။ ၎င်းမှာ သူ အသွင်မပြောင်းလဲမီကကဲ့သို့ နူးညံ့ပြီး ခပ်ပျော့ပျော့အမျိုးသားဇာ့ဂ်ပုံဖြစ်၏။


လင်း လုမော့၏ပါးကို အခြားလက်ဖြင့် ထောက်ကာ မျက်နှာကို သူ့ဘက်သို့လှည့်ပြီး ပြောလိုက်၏။

 "ငါ စိတ်မဆိုးပါဘူး..."


"အတုဖြစ်ရင်တောင် ကိစ္စမရှိပါဘူး...မင်း ငါ့ကို လိမ်လည်ထားရင်တောင် အဆင်ပြေတယ်...ငါ ဘာကိုမှ စိတ်ထဲမထားပါဘူး...."


လုမော့က သူ့ကို ကြောင်အစွာ စိုက်ကြည့်နေ၏။

 "ဒါပေမယ့်..."


လင်း လုမော့ကို ကြင်နာစွာ ကြည့်လိုက်၏။


"မင်း တကယ်လို့ ငါ့ကို လိမ်ပြောခဲ့တယ်ဆိုရင်လည်း ဆက်ပြီးလှည့်စားနေလိုက်ပါ…ငါတို့အားလုံး နတ်ဘုရားဇာ့ဂ်ရင်ခွင်ထဲကို ပြန်မရောက်မချင်း လှည့်စားနေပါ..."


"မင်း ဘယ်လိုလူပဲဖြစ်ဖြစ် ငါ မင်းကို ချစ်တယ်..."


လုမော့က သူ့နှလုံးသားကို လက်ဖြင့် ဖိလိုက်ပြီး အသံက ခပ်အက်အက်ဖြစ်နေ၏။

"ဒါပေမယ့် ကိုယ် ဘာမှမတတ်နိုင်ဘူးလေ..."


လင်းက အသံတိုးတိုးဖြင့် ရယ်လိုက်ပြီး ထိုရယ်မောသံက ချိုမြိန်သော တယောသံလိုပင်။ လုမော့လက်တစ်ဖက်ကို ယူကာ ရင်ဘတ်ပေါ် ဖိလိုက်သည်။


"ဘယ်သူပြောတာလဲ မင်းမလုပ်ခဲ့ဘူးလို့..."


"မင်း ငါ့ကို ကယ်ခဲ့တယ်လေ..."


"တခြားအရာတွေ အတွက်ကောပေါ့..."

လင်းက လုမော့အနားကို မှီပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။

 "လုမော့ ငါတကယ်အဆင်ပြေတယ်..."


"မင်း လုပ်ချင်တာရှိသလောက် ငါလုပ်ပေးနိုင်တယ်..."


လုမော့က သူ့ခေါင်းကို ငုံ့ထားပြီး ရေတစ်စက်က သူ့အင်္ကျီပေါ် ကျဆင်းလာ၏။ လင်း၏ ရင်ဘတ်ကို ဖိထားသည့် သူ့လက်များက အနည်းငယ် တုန်ခါသွား၏။


ဤနေရာတွင်နေခဲ့ရန် ရွေးချယ်ရခြင်းက အလွန်ကောင်းမွန်၏။


——


ပြတင်းပေါက် အပြင်ဘက်တွင် အဆုံးမရှိ လေပြင်းနှင့် မိုးရေများ ရွာသွန်းနေကာ တစ်ကမ္ဘာလုံး မိုးရွာနေသကဲ့သို့ပင်။


မီးရောင်များ တဖျပ်ဖျပ်လက်နေပြီး အခန်းက မွှေးရနံ့များနှင့် ပြည့်နေ၏။


တစ်ညကြာပြီးနောက် လေနှင့် လှိုင်းများက တဖြည်းဖြည်း ငြိမ်သွား၏။


လုမော့က ငှက်များ၏ သီချင်းကို ကြားသောအခါတွင် မျက်လုံးမှေးမှိန်မှိန်မှိတ်ဖွင့်လိုက်ရာ ပြတင်းပေါက်မှ ကြည့်နေသော ငှက်ငယ်လေးတစ်ကောင်ကို မြင်လိုက်ရပြီး ပျံထွက်သွားသည်။


နွေရာသီ၏ နောက်ဆုံးမိုးက ရပ်သွားပြီဖြစ်သည်။


နွေရာသီ ကုန်ဆုံးသွားပေပြီ။


------------


မိခင်ဇာ့ဂ်၏ ကျေးဇူးတော်ပေးခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နှစ်စဉ်နှစ်တိုင်း အတူတူပင်။


ဇာ့ဂ်ဧကရာဇ်၏ ကောင်းချီးမင်္ဂလာကို ခံယူပြီးနောက် အမျိုးသမီးဇာ့ဂ်အား ဇာ့ဂ်ဘုရင်မ၏ ကျေးဇူးတော်ကို လက်ခံကာ ဗိမာန်တော်ထဲသို့ ဝင်ခွင့်ပြုခဲ့၏။


ထိုကျေးဇူးတော်ပေးခြင်းက ဇာ့ဂ်ဘုရင်မ၏ သွေးပင်။


ထိုသွေးထဲတွင် မှော်အစွမ်းရှိပြီး သောက်သုံးပြီးနောက် အမျိုးသမီးဇာ့ဂ်များက ကျန်းမာသန်စွမ်းပြီး သန်မာသော အမျိုးသားဇာ့ဂ်မျိုးဆက်များကို မွေးဖွားနိုင်၏။


နန်းတော်ထဲ စောင့်နေသည့်အချိန်အတောအတွင်း ကျေးဇူးတော်လက်ခံချိန်တွင် ကျင့်သုံးရမည့် ကျင့်ဝတ်အားလုံးကို သွန်သင်ပေးမည့် အထူးပုရောဟိတ်များ ရှိပေသည်။


အခန်းထဲတွင် နေရသော လုမော့နှင့်မတူဘဲ လင်းက ယခုရက်ပိုင်းတွင် အလုပ်များနေသည်ဟု ဆိုနိုင်၏။ ပြန်လာပြီးနောက် သူက လုမော့၏ ကလေးဆန်မှုနှင့် မောက်မာသောစွပ်စွဲချက်များကို ရင်ဆိုင်မည်ပင်။


အကန့်အသတ်မရှိပင်။


လင်း စာဖတ်နေချိန်တွင် လုမော့က သူ့လက်ထဲမှစာအုပ်ကို တွန်းဖယ်လိုက်ပြီး ကုတင်ပေါ်ကို ဆွဲတင်လိုက်၏။


သူက ရှက်ကိုးရှက်ကန်း ပြောလိုက်၏။

"တကယ်ပဲ...  ဒီအချိန်မှာ လုပ်ချင်နေတာလား..."


လုမော့က သူ့မေးစေ့ကို မော့လိုက်ပြီး မျက်ခုံးမွှေးများက တအံ့တသြ ပျံထွက်လုနီးပါးဖြစ်သွားသည်။

"ချစ်လှစွာသော အိမ်သူဘုရင်မလေးရေ...မင်း ကိုယ့်ကို ပျားရည်ဆမ်းခရီးတစ်လျှောက်လုံး အကြာကြီး အနှောင့်အယှက်ပေးခဲ့တာလေ...အရင်ကတော့ မရပ်မနား သွေးဆောင်ဖြားယောင်းပြီး လာလာစပြီးတော့ နောက်ဆုံး ကိုယ့်ဘက်က တုံ့ပြန်လာတော့ မင်းက ငြင်းတယ်ပေါ့...ဒီလိုသဘောထားမျိုးကို ဘယ်လိုခေါ်လဲ သိလား..."


လင်း၏မျက်နှာ နီရဲသွား၏။

"ဘယ်လိုလဲ…"


လုမော့က အေးအေးဆေးဆေး ပြောလိုက်၏။

"အဲဒါကို အမှိုက်လို့ ခေါ်တယ်..."


လင်း ညည်းတွားပြီး သူ့မျက်နှာကို စာအုပ်ဖြင့် အုပ်လိုက်၏။

 "အို ဇာ့ဂ်နတ်ဘုရားရေ... အဲဒါ ငါ မင်းကို နှစ်သိမ့်ဖို့ သက်သက်ပဲလေ..."


လုမော့က S အဆင့်အမျိုးသားဇာ့ဂ်အဖြစ်သို့ ပြောင်းလဲပြီးနောက် အမှိုက်ကောင်အစစ်အမှန် ဖြစ်လာရန် ထိုက်တန်လာခဲ့သည်။

ငါက နှလုံးသားမဲ့တယ်...ရက်စက်တယ်...ကျိုးကြောင်းမသင့်ဘူး...


လင်း၏ ပျော့ညံ့သောငြင်းဆန်မှုကို သူ ရိုးရိုးရှင်းရှင်း လျစ်လျူရှုပြီး လင်းမျက်နှာပေါ်မှ စာအုပ်ကိုပစ်ချကာ သူ့လက်ကို ဆုပ်ကိုင်ပြီး ကုတင်ပေါ်သို့ လျှောက်သွားလိုက်၏။


သူတို့ ခဏမျှ ကုတင်ပေါ်မှာ ထိုင်ကြ၏။


ထို့နောက် ခဏမျှ ထိုင်ခုံမှာ ထိုင်ကြ၏။


ထို့နောက် ခဏမျှ ကြမ်းပြင်ပေါ်မှာ ထိုင်ကြ၏။


လင်းက တုန်တုန်ရီရီဖြင့် ပြောလိုက်၏။

"မဟုတ်...မဟုတ်ဘူး...မင်း မြေကြီးပေါ်မှာ ထိုင်လို့မရဘူး...အေးလွန်းတယ်..."


လုမော့ ရပ်သွား၏။

"ဒါဆို လသာဆောင်မှာ ထိုင်ရင်ကော...နေရောင်က အရမ်းကောင်းတယ်လေ..."


လင်း၏မျက်နှာ နီသွားပြီး သူက ထိုအရာကို မသင့်တော်ဟု တွေးမိသော်လည်း လုမော့၏ တောက်ပနေသော မျက်ဝန်းများကို ကြည့်ပြီး သူ့မျက်စိမှိတ်လိုက်ကာ အလိုလိုက်ရတော့၏။ 


ပထမတွင် သူအနည်းငယ်စိတ်လှုပ်ရှားမိသော်လည်း နောက်ဆုံး စိတ်သက်သာရာရသွား၏။ သူတို့ သပ်သပ်ရပ်ရပ် ထိုင်သည်ဖြစ်စေ မထိုင်သည်ဖြစ်စေ သူအာရုံမစိုက်နိုင်တော့ပေ။ လင်း၏ အကြီးကျယ်ဆုံးသော အားထုတ်မှုက ထိုနေရာတွင် မမေ့မြောသွားရန်ပင်။


မည်သူမှ အသေးစိတ်ကို မသိသော်လည်း သူတို့က လင်းကို ဤသို့ လေးစားစွာ မေးကြမည်ဖြစ်၏။

"ဗိုလ်မှူး...မင်းတကယ် အလုပ်ကြိုးစားတာပဲ..."


ဒီလို အမျိုးသားဇာ့ဂ်မျိုးက အရမ်းမိုက်တာပဲ...အရမ်း အမိုက်ဆန်လွန်းလို့ လက်မခံနိုင်လောက်အောင်ပဲ...


--------


"ငါလည်း သွားရမှာလား..."


ထမင်းစားပွဲတွင် လုမော့က ပေါင်မုန့်တစ်ကိုက်ကို မျိုချလိုက်ပြီး လင်းကို တအံ့တသြကြည့်ရင်း ပြောလိုက်သည်။ 

"အရင်က ဖြစ်ဖူးလို့လား..."


ယနေ့တွင် လင်းက သတင်းဆိုးတစ်ခု ယူဆောင်လာ၏။


နှစ်ထောင်ပေါင်းများစွာကြာပြီနောက် S အမျိုးသားဇာ့ဂ်တစ်ဦးက ဇာ့ဂ်မျိုးနွယ်တွင် ပေါ်လာခဲ့၏။ ထိုပျော်ရွှင်စရာပွဲကို ကျင်းပရန်အတွက် ဇာ့ဂ်ဘုရင်မက လုမော့နှင့် လင်းကို တစ်ချိန်တည်း ကျေးဇူးတော်ပေးမည်ဟု ဆုံးဖြတ်ခဲ့၏။


ဆိုလိုသည်မှာ အခုချိန်မှစပြီး လုမော့က သူ၏ ဇိမ်ခံသောက်စားပျော်ပါးသည့်၊ အလုပ်လက်မဲ့ နေ့ရက်များ ကုန်ဆုံးသွားပြီဖြစ်သည်။ သူ ကိစ္စအမျိုးမျိုးနှင့် အလုပ်များတော့မည်ဖြစ်၏။ 


လုမော့ ဒေါသတကြီးဖြင့် မုန့်ကို အပေါက်များ ပေါက်အောင် ထိုးလိုက်၏။


ငါ့မှာ စိတ်ကူးတွေ အများကြီးရှိသေးတယ်လေ...


စနစ်က သူ့စိတ်ထဲ ပင့်သက်ရှိုက်လိုက်၏။

 [မင်းအရင်က ဒီလိုမဟုတ်ဘူးလားလို့...]


သူ လင်းကိုရှောင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေဆဲပင်။


လုမော့ရဲ့မျက်နှာက အလေးအနက်ပုံဖြင့် ပြောလိုက်သည်။

" အဲဒါကြောင့်ဖြစ်နိုင်တယ်…နောက်ဆုံးတော့ ငါက လူသားတစ်ယောက်လို မပြုမူတော့ဘူးလေ..."


စနစ်- […...]


သူက ဒီ S အဆင့်ကို ဂုဏ်ယူစရာလို့ ဆိုချင်တာလား...


ဇာ့ဂ်မျိုးနွယ်က အမှန်တကယ် ခန့်မှန်းမရလောက်အောင်ပင်။


အချုပ်အားဖြင့်ဆိုရသော် ယခုနှစ် ကျေးဇူးတော်ပေးအခမ်းအနားတွင် အပြောင်းအလဲ အနည်းငယ် ရှိခဲ့၏။ လင်းက ကျေးဇူးတော်ကို လက်ခံမယူမီ ဇာ့ဂ်ဘုရင်မက သူမ၏ကောင်းချီးကို လုမော့ထံ ပထမဆုံးပေးအပ်မည်ဖြစ်၏။



🌌🌌🌌🌌Chapter 75



လုမော့ ဇာ့ဂ်ဧကရာဇ်ကို တည်တင်းစွာ ကြည့်လိုက်၏။

"အရှင် ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော်နားမလည်ဘူး..."


လုမော့၏ ရှင်သန်မှုစည်းမျဉ်းများထဲမှ တစ်ခုက အရာအားလုံးက မှန်းချက်နှင့်မကိုက်ကြောင်း သတိပြုမိပါက မိုက်မဲစွာဖြင့် ထိုအတိုင်းသာ ဆက်လုပ်ခြင်းပင်ယ


မိမိ၏စိတ်နေသဘောထားက ခိုင်မာနေသရွေ့၊ အရာရာကို ငြင်းဆိုနေသရွေ့ တစ်ဖက်လူအပေါ်  မိမိခံယူချက်က လွှမ်းမိုးသွားမည်ဖြစ်ပြီး သူတို့၏ ကိုယ်ပိုင်နားလည်မှုကို သံသယဖြစ်လာလိမ့်မည်။


၎င်းက ဘာသာစကားစွမ်းအားပင်။


လုမော့က ယဉ်ကျေးစွာ ပြောလိုက်၏။

"ဇာ့ဂ်မျိုးနွယ်စုအတွက် ကျွန်တော်လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်ရမှာလေ...အရှင် တစ်ခုခု နားလည်မှုလွဲသွားတာလို့ ထင်ပါတယ်..."


"မွေးကတည်းက အခုချိန်ထိ တခြားသူတွေရဲ့ ခံစားချက်ကို ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစား ဖူးဘူး...ကျွန်တော်လုပ်ခဲ့သမျှ ကိုယ့်အကျိုးအတွက်ပဲ...တစ်ယောက်ယောက်က ကျွန်တော့်ကို တားဖို့ သတ္တိရှိရင်..." 

လုမော့မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး အန္တရာယ်ရှိသော လေသံဖြင့် ပြောလိုက်သည်။

"နောင်တရခြင်းအစစ်အမှန်က ဘာအဓိပ္ပါယ်လဲဆိုတာ သူ့ကို နားလည်စေမယ်..."


"ကောင်းကင်ဘုံက မျက်စိရှိရင်၊ ဇာ့ဂ်နတ်ဘုရားက အိပ်မပျော်ခဲ့ရင်၊ ဒီလောကကြီးမှာ တကယ့် ကံတရားရှိရင် ကျွန်တော်လုပ်ခဲ့တာတွေက ငရဲအောက်က အနက်ရှိုင်းဆုံးနေရာမှာ ဘယ်တော့မှ ပြန်မတက်လာပါစေနဲ့... ဒါပေမဲ့ ကံမကောင်းစွာပဲ..."


လုမော့ သိက္ခာရှိရှိပြုံးလိုက်ပြီး သူ့လေသံက ခပ်ဖျော့ဖျော့ဖြစ်နေသော်လည်း သူပြောသမျှက စက်ဆုပ်ဖွယ်ကောင်းကာ ဝတ်ကောင်းစားလှဝတ်ထားသော သားရဲ၏ စက်ဆုပ်ဖွယ် သူတော်ကောင်းယောင်ဆောင်မှုကို ထင်ဟပ်စေသည့်အပြင် လူတိုင်း သူ့ကို တိုက်ရိုက်ပိတ်ထိုးလာအောင် လုပ်နေသလိုပင်။


"ကံမကောင်းစွာနဲ့..." 

လုမော့က လက်ကို သပ်ရပ်စွာဆန့်ထုတ်ပြီး အင်္ကျီလက်များကို ဆွဲတင်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"ဒီကမ္ဘာကြီးက အမြဲတမ်း မတရားဘူး...ကျွန်တော့်လို အမျိုးသားဇာ့ဂ်က S အဆင့်ဖြစ်သွားတယ်..."


အင်္ကျီခေါက်နေသော လက်များက အနည်းငယ် တုန်ရီသွား၏။


လုမော့က မွန်မြတ်ပြီး အေးစက်သောအပြုံးကို ထိန်းသိမ်းထားသော်လည်း သူ့နှလုံးသား တစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်နေပေသည်။


-သေစမ်းကွာ...


ဘယ်သူက ငါ့လိုမျိုး သရုပ်ဆောင်စွမ်းရည်ရှိလဲ...တခြားဘယ်သူရှိသေးလဲ...ငါက မယုံနိုင်စရာပဲ...


ဟား...ဟား...ဟား


စနစ်က အံ့ဩတကြီးနှင့် ပြောလိုက်သည်။

[လုမော့ရေ...ငါ မင်းကို ရွှေတံဆိပ် ၁၀ ဆု ပေးရမယ်...မင်းက ထိုက်တန်တယ်...]


သူ ဇာ့ဂ်ဧကရာဇ်အား ယုံကြည်မှုရှိရှိကြည့်လိုက်ပြီး အမှိုက်ဆန်မှုတန်ဖိုး တက်လာသည်ကို စောင့်နေ၏။


သို့သော် သူ့ကို ထိတ်လန့်စေသည့်အရာမှာ ဇာ့ဂ်ဧကရာဇ်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည့်စကားပင်။

"မင်းက အမြဲတမ်းဒီလိုပါပဲ...ဒါကြောင့် လူတိုင်းက မင်းကို အထင်လွဲခဲ့တာ..." 


လုမော့: "..."


ဟမ်…"ငါကိုယ်တော်မင်းကို အချိန်အကြာကြီးတည်းက သိခဲ့တယ်" ဆိုတဲ့ အမူအရာကြီးက ဘာကိုဆိုလိုချင်တာလဲ...


လုမော့နားမလည်နိုင်မီမှာပင် ဇာ့ဂ်ဧကရာဇ်က လှည့်သွားပြီး ပရိသတ်အားလုံးကို မျက်နှာမူ၍ ကျယ်လောင်စွာ ပြောခဲ့၏။

"ပြည်သူတို့...ဒီမတိုင်ခင် မင်းတို့အများစုက လုမော့ကို မကျေမနပ်ဖြစ်ခဲ့ကြတယ်..." 


သူ့အသံက ကျယ်လောင်ခြင်းမရှိသော်လည်း စိတ်စွမ်းအား၏ အကူအညီဖြင့် ပရိသတ်တိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားခဲ့သည်။


"သူက အယူလွဲပြီး အကျင့်စာရိတ္တမကောင်းသူလို့ မင်းတို့ထင်နေတာလား...ငါကိုယ်တော် မမှားဆိုရင်တော့ အခုတောင်မှ စိတ်ထဲမကျေနပ်သေးတဲ့သူတွေ အများကြီးရှိသေးတယ်မလား..."


"ဘာလို့ လုမော့ဖြစ်ရတာလဲ...သူက ဘာလို့ S အဆင့်အမျိုးသားဇာ့ဂ် ဖြစ်သွားတာလဲ... စုန့်ကျန်းရှူးဆိုရင် ပိုကောင်းမယ်လေ...မဟုတ်ဘူးလား…"


ဤမေးခွန်းအတွဲလိုက်က ကြည့်ရှုသူအများအပြား၏ စိတ်ကို ဖမ်းစားနိုင်ကာ သူတို့ကို ရှက်စိတ်ဖြင့် ခေါင်းငုံ့စေခဲ့၏။


ဇာ့ဂ်ဧကရာဇ်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး လုမော့၏ တင်းမာသောမျက်နှာကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်၏။

"ဒါပေမယ့် ငါကိုယ်တော်ပြောချင်တာက မင်းတို့အားလုံး သူ့ကို အထင်လွဲနေတာပါ... သူလုပ်သမျှက တခြားအမျိုးသားဇာ့ဂ်တွေထက် S အဆင့်အထောက်အထားကို ပိုထိုက်တန်သွားစေတာ..."


ဤမှတ်ချက်ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်း အံ့အားသင့်သွားကြပြီး ပရိသတ်များထံမှ ဆွေးနွေးမှုများ နည်းပါးသွား၏။


"ဘာတွေဖြစ်နေတာလဲ...ငါတော့ ဒီလိုမျိုး တစ်ခါမှ မကြားဖူးဘူး..."


“ဘာလဲ...ဒါတွေကို ဖိုရမ်မှာ ရှိတဲ့သူတွေ အားလုံးလုပ်ကြံပြောထားတာလို့ထင်ခဲ့တာ...အဲဒါက တကယ်ကို အတုအယောင်တွေလိုပဲလေ... အစစ်ကြီးလား...”


"ဘယ်ဖိုရမ်လဲ...ငါမသိဘူးနော်..."


"အို ဒါက..."


အားလုံးရှုပ်ထွေးသွားချိန်တွင် လုမော့အနားမှ လင်းက အလွန်ထူးဆန်းသောအမူအရာဖြင့် ရပ်နေသည်ကို မည်သူမျှ သတိပြုမိခြင်းမရှိပေ။


သူ ဇာ့ဂ်ဧကရာဇ်ကို အေးစက်စွာ စိုက်ကြည့်နေပြိး ခိုသွေးရတနာကဲ့သို့ မျက်လုံးများက နှင်းခဲများဖြင့် ဖုံးလွှမ်းနေပုံပင်။ ဤအကြည့်မျိုးက မြင့်မြတ်သော ဇာ့ဂ်ဧကရာဇ်ကို ကြည့်နေပုံ မပေါ်ဘဲ သူ့အား စက်ဆုပ်ဖွယ်ရာ အရာတစ်ခုကို ကြည့်နေသလိုမျိုးပင်။


ဇာ့ဂ်ဧကရာဇ် ရှာတွေ့မည်ကို မကြောက်သလိုမျိုး သူ့၏ ရွံမုန်းမှုက အထင်အရှားဖြစ်နေ၏။


ဤလောကတွင် မည်သူမဆို ၎င်းကို စကားလုံးအနည်းငယ်ဖြင့်သာ လုပ်ဆောင်နိုင်ပြီး အခြေအနေတစ်ခုလုံးကို ပြောင်းလဲနိုင်လျှင် ၎င်းက ချွင်းချက်မရှိ ဇာ့ဂ်ဧကရာဇ်သာဖြစ်ရမည်။


သူ့တွင် မှော်စွမ်းအားအချို့ရှိပြီး အခြားသူများ၏ အတွေးအမြင်များကို အလွယ်တကူ ခြယ်လှယ်နိုင်၏။ ဇာ့ဂ်များက မည်မျှပင် စိတ်ဓာတ်ခိုင်မာနေပါစေ သူ့အပေါ် ယိမ်းယိုင်သွားမည်ဖြစ်ပြီး မည်မျှပင် နှလုံးသားမဲ့နေပါစေ သူ့အတွက် လှုပ်ရှားပေးမည်ဖြစ်၏။


လင်းက နက်ရှိုင်းသော စွမ်းအားမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုကို ခံစားခဲ့ရ၏။ ဇာ့ဂ်ဧကရာဇ်ကို သတ်နိုင်မည်ဟု သူယုံကြည်သော်လည်း လုမော့မည်သို့တွေးမည်ကို မသေချာပေ။


သူစိုးရိမ်တကြီးဖြင့် နှုတ်ခမ်းများကို ကိုက်လိုက်ပြီး အပြင်သို့ ပေါက်ထွက်လာတော့မည့် မထိန်းချုပ်နိုင်သော တွန်းအားတစ်ခုကို ခံစားနေရ၏။


ဇာ့ဂ်ဧကရာဇ်က လုမော့ကို မထိခိုက်စေမီ သူ ဇာ့ဂ်ဧကရာဇ်ကို ဦးစွာသတ်လိုက်ရမည်။ လင်း သူ့ကိုသတ်လိုက်လျှင် အရာအားလုံးက တည်ငြိမ်သွားလိမ့်မည်။


အမှန်ပဲ…


ဘယ်လိုပဲ ကြိုးစားကြိုးစား ဖြေရှင်းလို့မရတဲ့ ချည်မျှင်ဘောလုံးလိုပဲ...မဖြေရှင်းနိုင်ရင် တိုက်ရိုက်ဖြတ်လိုက်ရုံပဲပေါ့...


ဤအတွေးမျိုးက အဆိပ်ဝိုင်နှင့်တူပြီး လင်းက ချက်ချင်းပင် မူးဝေမူးယစ်သည့်အခြေအနေသို့ ရောက်သွား၏။ သူ၏ ဘယ်ဘက်လက်က အနည်းငယ် လှုပ်ရှားသွားပြီး သူ့အင်္ကျီလက်အတွင်းမှ သေနတ်တစ်လက် ပြုတ်ကျလာကာ ၎င်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။


သို့သော် ထိုမိနစ်အနည်းငယ်အတွင်း လင်း မသိမသာ ခေါင်းစောင်းပြီး လုမော့ကို ကြည့်လိုက်၏။


ထို့နောက်တွင် သူ့ထက် ပိုစိတ်ကုန်နေပုံပေါ်သော လုမော့ကို တွေ့လိုက်၏။


လင်း: "..."


ဆံပင်အနက်ရောင်နှင့် အစိမ်းရောင်မျက်လုံးများက ဇာ့ဂ်ဧကရာဇ်ကို မျက်နှာသေဖြင့် ကြည့်နေ၏။ သူက အလွန်မြင့်မြတ်ပြီး အေးစက်သောပုံပေါက်နေသေးသော်လည်း လင်းက လုမော့ ခေါင်းထက်တွင် "သေဆုံးခြင်း" ဟူသော စကားလုံးကြီးကြီးဖြင့် မြင်နေရပုံပင်။


အင်း……


ဒီလိုမျိုး...


လုမော့: =_=


လင်း မအောင့်ဘဲ ရယ်လိုက်မိသည်။ လုမော့၏အတွေးများ နာကျင်နေကြောင်း သူသိသော်လည်း မလိုလားအပ်သည့် ခံစားချက်များမှ ချက်ချင်း ရုန်းထွက်နိုင်ခဲ့၏။ တစ်ခဏအတွင်း သူ၏ ဗျာများနေသောခံစားချက်များကို ထိန်း၍ ယခင်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့၏။


လုမော့က သူ့ရယ်မောသံကို ကြားသောအခါ ခေါင်းကို ဖြည်းညှင်းစွာလှည့်ကာ တည်ငြိမ်သောအသံဖြင့် ပြောလိုက်၏။

"ချစ်ရတဲ့ အိမ်သူလေးရေ...ကိုယ် အခုစိတ်မကောင်းဖြစ်နေလို့ မင်းနည်းနည်းလေး အာရုံစိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်..."


သူ့အသံက မာလာ၏။

"မရယ်နဲ့တော့..."


လင်းက သူ့အပြုံးကို ခက်ခက်ခဲခဲ ချိုးနှိမ်ရန် ကြိုးစားခဲ့၏။

"ဟုတ်ကဲ့ပါ သခင်..."


လုမော့က သူ့ခေါင်းကို ပြင်းပြင်းထန်ထန် လှည့်လိုက်ပြီး သူ့မကျေနပ်မှုများကို ဖော်ပြရန် နောက်ကျောပေးလိုက်၏။ 


ဤအရာအားလုံးက အလွန်ကြာသည်ဟုထင်ရသော်လည်းအမှန်တွင် စက္ကန့်တစ်ဒါဇင်ခန့်သာ။ 


လူတိုင်း၏ တုံ့ပြန်မှုက သူမျှော်လင့်ထားသည့်အတိုင်း အတိအကျဖြစ်သည်ကို တွေ့လိုက်ရ၏။ နောက်ဆုံးတွင် ဇာ့ဂ်ဧကရာဇ်က လူတိုင်း၏ စိတ်အားထက်သန်စွာပါဝင်လာမှုအလယ်၌ မေးလိုက်၏။

"လုမော့အကြောင်း မင်းတို့ဘယ်လိုသိလဲ...ဗီဒီယိုတွေက ဘာတွေလဲ...ဒါမှမဟုတ် အများပြောစကားကြောင့်လား...ဖြစ်နိုင်တာက အခြေအမြစ်မရှိတဲ့ ကောလဟာလတွေလား..."


"မင်းတို့ထဲက တစ်ယောက်မှ လုမော့နဲ့ တကယ်မထိတွေ့ဖူးဘူးမဟုတ်လား..."


"တကယ်တော့ လုမော့က သူ့အဖေရဲ့ ပိုင်ဆိုင်မှုကို အမွေဆက်ခံပြီးတဲ့နောက် သူပထမဆုံး လုပ်ခဲ့တာက ကျတ်တီးကြယ်ဆိပ်ကမ်းကို ပြုပြင်ဖို့ဆိုတာ မင်းတို့မသိဘူး..."


"သူ D အဆင့်အမျိုးသားဇာ့ဂ် ဖြစ်နေတုန်းက စိတ်စွမ်းအားကို သုံးပြီး စိတ်ပိုင်းဆိုင်ရာပြိုလဲနေတဲ့ အမျိုးသမီးဇာ့ဂ်ဘယ်လောက်များများကို ကယ်ခဲ့လဲဆိုတာ မင်းတို့မသိခဲ့ကြဘူး..."


"တစ်ချိန်က ဂုဏ်ယူစရာကောင်းတဲ့ အမျိုးသမီးဇာ့ဂ်ဖြစ်ခဲ့ဖူးပေမယ့် နိမ့်ကျသွားတဲ့အမျိုးသမီးဇာ့ဂ် ဘယ်နှစ်ယောက်လောက် သူကယ်တင်ခဲ့တာလဲဆိုတာ မင်းတို့မသိဘူး…"


ဇာ့ဂ်ဧကရာဇ်က သူ့လက်ကိုဖွင့်ပြီး ပြောလိုက်၏။

“ကလေးတို့ ငါကိုယ်တော်က အမျိုးသားဇာ့ဂ်ဖြစ်ဖြစ်၊ အမျိုးသမီးဇာ့ဂ်ဖြစ်ဖြစ်၊ ဒွိလိင်ဇာ့ဂ်ဖြစ်ဖြစ် မင်းတို့ တစ်ဦးချင်း တစ်ယောက်ချင်းစီကို နက်နက်ရှိုင်းရှိုင်း ချစ်တော်မူတယ်...မင်းတို့အားလုံးက ငါကိုယ်‌တော်ရဲ့ တန်ဖိုးရှိတဲ့ ကလေးတွေပဲ...ငါကိုယ်တော်က မင်းတို့ကို တောက်ပတဲ့ မျက်လုံးတွေကို ပေးစွမ်းထားတာကြောင့် ပုံပန်းသဏ္ဍာန်နဲ့ လှည့်စားမခံရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်..."


"အနာဂတ်မှာ မင်းတို့ နောက်ထပ်အရာတွေ အများကြီးကြုံတွေ့ရလိမ့်မယ်...မင်းတို့ စိတ်ရှုပ်တိုင်း ဒီနေ့ ဖြစ်ပျက်ခဲ့တာကို သတိရပါ..."


ဇာ့ဂ်ဧကရာဇ်၏ အသံက သနားစာနာမှုအပြည့်နှင့်ပင်။

"လုမော့ကို သူ့အထောက်အထားကြောင့် လက်ခံဖို့ အတင်းအကြပ်လုပ်စရာမလိုပါဘူး... ဘာဖြစ်လို့လဲဆိုတော့..."


"သူက ထူးချွန်တဲ့ အမျိုးသားဇာ့ဂ်တစ်ယောက်ပါ..."


ခန်းမထဲတွင် တဖြည်းဖြည်း ကျယ်လောင်လာသော ရှိုက်သံများနှင့်အတူ လေညှင်းလေးများအဖော်ပြုနေသည့် ခံစားမှုများက လူတိုင်း၏ နှလုံးသားများကို ကွေ့ကောက်နေသော စမ်းချောင်းတစ်ခုသဖွယ် ထိတွေ့လာစေသည်။


လုမော့စိတ်ထဲတွင် စနစ်၏ သတိပေးချက်များလည်း ရှိခဲ့၏။


[ ဒင်...လုံးဝအပြစ်ကင်းစင်တဲ့အတွက် အမှိုက်ဆန်မှုတန်ဖိုး 10,000 နုတ်ယူလိုက်ပါပြီ...]


[ဒင်း...ဖျက်ဆီးမရတဲ့ ကြာပန်းဖြူအရည်အချင်းကြောင့် အမှိုက်ဆန်မှုတန်ဖိုး 50,000 နုတ်ယူလိုက်ပါပြီ...]


[ဒင်း...ဝန်ခံမှု ထောင်သောင်းချီပြီး ရခဲ့တာကြောင့် အမှိုက်ဆန်မှုတန်ဖိုး 80,000 ကို နုတ်ယူလိုက်ပါပြီ...]


...


အမှိုက်ဆန်မှုတန်ဖိုးများ ကျဆင်းသွားသည့် အရှိန်က အဓိကစတော့ဈေးကွက်ရှိ စတော့ရှယ်ယာ တစ်ခုကဲ့သို့ဖြစ်ပြီး ကလစ်တစ်ချက်နှိပ်ရုံဖြင့် ပြိုကျသွား၏။


လုမော့မျက်နှာက စတော့စျေးကွက်ကဲ့သို့ စိမ်းနေ၏။


နှလုံးသားက အရမ်းနာလို့ အသက်တောင် ရှူမဝတော့ဘူး…


ငါ ဒီလောက်ဆိုးတဲ့လူ ဘယ်လိုဖြစ်နိုင်မလဲ...ငါ့ အတွက် အဲ့လောက် မလွယ်ခဲ့ဘူး... ငါ့ကို စိတ်အေးချမ်းသာစွာနဲ့  အမှိုက်ကောင်ဖြစ်ခွင့်မပေးနိုင်ကြဘူးလား...


စနစ်- [မင်းကိုပြောတာတွေ နားထောင်ချင်လား...မင်း ကြည့်ရတာ ဖျားနေသလိုပဲ...]


လုမော့: "ငါ နားမထောင်ဘူး၊ နားမထောင်ဘူး၊ နားမထောင်ဘူး..."


ထိုအချိန်တွင် ဇာ့ဂ်ဧကရာဇ်က ၎င်းအကြောင်းကို ဘာမှမသိဘဲ အလွန်ကျေနပ်သွားခဲ့သည်။


အရာအားလုံးက သူမျှော်လင့်ထားတဲ့အတိုင်းပင်။ လုမော့က နှစ်ပေါင်းများစွာ နားလည်မှုလွဲခံခဲ့ရပြီး သူ့ကို မှားယွင်းသည်ဟု အထင်မခံနိုင်ပေ။ သို့သော် သူက သူ့စည်းမျည်း များကို အမြဲလိုက်နာကာ အမျိုးသမီးဇာ့ဂ်များကို အဆက်မပြတ် ကူညီနေ၏။


ယခု ဇာ့ဂ် မျိုးနွယ်တစ်ခုလုံးရှေ့တွင် ဝေဖန်ခံနေရချိန်၌ သူ လုမော့၏ အမည်ကို ရှင်းလင်းပေးပြီး သူ့အပြစ်ကင်းစင်မှုကို ရှာဖွေပေးနိုင်ခဲ့၏။ 


အထင်လွဲခံရသော သူတော်ကောင်းက နောက်ဆုံးတွင် သူနှင့်ထိုက်တန်သော ချီးမွမ်းခြင်းကို ခံရပြီဖြစ်သည်။ နှစ်ပေါင်းများစွာ ခံစားခဲ့ရသော မကျေနပ်ချက်များနှင့် စိတ်ဓာတ်များကို လွှတ်ပေး လိုက်ပြီဖြစ်၍ သူ ယခု မျက်ရည်ကျနေလိမ့်မည်ဟု ယုံကြည်၏။


ဇာ့ဂ်ဧကရာဇ်က စောင်းငဲ့၍ လုမော့ကို ကြည့်လိုက်၏။ သေချာသည်မှာ လုမော့၏ မျက်လုံးများတွင် အရည်ကြည်ဖျော့ဖျော့ပင် ရှိနေ၏။


ဇာ့ဂ်ဧကရာဇ်၏နှုတ်ခမ်းက အနည်းငယ် ကွေးသွား၏။


နောက်ဆုံးတွင် သူက ဤအမျိုးသားဇာ့ဂ်ကို လုံး၀ အောင်နိုင်ခဲ့ပြီဖြစ်သည်။


သူက လုမော့ကို ကြင်နာစွာကြည့်ပြီး ပြောလိုက်၏။

"မင်းရဲ့ အမူအကျင့်ကို ငါကိုယ်တော် တကယ်လေးစားတယ်...မင်းလို အမျိုးသားဇာ့ဂ်ကသာ ဇာ့ဂ်မျိုးနွယ်စုရဲ့ တကယ့်မျှော်လင့်ချက်ပဲ..."


လုမော့က ခေါင်းငုံ့ကာ တုန်တုန်ယင်ယင် အသံဖြင့် ပြောလိုက်သည်။

"ချီးကျူးမှုအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်..."


"မဟုတ်တာ...ဒါက မင်းနဲ့ထိုက်တန်တယ်..."


ဇာ့ဂ်ဧကရာဇ်က လက်ဆန့်ကာ လုမော့ပုခုံးပေါ်တင်လိုက်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်၏။

"ငါကိုယ်တော် မင်းနဲ့ ကိုယ်တော့်ရဲ့ အဖိုးတန်ဆုံးအမျိုးသမီးကို လက်ထပ်ပေးချင်တယ်... မင်းမငြင်းဘူးလို့ မျှော်လင့်ပါတယ်..."


သူ့စိတ်စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ဤစကားက ပွဲခင်းအနှံ့ ပျံ့နှံ့သွား၏။


မုန်တိုင်းမတိုက်မီ ငြိမ်သက်ခြင်းကဲ့သို့ ထိုအခိုက်အတန့် တိတ်ဆိတ်သွား၏။ ထို့နောက်—


ပွဲခင်းတစ်ခုလုံး ချီးကျူးဂုဏ်ပြုမှုများဖြင့် ပြည့်နှက်သွားသည်။


"အိုး............"


"ကောင်းလိုက်တာ...ကောင်းလိုက်တာ...အရှင်ဇာ့ဂ်ဧကရာဇ်..."


"လုမော့...လုမော့..."


"ကူညီပါဦး...ငါငိုမိတော့မှာပဲ လုမော့က တကယ်ကို ထိုက်တန်ပါတယ်..."


...


အရာအားလုံးက ထိန်းချုပ်မှုအောက်မှာပင်။


ဇာ့ဂ်ဧကရာဇ်၏ အကြည့်က လင်းမျက်နှာပေါ်သို့ တည်တည်ငြိမ်ငြိမ်ဖြင့် ရောက်သွားသည်။ ဤကလိန်းဇာ့ဂ်၏ မျက်နှာပေါ်ရှိ သတ်ဖြတ်လိုစိတ်များ တိုးလာသည်ကို သူမြင်လိုက်ရသည်မှာ အံ့သြစရာ မဟုတ်ပေ။


ဟားဟား....


ထိုသို့ အဆက်မပြတ် ရူးသွပ်သွားသလို ကိုယ်ပိုင်အသိစိတ်နှင့် အဆက်မပြတ်တိုက်ပွဲဝင်ကာ ပုံပျက်ပန်းပျက်အခြေအနေအဖြစ်သို့ ရောက်ရှိပြီး နောက်ဆုံးတွင် ပြိုလဲကျသွားမည်ဖြစ်သည်။


ငါစီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း လိုက်ပြီးတော့ ကြီးမားတဲ့ အဆုံးသတ်တစ်ခုကို ရောက်လိုက်စမ်းပါ...


သူအကြည့်ကို ပြန်ရုတ်လိုက်ပြီး နွေးထွေးစွာပြောလိုက်၏။

"လုမော့ မင်းဘယ်လိုထင်လဲ..." 


"..."


ဆံပင်အနက်ရောင် အမျိုးသားဇာ့ဂ်က ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး သူ့မျက်လုံးထဲရှိ အလင်းက အံ့သြစရာကောင်းလောက်အောင် တောက်ပနေ၍ ဇာ့ဂ်ဧကရာဇ်ပင် အံ့အားသင့် သွား၏။


မထင်မှတ်ဘဲ အကျိုးသက်ရောက်မှုက အရမ်းကောင်း နေတာပဲ...အဲ့လိုဖြစ်တာက တကယ်ကို အကြာကြီး ဖိနှိပ်ခံထားရလို့လား...


သို့သော်လည်း နောက်အခိုက်အတန့်တွင် လုမော့က သူ့မျက်နှာပေါ်တွင် အဓိပ္ပါယ်ရှိသော အပြုံးတစ်ခုကို ပြသခဲ့၏။ သူက ဇာ့ဂ်ဧကရာဇ်ကို တည့်တည့်ကြည့်ကာ ပြောလိုက်၏။

"ဒါက တကယ့်ကို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပဲ...အရှင်ဇာ့ဂ်ဧကရာဇ်"


သူ့လက်ကို ဆန့်တန်းကာ သူ့ပခုံးပေါ်ရှိ ဇာ့ဂ်ဧကရာဇ်၏ လက်ကို ဖယ်ထုတ်လိုက်ပြီး အင်မတန်မှ မာနကြီးနေသော အမူအရာကို ပြသလိုက်၏။


ဇာ့ဂ်ဧကရာဇ်က တော်ဝင်ဆန်ဆန်အမူအရာမျိုးရှိ၍ မည်သည့်ဇာ့ဂ်မဆို သူ့နှင့် နှိုင်းယှဉ်လျှင် ဖျော့တော့ပြီး နှိမ့်ကျသည်ဟု ခံစားရမည်။ သို့သော် ဤအခိုက်အတန့်တွင် အမျိုးသားဇာ့ဂ်ငယ်က အရပ်ရှည်ပြီး တောက်ပသော မျက်လုံးများဖြင့် ထိုစော်ကားမှုတွင် မကျဆုံးခဲ့ပေ။


—ထို့ပြင် နွေခေါင်ခေါင်တွင် အထီးကျန်စွာ ပွင့်နေသော ပန်းတစ်ပွင့်ကဲ့သို့ သူ့အထဲတွင် တောက်ပသော တက်ကြွခြင်း ရှိနေသည်မှာ အထင်အရှားပင်။


အမှန်တွင် သူက ဇာ့ဂ်ဧကရာဇ်ကို ဖိနှိပ်လိုက်ခြင်းပေ။


ဇာ့ဂ်ဧကရာဇ်က ယင်းကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး ဤမကြုံစဖူးသောခံစားချက်က သူ့ကို ဒေါသထွက်စေကာ သူ့အပြုံးက ကြာရှည်မခံနိုင်တော့ပေ။


သူ လုမော့၏ မျက်လုံးများကို နက်နက်နဲနဲစိုက်ကြည့်ကာ ဖြည်းညင်းစွာ မေးလိုက်၏။

 "ဘာလို့လဲ..."


"ဘာဖြစ်လို့လဲ မဟုတ်ဘူး..." 

လုမော့၏ သဘောထားက မယုံနိုင်စရာကောင်းအောင် အလွန်ခေါင်းမာ၏။ သူက ဇာ့ဂ်ဧကရာဇ်ထက် ဦးခေါင်းထက်ဝက်ခန့် မြင့်ပြီး သူ့ကို အထက်စီးမှ ကြည့်နေသလိုပင်။သူ ပြန်ဖြေ၏။

"အရှင်ဇာ့ဂ်ဧကရာဇ်က အမြဲဒီလိုပဲလား...သူတစ်ပါးရဲ့ ခံစားချက်ကို ဝင်စွက်ဖက်ပြီး အမြဲတမ်း တစ်ကိုယ်တော်ပြဇာတ်ကနေတာလား...ကျွန်တော့်အပေါ် ဂုဏ်ကျက်သရေ ပေးအပ်တာကို ကျေးဇူးတင်မယ်လို့ ထင်နေတာလား..."


ဇာ့ဂ်ဧကရာဇ်၏မျက်နှာက ခဏတာ ပျက်ယွင်းသွား၏။

 "ဒါပေမယ့် မင်းက အဲလိုမဟုတ်..."


လုမော့က သူ့ကို စကားဖြတ်ပြောရန် တွန့်ဆုတ်မနေချေ။

"အရှင်က ကျွန်တော့်ကို တကယ်သိတယ်လို့ ထင်နေတာလား...ကျွန်တော့်ကို တကယ်သိရင် ကျွန်တော်တစ်ခါကျိန်ဆိုခဲ့တာကို ဘာလို့ မမှတ်မိတာလဲ..."

( အိမ်သူဘုရင်မနဲ့ လက်ထပ်ခဲ့တာကို ပြောချင်တာပါ )


ဇာ့ဂ်ဧကရာဇ်က လုမော့ကို အေးစက်စွာကြည့်လိုက်၏။ သူဒေါသထွက်ခဲသော်လည်း ယခုအချိန်တွင် အနည်းငယ် ထိန်းချုပ်မရတော့သည်မှာ ထင်ရှား၏။


ထိုကဲ့သို့ ဒေါသထွက်နေသော မျက်နှာက ဇာ့ဂ်အားလုံးကို ကြောက်လန့်သွားစေ၏။


လုမော့ကလွဲပြီး ဖြစ်သည်။


"အရှင်မသိရင် ကျွန်တော်ထပ်ပြောပြမယ်...ကျွန်တော်က ဘယ်လိုအမျိုးသားဇာ့ဂ်မျိုးလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်အောင်ပြောပြမယ်..."


လုမော့ လင်းကို ကြည့်ရန် လှည့်လိုက်၏။


နေရောင်ထဲတွင် တောက်ပသော ငွေရောင်ဆံပင်များက ခိုသွေးရတနာကဲ့သို့ မျက်လုံးများကို ဖုံးကွယ်ထားကာ ဖန်ခွက်ကို ရိုက်ချိုးလိုက်ချိန်က ဒဏ်ရာရခဲ့သော လက်မှ သွေးစက်များက ဖြူဖွေးသော ပါးပြင်ပေါ်တွင် ရှိနေ၏။ 


မည်မျှပင် လှပနေသူဖြစ်ပါစေ မျက်နှာကို အကြာကြီးကြည့်မိလျှင် ငြီးငွေ့သွားလိမ့်မည်။ ဤသည်က လုမော့ ယခင်တည်းက သိထားသော အရာပင်။ အချိန်ကြာလာသည်နှင့်အမျှ သူ လင်း၏ အသွင်အပြင်ကို တဖြည်းဖြည်း ကျင့်သားရလာမည်ဟု ထင်ခဲ့သော်လည်း အမှန်တွင် ၎င်းက သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။


သူ့နှလုံးခုန်သံက မဆွေးမြေ့သွားရုံသာမကဘဲ အချိန်ကြာလာသည်နှင့်အမျှ ပို၍ ပြင်းထန်လာ၏။


ယခု လင်းကို မြင်လိုက်ရုံနှင့် သူ့နှလုံးသားထဲ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရပြီး သူ့ လင်း ကို အချိန်တိုင်းလိုလို ထိတွေ့ချင်လာမိ၏။


အာ... ပြောရလျှင် သူ့ခန္ဓာကိုယ်မှ ဆာလောင်နေပုံပင်။


ယခုမူ ဤရောဂါလက္ခဏာက လင်းအပေါ်တွင်သာ သက်ရောက်မှုရှိ၏။


သူ့အကြည့်အောက်တွင် လင်းက ဖြည်းညှင်းစွာ မျက်တောင်ခတ်လိုက်သည်။

 "သခင်..."


လုမော့က လင်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြင်းထန်စွာ ဆွဲလိုက်၏။


လင်းက မခုခံဘဲ သူ့ခွန်အားနောက်လိုက်ကာ အပေါ်မှ ဖိလိုက်သောအခါ လုမော့က လင်းကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်၏။



🌌🌌🌌