part-18
စုန့်ထင်ရှန်း လှည့်ထွက်သွားတော့မည့်အချိန်တွင် ယွမ်ရှသူ့ကိုလှမ်းခေါ်လိုက်သည်။
"စုန်ထင်ရှန်း...ရှင်ကျွန်မကို မယုံကြည်ပေမဲ့အဲ့ဒီ့အိပ်မက်ကတကယ့်အစစ်အမှန်လို့ခံစားရတုန်းပဲ...ကျွန်မ ကလေးကိုဘာလို့ဒီကိုခေါ်လာတယ်ဆိုတာရှင်သိလား အဲ့ဒာ ဘာလို့လဲဆိုတော့ ရှင်လေဆိပ်ကိုသွားရာလမ်းမှာကားအက်စီးဒင့်ဖြစ်တယ်လို့အိပ်မက်မက်လို့ပဲ...ကျွန်မရဲ့ဦးနှောက်ကတခုခုမှားနေပြီလို့ရှင်ထင်ချင်ထင်နိုင်တယ်...
ဒါပေမဲ့လဲ အဲ့တာနဲ့ပတ်သတ်ပြီးတော့ကျွန်မတကယ့်ကို စိတ်မသက်မသာခံစားနေရတုန်းပဲ..."
စုန့်ထင်ရှန်း၏ တည်ငြိမ်နေသောမျက်နှာထားကပြောင်းလဲသွားမှုမရှိပေ။
ဒါပေါ့...သူကယွမ်ရှသူ့အတွက်စိုးရီမ်ပူပန်နေသည်ကိုယုံကြည်လိမ့်မည်မဟုတ်ပေ။
သို့သော်လဲ ထိုအကြောင်းပြချက်ကပင်ယွမ်ရှကလေးကြိ ဘာကြောင့်ခေါ်လာသည်ကိုပါရှင်းပြသွားလေသည်။ သူမအနေဖြင့်သူ့ကိုလိမ်ပြောစရာအကြောင်းလဲမရှိပေ။
ဒါပေမဲ့လဲ ယွမ်ရှကအိပ်မက်လေးတခုအတွက်နဲ့ကလေးကိုတောင်ခေါ်ပြီးသူ့ကိုလာရှာမယ်တဲ့လား...
စုန့်ထင်ရှန်းမယုံကြည်နိုင်တုန်းပင်ဖြစ်သည်။
ယွမ်ရှကအိပ်မက်လေးတခုကြောင့်နဲ့သူ့အပေါ်သို့စိုးရိမ်ပူပန်မှုများရှိလာမည့်သူမျိုးမဟုတ်ပေ။
"ဒီတော့ ဒီအိပ်မက်အတွက်ကြောင့် မင်းကငါ့ကိုဘာလုပ်စေချင်တာလဲ..."
စုန့်ထင်ရှန်းတည်ငြိမ်စွာမေးလိုက်သည်။
စုန့်ထင်ရှန်းက ဝတ္ထုထဲမှာကားအက်စီးဒင့်ကြောင့်သေဆုံးသွားခဲ့တယ်... ဒါကမတော်တဆတခုလဲဖြစ်နိုင်သလိုလုပ်ကြံမှုလဲဖြစ်နိုင်တယ်...
ယွမ်ရှထိုအကြောင်းကိုတွေးပြီးနောက်ပြောလိုက်သည်။
"ကျွန်မရဲ့အစီအစဉ်အတိုင်းအတူတူသွားကြမယ်...အိမ်ပြန်ရောက်တာနဲ့အဆင်ပြေပါပြီ..."
"ကောင်းပြီလေ..."
စုန့်ထင်ရှန်းခေါင်းညိမ့်ပြလိုက်ပြီးသူ့အခန်းဆီသို့ပြန်လာလိုက်သည်။
ယွမ်ရှတံခါးပိတ်လိုက်သည်နှင့်ပြည့်ပြည့်ဖြိုးဖြိုးကလေးလေးက ကုတင်ပေါ်တွင်လှပသောကိုယ်ဟန်ပြမိန်းမပျိုလေးများကဲ့သို့လှဲလျောင်းနေပြီး သူမကိုကြည့်ကာပြောလိုက်သည်။
"မာမားဒီကိုလာပြီးတော့ပေါင်ပေါင်နဲ့လာအိပ်..."
ယွမ်ရှ"..."
သူတို့နှစ်ဦးသားအိပ်ရာပေါ်တွင်လှဲလိုက်ပြီးနောက် ကလေးလေးစုန့်က မူကြိုမှအကြောင်းအရာများအားလုံးကို သူမအားပြောပြနေလေသည်။ယွမ်ရှသူ့၏စကားသံများကိုတိတ်ဆိတ်စွာသာနားထောင်နေမိသည်။ အချိန်အတော်ကြာ၌ ကလေးလေးစုန့်၏အသံများကတဖြည်းဖြည်းတိုးသွားပြီးတိတ်ဆိတ်သွားလေသည်။
ကလေးလေးစုန့်အိပ်မောကျသွားပြီးနောက် ယွမ်ရှ သူ့ကိုစောင်သေချာခြုံပေးလိုက်ပြီးကုတင်ပေါ်မှဆင်းလိုက်ကာ ခြေဗလာဖြင့်ကြမ်းပြင်မှမျက်နှာကျက်ထိမြင့်သောပြတင်းပေါက်ရှေ့တွင်ရပ်နေလိုက်သည်။
သူမက ဝတ္ထုထဲမှ ဇာတ်လမ်းဇာတ်ကွက်အလှည့်အပြောင်းများကိုသိထားခဲ့ပြီးဖြစ်သော်လဲ ဝတ္ထုကိုဖတထားခဲ့သည်မှာအချိနအတော်ကြာကြာမြင့်ခဲ့ပြီး ဇာတ်လမ်းကလဲပြီးဆုံးသွားခဲ့ပြီးလေပြီ။
ယခုအချိန်၌ သူမထိုဇာတ်ကွက်များကိုအပြင်းအထန်ပြောင်းလဲပစ်ချင်နေသော်လဲ သူမ၏ဝင်ရောက်စွက်ဖက်မှုကမမျှော်လင့်ထားသောကံဆိုးမိုးမှောင်ကျမှုများကိုလက်ယက်ခေါ်သလိုမျိုးလဲ ဖြစ်လာနိုင်ပေသည်။ ပြောရမည်ဆိုလျှင်ယွမ်ရှက ဒီတလျှောက်လုံးတွင် စုန့်ထင်ရှန်းအား ဝတ္ထုထဲမှဇာတ်ကောင်တယောက်အနေဖြင့်သာထင်မြင်မိခဲ့ခြင်းဖြစ်သည်။
သို့သော်လဲ ထိုသူ သူမရှေ့၌ရပ်ကာစကားပြောဆိုနေသည့် အချိန်၌သူမ၏မှတ်ယူထားမှုများက မှားယွင်းသွားကြောင်းခံစားလိုက်ရသည်။ဝတ္ထုထဲမှအရာဝတ္ထုတခုသက်သက်သာမဟုတ်ပဲအစစ်အမှန်လူတယောက်ဖြစ်နေခဲ့သည်။
ထို့နောက် ယွမ်ရှသူမ၏စိတ်ဝိဉာဉ်ကိုသူမပြန်ရှာဖွေကြည့်လိုက်သည်။ ပြောရမည်ဆိုလျှင်သူမကအလွန်ပင်နှလုံးသားကြီးမားသောသူတယောက်...အလွန်ပင်ဂရုဏာတရားရှိသောလူတယောက် ဟုတော့မဆိုနိုင်ပေ။
သို့သော်လဲတစုံတယောက် သေမှာကို သိသိနှင့်သူမရပ်ကြည့်မနေနိုင်ကြောင်းတော့သေချာပေသည်။ဒီဇာတ်လမ်းဇာတ်ကွက်သာပြောင်းမသွားလျှင် သူ(စုန့်ထင်ရှန်း)သေချာပေါက်သေတော့မည်ကို သိသိနှင့်လျစ်လျူရှုမထားနိုင်ပေ။
ထို့ကြောင့်သူမနှင့်ကလေးလေး၏အသက်ကိုပင်မငဲ့ပဲ သူမ ထွက်မသွားနိုင်ခြင်းဖြစ်သည်။
ဝတ္ထုထဲမှယွမ်ရှဖြစ်လာရန် ကောင်းကင်ဘုံ၏အလိုဆန္ဒအတိုင်း သူမ၏ဝိဉာဉ်ကိုဒီနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်လေရာ သူမရှင်သန်လွန်မြောက်ရန်အတွက်လမ်းစ တစ်စတော့ထားပေးလိမ့်မည် ဟုယုံကြည်ပေသည်။
အရာရာအားလုံးကစိုးရိမ်ပူပန်နေစရာမလိုပဲအဆင်ပြေပြေပြီးမြောက်သွားရန် တကယ့်ကို မျှော်လင့်မိပေသည်။
xxxxxxxxxx