part-16
စုန့်ထင်ရှန်းပြောသည်ကမမှားပေ။အကယ်၍သာမာန်အခြေအနေမှာသာဆိုလျှင် ယွမ်ရှသည်လဲ ကလေးငယ်တစ်ယောက်၏ရှေ့၌ သွေးထွက်သံယိုကိစ္စများအကြောင်းပြောလိမ့်မည်မဟုတ်ပေ။ပေါက်စီလုံးလေးနောက်ထပ်လုပ်လိုက်သောအပြုအမူက သူမကိုများစွာမျက်နှာသာပေးလိုက်လေသည်။ကလေးလေးက ယွမ်ရှဆီလာ၍ဖက်လိုက်ပြီး သူ့ပါပါးဘက်သို့လှည့်ကာပြောလိုက်သည်။
"ပါပါး ပေါင်ပေါင်ကမကြောက်ပါဘူး...မာမီကအိပ်မက်ကိုကြောက်နေတာလေ သားတို့က အိပ်မက်ကအမှန်တကယ်မဟုတ်ပါဘူးလို့ပြောပြီးတော့ မာမီ့ကိုနှစ်သိမ့်ပေးရမှာလေ..."
အသက်လေးနှစ်ပင်မပြည့်သေးသော ကလေးလေးက အလွန်ပင်ချစ်ဖို့ကောင်းလှပေသည်။ယွမ်ရှ သူမအစွမ်းရှိသလောက်ကြိုးစားပြီး ဒီမိသားစုလေးကို ကယ်တင်မည်ဟုချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။ အကယ်၍ သုံးယောက်စလုံးကိုကယ်တင်ဖို့မဖြစ်နိုင်လျှင် စုန့်ထင်ရှန်းကိုပစ်ပယ်လိုက်ပြီးသူမကိုယ်သူမနှင့် ကလေးလေးစုန့်ကိုရအောင်ကယ်တင်ပေမည်။
စုန့်ထင်ရှန်း"..."
နောက်ဆုံး၌ ယွမ်ရှ စုန့်ထင်ရှန်းကိုကြည့်၍ပြောလိုက်သည်။ ပထမဦးဆုံးအနေဖြင့်သူမစုန့်ထင်ရှန်းကိုတိုက်ရိုက်စကားပြောခြင်းဖြစ်သည်။
"ကျွန်မသိပါတယ် ဒါကအိပ်မက်တခုပဲအမှန်တကယ်မဟုတ်ဘူး...ဒါပေမဲ့ ကျွန်မတို့ကအခုလက်ရှိမြို့တော် Aမှာရောက်နေတာလေ...နေရာဒေသပဲဖြစ်ဖြစ် လူတွေပဲဖြစ်ဖြစ် ကျွန်မတို့ရင်းနှီးကျွမ်းဝင်တဲ့နေရာမဟုတ်ဘူး...အိပ်မက်လေးတခုအပေါ်မှာကဲကဲဆတ်တုန့်ပြန်နေတာကရူးသွပ်လွန်းတယ်ဆိုတာသိပေမဲ့လဲ ကျွန်မတို့ပိုပြီးဂရုစိုက်သင့်တယ်လို့ခံစားမိနေတုန်းပဲ...
ကမ္ဘာပေါ်မှာသိပ္ပံပညာနဲ့တောင်ဖြေရှင်းမပြနိုင်တဲ့ အရာတွေအဖြစ်အပျက်တွေအများကြီးပဲလေ...ကျွန်မရဲ့အတန်းဖော်ဟောင်းတယောက်ဆိုရင် သူရဲ့အိပ်မက်ထဲမှာသူ့အဖေသေဆုံးသွားတယ်လို့အိပ်မက်မက်ခဲ့တာ...နောက်နှစ်ရက်လောက်အကြာမှာပဲသူ့အဖေတကယ်ပဲကားအက်စီးဒင့်ဖြစ်ခဲ့တယ်လေ..."
လက်ရှိအချိန်၌ ယွမ်ရှစုန့်ထင်ရှန်း၏အမူအယာများကိုဂရုစိုက်မနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ရီစရာစကားလုံးများကအလွန်ဆိုးရွားကြောင်းကို သူမသိနေပေသည်။ သို့သော်လဲလူသုံးယောက်၏ဘဝကို ကယ်တင်ဖို့ထက် ဘာမှအရေးမကြီးပေ။စုန့်ထင်ရှန်းသူမကို မေးခွန်းများပြည့်နေသောမျက်ဝန်းများဖြင့်လှမ်းကြည့်လိုက်သည်။ သူမ၏စကားများကအဓိပ္ပာယ်ကင်းမဲ့ပြီး အယူသီးသလိုဖြစ်နေသောကြောင့် သူ မယုံကြည်နိုင်ဖြစ်နေပြီး နှုတ်ဆိတ်နေလိုက်သည်။
ယွမ်ရှကလဲထိုသူဘာမှမတုန့်ပြန်သည်ကိုနားလည်ပေသည်။
အကယ်၍သူမသာဆိုလျင်လဲ အခြားတယောက်ကထိုကဲ့သို့အိပ်မက်အကြောင်းအရာများကို အယူသီးသလိုပြောဆိုနေပါကယုံကြည်နိုင်လိမ့်မည်မဟုတ်ပေ။ထိုသူအတွေးလွန်နေသည်ဟုသာ သူမထင်မိလိမ့်ပေမည်။
ယွမ်ရှမျှော်လင့်ချက်မဲ့သလိုခံစားလိုက်ရသည်။
သူကလေးလေးစုန့်ရှုယန်အား ဤမြို့သို့ခေါ်မလာသင့်ခဲ့ပေ။
ကလေးလေးက အကောင်းဆုံးကြိုးစားခဲ့သော်လဲ ယွမ်ရှကိုမကူညီနိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့၏ညစာစားပွဲက ဒီလိုသာအဆုံးသတ်သွားလေသည်။
Aမြို့ရှိစုန့်ထင်ရှန်း၏အလုပ်များကပြီးစီးသလောက်ဖြစ်နေပေပြီ။ မူလက သူ မနက်ဖြန်မနက်စောစောတွင်ပြန်ရန်ပြင်ဆင်ထားခဲ့သည်။
သို့သော်လဲ ယွမ်ရှနှင့်သူ့၏သားဒီကိုရောက်လာသောကြောင့် သူတို့၏လေယာဉ်လက်မှတ်ကိုရက်အနဲငယ်နောက်ဆုတ်ထားရန်လက်ထောက်ချန်းအားပြောလိုက်သည်။
ယွမ်ရှ သူတို့စကားဝိုင်းကိုကြားလိုက်ပြီးနောက်မနက်ဖြန်မပြန်ဖြစ်ကြောင်းသိလိုက်သည်။သို့သော် သူမသေချာရှင်းလင်းအောင်ထပ်မေးလိုက်၏။
"ကျွန်မတို့မနက်ဖြန်ပြန်ကြမှာမလား..."
အကယ်၍ဖြစ်နိင်မည်ဆိုလျှင် သူမစုန့်ထင်ရှန်းနှင့်ကလေးလေးအားဒီနေရာမှ အခုချက်ချင်းပင်ခေါ်ထုတ်သွားချင်နေပေပြီ။
လက်ထောက်ချန်းနှင့်စကားပြောနေသောစုန့်ထင်ရှန်းက အနဲငယ်ဇဝေဇဝါဖြစ်စွာဖြင့်သူမကိုလှည့်ကြည့်လာလေသည်။သူမဆီမှတိုက်တွန်းသလိုအမေးစကားကိုကြားရသောကြောင့်သူအနဲငယ်အံ့အားသင့်နေမိသည်။
"ဘာဖြစ်လို့လဲ..."
သူက သားလေးကိုအလည်အပတ်ထွက်ဖို့ခေါ်လာခဲ့တာမဟုတ်ဘူးလား...အခုဘာဖြစ်လို့ချက်ချင်းကြီးပြန်ချင်သွားရပြန်တာလဲ...
ယွမ်ရှ သူမ၏ချောမွေ့နူးညံ့လှသောမျက်နှာလေးကိုစုန့်ထင်ရှန်းအနားတိုးကပ်သွားပြီးပြောလိုက်သည်။
"ကျွန်မဒီနေရာနဲ့အဆင်မပြေဘူး...ကြည့်...အခုတရက်တောင်မရှိသေးဘူးချွေးပေါက်တွေလဲကျယ်လာပြီး မျက်နှာမှာလဲအနီစက်တွေထွက်လာပြီ...တစ်ရက်တောင်နေရမယ်ဆိုရင်တော့အရမ်းများသွားပြီ..."
စုန့်ထင်ရှန်းသာမက လက်ထောက်ချန်းပါပြောစရာစကားမဲ့သွားကြလေသည်။