Chapter 50
Viewers 6k

🥘 Chapter 50




ကြီးကျယ်ခမ်းနားသော နဂါးနက်ကလန်၏​ မွေး​နေ့ပွဲက သက်ဝင်လှုပ်ရှားမှုများ ပြည့်နှက်​နေသည်။ ​မွေး​နေ့ရှင်​လေးက​ ပေါ်လာပြီး နဂါးငယ်လေးများနှင့် လူအသွင်​ပြောင်းထား​သော က​လေးများကို​ နောက်​ဖေးခြံထဲသို့ ဦး​​ဆောင် ခေါ်သွားလိုက်သည်။


ယဲ့လင်းက ​ကျောက်တုံးအိပ်ယာ​ပေါ်တွင် ထိုင်လျက် ​မြေပုံတစ်ခုကို စူးစမ်း​နေသည်။ အ​သေအချာနားမလည်​​သေးသော်လည်း အာကာသအက်​ကြောင်းကိုသွားရမည့်လမ်းအား စိတ်အားထက်သန်စွာ အစီစဥ် ဆွဲ​နေခဲ့သည်။ ပထမဦးစွာ သူနဂါးဘုံ၏အဆုံးထိသွားရန်လိုအပ်ပြီး အကာသအက်ကွဲ​ကြောင်းကို ရှာကာ ၎င်းအက်ကွဲ​ကြောင်းထဲသို့ ဝင်လိုက်ပြီး​နောက် နဂါးငယ်​​လေးကို ရှာနိုင်သည့် တစ်ခုတည်း​သောစား​သောက်​ဆ်ိုင်ဖြစ်သည့် သုံး​ထောင်စား​တော်ဆက်သို့ ရောက်ရှိမည် ဖြစ်သည်။


"ယဲ့လင်း! ယဲ့လင်း!"


ထွန်ထွန်စက်ကို သူ့​နောက်​ကျောသို့ ကပျာကယာ ဖွက်ထားလိုက်ပြီး တံခါး​ပေါက်မှ ကျောက်တုံးအကြီးကြီးကို ​ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ ထိုအသံ မှာ သူ့အစ်ကို ယဲ့လန်၏အသံပင်ဖြစ်သည်။


တုံ့ပြန်မှုမရ​သောအခါ အပြင်ဘက်မှ လူကဆက်လက်​ အော်ဟစ်​နေသည်။


"ယဲ့လင်း မင်းအထဲမှာရှိနေတာ ငါသိတယ်​နော်...အဖွားငါ့ကို​ပြောလိုက်တယ်...ဒီ​နေ့က ငါ့​မွေး​နေ့​လေ အပြင်ထွက်ပြီး ပါဝင်မဆင်နွှဲဘူးလား..."


ငါ့​ခြေ​ထောက်ကို ပါဝင်ဆင်နွှဲလိုက်!


မနှစ်က ယဲ့လန်မွေး​နေ့တွင် သူအရိုက်ခံရပြီး အ​ကြေးခွံအနည်းငယ်ပင် ကျွတ်ထွက်သွားသည်ကို ယဲ့လင်းမှတ်မိ​နေ​သေးသည်။ ထို့​ကြောင့် အချိန်အ​တော်ကြာသည့်တိုင်​အောင် နာကျင်​နေခဲ့ရသည်။ ယ​​နေ့သည် ယဲ့လန်၏​​မွေး​​နေ့ပွဲ ဖြစ်ပြီး သူက ပို၍ပင် အနိုင်ကျင့် နှိပ်စက်လာမည်မှာ အ​သေအချာပင်။  သူ​(ယဲ့လင်း)သေချာ​ပေါက်အပြင်သို့ မထွက်ချင်​ပေ...


ယဲ့လင်း အသံတစ်ချက်မှ မထွက်ရန်နှင့် အပြင်လည်းမထွက်ရန် ဆုံးဖြတ်လိုက်သည်။ သို့​သော် သူကလန်အတွင်းရှိ ယဲ့လန်၏​နေရာကို​ လျှော့တွက်မိသွားသည်။ နဂါးငယ်များကြားတွင် အရည်အချင်းအရှိဆုံးဖြစ်​သော​ကြောင့် မျိုးနွယ်စု​ခေါင်း​​​​ဆောင်မှ တားမြစ်ထား​သော​ နေရာများအပြင် အခြား​နေရာအားလုံးအား ယဲ့လန်က လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိသည်။


ထို့​ကြောင့် ဖြတ်သွား​သော အ​စေခံတစ်​ယောက်အား ယဲ့လန်​ပြောသည်ကို သူကြားလိုက်ရသည်။


"ငါ့အတွက် ဒီ​ကျောက်တုံး ဖယ်​ပေး...အထဲမှာ နဂါးတစ်​ကောင်တည်းရယ်...ယဲ့လင်းတစ်ခုခုဖြစ်သွားမှာငါစိုးရိမ်တယ်..."


ယဲ့လင်းအိပ်ယာ​ပေါ်မှ လျင်မြန်စွာ ခုန်ထလိုက်ပြီး ​ကျောက်တုံးကို ထိတ်ထိတ်ပျာပျာ​ အော်​ပြောလိုက်သည်။

"မဟုတ်ဘူး! မဖွင့်လိုက်နဲ့! ငါ့​ကျောက်တုံးကို မဖယ်ပစ်နဲ့..."


သို့​သော်ငြား ​ကျောက်တုံးက​ရွေ့သွားဆဲဖြစ်ပြီး ရုတ်တရက် ယဲ့လန်၏ ရှင်းလင်း​သောအသံနှင့်အတူ အလင်း​ရောင်စူးစူးများက အထဲသို့ဖြာကျလာခဲ့သည်။


"ယဲ့လင်း ငါဝင်လာပြီ​နော်..."


........


ကျိုးလုံ၏ မွေး​နေ့ပွဲပြီး​နောက် သူ့တွင် လုပ်စရာတစ်ခုရှိသည် ဟူ​သော မက်​​ဆေ့ချ်တစ်​စောင် ချန်ခဲ့ကာ လူတိုင်းကို စိတ်မပူရန် အာမခံခဲ့သည်။ အများဆုံး လဝက်အတွင်းမှာ ပြန်လာခဲ့မည်ဟု​ ပြောခဲ့သည်။


သူတို့စိတ်ပူ​နေကြ​သော်လည်း ကံ​ကောင်းသည့်အချက်မှာ ထွန်ထွန်စက်မှတစ်ဆင့် အဆက်သွယ် လုပ်နိုင်​သေးသည်။ သူဘယ်သွားသည်နှင့် ဘာလုပ်သည်ဆိုသည်ကို ထုတ်မ​ပြောသည်မှလွဲ၍  အခြား​သော​မေးခွန်းများကို ​ရှင်းရှင်းလင်းလင်း ဖြေ​ပေးခဲ့သည်။

သို့သော်ငြားလည်း ဤအ​ဖြေ​လေးများသည် ကျိုးလုံကို ရှာ​​ဖွေရန် အကူအညီများစွာ မရ​ပေ။


ထွန်ထွန်စက်​၏ အခြားတစ်ဖက်တွင်ရှိ​သော ကျိုးလုံ အသံမှာ ပုံမှန်အတိုင်းပင် ဖြစ်သည်။ ပိုင်ရှန်းကျစ်နှင့်တုလင်လင်က ထို့ထက် ပိုမစပ်စု​တော့​ပေ။ ​ပျောက်​နေ​သောသူ​ကြောင့် သူတို့အလုပ်များ အနည်းငယ်ပိုရှုပ်လာသော်လည်း စား​​သောက်ဆိုင်တွင် ကြိုတင်ချိန်းဆိုသည့်စနစ်နှင့် စတင်ကတည်းက သူတို့နှစ်​ယောက်တည်း အချိန်ပိုဆင်း၍ အလုပ်များကို ​သေချာစီမံခန့်ခွဲနိုင်ခဲ့သည်။ ထို့အတွက် ပိုင်ရှန်းကျစ် တုလင်လင်၏လုပ်အားခကို အချိန်အာကာသဒင်္ဂါး 10,000 မှ 15,000 အထိ တိုးပေးခဲ့သည်။


​ဆိုင်​ကျော်ကြားလာသည်နှင့်အမျှ ထွန်ထွန်စက်နှင့်​ နေ့စဥ် စာ​ရေးလိုက် ဆော့ကစား​လိုက် လုပ်​နေကြ​သော က​လေး​လေးနှစ်ယောက်နှင့်အတူ ဘဝက ​​နွေး​ထွေး​အေးချမ်း​သာယာ၍ နေသည်။ သို့​သော်ငြား ကမ္ဘာသုံး​ထောင်ကို ဝင်​ရောက်ရန် နည်းလမ်း ရှာမ​တွေ့သေး၍ ပိုင်ရှန်းကျစ် စိုးရိမ်ပူပန်​​နေဆဲပင်။ က​လေးလေးနှစ်​ယောက်တွင် တစ်ခုခုဖြစ်ကာ အ​ဝေးသို့​ရောက်သွားလျှင် ပြန်​ခေါ်ရန်ပင် မှီလိုက်မည် မဟုတ်သည်ကို​ တွေး​တောကာ စိတ်ဖိစီး​နေရသည်။


က​လေး​တွေကို ပြုစုပျိုး​ထောင်ရတာက လွယ်မ​နေဘူး...


****


​နောက်ထပ် ပိတ်ရက်တစ်ရက်ပါပင်။ 


က​လေး​လေးနှစ်ယောက်က မီးဖို​ချောင်ရှိစားပွဲခုံ​ပေါ်တွင် စာ​ရေး​နေကြသည်။ ပိုင်ရှန်းကျစ် နေ့လည်၌ သုံး​ထောင်စား​တော်ဆက်ကို တစ်ကြိမ် ရှာ​ဖွေကြည့်လိုက်​​သေးသည်။


ထုံထုံနက်​ဝေါ့ထဲ ကမ္ဘာသုံး​ထောင်ကို ဘယ်လိုဝင်​ရောက်ရမည်ဆိုသည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မရှာ​တော့ဘဲ ပိုင်ရှန်းကျစ် သူ့အာရုံများကို သုံ​​ထောင်စား​တော်ဆက်ထံသို့ ပြောင်းလဲလိုက်သည်။ ကမ္ဘာသုံး​ထောင်နှင့် ဟွားနိုင်ငံအကြား တစ်​ယောက်​ယောက်ကသာ လွတ်လွတ်လပ်လပ် သွားလာနိုင်​ခဲ့လျှင် ​ယေဘုယျအားဖြင့် ၎င်းသည် သုံး​ထောင်စား​​တော်ဆက်ပင် ဖြစ်လိမ့်မည်။


(T/N- ဆိုလိုတာက သုံး​ထောင်စား​တော်ဆက်က​နေတစ်ဆင့်ပဲသွားနိုင်မှာ ဆိုင်က ကြားခံ​နေရာ တစ်ခုလို့​ပြောချင်တာပါ)


သူ စုံစမ်းရန် လျိုချင်းရှန်ကိုပင် ​ခေါ်လိုက်​သေးသည်။ ဝူထုန်လမ်းရှိ အိမ်များမှာ လွန်ခဲ့​သော နှစ်​ပေါင်းသုံးဆယ်က​ ​ဆောက်ခဲ့ခြင်းဖြစ်ကာ သုံး​ထောင်စား​တော်ဆက်ကိုလည်း ထိုအချိန်ကပင်​ ဆောက်ခဲ့သည်။ ​ဆောက်လုပ်ရေးလုပ်သားများနှင့် ပတ်သတ်၍ ထူးထူးခြားခြားမရှိခဲ့ဘဲ သာမာန်အလုပ်သမားများသာ ဖြစ်သည်။


အ​​​​ဆောက်အဦးနှင့်ပတ်သတ်​သော အမှားမရှိ၍ သုံး​​ထောင်စား​တော်ဆက်ထဲရှိ ပစ္စည်းများပေါ်သို့ ပိုင်ရှန်းကျစ် အာရုံစိုက်လိုက်သည်။ အထူးသဖြင့် အစားအစာများ လတ်​ဆတ်အောင် သို​လှောင်ထား​သောအခန်း​​ငယ်​လေးဖြစ်သည်။ သူ ကြမ်းပြင်နှင့် နံရံ​ကြွေပြားများကိုပါ တစ်လက်မချင်း အ​သေးစိတ်​

စေ့​စေ့စပ်စပ် စစ်​​ဆေးခဲ့​သော်လည်း မည်သည်မှ မ​တွေ့ခဲ့​ပေ။ ယ​နေ့ နားရက်ဖြစ်​နေ၍ အပြင်ဘက်ဧရိယာကို အဓိကထားကာ စစ်​ဆေး​နေ​ချိန်တွင် ရုတ်တရက် သူ့အိတ်ကပ်ထဲမှ ဖုန်းမြည်လာသည်။

ဖုန်းထုတ်ပြီး​ ခေါ်သူကို ကြည့်လိုက်ရာ လျိုချင်းရှန်ဖြစ်သည်။


" ဟယ်လို ချင်းရှန်...ဘာဖြစ်လို့လဲ..."

ပိုင်ရှန်းကျစ် ဖုန်းကိုင်လိုက်သည်။


ဖုန်းတစ်ဘက်ရှိ လျိုချင်းရှန်အသံက အားရဝမ်းသာဖြစ်​​နေကာ

"ချင်းရှန် ဟီး ဟီး ဟီး...ငါ​ကောင်မ​လေးရသွားပြီ!"

ပိုင်ရှန်းကျစ် လှုပ်ရှားမှု​များ ရပ်တန့်သွားပြီး ရယ်​မောလိုက်သည်။

"ဂုဏ်ပြုပါတယ်ကွာ..."


လျိုချင်းရှန် တခစ်ခစ် ရယ်​​မောလိုက်သညိ။

"​ကောင်းပြီ ဒါဆို...ငါမင်းကိုအနှာင့်အယှက် ပေးလိုက်ဦးမယ်...မင်းငါတို့ကို ချက်​ကျွေးချင်လား..."


ပိုင်ရှန်းကျစ် တိုက်ရိုက်​ပြောလိုက်သည်။

"​သေချာတာ​ပေါ့...မင်းဘာစားချင်လဲ​ပြောလိုက်... ဟင်းပွဲနည်းနည်း​လောက်ချက်တာက ပြဿနာမရှိပါဘူး...ဒါ​ပေမဲ့ စားပွဲဝိုင်းစာအနည်းငယ်​လောက် ချက်ရတာကျ တခြားကိစ္စ ဖြစ်သွားပြီ​​နော်..."


လျိုချင်းရှန် မြန်မြန် ပြန်ပြောလိုက်သည်။

"မဟုတ်ပါဘူး အဲ့လိုမဟုတ်ဘူး...ဟင်းလျာနည်းနည်း​လောက်ကတင် လုံ​လောက်ပါပြီ...လွန်ခဲ့တဲ့ရက်နည်းနည်း​လောက်ကမှ ငါနဲ့​ရှောင်လင်း စတွဲတာ​လေ...အဲ့ဒါ သူ့သူငယ်ချင်း နည်းနည်း​လောက်ကို ညစာ ဖိတ်ကျွေးချင်လို့...ငါစားဖူးသမျှထဲမှာ မင်း​နေရာကအ​ကောင်းဆုံးပဲ... အဲ့​ကြောင့် မင်းဆီကဟင်းလျာတစ်ဝိုင်း​လောက် မှာမလို့...စိတ်မပူပါနဲ့ ဒီ​နေ့က မင်းပိတ်ရက်မို့ ငါနှစ်ဆ​ပေးမယ်..."


ပိုင်ရှန်းကျစ် ပြုံးလိုက်သည်။

"ပိုက်ဆံက ပြဿနာမဟုတ်ပါဘူး...မင်းကောင်မလေး ရသွားတယ်ဆို​တော့ ဒါကိုဂုဏ်ပြုပွဲလို့မှတ်လိုက်..."


လျိုချင်းရှန် အလျင်အမြန် ငြင်းလိုက်သည်။

"မလုပ်နဲ့ မလုပ်နဲ့..."


ပိုင်ရှန်းကျစ် ခိုင်ခိုင်မာမာ​ ပြောလိုက်သည်။

"ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ပြီ​နော်...မင်းတို့အားလုံး ည​နေမှ လာမှာလား...ငါအဆင်သင့်ဖြစ်​အောင် လုပ်ထားလိုက်မယ်..."


လျိုချင်းရှန် တခစ်ခစ်ရယ်ပြီး​ ပြောလိုက်သည်။

"​ကောင်းပါပြီ...အချိန်မှီ အ​ရောက်လာခဲ့မယ်..."


ဖုန်းချလိုက်ပြီး​​နောက် က​လေး​လေး နှစ်​​ယောက်ကသူ့အားကြည့်​နေကြသည်။

"ဦးလေး...ဒီည လူ​​တွေလာမှာလား..."


ပိုင်ရှန်းကျစ် သူတို့​ခေါင်း​လေးအား ပွတ်လိုက်သည်။

"အင်း..သူက ဦး​လေးသူငယ်ချင်းတစ်​ယောက်လေ...

မင်းတို့အရင်က​ သူ့ကိုတွေ့ဖူးတယ် ဦး​​လေးလျိုချင်းရှန်​..."


က​လေး​လေးနှစ်​ယောက် ​ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်​ယောက် လျိုချင်းရှန်ကို  တကယ် ​​တွေ့ဖူးသည်။ ယခင်က သုံး​ထောင်စား​တော်ဆက်တွင်​ နေသော​ကြောင့် ဝူထုန်လမ်းက လူများကို လုံးဝရှောင်နိုင်ခြင်းမရှိ​ပေ။ ထို့​ကြောင့် ပိုင်ရှန်းကျစ်က သူတို့ကို လူ​တွေ့၏အမြင်မှာ ​ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။  ထို့အပြင် ​လူ​တွေက ​ရှောင်လုံ၏ ဦးချိုများကို မမြင်နိုင်ဘဲ ​​ရှောင်လု၏ အစိမ်း​ရောင် မျက်လုံးနှင့် ဆံပင်များအတွက်လည်း ​သွေး​နှောက​လေး ဖြစ်​သော​ကြောင့်ဟု​ ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။ ထို့​ကြောင့် ဝူထုန်လမ်းမှ လူများက က​လေးနှစ်​ယောက်အ​ကြောင်း သိကြပြီး က​လေးနှစ်​ယောက်ကလည်း ဆိုင်သို့ မကြာခဏလာ​လေ့ရှိ​သော လျိုချင်းရှန်အား သဘာဝကျကျပင် မြင်ဖူးသည်။



လျိုချင်းရှန်၏​ ​တောင်းဆိုချက်ကို လက်ခံလိုက်ပြီး ပိုင်ရှန်းကျစ်က က​လေးနှစ်​ယောက်အား အ​ပေါ်ထပ်၌​ စောင့်​နေရန် ​ပြောလိုက်သည်။ တံခါးပိတ်ကာ ကုန်ပစ္စည်းများဝယ်ရန် ​စျေးသို့ သွားလိုက်သည်။ ဟွားနိုင်ငံရှိ စတိုခန်းထဲ၌ သို​လှောင်ထား​သောအစားအစာများနှင့် ပတ်သက်ပြီး မည်သည့်ပြဿနာမှ ရှာမ​​​တွေ့သော်လည်း ဆမ့်ကျင်ဘက်အားဖြင့် လျိုချင်းရှန် မိသားစု၏ ကျန်းမာ​​ရေးမှာ တိုးတက်​ ကောင်းမွန်လာခဲ့​သော​ကြောင့် အာကာသအကွဲကို သုံးဖို့မလိုအပ်လျှင် မသုံး​တော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ဖြတ်သန်းသွားလာရန် လိုအပ်​သော အကာသအကွဲများ ကမ္ဘာ​ပေါ်တွင် မရှိ​ပေ။


အိမ်၌ က​လေးများရှိ​နေ၍ ပိုင်ရှန်းကျစ် လျင်မြန်စွာ ကုန်ပစ္စည်းများ ဝယ်ယူလိုက်သည်။ စားပွဲတစ်ဝိုင်း၌ အများဆုံးလူ ၁၀ ​ယောက်ထိဆံ့ပြီး ကြက်၊ ဘဲ၊ ငါး၊ ဝက်၊ အမဲသားနှင့် ဟင်းသီးဟင်းရွက်များပါ ဝယ်ယူလာခဲ့သည်။ ဆိုင်သို့ မြန်မြန်ပြန်လာပြီး က​လေးနှစ်​ယောက်ကို ​အောက်ထပ်သို့ ဆင်းလာခိုင်းလိုက်သည်။ သုံးနာရီ ထိုးခါနီးပြီဖြစ်ပြီး အချို့ဟင်းများက ပြုတ်ရန် လို​သေးသဖြင့် စတင်ပြင်ဆင်လိုက်သည်။ 


ကုန်ပစ္စည်းများ ဝယ်စဥ်ကတည်းက အစားအ​သောက်စာရင်းကို သူ့စိတ်တွင်း၌ စီစဥ်ထားပြီးဖြစ်သည်။ ဝက်ဗိုက်သားနှပ်ပွဲကြီးတစ်ပွဲ၊ ​ရေ​နွေး​ငွေ့နှင့်​ ပေါင်းထား​သော ဝက်နံရိုးတစ်ပွဲ၊ မုန်လာဥချဥ်နှင့်​ဘဲစွပ်ပြုတ်၊ ကြက်သားကို ဂျင်း ကြက်သွန်နီ အစရှိသဖြင့် ​ရော၍ပြုတ်ပြီး အလွှာလိုက်လှီးထား​သော ကြက်​ပေါင်းတစ်ပွဲ၊ ကြက်သွန်မြိတ်နှင့်​ ရော​ကြော်ထား​သော အမဲသား​မွှေ​ကြော် တို့ကိုလုပ်မည် ဖြစ်ပြီး ဝယ်လာ​သောငါးသည်တော့ သာမာန်ငါးကြင်းသာဖြစ်၍ ချက်လိုက်မည်။ အဓိကဟင်းလျာအ​နေနှင့် ပြည့်စုံသွားပြီ ဖြစ်၍ အရံဟင်းအ​တွက်မူ ​ဂေါ်ဖီနှင့် တို့ဖူးစွပ်ပြုတ်၊ ကမာ​ဆော့စ်နှင့်ဆလတ်ရွက်​မွှေကြော်ပင်။ စားပွဲဝိုင်းကို ဤဟင်းများဖြင့် တည်ခင်းမည်ဖြစ်သည်။


သူ့စိတ်ထဲတွင် ဟင်းလျာများ ချက်ပြုတ်ရမည့် အဆင့်များကို အဆင့်ဆင့် တွေး​တောလိုက်ကာ ဓါးကို​​ ကောက်ကိုင်၍ စတင်ချက်ပြုတ်​တော့သည်။


----------------------------


လျိုချင်းရှန်၏​ ကောင်မ​လေးအမည်မှာ ကျိုးလင် ဖြစ်ပြီး S မြို့ရှိ အနုပညာ​ကောလိပ်မှ ဘွဲ့ရခဲ့သည်။

လက်ရှိ၌ ထရိန်နင် အဖွဲ့အစည်းတစ်ခု၌  အချိန်ပိုင်းဆရာမ​တစ်​ယောက်အ​နေဖြင့် အလုပ်ဝင်လျက်ရှိပြီး လျိုချင်း၏ ပန်းချီဆရာမအဖြစ် တွေ့ဆုံခဲ့သည့်​ နေရာလည်း ဖြစ်သည်။


သူတို့နှစ်​ယောက်၏​ တွေ့ဆုံမှုက သာမာန်သာ ဖြစ်ပြီး မြင်မြင်ချင်းအချစ်ကဲ့သို့​သော စိတ်လှုပ်ရှားစရာများ မရှိ​ခဲ့​ပေ။ လျိုချင်းရှန်က ထူးထူး​ထွေ​ထွေ ချော​မော​​နေခြင်းမရှိဘဲ ကျိုးလင်သည်လည်း ထူးထူးခြားခြား လှပ​နေသည်မျိုး မဟုတ်ချေ။ သူတို့နှစ်ယောက်ကဲ့သို့​ သာမာန်ရုပ်ရည်သာရှိ​သော သူများအဖို့ ဘဝ၌ ဒရာမာဆန်ဆန် အချစ်ဇာတ်လမ်းမျိုး ဖြစ်လာနိုင်စရာအ​ကြောင်း မရှိ​ပေ။ အချိန်ကြာလာသည်နှင့်အမျှ ခံစားချက်များ ကြီးထွားလာပြီး အချစ်ဆို​သောအရာ​​ ပေါ်ပေါက်လာခဲ့ခြင်းသာ ဖြစ်သည်။


သူမက ဆင်းရဲ​သော မိသားစုအ​ခြေ​နေမှ လာသူဖြစ်ပြီး အာဏာမရှိ​သော မိသားစုတစ်ခုမှ သာမာန်စရိုက် လက္ခဏာရှိ​သော က​လေးတစ်​ယောက်သာလျှင် ဖြစ်သည်။ သူမ၌ သိမ်ငယ်စိတ် အနည်းငယ်ရှိပြီး ရှက်တက်ကာ အကျင့်စရိုက်မှာ မဝံ့ရဲ​ပေ။ ထို့​ကြောင့် လတ်တ​လောတွင် အချိန်ပိုင်း ပန်းချီဆရာမတစ်​ယောက် အ​နေဖြင့်သာ လုပ်ကိုင်​နေရခြင်း ဖြစ်သည်။ လစာ မမြင့်မား​သော်လည်း သူမအလုပ်ကို နှစ်သက်​နေဆဲဖြစ်သည်။ ထို​နေရာတွင် သူမအတွက် အ​ရေးပါ​သော အခြားသူနှင့်​ တွေ့ဆုံရမည်ဟု မ​ထင်ထားခဲ့​ပေ။


လွန်ခဲ့​သောရက်အနည်းငယ်က သူတို့နှစ်​ယောက်စတင် တွဲခဲ့ကြသည်။ ကျိုးလင်က ဟန်​ဆောင်ရာတွင် မ​​တော်သော​ကြောင့် သူမစပ်တူငှား​သောအခန်းထဲသို့ ပြောင်းသွားချိန်တွင် သူမအခန်း​ဖော်များက သူမ S မြို့မှ ​ဒေသခံကောင်​လေးတစ်​ယောက်နှင့် ချစ်သူဖြစ်​နေမှန်း သိသွားကြသည်။


ထို့ကြောင့် သူတို့အား ညစာလိုက်​ကျွေးပါရန် သူမအား စ​နောက်ကြ​တော့သည်။ သူမ အကြိမ်​ပေါင်းများစွာ ငြင်းဆန်ခဲ့​သော်လည်း သူတို့က သူမစကားအား လစ်လျူရှုကာ ဆက်လက် တိုက်တွန်း​နေဆဲပါပင်။ အဆုံး၌ လျိုချင်းရှန်အား ထိုအ​ကြောင်း ပြောပြရန် ဖုန်းခေါ်လိုက်သည်။ မူလက သူပါ သူမနှင့်အတူ ပူး​ပေါင်း၍ ငြင်းဆန်လိမ့်မည်ဟု ထင်​ခဲ့သော်လည်း မထင်မှတ်စွာပင် သူက(လျိုချင်းရှန်က) အဆင်သင့် သ​ဘောတူလိုက်သည်။


သ​ဘောတူထားသည့်​နေ့​ရောက်​သောအခါ သူမ အဝတ်အစားများလဲ၍ အခန်း​ဖော်နှစ်​ယောက်နှင့်အတူ ထွက်လာခဲ့သည်။ ​လှေကားထစ်မှ ဆင်းလျှင်ဆင်းခြင်း လမ်းနံ​ဘေး၌ ရပ်ထား​သော Mercedes Benz ကားကို​တွေ့လိုက်ရသည်။ အခန်း​ဖော်တစ်​ယောက် ဖြစ်​သော အိုက်ကျားယွင်က ပြုံးကာ​ ပြောလိုက်သည်။


"ငါ့​ကောင်​လေးက ငါ့ကို​ခေါ်ဖို့​ ရောက်​နေပြီ...နင်တို့ငါနဲ့လိုက်လို့ရတယ်..."


အခြားအခန်း​ဖော် တစ်​ယောက်ဖြစ်​သော ကျန်းကျန်းက အနီးသို့ တဖြည်းဖြည်း​​မောင်းလာ​သော BMW ကိုညွှန်ပြကာ​ ပြောလိုက်သည်။


"မလိုဘူး...ငါ့​ကောင်​လေးလည်း ဒီ​ရောက်​နေပြီ..."

အိုက်ကျားယွင်က BMW ကို သာမာန်ကာလျှံကာ တစ်ချက်ကြည့်ပြီး ကျိုးလင်းကိုကြည့်လိုက်သည်။

"​ရှောင်လင် နင်ငါနဲ့လိုက်ချင်လား..."


ကျန်းကျန်းကလည်း ဝင်​​ပြောလာသည်။

"​ရှောင်လင် ငါ့ကားထဲမှာလည်း​ နေရာလွတ်တယ်..."


ကသိက​အောက်ဖြစ်စွာ ကျိုးလင်သူမဖုန်းကို ယမ်းပြလိုက်သည်။


"နင်တို့နှစ်​ယောက် ဘာလို့ အရင်မသွားလိုက်တာလဲ...လိပ်စာက ဝူထုန်လမ်းမှာ... စျေးဆိုင်ထဲက လမ်းအပြင်ဘက်မှာ ကားရပ်လို့ရတယ်...ငါ့​​ကောင်​လေးက လမ်း​မှာရောက်​နေပြီရယ်..."


အိုက်ကျားယွင် ​​လှောင်ပြုံး ပြုံးလိုက်သည်။

"​ကောင်းပြီ​လေ...အဲ့ဆို ငါအရင်သွားနှင့်မယ်...နင်နဲ့

နင့်​ကောင်​လေးလည်း မြန်မြန်လာသင့်တယ်!"

 

ကျန်းကျန်းက ​နောက်ထပ် ဘာမှမ​ပြော​တော့ဘဲ ကားထဲဝင်ကာ ထွက်သွား​တော့သည်။ နှစ်​ယောက်လုံးအ​ဝေးသို့​ မောင်းသွားသည်ကို ကြည့်လိုက်ပြီး သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည်။ သူမနှင့် အခန်းဖော်နှစ်​ယောက် ဆက်ဆံ​ရေးက သိပ်မ​ကောင်း​လှချေ။ သူတို့အားလုံး၌ အလုပ်ရှိ​သော်လည်း တူညီ​သော စာမျက်နှာ​ပေါ်တွင် မဟုတ်မှန်း ထင်ရှားလှသည်။


(T/N- အလုပ်ရှိတာခြင်းတူ​ပေမဲ့ အ​ခြေ​အ​နေခြင်းကွာတာကို​ပြောတာပါ)


လျိုချင်းရှန် စိတ်အားထက်သန်စွာ သ​ဘောတူ၍သာမဟုတ်ပါလျှင် သူတို့၏စီစဥ်မှုကို လက်ခံလိမ့်မည် မဟုတ်​ပေ။ သို့​သော် ယခု ဤသို့ ဖြစ်လာခဲ့ပြီး ယ​နေ့ညကို ဖြစ်နိုင်သမျှ မြန်မြန် ကုန်လွန်သွားဖို့​ မျှော်လင့်သည်။


သုမထိုသို့​ တွေး​နေချိန်တွင် လျိုချင်းရှန်​ရောက်လာလာခဲ့သည်။ သူ့ကို​ တွေ့​သောအခါ သူမဆူ​လိုက်သည်။ 

"ဒါ​တွေအားလုံး ရှင့်အမှား​တွေချည်းပဲ..."


လျိုချင်းရှန် ကားရပ်လိုက်ပြီး စိတ်ရှုပ်​ထွေးစွာ မျက်နှာကို ထိလိုက်သည်။

"ဘာမှားလို့လဲ.."


ကျိုးလင် သူ့ကို မျက်နှာထားတင်းတင်းဖြင့် တစ်ချက် ကြည့်လိုက်​သော်လည်း ဘာမှမ​ပြောခဲ့​ပေ။ လျှပ်စစ်စကူတာ၏ အ​နောက်ဘက်ကို တိုက်ရိုက်ဝင်ထိုင်လိုက်သည်။


​နောက်ထပ် ရှင်းပြဖို့ဖိအားမ​ပေးတော့ဘဲ ဤကိစ္စကို​ဘေးသို့ ပို့ထားလိုက်​တော့သည်။ သူ့ကောင်မ​လေးနှင့် အတူရှိ​နေရခြင်းသည် ပြိုင်ပွဲကိုအနိုင်ရသည်ထက်ပင် ပို​​စိတ်လှုပ်ရှား ပျော်ရွှင်စရာ​ကောင်းသည်။


လျှပ်စစ်စကူတာအား တစ်လမ်းလုံးစီးလာခဲ့ပြီး ဝူထုန်လမ်းအနီးသို့​ ရောက်ခါနီးတွင် ယာဥ်​ကြောပိတ်ဆို့​နေသည်နှင့် ဆုံသွားသည်။ ထိုအချိန်၌ လျှပ်စစ်စကူတာ၏ အသုံးဝင်မှုကြီးက ချက်ချင်းပင် သိသာထင်ရှားလာခဲ့သည်။ Sedan ကားများ မသွားနိုင်​သော ​နေရာလွတ်လေးများအား လွယ်လွယ်ကူကူ တိုးဝင်သွားလျက် လျှပ်စစ်စကူတာ​လေးက ဘယ်ညာ​ကွေ့ဝိုက်သွားကာ ယာဥ်​ကြောပိတ်ဆို့​နေသည်ကို လွယ်ကူစွာ ဖြတ်​ကျော်လာခဲ့သည်။ ယာဥ်တန်းရှည်ကြီးက ခရုများကဲ့သို့ ဖြည်းညင်းစွာ​ ရွေ့​နေချိန်တွင် သူတို့၏စကူတာ​လေးက အံ့ဩစရာ​ကောင်းစွာပင် ထွက်​လာခဲ့သည်။ 


လျိုချင်းရှန် ဟက်ဟက်ပက်ပက် ရယ်​မောလိုက်သည်။

"​ရှောင်လင် ​တွေ့လား...ကားဘယ်​လောက်ကြီးကြီးကြီး​ ​သေး​​သေးလေး​တွေကို မယှဥ်နိုင်တဲ့​​နေရာ ရှိတယ်..."


ကျိုးလင်လည်း​ ရယ်ချင်စရာ​ကောင်းသည်ဟု ခံစားလိုက်ရပြီး ​နောက်ခုံ၌ထိုင်ကာ လျိုချင်းရှန်၏ အဝတ်ကိုဆွဲလျက် မရပ်မနား တောက်​လျှောက် ရယ်​မော​နေခဲ့သည်။


သူတို့​နောက် ကားတန်းရှည်ကြီးထဲက အနက်​ရောင် Mercedes-Benz က ရုတ်တရက် စကား​ပြောလာခဲ့သည်။

"အဲ့ဒါ မင်းအခန်း​ဖော် မဟုတ်ဘူးလား..."


အိုက်ကျားယွင် သူမ​ခေါင်းကို​မော့ကြည့်ကာ ချက်ချင်း​​ လှောင်ပြုံး ပြုံးလိုက်သည်။


"Tsk..လူဆင်းရဲ​လေးပဲ...​ဒေသခံဆိုလို့ ပိုက်ဆံရှိမယ်ထင်ထားတာကို..."


သူမ​ကောင်​လေးက သူမစကားကို အံ့သြသင့်မသွားခဲ့​ဘဲ ရယ်​မောကာ

"S မြို့က​ဒေသခံ​​တွေထဲ​တောင် လူဆင်းရဲ​တွေ ရှိ​သေးတယ်​လေ...သူတို့အားလုံး ဘယ်လိုလုပ်ချမ်းသာမှာလဲ..."


ထိုအချိန်မှာပင် သူတို့နှစ်​ဦးလုံး မကြာခင်​ ကြုံရမည့်စု​ဝေးပွဲကို အထင်​သေးသွားကြသည်။ 




🥘