part-17
ယွမ်ရှသည် မူလယွမ်ရှနှင့်တူညီသည့်အပြုအမူမျိုးမရှိကြောင်းသိသာလှပေသည်။ သို့သော်လဲစုန့်ထင်ရှန်းကသူမကိုနဲနဲမှသံသယမဝင်ပေ။ထိုအဓိပ္ပာယ်အရသူမ၏လုပ်ရပ်များမှာ သူလက်ခံနိုင်သောအတိုင်းအတာတခုထဲအတွင်းသာရှိနေပေသေးသည်။ ထို့ကြောင့် ယွမ်ရှ၏အသံကပို၍တက်ကြွလာသည်။ယွမ်ရှဆက်၍ပြောလိုက်သည်။
"ကျွန်မဒီနေရာနဲ့အဆင်မပြေဘူးဆိုတာက ပြဿနာတော့မရှိသေးပါဘူး... ဒါပေမဲ့ရှင်မမြင်ဘူးလား ပေါင်ပါင်လဲ ဒီနေရာနဲ့အဆင်မပြေဘူးလေ...ဒါကြောင့်ကျွန်မတို့မနက်ဖြန်ပဲပြန်ကြရအောင် အိမ်မှာနေတာကဟိုတယ်မှာနေတာထက်ပိုပြီးသက်သောင့်သက်သာရှိတယ်လေ..."
သူမစကားဆုံးသည်နှင့်လက်ထောက်ချန်းဘက်သို့လှည့်ကာ တဆက်ထဲပြောလိုက်သည်။
"ရှင် လေယာဉ်လက်မှတ်ကိုချိန်းစရာမလိုတော့ပါဘူး ကျွန်မတို့ အတွက်လဲကျွန်မ ပဲ ဘွတ်ကင်တင်လိုက်မယ်...လက်ထောက်ချန်းလုပ်စရာကိစ္စတွေကိုသွားလုပ်လို့ရပါတယ်ကျွန်မတို့အတွက်စိတ်ပူမနေပါနဲ့..."
လက်ထောက်ချန်း"..."
သူ့ သူဌေးကစကားတခွန်းမှမဆိုရသေးခင်မှာပင်ယွမ်ရှကအားလုံးဆုံးဖြတ်ချက်ချသွားပြီးပေပြီ။
စာဖတ်သူများအတွက် ဝတ္ထုတပုဒ်သာဖြစ်နေသော်လဲ သူမကဒီနေရာသို့ကူးပြောင်းလာပြီးပြီဖြစ်လေရာ ၎င်းသည်သူမ၏ဘဝအစစ်ဖြစ်နေပေပြီ။လက်ထောက်ချန်းစုန့်ထင်ရှန်းနားကထွက်သွားပါက သူ့ဘာသာသူကားတိုက်မှုဖြစ်ရန်က အခွင့်အရေးအနဲငယ်လျော့ကျသွားနိုင်ပေသည်။
"အိုး...လက်ထောက်ချန်း ကျွန်မမနေ့တုန်းကမိုးလေဝသအခြေအနေကိုဖတ်ခဲ့တယ်... မနက်ဖန်ညနေကျရင် မိုးသဲသဲထန်ထန်ရွာလိမ့်မယ်တဲ့...တကယ်လို့ရှင်သွားစရာရှိ ရင် အခုပဲသွားသင့်တယ် မဟုတ်ရင်လေယာဉ်ချိန်နောက်ကျသွားလိမ့်မယ်..."
လက်ထောက်ချန်းခေါင်းညိမ့်လိုက်သည်။ မစ္စစုန့်က ထူးထူးဆန်းဆန်းပြုမူနေသည်ဟုခံစားမိသော်လဲ သူမသည်စိတ်ကောင်းရှိသောလူတယောက်ဟုထင်မြင်မိလေသည်။
စုန့်ထင်ရှန်းက ယွမ်ရှမည်သည်များကိုလုပ်ဆောင်နေသည်ကိုမသိသော်လဲ တခြားသူများ၏ရှေ့တွင်သူမကိုမျက်နှာပျက်စေလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် သူလက်ထောက်ချန်းကိုပြောလိုက်သည်။
"လက်ထောက်ချန်း မင်းငါတို့အတွက်ကိုစိုးရိမ်နေစရာမလိုပါဘူး...ဒီကျန်တဲ့ရက်တွေကိုမင်းအနားယူလိုက်ပေါ့မင်းနောက်မှပဲပြန်ခဲ့လိုက်တော့..."
လက်ထောက်ချန်းခဏမျှအံ့ဩသွားပြီးနောက်ပျော်ရွှင်သွားလေသည်။သူ့၏ချစ်သူကမြို့တော် Aတွင်နေထိုင်ဆဲဖြစ်သည်။သူကလဲဒီနေရာသို့ပထမဦးဆုံးအကြိမ်အလုပ်ခရီးထွက်လာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်ဖြစ်နိုင်သမျှအကြာဆုံးနေချင်ပေသည်။
မနက်ဖြန်ချက်ချင်းပြန်ရမည့်ခရီးစဉ်အတွက် စုန်ု့ထင်ရှန်း၌ပြောစရာစကားမရှိသလိုကလေးလေးစုန့်ကလဲငြင်းခုံမှုမပြုပေ။
ထို့ကြောင့်ယွမ်ရှ လေယာဉ်လက်မှတ်ဖြတ်ရန်ကြည့်လိုက်သည်။စုန့်ထင်ရှန်းက သူမဘာသာ ဘာကြောင့်လေယာဉ်လက်မှတ်ဖြတ်ချင်သည်ကိုလဲမမေးမြန်းပေ။ဘယ်လိုပဲဖြစ်ဖြစ်လေဒါကလေယာဉ်လက်မှတ်ဖြတ်ရုံလေးပဲဆိုတော့ သူမဘာသာသူမလုပ်နိုင်မှာပါ။
ထိုည၌ ယွမ်ရှအပြင်ဘက်ရှိရှုခင်းများကိုခံစားရန်စိတ်မဝင်စားတော့ပဲအိပ်ရာကြီးပေါ်တွင်လဲလျောင်းနေပေသည်။
အစောပိုင်းမိနစ်အနဲငယ်က စုန့်ထင်ရှန်းသည်ကလေးလေးစုန့်ကိုရေမိုးချိုးသန့်စင်ပေးပြီးနောက် သူမဆီသို့ခေါ်ဆောင်လာခဲ့သည်။ကလေးလေးစုန့်က ဘောင်းဘီတိုလေးသာဝတ်ဆင်ထားပြီးသူနှင့်သူ့ပါပါးတို့နှစ်ယောက်စလုံးတံခါးဝတွင်ရပ်နေခဲ့ကြသည်။ထို့နောက်စုန့်ထင်ရှန်းက ယွမ်ရှကိုသတိပေးစကားများအများကြီးပြောလာလေသည်။
"သူအခုလေးတင်မှ ရေအပူနဲ့ရေချိုးထားတာဒါပေမဲ့သူအိပ်ယာမဝင်ခင်မှာအဝတ်အစားဝတ်ပေးလိုက်ဦး...သူ့ဗိုက်ကိုလဲသေချာဖုံးအုပ်ထားပေး ဒါမှ သူအအေးမမိမှာပြီးတော့ အဲကွန်းကိုလဲအရမ်းနိမ့်နိမ့်ကြီးမထားနဲ့..."
ယွမ်ရှဘာစကားမှမပြောနိုင်ခင်မှာပင် ကလေးလေးက သူမကိုဖြတ်ကျော်၍အိပ်ယာပေါ်သို့ခုန်တက်လိုက်လေသည်။ ထို့နောက်စပရိန်လေးတခုအလားအိပ်ရာပေါ်တွင်မြှောက်ခုန်နေသည်။
ယွမ်ရှသက်ပြင်းတချက်ချလိုက်မိသည်။
အင်း...ဒီတခါကတောစုန့်ထင်ရှန်းသူမကိုစကားအများကြီးပြောတဲ့အကြိမ်ပဲ...
xxxxxxxxxx