Chapter 94
Viewers 13k

🌌Extra 9

ဥများ အပိုင်း (၂)



ကနဦးစိတ်လှုပ်ရှားမှု၊ ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် လက်တွေ့မကျမှုတို့က အရိပ်အမြွက်ပြလာ၏။


လုမော့က နှစ်ဘဝနေထိုင်ခဲ့ရသော်လည်း သူ ပထမအကြိမ်ဖခင်ဖြစ်ခြင်းပင်။


မဟုတ်သေးပေ။ သူ့ကို ဤနေရာတွင် အမျိုးသားအဖေဟု ခေါ်သင့်၏။


သူ ကွန်ပြူတာစားပွဲတွင် တစ်ယောက်တည်း ထိုင်နေ၏။ ဤရက်အနည်းငယ်အတွင်း သူက အော်ပရာကို နားထောင်ခြင်း သို့မဟုတ် ပန်းချီဆွဲခြင်းတို့ မလုပ်ဘဲ ပြင်ပကမ္ဘာမှ ဖိတ်ကြားချက်အမျိုးမျိုးကိုပင် ငြင်းပယ်ခဲ့သည်။


ဤသည်က အလွန်ရှားပါးလှ၏။


လုမော့က ငါးဆားနယ်တစ်‌ကောင်ဖြစ်သော်လည်း သူငြင်းဆန်သည့်အရာအနည်းငယ်ရှိသည်။


ဥပမာအားဖြင့် မောလ်က သူ့ကိုတွေ့သည့်အခါ အချိန်အတော်ကြာ စကားများထစ်နေပြီး နောက်ဆုံး၌ ပြောခဲ့၏။

"မင်းရဲ့... နဲ့ မင်းရဲ့ အိမ်သူဘုရင်မတို့ နေ့စဉ်ဘဝအကြောင်း ဗီဒီယိုတချို့ကို ရိုက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်...စုဆောင်းထားတဲ့ ဓလေ့ထုံးစံတွေကို ချိုးဖျက်ဖို့ ခက်တယ်ဆိုတာတော့ သိပါတယ်...ငါတို့ အများကြီး အားထုတ်ခဲ့ပေမယ့် လူတိုင်းရဲ့တုံ့ပြန်မှုကို စုစည်းဖို့ ငါနောက်ထပ် ယုံကြည်ရလောက်တဲ့ စံနမူနာပြုစရာ(ဥပမာ)တွေ လိုနေပါသေးတယ်...”


ရိုးရိုးရှင်းရှင်းပြောရလျှင် [ဥပမာ၏စွမ်းအား] ကို ဆိုလိုသည်။


လုမော့က ယခုအခါ ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော S အဆင့် အမျိုးသားဇာ့ဂ်ဖြစ်သွား၍ ဇာ့ဂ်မျိုးနွယ် ရုန်းကန်နေရချိန်တွင် သူ့ဂုဏ်ရည်က ထူးထူးခြားခြားဖြစ်နေသည်။


အိမ်သူဘုရင်မနှင့် သူ့နေ့စဉ်ဘဝအကြောင်း vlog များကို ရိုက်ကူးနိုင်ခဲ့လျှင် ထိုအရာက ခေတ်ရေစီးကြောင်းတစ်ခုကို စတင်နိုင်၏။


လုမော့က ထိုအချိန်တွင် ခဏခန့် စဉ်းစားနေခဲ့ပြီး လင်းနှင့် သူ၏ ဘဝနေထိုင်မှုပုံရိပ်များက သူ့စိတ်ထဲတွင် လင်းလက်လာသည်။


လင်း အလုပ်တွင်ရှိစဉ်တွင် သူရင်ကော့ကာ စစ်ဌာနထဲသို့ ဝင်ပြီး လင်းအား တင်းမာသော မျက်နှာဖြင့် စိုက်ကြည့်ကာ လင်း၏ အလုပ်ကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေသည်။


အလုပ်မှ အိမ်အပြန်လမ်းတွင် သူက အဆက်မပြတ် တဝဲလည်လည်လုပ်ပြီး လင်း၏ မောင်းနှင်မှုကို အနှောင့်အယှက်ပေးကာ ယာဉ်စည်းကမ်းများကို ပြင်းထန်စွာ ချိုးဖောက်စေခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် လင်းက မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု အားကောင်းခဲ့သည်။


....


ထို့ပြင် ပိုကြောက်စရာကောင်းသည့် အရာများလည်း ရှိခဲ့၏။


လုမော့မှာ မကြာသေးမီက လူကြိုက်များသော ပဟေဠိဂိမ်းတစ်ခုကို မကျော်ဖြတ်နိုင်ခဲ့ဘဲ တစ်သင်းလုံးကို သေစေခဲ့၏။


ကြိမ်းမောင်းခံရပြီး အရှက်ရပြီးနောက် လင်းအား မိနစ်သုံးဆယ်အတွင်း အဆင့်ကို ရှင်းလင်းရန် ဒေါသတကြီး ညွှန်ကြားခဲ့သည်။


ထို့နောက် သူကိုယ်တိုင် ရှင်းပစ်ပြီးပြီဟု ဟန်ဆောင်ကာ ပျော်ပျော်ကြီးပင် အသင်းဖော်ဟောင်းများထံမှ အံ့အားသင့်သွားပုံ အကြည့်များကို ခံယူခဲ့၏။

သူများတွေရဲ့ စွမ်းအားကို အားကိုးပြီး ကြီးနိုင်ငယ်ညှင်း လုပ်လိုက်တာလေ...


တစ်ခုပြီး တစ်ခုပင်။


မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ထဲမှ တစ်ခုကမှ ထုတ်လွှင့်နိုင်သော အကြောင်းအရာများဟု သူ မထင်ပေ။


သို့သော် မောလ်၏ တောက်ပသောမျက်လုံးများအောက်တွင် သူစိတ်ပြောင်းသွား၏။ ဤအမျိုးသားဇာ့ဂ်က အခြားသူများ၏ တောင်းဆိုမှုများကို ငြင်းဆန်ရန်ခက်ခဲစေသည့် ထူးဆန်းသော စိတ်ထားတစ်ခုရှိ၍ လုမော့က မောလ်၏ တောင်းဆိုချက်ကို သဘောတူလ်ိုက်မိသည်။


ခက်ခဲသောအခြေအနေတွင် သူက ပမာဏဖြင့် အနိုင်ရရန်ဆုံးဖြတ်ခဲ့သည်။

၂၄ နာရီပတ်လုံး ရိုက်ကူးနေမည်ဖြစ်သောကြောင့် vlogကို ကြည့်ချင်စဖွယ်ဖြစ်လာအောင် တည်းဖြတ်နိုင်ပေသည်။


လုမော့ ဤကိစ္စကို အလွန်အာရုံစိုက်ခဲ့သည်ကို တွေ့မြင်နိုင်သည်။ 


လုမော့ဘေးတွင် လွင့်မျောနေသည့် အလိုအလျောက် စက်ရုပ်လေးက အပေါ်အောက် ရွေ့လျားနေသည်။


စနစ်ဘောလုံးလေးကလည်း လွင့်မျောကာ သူ့နောက် လိုက်သွားခဲ့သည်။


သူက စက်ရုပ်ကို စိုက်ကြည့်နေသည်မှာ ကြာပြီဖြစ်သည်။ သူက ၎င်းစက်ရုပ်ကို လွန်စွာ မကျေနပ်ဖြစ်နေ၏။ သူ့ခြေထောက်များကို လေထဲတွင်ချိတ်ထားပြီး လက်သည်းတစ်ခုက မေးစေ့ကိုပွတ်သပ်ပြီး ပြောလိုက်၏။

[သူက ငါ့ထက်ကောင်းတာလား...မော့မော့ ငါက မင်းရဲ့စနစ်နော်...မင်းဘာလို့ ဒီလိုသံတုံးမျိုးကို လိုဦးမှာလဲ...]


သို့သော် လုမော့က သူ့ကို လျစ်လျူရှုခဲ့၏။


ပို၍တိကျပြောရမည်ဆိုပါက လုမော့ မိမိကိုယ်ကို မေ့လျော့နေကာ စိတ်နှစ်မြှုပ်နေခဲ့သည်။


မျက်နှာပြင်ရှေ့တွင် သူကြိုက်သော ကွတ်ကီးများကို လက်ထဲတွင်ကိုင်ထားပြီး ယခင်ကကဲ့သို့ မီးရောင်ကွန်ပြူတာစားပွဲခုံတွင် ထိုင်နေသေးသည်။ လက်ဖက်ရည်ခွက်ထောင့် သို့မဟုတ် သူထိုင်နေသည့် ကုလားထိုင်၏ တိမ်းစောင်းမှုပင်ဖြစ်စေ အရာအားလုံးက ပုံမှန်အတိုင်းပင်။


သို့သော် သူ့မျက်လုံးများကို အနီးကပ်ကြည့်မိပါက ၎င်းတို့အတွင်းမှ နက်နဲသည့် အတွေးများကို တွေ့ရလိမ့်မည်ဖြစ်သည်။


အားနည်းမှု၊ သနားစရာကောင်းမှု၊ အားကိုးရာမဲ့မှု။


[အာ...ပြီးတော့..]


စနစ်က မီးရောင်ကွန်ပြူတာရှေ့သို့ တစ်ဖန်ပျံသန်းကာ စခရင်ကို သူ့လက်သည်းဖြင့် ပွတ်သပ်လိုက်သည်။

 [အားစိုက်ထုတ်မှုနည်းနည်းလောက်နဲ့ဆို...မင်း ငါ့ကိုသာ တောင်းဆိုရင် ကမ္ဘာပေါ်မှာ အပြည့်စုံဆုံးနဲ့ အသေးစိတ် အချက်အလက်တွေကို ငါရှာတွေ့နိုင်မှာ...မင်းက အဲဒါတွေ ရှာဖို့ ဒီရှေးဟောင်းရှာဖွေရေးစက်ကို ဘာလို့များ အသုံးနေတာလဲ...]


အလင်းကွန်ပြူတာပေါ်တွင် ရေးထားသည်မှာ - 

[ဇာ့ဂ် ကိုယ်ဝန်ဆောင်လမ်းညွှန်...]


ဤရက်အနည်းငယ်အတွင်း လုမော့ ဤအရာကို ဖတ်နေခဲ့သည်။


၎င်းက သူမြင်ဖူးသမျှတွင် အပါးဆုံး ကိုယ်ဝန်ဆောင်လမ်းညွှန်ဖြစ်လိမ့်မည်။ ဇာ့ဂ်များက စကြဝဠာတွင် အားအကောင်းဆုံးမျိုးနွယ်အဖြစ် အမှန်တကယ်နေထိုင်ခဲ့သည်။ ခန္ဓာကိုယ်ကျန်းမာနေသရွေ့ ကိုယ်ဝန်ရှိပြီဆိုသည်နှင့် အမျိုးသမီးဇာ့ဂ်မသေပါက အန္တရာယ်မရှိသလောက်ပင်။


ဤသည်မှာ [ဥ ဘယ်လိုဥရမလဲ] အတွက် ကိုယ်ဝန်ဆောင်လမ်းညွှန်တစ်ခုဟု ဆိုနိုင်သည်။


အမျိုးသမီးဇာ့ဂ်၏ estrusကာလကို တွက်ချက်ခြင်းမှ သိပ္ပံပညာဆိုင်ရာ အနေအထားအထိ အများအားဖြင့် အရာအားလုံး ပါဝင်ခဲ့သည်။


သို့သော် ကိုယ်ဝန်‌ဆောင်လမ်းညွှန်အစစ်တွင် စာတိုလေးသုံးကြောင်းသာရှိ၏။


ကျေးဇူးပြုပြီး မသေပါနဲ့…


ကျေးဇူးပြု၍ အာဟာရကို ပိုမိုစုပ်ယူပါ…


ကျေးဇူးပြု၍ အလုပ်သမားအဖြစ် စစ်မြေပြင်သို့ မသွားပါနဲ့…


လုမော့: “...”


ခဏအကြာတွင် ရုတ်တရက် တံခါးခေါက်သံကြားလိုက်ပြီး လင်း၏အသံက အပြင်မှ ထွက်လာ၏။


"သခင် အမျိုးသားဇာ့ဂ်ကာကွယ်ရေးအဖွဲ့အစည်းက လာလည်ဖို့ရှိတယ်..." 


စနစ်က ချက်ခြင်း ပျောက်ကွယ်သွား၏။


လုမော့ မျက်ခုံးပင့်လိုက်သည်။ 

အမျိုးသားဇာ့ဂ်ကာကွယ်ရေးအဖွဲ့အစည်းလား...သူတို့က ဒီကို ဘာအတွက်လဲ...


သူက လမ်းညွှန်ကိုပိတ်ကာ မတ်တပ်ရပ်ပြိး တံခါးကဖွင့်၍  လင်းအား ပြောလိုက်သည်။

"ကိုယ် ကိုင်တွယ်လိုက်ပါ့မယ်..."


အစမှအဆုံး ထိုအသင်းအဖွဲ့နှင့် ဆက်ဆံရတိုင်း လုမော့ မည်သည့်အခါမျှ ကောင်းကျိုးမကြုံခဲ့ဖူးချေ။ ထိုအသင်းအဖွဲ့ကို သူ အမှန်တကယ်မနှစ်သက်ချေ။


လင်းက တုံ့ဆိုင်းသွား၏။

 â€œá€žá€á€„်...”


လုမော့ မေးလိုက်၏။

"နောက်ထပ် ရှိသေးလား..."


“ဘာလို့ ငါဝင်လာတိုင်း ကွန်ပျူတာမျက်နှာပြင်ကို အမြဲကြည့်နေရတာလဲ...”


လုမော့က သူ့လှုပ်ရှားမှုများကို ရပ်လိုက်သည်။

“...”


အာ… မကြားချင်ယောင်ဆောင်လိုက်တာက ပိုကောင်းမယ်…


အမျိုးသမီးဇာ့ဂ်များကို အမျိုးသားဇာ့ဂ်၏ လျှို့ဝှက်ချက်လေးများကို ထဲထဲဝင်ဝင် မပြောသင့်ပေ။


..........


စတီဗင်က ဆိုဖာပေါ်တွင် ထိတ်လန့်တကြား ထိုင်ချလိုက်ပြီး နဖူးမှ ချွေးများ အဆက်မပြတ် စီးကျလာသည်။ သူက ဤတစ်ကြိမ်တွင် ကြီးကျယ်ခမ်းနားသော အလုပ်ကိစ္စတစ်ခုနှင့်အတူ ရောက်လာ၏။


သူက သခင်လုမော့ကို အခြားအမျိုးသမီးဇာ့ဂ်နှင့်လက်ထပ်ရန် ဖြားယောင်း သွေးဆောင်ရမည်ဖြစ်သည်။


မှန်ပေသည်။ ဆွဲဆောင်ရမည်။


ဤစကားလုံးက စတီဗင်၏ ဇာ့ဂ်အဘိဓာန်တွင် တစ်ခါမှ မပေါ်လာခဲ့ဖူးချေ။


ယခင်စည်းမျဉ်းများအရ A အဆင့်နှင့်အထက် အမျိုးသားဇာ့ဂ်မှန်သမျှ  အနည်းဆုံး အမျိုးသမီး ၃ ယောက်ကို လက်ထပ်ခြင်းကို ပြုလုပ်ရ၏။


ဤသည်က ဇာ့ဂ်မျိုးဆက်အတွက် တာဝန်တစ်ခုဖြစ်ပြီး ဇာ့ဂ်တိုင်းက တာဝန်အချို့ကို ထမ်းဆောင်ရမည်ဖြစ်၏။


အမျိုးသားဇာ့ဂ်ပြဿနာက အခုဖြေရှင်းသွားပြီလို့ မင်းကို ဘယ်သူကပြောတာလဲ...


ဘာဖြစ်လဲ...နှစ်ပေါင်းထောင်ချီကြာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို စွန့်ပစ်လို့ မရနိုင်ဘူးလေ..


ထို့အပြင်...


စတီဗင်က မကျေမနပ် တွေးလိုက်သည်။ 

အမျိုးသမီးဇာ့ဂ်တစ်ယောက်တည်းနဲ့ သူတို့က S အဆင့် ဂုဏ်ထူးဆောင် အမျိုးသားဇာ့ဂ်ကို ဘယ်လိုမျိုး ခစားနိုင်မှာလဲ…သူက တတိယစစ်တပ်ရဲ့ ဗိုလ်မှူးဖြစ်ခဲ့ရင်ရော ဘာဖြစ်လဲ...


အမျိုးသမီးဇာ့ဂ်များက အမျိုးသားဇာ့ဂ်များထက် အရေးမကြီးချေ။


လက်ရှိကမ္ဘာကြီးက အမှန်တကယ်ကို ပြိုကွဲသွားခဲ့ပြီဖြစ်သည်။

အမျိုးသားဇာ့ဂ်ကနဲ့ အမျိုးသမီးဇာ့ဂ် တစ်ယောက်တည်းကို လက်ထပ်ရမယ်လို့ ထောက်ခံအားပေးတဲ့ ဇာ့ဂ်တွေတောင် ရှိခဲ့ဖူးလို့လား...


ရယ်စရာကောင်းလိုက်တာ...

သူတို့ အမျိုးသားဇာ့ဂ်ကာကွယ်ရေးအဖွဲ့အစည်း၏ ဤဖရိုဖရဲကမ္ဘာတွင် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဖြောင့်မတ်ခြင်းတရားကို ထိန်းသိမ်းရန်ဖြစ်သည်။


ယခုအချိန်တွင် သူက သတ်မှတ်ထားသော အချိန်အတွင်း အမျိုးသမီးဇာ့ဂ်အများအပြားကို နောက်အိမ်ထောင်ပြုရမည်ဟု ထိုအမျိုးသားဇာ့ဂ်များကို အကြောင်းကြားသည့်အခါတိုင်း ရဲတင်းသော အမျိုးသမီးဇာ့ဂ်များက အမှန်တကယ်ပင် ပြန်လည်ငြင်းခုံနေပေလိမ့်မည်။


ပို၍ပင် ဒေါသဖြစ်စရာကောင်းသည်မှာ ထို ဇာဂ့်များက သူတို့၏အိမ်သူဘုရင်မများကို ပြန်ပြောခွင့်ပေးလိုက်ခြင်းပင်။


ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ဇာ့ဂ်မျိုးနွယ် အမှန်တကယ်ကို ဆုံးခန်းတိုင်သွားလိမ့်မည်။ 


သူတို့ သခင်လုမော့ကို ဘာလို့ နောက်တစ်ယောက်နဲ့ လက်မထပ်ခိုင်းတာလဲ...သူက S အဆင့် အမျိုးသားဇာ့ဂ်ပဲလေ...


လုမော့ နောက်အိမ်ထောင်ပြုရမည်။ မကြာမီတွင် လုမော့ လှေကားမှ ဆင်းလာခဲ့၏။


လုမော့၏ ပုံသဏ္ဍာန်ကို မြင်ပြီး စတီဗင်က သူ့တံတွေးကိုမျိုချရုံမှလွဲ၍ မတတ်နိုင်တော့ပေ။


ဒါက S အဆင့် အမျိုးသားဇာ့ဂ်လား…


လုမော့၏ holographic ရုပ်ပုံများက  လုမော့၏ ဖိနှိပ်ချုပ်ချယ်မှု အရှိန်အဝါရာခိုင်နှုန်းကို အပြည့်အ၀ ဖမ်းယူနိုင်ခြင်းမရှိသေးချေ။


ယခု စတီဗင်က A အဆင့်အမျိုးသားဇာ့ဂ်ဖြစ်သော်လည်း အဆင့်နိမ့်သူတစ်ဦးကဲ့သို့ လုမော့ရှေ့တွင် မတုန်လှုပ်ဘဲ မနေနိုင်ပေ။


ဆံပင် အနက်ရောင် မျက်လုံးစိမ်း အမျိုးသားဇာ့ဂ်က စတီဗင်၏ ရှေ့တွင်ထိုင်ကာ သူ့ကို အေးစက်စွာစိုက်ကြည့်နေသည်။ 

"ဒီတစ်ခါ ဘာအလုပ်မျိုးက မင်းကို သယ်လာပြန်တာလဲ..."


စိတ်ထင်ယောင်ထင်မှား ဖြစ်နေခြင်းလား မသိသော်လည်း လုမော့က သူ့ကို မနှစ်သက်ကြောင်း စတီဗင် ခံစားမိသည်။


လုမော့က ဒေါသကြီးသော်လည်း သူ တွေ့မြင်ခဲ့ရသမျှ အချက်အလက်အားလုံးအရ သူ(လုမော့)က မြင့်မြတ်သူတစ်ဦးနှင့် လိုက်ဖက်သော ကျင့်ဝတ်ကို အမြဲထိန်းသိမ်းထားသည်။


သူ ဒေါသထွက်နေရလျှင်ပင် ယဉ်ကျေးစွာ ပြုံးပြ၏။


"အင်း... ကျေးဇူးပြုပြီး မင်းရဲ့ စိတ်စွမ်းအားကို နည်းနည်းလောက် ထိန်းထားနိုင်မလား" 

စတီဗင်က ပြောသည်။ 

“ငါ အသက်ရှုမဝလို့ပါ…”


"အိုး..."


လုမော့က စတီဗင်ကို အေးစက်စွာကြည့်ကာ ပြောလိုက်၏။

"မင်း ဒါလေးကိုတောင် မကိုင်တွယ်နိုင်ရင် ကျေးဇူးပြုပြီး...စောစောထွက်သွားပါတော့ ငါလည်း အများကြီးအားထုတ်ပြီးပြီ..." 


စတီဗင်: "..."


မင်းက ဟန်တောင် မဆောင်ချင်ဘူးပဲ...


ဒါပေမယ့် အမျိုးသားဇာ့ဂ်ကာကွယ်ရေးအဖွဲ့အစည်းက ဘယ်တော့မှ အရှုံးမပေးဘူး...


ဦးရေပြား ယားယံစေသော အကြည်ဖြင့် စိုက်ကြည့်ခံနေရသော စတီဗင်က အသက်ပြင်းပြင်းရှူကာ ပြောသည်။

"သခင်လုမော့...ငါ မင်းကိုမေးဖို့ ဒီကိုလာခဲ့တာပါ..."


"မင်းနောက်ထပ် အမျိုးသမီးတစ်ယောက်ကို ဘယ်တော့ လက်ထပ်ဖို့ စီစဉ်ထားလဲ..."


“...”


စတီဗင်က သူ့ခေါင်းကို အမှတ်တမဲ့ ငုံ့လိုက်မိပြီး သူ့အကြည့်များက လုမော့၏ဘွတ်ဖိနပ်များကိုသာ မြင်နေရ၏။


ခဏတာငြိမ်သက်ပြီးနောက်တွင် လုမော့က သူ့ခြေထောက်များကို ဖြည်းညှင်းစွာ ထပ်လိုက်သည်ကို သူတွေ့လိုက်ရသည်။ နူးညံ့သော အပြုံးဖြင့် လုမော့၏ စကားသံက သူ့ခေါင်းထဲတွင် ထွက်ပေါ်လာသည်။ 

"ဒါဆို မင်းက မစ္စတာစတီဗင်ပေါ့ ဟုတ်လား...မင်းရဲ့ နာမည်ကို ငါတွေ့လိုက်တယ်..."


စတီဗင်၏ နှလုံးက ချက်ချင်းပင် ပြေလျော့သွားကာ ခေါင်းကို အမြန်မော့ပြီး ပြုံးလိုက်၏။

"ဟုတ်ကဲ့...ဟုတ်ကဲ့...ဟုတ်ကဲ့...မင်းက ကျိုးကြောင်းဆီလျော်တဲ့ အမျိုးသားဇာ့ဂ်တစ်ဦးလို့ ပြောလို့ရတယ်...အာ...ငါတို့အတွက်လည်း ဒီလိုပြောရတာက တကယ့်ကို ခက်ခဲပါတယ်...မင်းသဘောတူလိုက်မယ်ဆို ပိုကောင်းသွားမှာ...ဒီတစ်ခေါက်လာရတာ အရမ်းဝမ်းသာရ.."


သို့သော် လုမော့က သူ့စကားများကို ဖြတ်ပြောလိုက်၏။


သူက စတီဗင်ကို ပြုံးပြုံးလေးကြည့်ပြီး ပြောလိုက်၏။

 "ဒါပေမယ့် မင်းဝမ်းသာတာစောလွန်းတယ်..." 


စတီဗင် အံ့ဩသွားသည်။

 "မင်း..."


လုမော့က သူ့ဆီသို့ လက်ကို ဆန့်တန်းလိုက်သည်ကို ကြည့်ပြီး လက်လှလှလေးက သူ့ရင်ဘတ်ရှေ့တွင် ရပ်တန့်မသွားမီ သူ့မျက်နှာကို အသာအယာ ပွတ်တိုက်လိုက်သည်။


စူးရှသော အသံနှင့်အတူ လုမော့က သူ့တံဆိပ်ပြားကို အလွယ်တကူ ချွတ်လိုက်သည်။


လုမော့၏ အသံက ပို၍ နူးညံ့လာသည်။

"မစ္စတာစတီဗင်...မင်းကို နှင်ထုတ်လိုက်ပြီ..."


................



[လုမိသားစု၏ တံခါးအပြင်ဘက်တွင်...]


အဖိုးတန်ကားတစ်စီးက ခြံစည်းရိုးအပြင်ဘက်တွင် ရပ်ထားသည်။ ၎င်းမှာ အားကြီးပြီး ကြံ့ခိုင်သော အမျိုးသမီးဇာ့ဂ် တစ်ဒါဇင်ကျော်ဝင်နေရန် လုံလောက်သော ကားကြီးဖြစ်သည်။


ကားကို အစိမ်းရောင် သင်္ကေတဖြင့် အလှဆင်ထားသည်။

 "အမျိုးသားဇာ့ဂ်ကာကွယ်ရေးအဖွဲ့အစည်းရုံး စီးယာဉ်..."


တင်းတင်းကြပ်ကြပ်ပိတ်ထားသော ကားတံခါးများအတွင်းရှိ ကျယ်ဝန်းသော ထိုင်ခုံများတွင် နားကြပ်ကောင်းကောင်း တပ်ဆင်ထားသော အမျိုးသမီးဇာ့ဂ်တစ်စု ထိုင်နေပြီး စတီဗင်၏ဝန်းကျင်ရှိ အသံနှင့် လှုပ်ရှားမှုတိုင်းကို နားထောင်နေသည်။


အကယ်၍ စတီဗင်က အနည်းငယ်မျှ ထိခိုက်နစ်နာခဲ့မည်ဆိုလျှင် သူတို့လည်း အဆုံးသတ်ပြီဖြစ်သည်။


အာရုံစူးစိုက်ထားသော အမျိုးသမီးဇာ့ဂ်များက ဖန်သားပြင်များကို ရံဖန်ရံခါ စိုက်ကြည့်နေကြသည်။ စခရင်များကို စောင့်ကြည့်ရေးကင်မရာများနှင့် ချိတ်ဆက်ထားပြီး ကားပတ်ပတ်လည်ဧရိယာကို စောင့်ကြည့်နေကြသည်။


ရေခဲကဲ့သို့ မျက်နှာသေနှင့် အမျိုးသမီးဇာ့ဂ်တစ်ဦးက အိမ်တော်ထိန်းယူနီဖောင်းဖြင့် ကားဆီသို့ ချဉ်းကပ်လာသည်ကို သူတို့ သတိပြုမိလိုက်သည်။


ဖြောင့်မတ်သောကိုယ်ဟန်အနေအထားဖြင့် လမ်းလျှောက်လာပြီး နောက်ကျောတွင် လက်နှစ်ဖက်ကိုထားကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုခြင်းမရှိဘဲ ဦးခေါင်းကို မြင့်မြင့်မော့ထားပြီး ပြောင်မြောက်လှသော အိမ်တော်ထိန်းကျင့်ဝတ်ကို ပြသနေ၏။


"ကျေးဇူးပြုပြီး..."

အိမ်တော်ထိန်းက ကားအတွင်းမှ အမျိုးသမီးဇာ့ဂ်များကို စောင့်ကြည့်ကင်မရာမှတစ်ဆင့် စကားပြောခဲ့သည်။ 

“မင်းတို့ ဒီမှာဘာလုပ်နေတာလဲ...အပြင်ကို ထွက်ခဲ့ကြပါဦး...”


ကားပေါ်ရှိ အမျိုးသမီးဇာ့ဂ်များက အကြည့်ချင်းဖလှယ်ကာ အလိုလိုလှောင်ရယ်လိုက်ကြသည်။

ဒီတောသူအမျိုးသမီးဇာ့ဂ်က ဘယ်သူလဲ...ဒီလောက်ထင်ရှားတဲ့ တံဆိပ်ကိုတောင် မသိဘူးလား...ငါတို့နဲ့ ဒီလိုစကားပြောဝံ့တဲ့လူကို တစ်ခါမှမတွေ့ဖူးဘူး...


သူ့ကို လျစ်လျူရှုလိုက်ခြင်းက အကောင်းဆုံးဖြစ်၏။


သူတို့ အချိန်အတန်ကြာအောင် နှုတ်ဆိတ်နေကြသည်ကို မြင်လိုက်ရပြိီနောက် အိမ်တော်ထိန်းက သူ့နောက်ကျောတွင် ဆုပ်ထားသည့် လက်ကို လျှော့ချလိုက်၏။ သူက အင်္ကျီလက်မှ ကြယ်သီးဖြုတ်ပြီး ပြောလိုက်၏။

“တောင်းပန်ပါတယ်...” 


—————


[လုအိမ်တော်အတွင်း...]


"မစ္စတာ စတီဗင်...မင်းကို နှင်ထုတ်လိုက်ပြီ..."


စတီဗင်က ဦးညွှတ်သည့် အနေအထားကို ထိန်းသိမ်းထားပြီး သူ့အပေါ်မှ အပြုံးကပင် မမှေးမှိန်သွားပေ။ သူ ဖျစ်ညှစ်ပြုံးနေသည့် မျက်နှာဖုံးကို ၀တ်ထားသကဲ့သို့ ရယ်စရာ ကောင်းနေ၏။


လုမော့က သူ့ကို ရှင်းပြချက်ပေးမည်ကို စောင့်နေသလို တိတ်တဆိတ် မျက်စိမလွှဲဘဲ လုမော့ကို စိုက်ကြည့်နေ၏။


အမျိုးသားဇာ့ဂ်ကာကွယ်ရေးအဖွဲ့အစည်းအတွင်းမှာပင် စတီဗင်က သူ၏ မတည်ငြိမ်သော ဒေါသကြောင့် နာမည်ကြီးခဲ့သည်။


နှုတ်ကြမ်းသူ၊ ရန်လိုသူ၊ ရိုင်းစိုင်းသူ စသည့်နာမည်များဖြင့် ဤအမျိုးသားဇာ့ဂ်ကို တွဲသိကြ၏။


အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ စတီဗင်ကို နှိုးဆော်ခြင်းမပြုရဲကြပေ။


သူ့မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီး နေရောင်က သူ၏ ပြုံးနေသော မျက်နှာပေါ်တွင် အရိပ်တစ်ခုလို ဖြာကျနေပြီး ကြွက်သားများ၏ အသွင်အပြင်ကို ပေါ်လွင်စေသည်။


၎င်းက တဖြည်းဖြည်း တင်းမာသောအပြုံးနှင့် ပေါင်းစပ်ကာ ပို၍ပင် တောင့်တင်းလာသည်။


အခြား အမျိုးသားဇာ့ဂ်တစ်ဦးဖြစ်လျှင်ပင်မှ ဤကဲ့သို့ စိုက်ကြည့်ခြင်းကို မလိုလားဘဲ ထိတ်လန့်ပြီး ခံနိုင်ရည်မရှိနိုင်ကြပေ။


သို့သော် လုမော့က မလှုပ်မယှက်ပင်။


သူက ကော်ဖီစားပွဲပေါ် သူ့နာမည်ကတ်ကို ပေါ့ပေါ့ပါးပါး ချလိုက်ပြီး လင်းဘက်လှည့်ကာ မေးလိုက်၏။

"လင်း မင်း ဒီမှာ ဘယ်လောက်ကြာကြာ ဆက်နေဖို့ စိတ်ကူးထားလဲ..."


လင်းက စိတ်ဝင်တစားဖြင့် ပြန်ဖြေ၏။

 "ခွင့်လွတ်ပါ သခင်...ဒါပေမယ့် ကျွန်တော် ဒီနေရာက မစ္စတာစတီဗင်နဲ့ ဇာတ်လမ်းတချို့ ရှိလို့ပါ..."


လုမော့ တုံ့ပြန်လိုက်၏။

“အို့...”


လင်းက မေးစေ့ကို ပွတ်သပ်ပြီး မေးလိုက်၏။

 "မစ္စတာစတီဗင်...မင်း ငါ့ကို မှတ်မိသေးလား...ငါတို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတန်းဖော်တွေ ဖြစ်ခဲ့ကြတယ်လေ...”


စတီဗင်၏ မျက်လုံးများ မှေးမှိန်သွားပြီး လင်းကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။


၎င်းက အလွန်လှောင်ပြောင်သရော်သော အမူအရာဖြစ်ပြီး လင်းအပေါ် မကျေနပ်မှုများက ပြည့်လျှံကျတော့မတတ်ပင်။


ဝင်စွက်ဖက်ရဲတဲ့ အမျိုးသမီးဇာ့ဂ်ပဲ...သူက ဒီမှာ ပြောပိုင်ခွင့် ရှိလို့လား...


ဤအတွေးဖြင့် လုမော့အပေါ် သူ့မကျေနပ်မှုက နက်ရှိုင်းလာသည်။


လုမော့က စည်းမျဉ်းအားလုံးကို လျစ်လျူရှုကာ ထိုမျှလောက်အထိ အမျိုးသမီးဇာ့ဂ်ကို အလိုလိုက်ထားသည်ဟု တွေးလိုက်မိသည်။ 

တကယ်ကို ကျိုးကြောင်းမဆီလျော်တဲ့ အမျိုးသားဇာ့ဂ်ပဲ...


"ဟုတ်လား..." 

လုမော့ ဟန်ဆောင်ကာ ခေါင်းညိတ်လိုက်သည်။ 

"တောင်းပန်ပါတယ်...လင်း...မင်းသူငယ်ချင်းအပေါ် အမူအကျင့်ကောင်းမပေးလိုက်ရလို့ တကယ်တောင်းပန်ပါတယ်..."



🌌🌌🌌