Ch40 ကွဲကြေခြင်း
မြေကွက်လပ်၌ မြူခိုးများ ဖုံးလွှမ်းသွားပြီး ကောင်းကင်တွင် မီးခိုးရောင် အနည်းငယ် တက်လာသည်နှင့် တပြိုင်နက် စိတ်နတ်ဆိုးများသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ သူတို့သည် နေရောင်ထဲတွင် မနေနိုင်ဘဲ အမှောင်ထဲတွင်သာ ထာဝရ ပုန်းနေရသည်။
ချောင်ယန်သည် ရှဲ့ယင်းက ဘေးကင်းလုံခြုံစွာနဲ့ ဟိုတယ်ကနေ ထွက်လာသည်ကို တွေ့လိုက်ရတော့ သူ၏ မျက်လုံးများထဲ အံ့သြမှုအရိပ်အယောင်များကဖြတ်ပြေးသွားပြီးပြောလာခဲ့သည်။
"သူက ဒီတိုင်းလွှတ်လိုက်တယ်လား"
ရဲ့ယင်းက နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ရင်း မပျော်မရွှင်ပြောလိုက်သည်။
"ဖန်ချန်းက နိုးလာတော့မှာမို့လို့"
"အိုး" ချောင်ယန်က ပြုံးပြီးပြောလိုက်သည်။
"မင်း လွတ်လာခဲ့တာပေါ့"
လွတ်လာခဲ့သည်ဟု ယူဆ၍ပင်ရလား သူမရှင်းရှင်းလင်းလင်းမသိပေ... ရှဲ့ယင်းသည် နောက်ပြန်လှည့်ကာ အပေါ်ထပ်ကို မျှော်ကြည့်ရင်း စတုတ္ထထပ်ရှိ ပြတင်းပေါက်ကိုကြည့်လိုက်သည်။
သူမသည် နျဲ့ရှီကို ကြောက်လာခဲ့သည်မှာကြာပြီဖြစ်ပြီး သူ့ကို တည့်တည့်ပင် မကြည့်ရဲပေ။ သူမသည် နျဲ့ရှီ၏ မည်သည့်ခံစားချက်မျှမရှိဘဲ အမှောင်ဖံုးကာအုံ့မှိုင်းနေသော အနက်ရောင်မျက်လုံးများကိုကြောက်ပေသည်။ နျဲ့ရှီသည် သူ့တာဝန်များကို စက်ရုပ်လိုမျိုးထမ်းဆောင်တတ်ပြီး ထိုလူများကျူးလွန်ခဲ့သော ရာဇ၀တ်မှုများနှင့် ကြေကွဲဖွယ်ကောင်းလောက်အောင် သေဆုံးရပုံများကို ဂရုမစိုက်ခဲ့ပေ။ သူသည် စိတ်နတ်ဆိုးများကို အမြဲတမ်း တိကျစွာ သတ်ပစ်တတ်ကာ သူ့တစ်ကိုယ်လုံး ဒဏ်ရာရနေပြီး အမာရွတ်များ ရှိနေလျှင်ပင် ဂရုမစိုက်ဘဲ မဆိုင်းမတွ စိတ်နတ်ဆိုးများ၏ ဦးခေါင်းများကို အပိုင်းပိုင်း ပိုင်းဖြတ်နိုင်ပေသည်။ အချိန်အတော်ကြာအောင် သူမသည် နျဲ့ရှီ၏ လူသားဆန်မှုများကိုမတွေ့ခဲ့ရပေ...လူသားဆန်မှုများသည်နျဲ့ရှီ သေစဉ်တုန်းက ပျောက်ကွယ်သွားပြီး အချိန်ကြာလာသည်နှင့်အမျှ နျဲ့ရှီလို မကောင်းဆိုးဝါးက ဖန်တီးခံလိုက်ရသည်လောဟု သူမသံသယဝင်မိသည်။
သို့သော်လည်း အခုလေးတင် ထိုမျက်လုံးများထဲ၌ မတူညီသော စိတ်ခံစားမှုတစ်ခု... ထိမိတာနှင့် ကျိုးပဲ့ပျက်စီးသွားနိုင်သော လူသားနဲ့ ပိုနီးစပ်သည့် ရှုပ်ထွေးလှသည့် ခံစားချက်တစ်ခုက ဖြတ်ဝင်လာခဲ့သည်ကို သူမမြင်ခဲ့ရသည်။
အဓိပ္ပါယ်မဲ့သော ခံစားချက်နှင့်အတူ တစ်ချိန်တည်းမှာပင် သဘာဝကျသည်ဟု သူမ ခံစားခဲ့မိသည်။ သူမ နောက်မှာ ဖန်ချန်းရှိနေခဲ့သည်ကြောင့်ပင်... နျဲ့ရှီက သူမကို ရှိနေသည်ဟုပင်မမှတ်ယူခဲ့ကာ တစ်ချက်တောင်မှမကြည့်ခဲ့ပေ။ သူသည် ဖန်းချန်ထံသို့သာ တည့်တည့်လျှောက်သွားခဲ့သည်။ ဖန်ချန်းနှင့်နီးကပ်လာသည်နှင့်အမျှသူ့ခြေလှမ်းများကို ရပ်တန့်ကာ သူ့လက်များကို မြှောက်လိုက်၍ ရှေ့သို့မလှမ်းဝံ့တော့ပဲ တုံ့ဆိုင်းသွားခဲ့သည်။
ရှဲ့ယင်းသည် ရုတ်တရက်လေထုဖိအားအလွန်နည်းသွားသည်ကိုခံစားလိုက်ရတာကြောင့် အသက်ပဲရဲရဲမရှူနိုင်တော့ပေ။ထိုနေရာတွင် ကြာကြာနေဖို့ခက်လာသည်ကြောင့် သူမသည် အမြန်လှည့်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်..။
ကလင်--
"မြောင်~"
ခေါင်းလောင်းသံနှင့်အတူ ကြောင်အော်သံ ထွက်လာခဲ့သည်။ ရှဲ့ယင်းသည် သတိပြန်ဝင်လာပြီး ချောင်ယန်၏ခြေထောက်ကို မြင်လိုက်ရသည်။ ထို့နောင် သူမဘေးက ကြောင်အား "အဲ့တော့ နင် ဒီကို ရောက်လာပြီပေါ့" ဟု မေးလိုက်သည်။ သူမက ကြောင်ကိုမေးသလိုလိုလို သူ့မဘာသာပြောနေသလိုပင်။
"ဟိုမှာ ဘာတွေဖြစ်နေကြလဲမသိဘူး"
ချောင်ယန်သည် ရှေ့ကိုခြေတစ်လှမ်းတိုးကာ သွားကြည့်ချင်စိတ်ပြင်းပြနေခဲ့သည်။
ရှဲ့ယင်းက သူ့ကိုတားဖို့ လက်ကိုဆန့်ထုတ်လိုက်ပြီးပြောလိုက်သည်။
"ရပ်!ရပ် နင် အရိုက်ခံရတာ မလုံလောက်သေးဘူးလား အပျော်သဘောနဲ့တောင် မတက်သွားနဲ့"
"ဒါပေမယ့်..."
"လုံလောက်ပြီ! သူမမှတ်မိလာတော့မယ် မကြာခင် ဒါတွေအားလုံးပြီးသွားတော့မှာ ဘာမှထပ်လုပ်မနေနဲ့..."
သူ လုံလောက်စွာခံစားရပြီးပြီ....
ရှဲ့ယင်းသည် သူမစကား၏ နောက်ဆုံးတစ်ဝက်ကို မျိုချလိုက်သည်။
"နျဲ့ရှီ..." ဖန်းချန်းသည် သူ့ရှေ့ကလူ၏ နာမည်ကို ခေါ်လိုက်သည်။
နျဲ့ရှီက ဒူးထောက်လာခဲ့ပြီး ဖန်ချန်း၏ လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လာသည်။ ဖန်ချန်း၏ လက်ကောက်ဝတ်ရှိဓားဒဏ်ရာသည် လုံးဝပျောက်သွားပြီဖြစ်သည်။ ဖန်ချန်း၏ လက်ကောက်ဝတ် အရေပြားသည် ချောမွေ့နေပြီး အပြာရောင် သွေးကြောများကို မြင်နေရသည်ည်။ သို့တိုင် နျဲ့ရှီသည် အရာအားလုံးကိုသိနေဟန်ဖြင့် သူ့လက်ချောင်းများကို အေးစက်စက်အပူချိန်နှင့်တင်းတင်းဆုပ်ကိုင်ထားသည်။
လည်ချောင်းကို ဖိခံလိုက်ရသလိုမျိုးအသက်ရှူကျပ်သည့် ခံစားချက်ရလာခဲ့သည်။ ဖန်ချန်း၏ မျက်လုံးများ မှုန်ဝါးလာပြီး သူ့မျက်တောင်များက ရွှဲနစ်လာခဲ့သည် ။ နောက်ဆုံးတွင် သူသည် နျဲ့ရှီ၏အင်္ကျီစကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းငုံ့ကာ တံတွေးကို မျိုချလိုက်သည်။
သူ မလွတ်မြောက်နိုင်ပေ...သူသည် သူ၏အပြစ်များ၏အကျိုးဆက်များကို ရင်ဆိုင်ရမည်ဖြစ်ကာ သေဆုံးသွားပြီး ထာဝရပျောက်ကွယ်သွားမည်ဖြစ်သည်။
ပထမတော့ သူ မကြောက်နေခဲ့ပေ... ရှဲ့ယင်းနှင့် စကားပြောချိန်တုန်းကပ်င် အလွန်တည်ငြိမ်နေခဲ့သော်လည်း နျဲ့ရှီကိုမြင်သည်နှင့် စိတ်ပျက်အားငယ်သောခံစားချက်များက သူ့အပေါ်သို့ လွှမ်မိုးသွားခဲ့သည်။
နျဲ့ရှီက သူ့ကို ပွေ့ဖက်ပြီး ကျောကို ပွတ်ကာ နှစ်သိမ့်လာခဲ့သည်။
ဖန်ချန်းသည် ခေါင်းကို မော့လိုက်ပြီး မျက်ရည်များက မျက်လုံးထဲမှ တာကျိုးသလိုစီးကျလာခဲ့သည်။ မျက်ရည်များနှင့်ရောနှောနေပြီး သူသည်နှုတ်ခမ်းကို အနည်းငယ်ဟကာ တစ်ခုခုပေြာချင်လိုက်သော်လည်းပြန်ပိတ်လိုက်သည်။
သူ့မှာ ဘာပြောစရာမှမရှိနေသလို... သူပြောသမျှကလည်း အသုံးဝင်မှာမဟုတ်နေပေ။
ကောင်းကင်ကြီးက တဖြေးဖြေပူနွေးလာပြီး အရုဏ်တက်ခါနီးလာကာ နံနက်ခင်းအလင်းရောင်နှင့်အတူ ကမ္ဘာကြီးမှ နိုးထလာပုံရသော်လည်း ဖန်ချန်းသည် သူတို့ကမူ ဘယ်တော့မှ နိုးထနိုင်မည်မဟုတ်ကြောင်း သိလေသည်။
စင်္ကြံပေါ်၌ အလင်းရောင်ဖျော့ဖျော့ကကျလာသည်။ ဖန်ချန်းက သူ့ခေါင်းကို မြှောက်လိုက်ပြီး နျဲ့ရှီကို နမ်းရှိုက်လိုက်သည်။ နျဲ့ရှီ၏နှုတ်ခမ်းအပေါ် အလွန်ပေါ့ပါးသော အနမ်းတစ်ခုချန်ခဲ့လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် နျဲ့ရှီနှင့် နီးကပ်ဖို့ရန် စတင်လုပ်ဆောင်ခဲ့သည်။ သူ့ခန္ဓာကိုယ်က ဘောလုံးလို ကွေးကာကြောက်နေပေမယ့်လည်း မဆိုင်းမတွ ရှေ့ကို ဆက်တိုးနေဆဲပင်...
သူ့ကိုယ်သူ လွတ်မြောက်ဖို့ ထပ်ခွင့်မပြုနိုင်တော့ပေ....
နျဲ့ရှီသည် အနမ်းကို နက်ရှိုင်းစေလိုက်ပြီး သူ့လျှာကို တိုးဝင်ကာ စုပ်ယူလိုက်သည်။ဖန်ချန်း၏ ပါးပြင်ကို သူ့လက်များဖြင့် ပွတ်သပ်လိုက်သည်။
မနက်ခင်းနေရောင်.. စင်္ကြံလမ်း... မနက်ခင်းလေနုအေး... ခန္ဓာကိုယ်အပူချိန်တို့အပါအဝင် သူ့ပတ်ဝန်းကျင်က အရာအားလုံးသည် မှေးမှိန်လာခဲ့သည်။ သူတို့သည် တဖြည်းဖြည်း မှုန်ဝါးလာပြီး နောက်ဆုံးတွင် ဘာမှမရှိသလိုမျိုးပြောင်းလဲသွားခဲ့သည်။
အတိတ်သည် သူ့စိတ်ထဲတွင် ထင်ရှားစွာထင်ဟပ်နေခဲ့သည်။ ၎င်းတို့သည် သင်္ချိုင်းဂူများဖြစ်ကြကာ ဖန်ချန်းကို အချိန်တိုင်းသတိပေးနေခဲ့သည်။
နျဲ့ရှီက ဖန်ချန်း၏လက်ကိုဆွဲကာ ဒဏ်ရာကင်းစင်နေသောလက်ကောက်ဝတ်ကို အနမ်းတစ်ပွင့်ခြွေလိုက်ပြီး ဖန်ချန်း၏လည်ပင်း၌ ခေါင်းနှစ်ထားကာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်သည်။
နျဲ့ရှီကပြောလာခဲ့သည်။
"တောင်းပန်ပါတယ်...."
ဖန်ချန်းက နှုတ်ခမ်းများကို ဖွင့်ဟလိုက်ပြီး ခြောက်သွေ့ကာအားနည်းနေသည့် အသံဖြင့်ပြန်ပြောလိုက်သည်။
"မင်းဘာလို့ တောင်းပန်နေတာလဲ..."
"ငါ..ငါမင်းကို မကာကွယ်နိုင်ခဲ့ဘူး..."
နျဲ့ရှီ၏အသံသည် အနည်းငယ်ဝါးတားနေပြီး ခန္ဓာကိုယ်သည် ဖန်းချန်း၏ပခုံးထက်တွင် တုန်ခါကာငိုရှိုက်နေခဲ့သည်။
အနည်းငယ် ယားယံသွားသည်ကြောင့် ဖန်ချန်းသည် မျက်နှာကျက်ကို ကြည့်ကာ ရယ်မောလိုက်နိုင်သေးသည်။ သို့တိုင်အောင် သူ့နှလုံးသားကမူ တစ်စုံတစ်ယောက်မှ ဖောက်ထုတ်သွားသလို နာကျင်နေခဲ့သည်။
"ငါ အကာအကွယ် မလိုအပ်ဘူး"
ဖန်ချန်းအယုံအကြည်မရှိသည့်အသံဖြင့် "တကယ်ဆို ငါတောင်းပန်သင့်တာမဟုတ်ဘူးလား.."
ဖန်ချန်းသည် မီးခိုးရောင်တွင် အနက်ရောင် အစွန်းအထင်းလေးများ ရှိနေသည့် အဖြူ-မီးခိုးရောင် မျက်နှာကျက်ကို စိုက်ကြည့်လိုက်သည်။
နျဲ့ရှီက ခေါင်းကိုလှည့်လိုက်ကာ နွေးထွေးအေးမြသောနှုတ်ခမ်းဖြင့် သူ့လည်ပင်းပေါ် အနမ်းပေးလိုက်သည်။
မျက်နှာကျက်အား မျက်လုံးများ နာကျင်လာသည့်အထိ စိုက်ကြည့်နေပြီးနောက် ဖန်ချန်းသည် မျက်တောင်ခတ်ကာ ပြောလိုက်သည်။
"ငါက မင်းကို အရင်ထားခဲ့တဲ့သူပဲကို"
သူ့မျက်တောင်များက တုန်ယီလာတော့သည်။ ခံစားချက်များကို မျိုသိပ်ထားလိုက်ပြီး မျက်ရည်များ တလိမ့်လိမ့်စီးကျလာကာ သူ့အရေပြားများကို အပိုင်းပိုင်းဖြစ်အောင်ပူလာစေခဲ့သည်။
ဒါကြောင့် အပြစ်တင်ခံရသည်ဖြစ်စေ ယုံကြုံးမရသည်ဖြစ်စေ သူကသာခံရမည်ဖြစ်သည်။
သူကသာ အဆုံးထိအတူမရှိခဲ့ဘဲ ဆုတ်ခွာသွားကာ နျဲ့ရှီကို ချန်ထားခဲ့သူဖြစ်သည်။
"မဟုတ်ဘူး"
နျဲ့ရှီသည် ဖန်ချန်း၏မျက်လုံးများကို ဖုံးအုပ်ကာ ပူနွေးသောမျက်ရည်များကိုသုတ်ပေးရင်းပြောလိုက်သည်။
"မင်းငါ့ကို မထားခဲ့ပါဘူး"
နျဲ့ရှီက ဖန်ချန်း၏နှုတ်ခမ်းကို ညင်သာစွာ ထပ်နမ်းလိုက်ပြီး "ငါ မင်းနောက်ကိုပဲ အမြဲလိုက်နေမှာလို့ ပြောခဲ့တယ်မလား... မင်းငါ့ကို စွန့်ပစ်မသွားနိုင်ဘူး"
ထိုအခိုက်အတန့်မှာပဲ အရင်ကထိန်းချုပ်ထားခဲ့သည့်ခံစားချက်များက အကုန်လုံး ပေါက်ထွက်လာခဲ့တော့သည်။ ဖန်ချန်းသည်ခေါင်းကိုငုံ့ကာ နျဲ့ရှီ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လက်ဖဝါးထဲဖိထားလိုက်ရင်းကျယ်လောင်စွာရှိုက်ကြီးတငင်ငိုကျွေးလေတော့သည်။ ကျယ်လောင်သော ငိုရှိုက်သံများက စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်လာပြီး ကောင်းကင်ရှိ တိမ်များကို ထိုးဖောက်သွားခဲ့သည်။
သူဆက်ပြီး ထွက်မပြေးချင်တော့ဘူး... မလွတ်မြောက်ချင်တော့ဘူး....
သူသည် ချောက်ကမ်းပါး အောက်ခြေသို့ ပြုတ်ကျပြီး အပိုင်းပိုင်းကွဲသွားတော့မလိုပင်..
ကောင်းကင်ကြီးက လုံးဝ မတောက်ပသေးကာ မီးခိုးရောင်ရှိနေတုန်းဖြစ်သည်။ ဖန်ချန်းသည် အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ မိုးရေစက်များက မှန်ပြတင်းပေါက်ကို ရိုက်ခတ်လာကာ မိုးရွာလာခဲ့သည်။
တစ်ခုခုကို စောင့်နေသလိုမျိုး သူ ဆက်ကြည့်နေခဲ့သည်။ အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် လည်ပင်းနာလာကာ ပြတင်းပေါက် ဆန့်ကျင်ရာဘက်သို့လှည့်လိုက်သည်။
ထို့နောက်တံခါးခေါက်သံက ဖြည်းညှင်းစွာထွက်ပေါ်လာခဲ့သည်။
ခေါင်းကိုလှည့်ကာ မတ်တပ်ထရပ်လိုက်ပြီး ရှေ့သို့လှမ်း၍ တံခါးကိုဖွင့်လိုက်သည်။
တံခါးအပြင်ဘက်ရှိ စုံတွဲသည် ဖန်ချန်းကထိုမျှ လျင်မြန်စွာတုံ့ပြန်လာမည်ကို မမျှော်လင့်ထားပေ။ သူတို့ဧ။်မျက်နှာများက ခဏလောက် တင်းမာသွားကြသည် ။ သူတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြပြီး ကျန်းရွေ့က ခေါင်းကို လှည့်လိုက်ကာ ဝမ်ဟွေ့ဝမ်က ဖန်ချန်းကိုစကားပြောလာခဲ့သည်။
"သွားဖို့ အချိန်ကျပြီ"
တကယ်ပင် သွားရန် အချိန်ရောက်ခဲ့ပြီ...
ဖန်ချန်းသည် တံခါးလက်ကိုင်ပေါ်မှ သူ့လက်ကို ဖြည်လျော့လိုက်ပြီး “ဟုတ်ကဲ့” ဟုပြောကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မျက်လုံးကို ပင့်ကြည့်လိုက်ကာ ဖန်ချန်းက မေးလိုက်သည်။
"မင်းတို့... ညတုန်းက ဘာသံမှ မကြားဘူးလား"
ဝမ်ဟွေ့ဝမ်က ချက်ချင်း ထိတ်လန့်သွားကာ ကျန်းရွေ့ကို လှမ်းဆွဲလိုက်ပြီး "နင် ဘာသံကြားလို့လဲ"
ဖန်ချန်းက သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့၏ အကြားအာရုံများ သည် သဘာဝမကျနေပေ။ သူက စက္ကန့်အနည်းငယ်လောက် စောင့်ပြီးနောက် ခေါင်းခါလိုက်ပြီး အတက်အဆင်း အနည်းငယ်ဖြင့် ချောမွေ့နေသော လေသံဖြင့်လိမ်ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ငါ အိပ်ပျော်သွားလို့ မင်းတို့များ နိုးသေးလားလို့ တွေးမိလိုက်လို့"
ဝမ်ဟွေ့ဝမ်က သက်ပြင်းချလိုက်ရင်း "ဘာမှ မကြားရဘူး...ငါတို့လည်း အိပ်ပျော်သွားကြတာ"
"အိုး... အလုပ်မဟုတ်တဲ့စကားတွေပြောမနေနဲ့တော့..."
ကျန်းရွေ့က ဖန်ချန်းကိုရည်ရွယ်သလိုမျိုး ရေရွတ်လာခဲ့သည်။
ဖန်ချန်းကမေးလိုက်သည်။
"မင်းတို့ အခုမှနိုးလာကြတာလား"
အရုဏ်တက်တာကကြာလှပြီဖြစ်သည်...
ဒီတစ်ခါတော့ ဝမ်ဟွေ့ဝမ်က ချက်ချင်းပြန်မဖြေပေ။ အဲဒီအစား သူမဘေးနားက ကျန်းရွေ့ကိုကြည့်လိုက်သည်။ ကျန်းရွေ့က စိတ်မရှည်ဟန်ဖြင့် ပြောလာခဲ့သည်။
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ..ငါတို့ မင်းကိုမထားခဲ့ဘူး...ဒါပေမယ့် အခုမင်းအမြန်ထွက်ဖို့မလုပ်ဘူးဆိုရင် ငါတို့ဘာသာ အမြန်ထွက်သွားမှာ"
ဖန်ချန်းအား နောက်ထပ်မေးခွန်းများထပ်မေးနိုင်ရန် အခွင့်အရေးမပေးဘဲ ထွက်လာခဲ့လိုက်သည်။ ဝမ်ဟွေ့ဝမ်သည် သူ့နောက်မှအနီးကပ်နောက်မှလိုက်လာပြီး အင်္ကျီစကိုဆွဲကိုင်လိုက်ကာ သူ့နားထဲသို့ တစ်စုံတစ်ခုကို တိုးတိုးပြောလိုက်သည်။
ဖန်ချန်းက ချက်ချင်းမထွက်သွားသေးပေ...သူက စိုစွတ်နေသည့် ပြတင်းပေါက်ကနေ အပြင်ရှိကျဆင်းနေသောမိုးရေများကို လှမ်းကြည့်လိုက်သည်။ အပြင်ရှိ ခပ်ဝေးဝေးတစ်နေရာတွင် ရပ်နေသည့် လူတစ်ယောက်ရှိနေသည်။ ထိုသူက သူ့ကိုမြင်သွားပုံရကာ လက်ကိုဆန့်တန်း၍ ကျယ်ကျယ် ပြန့်ပြန့် ဝှေ့ယမ်းပြလာခဲ့ပြီး ခဏအကြာတွင် အနီရောင် ၀တ်စုံဖြင့်တစ်ယောက်က သူ့ကိုဆွဲခေါ်သွားခဲ့သည်။
ဖန်ချန်း၏ ပါးစပ်ထောင့်များသည် သိသိသာသာ လှုပ်ယမ်းသွားခဲ့သည် ။
ကျန်းရွေ့တို့လင်မယားနှစ်ယောက်သည် စင်္ကြံထောင့်နားမှ ပျောက်ကွယ်သွားကြပြီး အောက်ထပ်ကိုဆင်းသွားကြပြီဖြစ်သည်။ စင်္ကြံအဆုံးသည် မှောင်မဲနေပြီး နေရောင်မရကာ အရမ်းအေးစက်နေခဲ့သည်။
ဖန်ချန်းသည် အကြည့် လွှဲလိုက်ပြီးနောက် အမှောင်ထဲသို့ လှမ်းကြည့်လိုက်ကာပြောလိုက်သည်။
"ငါ့နောက်ကို ဆက်လိုက်မနေနဲ့တော့"
သူ၏ နှုတ်ခမ်းထောင့်များမြင့်တက်သွားပြီး ပြုံးလိုက်သည်။ သူ့အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်သို့ ပြန်သွားသကဲ့သို့ သူ့မျက်လုံးများက ကွေးညွတ်နေပြီး အပြုံးလေးသည်တောက်ပနေခဲ့သည်။ ဘဝက ခက်ခဲသော်လည်း အနာဂတ်ကို ပြုံးပြုံးလေး တွေးနေနိုင်သေးပြီးပြောလိုက်သည်။
"ငါ့ ဘဝကို ငါတစ်ယောက်တည်း ဆက်လျှောက်မယ်"
ယခုအချိန်၌ သူ့တွင် အနာဂတ်မရှိ..ထွက်လမ်းမရှိပေ...
နျဲ့ရှီကို သူ မမြင်ရပေ။ နျဲ့ရှီကို သူ့မောင်းထုတ်လိုက်သောကြောင့် ဒေါသဖြစ်သွားသည်ကို သူမမြင်ချင်ပေ။
ဖန်ချန်းသည် နှုတ်ဆက်သလိုမျိုး ညင်သာစွာ လက်ဝှေ့ယမ်းပြကာ နောက်ပြန်မလှည့်တော့ဘဲ အောက်ထပ်ကို ဆင်းသွားခဲ့သည်။
သူသည် ဟိုလင်မယားနှစ်ယောက်ကို အမှီလိုက်သည်။
အပြင်၌ မိုးအသင့်အတင့်ရွာနေခဲ့သည်။ ဖန်ချန်းသည် ကားတံခါးဆီသို့ ပြေးသွားလိုက်သည် ။ ကျန်းရွေ့သည် ကားကို စတင် ထွက်ခွာတော့မည်ဖြစ်သည်။ ကားတံခါးကိုဖွင့်လိုက်သည်နှင့် ကားထဲသို့ မိုးသံများ တဟုန်ထိုးဝင်လာကာ အထဲရှိသူများကို အနှောင့်အယှက်ပေးလာခဲ့သည်။ ကျန်းရွေ့က စိတ်ရှုပ်သည့်လေသံဖြင့်ပြောလာခဲ့သည်။
"မြန်မြန်...မြန်မြန်တံခါးပိတ်ပြီးသွားကြမယ်"
ဖန်ချန်းက ထိုင်ချလိုက်သည်။ သူ့ဆံပင်များက အနည်းငယ် စိုစွတ်နေသည်။ ဖန်ချန်းသည် နဖူးပေါ်ကနေ ဆံပင်များကို ဖယ်လိုက်၍ ဝမ်ဟွေ့ဝမ်က သူ့ကို အနောက်ကြည့်မှန်ကနေ ကြည့်နေသည်ကို တွေ့လိုက်သည်။
"မင်း ဘာကြည့်နေတာလဲ"
ဝမ်ဟွေ့ဝမ်လည်း လန့်သွားခဲ့သည်။ သူမလက်တွေကို ဘယ်မှာထားရမှန်းမသိဖြစ်သွားပြီး ထိတ်လန့်တကြားဖြင့် လက်များကိုဝှေ့ယမ်းပြကာ အပြစ်ရှိသော အသိစိတ်နှင့်ပြောလာခဲ့သည်။
“ဘာမှ...မဟုတ်ဘူး…”
ဝမ်ဟွေ့ဝမ်သည် ကားဘောက်စ်ကို လှန်လိုက်ရင်း အထဲမှ တစ်ရှူးကိုထုတ်ယူလာကာ ဖန်ချန်းဆီတက်ကြွစွာ ပေးလာခဲ့သည်။
ဖန်ချန်းသည် ဝမ်ဟွေ့ဝမ်၏ လက်ချောင်းများကို ကြည့်လိုက်ကာ သူမကို ပထမဆုံးစတွေ့စဉ်က သူအမှိုက်ပုံးထဲ ရောက်သွားသည်ဟုပင် ထင်ခဲ့သည်။ ယခုတွင် အမှိုက်ပုံးလိုလို ချဉ်သည့်အနံ့ကို ပြန်ရလိုက်ပြန်သည်။ထိုအနံ့သည် လေထဲတွင် အချိန်အတော်ကြာအောင် စွဲနေပုံရသည်။ သူ့မျက်ခုံးများကို အနည်းငယ် တွန့်ချိုးလိုက်ပြီး အန်ချင်လာသလို ခံစားလိုက်ရသည်။
ကားသည် လမ်းမပေါ်တွင် အရှိန်မြန်မြန်မောင်းနှင်နေပြီး လေကာမှန်များ လှုပ်ယမ်းနေသည့် အသံကြောင့် လူများ၏ နှလုံးသားကို ထိုးဖောက်ကာ မသက်မသာဖြစ်စေခဲ့သည်။
ကားရှေ့ဒက်ရှ်ဘောက်စ် ပေါ်တင်ထားသည့် လက်ကိုင်ဖုန်း၏ မျက်နှာပြင်သည် ရုတ်တရက် မည်းမှောင်သွားခဲ့သည်။ ကျန်းရွေ့က ဝမ်ဟွေ့ဝမ်ကို ဖုန်းပြန်ဖွင့်ရန် ပြောခဲ့ပြီး ရှေ့သို့ ဆက်လက်မောင်းနှင်ခဲ့သည်။ ဝမ်ဟွေ့ဝမ်သည် ၎င်းကို အချိန်အတော်ကြာအောင် ကြိုးစားဖွင့်ခဲ့သော်လည်း ဖွင့်မရသဖြင့် ဖုန်းကို ကိုင်ထားလျက် ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်။
"ငါ့ဟာ ကိုသုံးလိုက်" ဖန်ချန်းက သူ့လက်ကိုင်ဖုန်းကို ရှေ့သို့ လှမ်းပေးလိုက်သည်။
ကျန်းရွေ့၏နှလုံးသည် မူလအနေအထား ပြန်ဖြစ်သွားပြီး ဖန်ချန်းကို ဖော်မပြနိုင်သော အဆင်မပြေသည့်အမူအရာဖြင့် စိုက်ကြည့်လာခဲ့သည်။
ဝမ်ေဟွ့ဝမ်သည် ဖန်ချန်းဖုန်းမှလမ်းညွှန်ချက်ကို ဖွင့်လိုက်ပြီး ကားသည် အနီစက်ရှိရာသို့ ဆက်လက်မောင်းနှင်သွားခဲ့သည်။
မိုးတွေဆက်တိုက်ရွာနေရာ လမ်းသည် ရွှံ့များထူထပ်လာပြီး တာယာများက ကျောက်စရစ်ခဲတွေအပေါ်မှာ လှိမ့်နေရပြီး မတည်မငြိမ် ဆက်ရွေ့နေခဲ့သည်။
"ငါတို့ဘယ်သွားနေကြတာလဲ"
ဖန်ချန်းသည် ရုတ်တရက် မေးလိုက်ကာ သူ့မျက်လုံးများကတော့ ကားပြတင်းပေါက်ကနေ မခွာပေ။
"ဘယ်သွားရမှာလဲ City Bကိုပေါ့ "
ဝမ်ဟွေ့ဝမ်က ဖန်ချန်းအား သိသိကြီးနဲ့ ဘာလို့မေးနေတာလဲဆိုသည့်ပုံဖြင့် တုံ့ပြန်လာခဲ့သည်။
"မင်းတို့ အရင်က City B ကို ရောက်ဖူးလား"
ဖန်ချန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါ.. မရောက်ဖူးဘူး..."
ဝမ်ဟွေ့ဝမ်က မဝံ့မရဲပြန်ဖြေလိုက်ပြီး ကျန်းရွေ့ကို ကြည့်လိုက်သည်။
ကျန်းရွေ့ကလည်း ခေါင်းခါလိုက်သည်။
"ဒါဆိုဘာလို့အဲဒီကိုသွားနေရတာလဲ"
"ငါတို့ အဲ့ကလွဲရင်ဘယ်သွားနိုင်သေးလို့လဲ"
ဝမ်ဟွေ့ဝမ်သည် ဘာလုပ်ရမှန်းမသိဖြစ်လာပြန်သည်။သူမတို့သည် city B မှတပါး အခြားမည်သည့်နေရာကိုမှ သိတာ မရှိနေသည်ကို တွေးလိုက်မိသည်။ သူမသည် B မြို့ကိုသာမှတ်မိသည်။
ဒါပေမယ့် ဒါက ပုံမှန် မဟုတ်နေပေ....
ဒါကို သဘောပေါက်သွားသည်နှင့် သူမ နောက်ကျောမှ ချွေးများ အရူးအမူးကျဆင်းလာခဲ့သည်။သူမသည် ကျန်းရွေ့ကိုကြည့်လိုက်ရာ ကျန်းရွေ့သည် စတီယာဘီးကို ကိုင်ဆောင်ထားဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
တစ်ခုခုတော့မှားနေချေပြီ....
သို့တိုင်အောင် သူတို့မှာ တခြားရွေးချယ်စရာ မရှိနေပေ။
ကားပေါ်တွင် ခဏတာ တိတ်ဆိတ်သွားခဲ့ပြီး ဖန်ချန်းက ရုတ်တရက်မပီမသရေရွတ်လိုက်သည်။
"မင်းတို့က ဒီတိုင်းဘယ်မှန်းမသိပြေး..."
ကျန်းရွေ့သည် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဖြတ်ပြောလာခဲ့သည်။
"မင်း ငါတို့နဲ့ မလိုက်ချင်ဘူးဆိုရင်လည်း အခုချက်ချင်းကားပေါ်က ဆင်းလိုက်တော့!!"
ဖန်ချန်းသည် ထိတ်လန့်သွားပြီး မျက်တောင်များကို တုန်ခါသွားကာ နောက်ဆုံးတွင် ခေါင်းငုံ့ပြီးရှုပ်ထွေးစွာဖြင့် အပြစ်ကင်းစင်စွာ မတရားအပြောခံရသကဲ့သို့ ပြောလိုက်လေသည်။
"တောင်းပန်ပါတယ်"
ထိုထူးဆန်းသော ခံစားချက်သည် ဝမ်ဟွေ့ဝမ်ထံ ထပ်မံရောက်ရှိလာပြန်သည်။ သူမ၏ ဦးရေပြားမှာ ကျန်းစပ်နေပြီး အကူအညီတောင်းနေသကဲ့သို့ ကျန်းရွေ့ကို ကြည့်လိုက်သည်။ ကျန်းရွေ့က သူမကို ခေါင်းညိတ်ပြလာပြီး နှစ်ယောက်သား တိတ်တဆိတ် စကားပြောလိုက်ကြသည်။
မိုးက ဆက်လက်ရွာနေခဲ့သည်။မြူခိုးများ ကျလာခဲ့ပြီး သူတို့၏ အပြစ်များကို ခဏတာ ဖုံးကွယ်ပေးလာခဲ့သည်။