အပိုင်း (၁၅)
Viewers 31k

patr-15


စုန့်ထင်ရှန်းက သူ့ဇနီးနှင့်မရင်းနှီးဖူးဆိုသော်လဲ လေးနှစ်ကြာလက်ထပ်ထားသောအိမ်ထောင်ဖက်တစ်ယောက်အနေဖြင့် သူမ၏အကျင့်စရိုက်အကြောင်းကို အတော်ပင်နားလည်နေပေပြီ။အချိန်ကုန်လာသည်နှင့်အမျှ သူတို့၏ လက်ထပ်ခြင်းအကြောင်းကိုမေ့လျော့လျစ်လျူရှုထားခဲ့ကြသည်။လက်မထပ်ခင်တုန်းကလဲ သူတို့နှစ်ယောက်ကြားထဲတွင် သဘောတူညီချက်ရှိထားပြီသားဖြစ်သည်။


သူတို့နှစ်ယောက်က တစ်ယောက်၏အရေးကိစ္စထဲကို တစိယောက်ဝင်မရှုပ်ကြေး ဆုံးဖြတ်ချက်ဖြင့် လေးနှစ်ကြာအိမ်ထောင်ရေးကိုထိန်းသိမ်းထားနိုင်ခဲ့သည်။သူမက ကလေးကိုမနှစ်သက်ပေ။ သူတို့၏ သားလေးကိုမွေးဖွားပြီးနောက် သူမက ထိန်းကျောင်းပြုစုခြင်းရှားပါးလွန်းသည့်အပြင် မကြာခဏကလေးထိန်းကို ကွန်ပလိမ်းတက်ပြောဆိုနေတတ်သည်။


သူမ ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးဖွားချိန်က သူမ၏အလှတရားကိုပျက်စီးစေခဲ့ကြောင်းကိုပင်ကလေးထိန်းအားပြောဆိုခဲ့ဖူးသည်။သူမ မည်သည့်နည်းလမ်းနှင့်ကြိုးစားစေကာမူကိုယ်ဝန်မဆောင်ခင်ကပုံရိပ်မျိုးကိုပြန်မရနိုင်တော့ပေ။ ထိုအပြင်သူမက နောက်ထပ်ဒုတိယကလေးတယောက်ကိုလဲ မွေးဖွားတော့မည်မဟုတ်ကြောင်း ပြောခဲ့ဖူးလေသည်။


သူမက ကလေးကိုလုံးဝမနှစ်သက်ခြင်းဖြစ်သည်။ လေးနှစ်အတွင်း၌ သူမသည် သူ့ကို(စုန့်ထင်ရှန်း) သို့မဟုတ် သူတို့၏ကလေးကို ချစ်ခင်မြတ်နိုးခြင်းမျိုး သူ တခါမှမတွေ့ဖူးပေ။


ဒီတော့ သူကအခုကလေးကိုခေါ်ပြီးတော‌့ဘာလို့ သူ့ကိုလာတွေ့တာလဲ...ပိုက်ဆံမလောက်တော့လို့များလား...ဒါလဲမဖြစ်နိုင်ဘူးလေသူ့ရဲ့လက်ထောက်ကလတိုင်းလတိုင်းပိုက်ဆံအများကြီးလွှဲပေးနေကြပဲ...ဒီငွေပမာဏကသူမစိတ်ကြိုက်သုံးဖြုန်းရင်တောင်ကုန်သွားလိမ့်မှာမဟုတ်ဘူးပြီးတော့လဲလွန်ခဲ့တဲ့လေးနှစ်အတွင်းမှာသူမအသုံးစရိတ်တိုးပေးဖို့ အကြောင်း သူမတခါမှမပြောခဲ့ဖူးဘူး...


ပုံမှန်အားဖြင့် စုန့်ထင်ရှန်းသည် အရေးမပါသောလူများနှင့်အရာဝတ္ထုများ ကိစ္စရပ်များအကြောင်းတွေးတောပြီးအချိန်ဖြုန်းမည့်သူမျိုးမဟုတ်ပေ။ ယခု သူအနဲငယ်စိတ်ရှုပ်ထွေးဇဝေဇဝါဖြစ်နေသော်လဲ ဒီထက်ပို၍မတွေးရန်သာဆုံးဖြတ်လိုက်သည်။သူမ အလည်ရောက်လာခြင်း၏နောက်ကွယ်၌ ကိစ္စတစုံတရာရှိနေမည်ဆိုပါက သူမဘာသာပြောလာပေလိမ့်မည်။


....


ဝတ္ထုထဲကစုန့်ထင်ရှန်းသေဆုံးမှု၏နောက်ကွယ်မှာ လျှို့ဝှက်ကြံစည်မှုကိစ္စကြီးတရပ်သာရှိနေမယ်ဆိုရင် သူမကိုယ်တိုင်နှင့်ကလေးလေးကို သေမင်းတံခါးဝဆီကိုခေါ်ဆောင်လာခဲ့တာမဟုတ်ဘူးလား...


ဟာ အဲ့လိုသာဖြစ်လာမယ်ဆိုရင်တော့ သူမ နောင်တရလွန်းလို့မျက်လုံးတွေကနအာင်ငိုကြွေးမိတော့မယ်...


သူမ ချက်ချင်းဆိုသလိုပင် ကလေးကိုခေါ်ပြီးပြန်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ထို့နောက်လေယာဉ်လက်မှတ်ဖြတ်ရန်အတွက် သူမ၏ဖုန်းကိုကောက်ကိုင်လိုက်ပြီးနောက် စိုးရိမ်ကြောင့်ကြသောကများစွာဖြင့်စိတ်လှုပ်ရှားနေလေသည်။


ယခုအချိန်၌ သူမက အန္တရာယ်ရှိနိုင်သောရွေးချယ်မှုနှစ်ခုကြားထဲတွင် ဗျာများနေလေပြီ။


"ဆုံးဖြတ်ချက်အသစ်က မမျှော်မှန်းနိုင်တဲ့ရလာဒ်တွေကိုဖြစ်ပေါ်သွားစေနိုင်မယ်ဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ..."


သူမယခုချက်ချင်းထွက်သွားချင်သော်လည်း ထိုကဲ့သို့လုပ်ခြင်းကမှားယွင်းလိမ့်မည်ဟုခံစားနေမိသည်။


"အဲ့လိုလုပ်လိုက်ရင်ရောဝတ္ထုဇာတ်ကြောင်းထဲကနေပြီး‌တော့ချောချောမွေ့မွေ့လွတ်မြောက်နိုင်ပါ့မလား...ဟင်း..."


ယွမ်ရှသက်ပြင်းလေးလေးတချက်ချလိုက်မိသည်။


ထိုညနေခင်း ညစာစားပွဲ၌ ယွမ်ရှ၏မျက်နှာသည် မနက်ဖြန်တွင် ကမ္ဘာကြီးအဆုံးသတ်တော့မလိုမျိုးပူဆွေးသောကရောက်နေခဲ့သည်။


ဒါပေါ့... သဘာဝကျစွာပင်စုန့်ထင်ရှန်းကလဲထိုအချက်ကိုသတိထားမိခဲ့သည်။သို့သော်လဲ သူကလျစ်လျူရှုရန်သာရွေးချယ်ခဲ့လေသည်။ သူမမည်သို့တွေးနေသည်ကို မမှန်းဆနိုင်သလို မှန်းလဲမမှန်းဆချင်ပေ။ သူမစကားပြောလာမည့်အချိန်ကိုသာစောင့်နေပေမည်။


သို့သော်လဲ ပေါက်စီလုံးလေးကမူ သူ့အမေအတွက်စိတ်ပူနေပေသည်။ သူ့၏ လက်ဝတုတ်လေးများကိုဆန့်ထုတ်၍ ယွမ်ရှ၏နဖူးလေးကိုအသာအယာထိတွေ့လိုက်ပြီးစိုးရိမ်ပူပန်စွာမေးလာလေသည်။


"မာမား နေမကောင်းဘူးလား..."


ယွမ်ရှခေါင်းခါယမ်းလိုက်သည်။သူမက သူမအသက်ရှင်သန်ဖို့အတွက် စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။သူမ တွေးနေမိသည်က ဒီမိသားစုသုံးယောက်သားသည် မကြာခင်မှာပင် သေမင်းနတ်ဘုရားကို သွားရောက်တွေ့ဆုံရတော့မည်ဟုပင်။မျှော်လင့်ချက်မဲ့လှသော တိမ်မဲများအောက်တွင် ရောက်ရှိနေမည်ဆိုပါက သင်တို့သည်လဲ တုန်လှုပ်ခြောက်ခြားမည်မှာမလွဲပေ။


"ဒါဆိုရင် မာမားကိုကြည့်ရတာ ဘာလို့မပျော်သလိုမျိုးဖြစ်နေရတာလဲဟင်..."


ပေါက်စီလုံးလေးက ယွမ်ရှ၏လက်ကိုဆွဲယူ၍ သူ့၏ပါးပေါ်တွင်တင်၍ထပ်ပြောလိုက်သည်။


"မာမား သားကိုပြောပြလေ သားတခြားဘယ်သူ့ကိုမှပြန်မပြောဘူး..."


ယွမ်ရှကေ အးအေးသာသာထိုင်နေသောစုန့်ထင်ရှန်းကို တချက်ကြည့်လိုက်သည်။သူမ ပေါက်စီလုံးလေးအားအသုံးချ၍ စုန့်ထင်ရှန်းကိုကြိုတင်သတိပေးစကားဆိုရန်ကြံရွယ်လိုက်သည်။ 


သူစိမ်းတယောက်ကို ဂရုတစိုက်လုပ်နေရခြင်းက သူမအတွက်ကသိကအောက်ဖြစ်စေသည်ဟုဆိုရပေမည်။ သို့သော်လဲယခုတွင်မူ သူမကဝတ္ထုထဲမှယွမ်ရှဖြစ်လာခဲ့လေပြီ။


ထို့ကြောင့် အသက်ဘဝနှင့်ဆိုင်သောကိစ္စရပ်ကြီးများတွင် ပို၍အားစိုက်ထုတ်မှုအနဲငယ်လုပ်ကာ အရိပ်အမြွက်ပေးလိုက်သည်က ပိုကောင်းပေသည်။


"အင်း...မာမားနေ့လည်တုန်းက ခဏအိပ်ပျော်သွားတုန်းမှာ အိပ်မက်ဆိုးတခုကိုမက်တယ် မာမား အဲ့ဒါ ကိုအခုထိကြောက်မိနေတုန်းပဲ..."


သူမက အသက်နှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်သော်လဲ သူမလိုချင်တာကိုရဖို့အတွက် စုန့်ထင်ရှန်းနှင့်ကလေးလေးစုန့်တို့၏ရှေ့တွင် ချစ်စဖွယ်အမူအယာဖြင့်သရုပ်ဆောင်ရမည်ကိုပြဿနာမရှိပေ။


"အိပ်မက်ဆိုးဟုတ်လား..."


ပေါက်စီလုံးလေးက အနဲငယ်မျှဇဝေဇဝါဖြစ်သွားသည်။ လူကြီးတွေကလဲ အိပ်မက်ဆိုးကိုကြောက်ကြတာပဲလား...


"အင်း..."


ယွမ်ရှ ခေါင်းညိမ့်ပြီးခပ်ဖြေးဖြေးပြောလိုက်သည်။


"မာမားရဲ့အိပ်မက်ထဲမှာ ပါပါး..မာမားနဲ့အဖိုးတန်သားလေးတို့မှာလေကြောက်စရာကောင်းတာ တစ်ခုခုဖြစ်သွားခဲ့တယ်...အဲ့ဒာကအရမ်းကိုကြောက်ဖို့ကောင်းတယ်...မာမားတို့အားလုံးမှာသွေးတွေဖုံးလွှမ်းနေတာပဲ ...မာမားက ပေါင်ပေါင်မနာကျင်စေဖို့အတွက် ကာကွယ်ပေးချင်ပေမဲ့လဲ မာမားအဲ့ကိုသွားလို့မရခဲ့ဘူး...ပြီးတော့မာမားလန့်နိုးလာခဲ့တော့တာပဲ..."


သူမ ထိုစကားများကိုပြောပြီးသည့်အချိန်၌ ပေါက်စီလုံးလေးက သူမကိုဇဝေဇဝါဖြင့်ကြည့်ရှုနေလေသည်။


သူမ နောက်ထပ်အကြောင်းအရာများ မပြောနိုင်ခင်မှာပင် စုန့်ထင်ရှန်းကအေးစက်စွာဖြင့်ပြောလာလေသည်။


"အဲ့လိုအကြောင်းအရာတွေကိုက‌လေးတွေရှေ့မှာမပြောနဲ့ မင်းသူ့ကိုခြောက်လှန့်မိလိမ့်မယ်..."