အပိုင်း၁၁၂
Viewers 11k

🥰 Chapter 112 ✅


မင်လျိုရီသည် ယောင်ကျိကျိုးကို သွားရှာဖို့ကြိမ်ဖန်များစွာပြင်ခဲ့သော်လည်း သူမက သူ့အား နှောင့်ယှက်မိမည်ကိုစိုးရိမ်ခဲ့သည်။ သူမက ယောင်ကျိကျိုး စာဖတ်ခန်းမှထွက်လာသည်ကိုမြင်တော့မှ ထုတ်မေးလိုက်သည်။


"ရှင်အဆင်ပြေရဲ့လား" 


"လျိုရီ... အပြင်ထွက်ပြီးလျှောက်လည်ချင်လား" 


ယောင်ကျိကျိုးက မေးလိုက်သည်။ 


မင်လျိုရီသည် အံ့ဩသွားပြီးမှ သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။ 


"ဘယ်ကိုသွားမှာလဲ" 


ယောင်ကျိကျိုးက ဆိုသည်။


"ရှန်ဟိုင်းမြို့တော်ကိုလေ... အဲမှာယောင်ကုမ္ပဏီရဲ့ ပရောဂျက်တစ်ခုရှိတယ် ပြီးတော့ရှန်ဟိုင်းမြို့မှာသမုဒ္ဒရာတွေ ကမ်းခြေတွေရှိလို့လေ အဓိကကတော့ အဲမှာ အပူရှောင်လို့ရတော့ မင်းအနားယူလို့ရတာပေါ့" 


မင်လျိုရီက ယောင်ကျိကျိုး၏ယုံကြည်မှုအပြည့်နှင့် အကြည့်ကို မြင်လိုက်ပြီးနောက်သဘောတူခဲ့သည်။ 


...


ယောင်ကျိရန်သည် ယောင်ကျိကျိုး၏ တန်ပြန်ထိုးစစ်ကိုစောင့်ဆိုင်းနေစဉ်မှာပဲ ယောင်ကျိကျိုး​၏ကျန်းမာရေးကြောင့် ရှန်ဟိုင်းကိုခရီးထွက်မည်ဖြစ်ကြောင်း ဘုတ်အဖွဲ့၀င်များကို ပေးပို့သည့် အသိပေးစာကို ရရှိလိုက်သည်။ 


'ရှန်ဟိုင်းကိုတဲ့လား' 


ယောင်ကျိရန်သည် ချက်ချင်းဆိုသလို ရှန်ဟိုင်းမှာရှိသော ရပ်နားထားသည့်ရောဂျက်တစ်ခုကို သတိရသွားတော့သည်။ ယောင်ကျိကျိုးသည် ဒီတစ်ကြိမ်တွင် အနိုင်ရရှိလိုပါက အကွက်ကြီးကြီးရွှေ့ရမည်ဖြစ်ပြီး ရှန်ဟိုင်းမြို့သည် စတင်ဖို့အကောင်းဆုံးနေရာပင်ဖြစ်သည်။


ယောင်ကျိကျိုးသည် လူကိုယ်တိုင်သွားရောက်စစ်ဆေးကတည်းက သူကိုယ်တိုင်အရှုပ်အထွေးကြားထဲ ရောက်နှင့်နေပြီးပြီဟု ဆိုလိုခြင်းဖြစ်သည်။ 


ယောင်ကျိကျိုးဆီမှ ပထမအကြိမ်ခိုးယူခဲ့ပြီးပြီဖြစ်၍ ဒုတိယအကြိမ်လဲ သူလုယူနိုင်လောက်သည်။ ထို့ကြောင့် ယောင်ကျိရန်သည် ရှန်ဟိုင်းပရောဂျက်ကို အရယူရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။


ရှန်ဟိုင်းမြို့သည် လူနေမထူထပ်သည့်အပြင် ကမ္ဘာလှည့်ခရီးသည်များကလဲ ထိုမြို့လေး၏ အလှအပကို မသိကြသေးပေ။ ရှန်ဟိုင်းမြို့သည် လူလည်ပတ်မှုမများသည့်နေရာဖြစ်တာကြောင့် ပင်လယ်ရေသည် ကြည်လင်နေပြီး ကမ်းခြေမှသဲဖြူများကလဲ နူးညံ့ကာသန့်ရှင်းနေသည်။ 


ယောင်အဖွဲ့အစည်းသည် ထိုမြို့လေး၏အနာဂတ်ကို မျက်စိကျနေခဲ့သည်မှာ နှစ်၊လကြာခဲ့ပြီဖြစ်သော်လည်း ပရောဂျက်သည် တစ်ခါလေးမှ တရား၀င်စတင်ခွင့်မရခဲ့ပေ။ ပင်လယ်အနီးဗီလာများ ဆောက်ရန်အတွက် ရှေ့ဦးပိုင်းလေ့လာချက်များသာ ပြုလုပ်ခဲ့ရသည်။ 


မစ္စတာဟဲသည် တာ၀န်ရှိသူနှင့်ဆက်သွယ်ပြီးဖြစ်ပြီး နေရာထိုင်ခင်းနှင့် အစားအသောက်အတွက် ပြင်ဆင်ခိုင်းပြီးသားဖြစ်သည်။ 


ယနေ့မတိုင်ခင်ထိ ရှန်ဟိုင်းမြို့တွင်ကိုယ်ပိုင်လေယာဉ်များ ရပ်နားခွင့်မရခဲ့သော်လည်း မစ္စတာဟဲသည် ယောင်ကျိကျိုးထံ အလုပ်လုပ်ပေးခဲ့သည်မှာ နှစ်ချို့နေပြီဖြစ်၍ ယခုပရောဂျက်နှင့် အလွန်ကို ရင်းနှီးပြီးသားဖြစ်သည်။ ကိုယ်ပိုင်ဂျက်လေယာဉ်ဆင်းရန်လမ်းကြောင်းကို လေကြောင်းတာ၀န်ရှိသူများနှင့် မတိုင်ခင်တစ်ရက်အလိုထဲက ပြင်ဆင်ပြီးဖြစ်သည်။


ခရီးမထွက်ခင်ညက ရှောင်ဖန်းသည် ပျော်ရွှင်စွာနှင့် ယောင်ကျိကျိုး၏ ခရီး‌ဆောင်င်အိတ်များကိုပြင်ဆင်နေခဲ့သည်။ အဘယ်ကြောင့်ဆို ယောင်ကျိကျိုးသည် သူ့ဇနီး၏ခရီးဆောင်အိတ်သည် ပြင်ထားပြီးသားဖြစ်၍ သူ့အတွက်ပြင်ပေးဖို့သာလိုကြောင်း ပြောခဲ့၍ဖြစ်သည်။


ရှောင်ဖန်းသည် အိမ်အကူတစ်ယောက်အနေနှင့် ၀န်ထမ်းစရိတ်ဖြင့် ခရီးထွက်နိုင်လိမ့်မည်ဟု တွေးပင်မထားဖူးချေ။ အရမ်းကို အံ့အားသင့်ဖို့ကောင်းတာပဲ...


ကျောက်ချမ်းကတော့ ပိုမိုတည်ငြိမ်ပြီး ထိုသတင်းကိုကြားသည့်အချိန်တွင် တခြားသောအမူအရာမပြဘဲ တည်ငြိမ်စွာလက်ခံခဲ့သည်။ 


နောက်တစ်နေ့တွင်တော့ လူအုပ်ကြီးသည် ခရီးစတင်ခဲ့ကြသည်။ သူတို့ရှန်ဟိုင်းမြို့ကိုရောက်တော့ တာ၀န်ရှိသူရှန်းလွေ့က သူတို့ကို ကြိုဆိုဖို့စောင့်နေခဲ့သည်။ 


ရှန်ဟိုင်းမြို့ပရောဂျက်သည် ရပ်နားထားခဲ့သည်မှာ တစ်နှစ်နီးပါးလောက်ရှိပြီဖြစ်ပြီး ထိုအချိန်အတွင်းတွင် ယောင်မိသားစုမှ မည်သူမှရောက်မလာခဲ့ပေ။ ရှန်းလွေ့သည် ရာထူးကြီးပိုင်းကလူကို မတွေ့ရသည်မှာကြာပြီဖြစ်၍ ပျော့ပျက်ပျက်သာနေခဲ့သည်။ ယခု ရုတ်တရက်ကြီး ရာထူးမြင့်လူကိုမြင်လိုက်ရတော့ အနည်းငယ်ကြောက်စိတ်၀င်လာခဲ့သည်။ 


ဝှီလ်းချဲပေါ်မှာ ယောင်ကျိကျိုးကို မြင်လိုက်ချိန်တွင်တော့ ရှန်းလွေ့သက်ပြင်းချလိုက်သည်။  ကံကြမ္မာက လှည့်စားတတ်တာပဲ...


ရှန်းလွေ့သည် ဥက္ကဌကိုယ်ပိုင်လေယာဉ်နှင့် လာခဲ့သည့် နောက်ဆုံးအကြိမ်ကိုမှတ်မိပါသေးသည်။ ထိုလူသည်အရပ်ရှည်ပြီး တန်ဖိုးကြီးသည့်အနောက်တိုင်း၀တ်စုံကို၀တ်ကာ ဩဇာအပြည့်ဖြင့်ဖြစ်သည်။  ထိုလူသည် အေးစက်သည့်မျက်နှာထားနှင့် လေယာဉ်ပေါ်မှ တည်ငြိမ်စွာဆင်းလာခဲ့သည်။ သူသည် အလွန်ကိုယုံကြည်မှုရှိပြီး လေးစားထိုက်သည့်လူဖြစ်ကာ အရာရာတွင်ဦးဆောင်ဖို့အတွက် မွေးဖွားလာခဲ့သည့်အလားပင်။


အခုတော့ သူ၏နေ့စဉ်ဘ၀အတွက် တပါးသူကို မှီခိုနေနေရသည်။


ရှန်းလွေ့များများစားစားပင် မတွေးလိုက်ရသေးခင်မှာပင် ဥက္ကဌနှင့်အတူဆင်းလာသော အမျိုးသမီးဆီမှ ဆွဲ‌ဆောင်ခံလိုက်ရသည်။ 


ထိုအမျိုးသမီးသည် အံ့အားသင့်ဖို့ကောင်းလောက်အောင်‌ကိုလှပပြီး သူမ၏သစ်အယ်သီးပုံမျက်၀န်းလေးက အပြုံးစစသန်းနေသည်။ ယောင်ကျိကျိုးဘေးနားမှ တခြားလူများက မျက်နှာသေနှင့်ဖြစ်သော်လည်း ထိုအမျိုးသမီးကတော့ အလွန်ကို သက်တောင့်သက်သာရှိဟန်နှင့် ဥက္ကဌကိုစကားပြောလိုက်သည်။ 


ယောင်ကျိကျိုး၏ ဝှီးချဲရွေ့လာသည်ကိုမြင်သည်နှင့် ရှန်းလွေ့သည် ချက်ချင်းပြေးသွားပြီးပြောလိုက်သည်။ 


"ဥက္ကဌ ခရီးပန်းခဲ့မှာပေါ့... ကျွန်တော်က ရှန်းလွေ့ပါ နောက်လာမည့်ရက်အနည်းငယ်အတွက် တာ၀န်ယူပေးမဲ့လူပါ...လိုအပ်တာရှိရင်ပြောပါ ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်" 


"ကြိုးစားပေးလို့ကျေးဇူးပဲ" 


ယောင်ကျိကျိုးက သာမန်ပဲပြောလိုက်သည်။ 


"ဒါက ဥက္ကဌရဲ့ ဇနီးလေ" 


ဟု မစ္စတာဟဲက ပြောလိုက်သည်။ 


"မဒမ် မင်လျိုရီတဲ့ ပထမဆုံးဆုံဖူးတာမဟုတ်လား" 


‌ရှန်းလွေ့က အနည်းငယ်အံ့ဩသွားသည်။ ဥက္ကဌက လက်ထပ်ပြီးသားလူလား။ 


ဆန့်ကျင်ဘက်အနေဖြင့် ‌ရှန်းလွေ့၏မျက်နှာက တည်ငြိမ်နေပြီး ချက်ချင်းပြောလိုက်သည်။ 


"မင်္ဂလာပါ မဒမ် ပထမဆုံးတွေ့ဆုံခြင်းပါ...စိတ်မကျေနပ်စရာများရှိလာခဲ့ရင် ခွင့်လွှတ်ပေးပါဦး" 


မင်လျိုရီက ပြုံးကာနူးညံ့စွာပြောလိုက်သည်။ 


"မင်္ဂလာပါ လျိုရီလို့ပဲခေါ်လို့ရတယ်နော်" 


ရှန်းလွေ့သည် ဥက္ကဌ၏ဇနီးက မာနခေါင်ခိုက်မနေတာကိုသိရတော့ စိတ်အေးသွားခဲ့သည်။ 


ရှန်းလွေ့သည် ဥက္ကဌကိုကြည့်လိုက်ပြီး မဒမ်ကို ကြည့်လိုက်ကာ အကြံတစ်ခုရလာခဲ့သည်။ 


"ဥက္ကဌတည်းနေကျ ဗီလာက ပြန်လည်ပြုပြင်နေပါတယ်...ဘေးနားမှာ ဗီလာအသစ်ရှိတာကြောင့် အဲမှာပြောင်းနေဖို့ဆန္ဒရှိပါသလား"


ယောင်ကျိကျိုးသည် ယခင်အဆောက်အဦးအပေါ် ထင်မြင်ချက်သိပ်မရှိခဲ့သည့်အတွက် သာမန်ပဲပြောလိုက်သည်။ 


"ကောင်းပြီလေ" 


ရှန်းလွေ့သည် အနည်းငယ်စိတ်လှုပ်ရှားသွားကာ သတိမမူမိဘဲ သူ၏လက်နှစ်ဖက်ကို အချင်းချင်းပွတ်မိလိုက်တော့သည်။ 


မစ္စတာဟဲသည် ရှန်းလွေ့အား ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ ထိုသူသည် ချီးမွမ်းခံချင်သည့်လေသံဖြင့် အမူအရာကလဲ စိတ်လှုပ်ရှားနေပုံရသည်။ ဗီလာထဲမှာ အထူးစပယ်ရှယ်အနေနဲ့ ထည့်သွင်းထားတာများရှိလို့လား...


ရှန်ဟိုင်းမြို့တွင်ရာသီဥတုသာယာပြီး ရံဖန်ရံခါ တိုက်ခတ်သော ပင်လယ်လေအေးများက နွေရာသီအပူကိုပါထုတ်ပေးကာ လူတိုင်းကို မသိလိုက်ဘာသာနှင့် နှစ်သိမ့်ပေးနေပြီး အချိန်ကောင်းလေးကို ပါ၀င်ခံစားစေခဲ့သည်။



🥰